Posts

Showing posts from February, 2017

မြစ်တစ်စင်း၏ဒိုင်ယာရီ .နှင့် ခရစ်ယာန်စာပေများ - ကိုမွန်း

Image
မြစ်တစ်စင်း၏ဒိုင်ယာရီ ..၁ /၂ လက်ရှိမြန်မာနိုင်ငံဖြစ်ပျက်နေသော မူးယစ်ဆေးဝါးလုပ်ငန်း၊ လူကုန်ကူးလုပ်ငန်းများ ပုံရိပ်ပြထားတဲ့ ရသစာပေပါ။ ဇတ်လမ်း ဘုရားရှိခိုးဖို့ အမြဲသတိရ ဘာသာရေးကိုင်းရှိုင်းတဲ့ မနှင်းနွယ် ဆိုတဲ့အမျိုးသမီးတယောက်၊ ခင်ပွန်းသည် ကားတိုက်သတ်ခံရပြီး ခိုးကိုးရာမဲ့ချိန်မှာ ဒေါ်မေသန္တာကျော် တို့ ဇနီးမောင်နှံရဲ့ ဖျားယောင်းသွေးဆောင်မှုနဲ့ တရုပ်ဝိသမ မူးယစ်၊လူကုန်ကူး ဂိုဏ်ထဲရောက်သွားပြီး ငွေကြေးသုံးစွဲနိုင်တဲ့အခြေအနေ ရောက်လာပါတယ်။ ဘာသာရေး ဘုရားကျောင်း၊ လူမှုရေးလုပ်ငန်းများမှာ သူလုပ်ချင်တဲ့ လှုဒါန်းခြင်းတွေ လုပ်နိုင်လာပါတယ်။ . ဒေါ်မေသန္တာကျော်တို့ရဲ့ မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်စခန်းမှတဆင့် အမေရိကန်သို့ပို့ဆောင်ပေးနေသော လူပွဲစား ဘာသာရေးဘန်းပြလုပ်စားနေသူများလည်း မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီးခံရသည်။ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့အတိုင်း မနှင်းနွယ်လဲ အခြေအနေတွေက ပြောင်းလဲဖို့ ဖြစ်လာတယ်။ ပြည်သူ့ရဲကို မူးရစ်ဆေးသိုလှောင်ထားမှုတွေ လှို့ဝှက်စွာ သတင်းပို့ခဲ့တယ်။ နယ်စပ်ကို ထွက်ပြေးတဲ့ ဒေါ်မေသန္တာကျော်တို့အားလုံး မနှင်းနွယ်အပါအဝင် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုအရေးအခင်းနဲ့ ဇတ်သိမ်းသွားပါတယ်။ . တကယ့်ဖြစ်ရပ်ကို အခြေခံထာ...

မြို့ပြကျးလက်သာသနာ U.R.M (ပုသိမ်မြောင်းမြ)-၂၀၁၇

Image
Murann Ezine  added  3 new photos . 1 hr  ·  မြို့ပြကျးလက်သာသနာ U.R.M တတိယနေ့. .. ဆရာရမ်း (Rev ရန်းဂါးဂျွန်) ဆရာမဒေါ်စိန်ချစ် ရှေ့နေဆရာယောလ. . လမ်းဖြောင့်မဂ္ဂဇင်း၂၀၁၆...  ကျမ်းပိုဒ်၊ လုကာ ၄း၁၈-၁၉ ၁၈ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ ၁၉ အကြောင်းမူကား၊ ဆင်းရဲသား တို့အားဝမ်းမြောက်စရာ သိတင်းကိုကြားပြောစေခြင်း ငှါငါ့ကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသော သူတို့၏အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထား လျက်ရှိသော သူတို့အားလွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်း ကိုပြစေခြင်းငှါ၎င်း၊ ညှင်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကိုကြား ပြောစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီး ဟုလာတည်း။ . ဆရာရမ်း (သိက္ခာရဆရာတော်) ပြည်သူ့ဆက်ဆံရေး၊ ပုသိမ်မြောင်းမြ၊ စကောကရင်နှစ်ခြင်းသာသသနာ.နှစ်ပေါင်း၃၀ခန့် အမှုဆောင်ခဲ့ပေမဲ့ မနှစ်ကမှ သိက္ခာတော်ရဆရာတော် အဖြစ်ကို ရရှိခဲ့ရာမှ အထက်ပါကျမ်းပိုဒ်အားဖြင့် အသက်ရှင်ခဲ့ရကြောင်း .. လက်တွေ့သာသနာနယ်မှာ အမှုအခင်းများစွာအကြောင်း ပုံသက်သေများနဲ့ သင်တန်းပို့ချသွားပါတယ်။ နောက်ဆုံးဆွေးနွေးခြင်းက မန်းကျော်စိုး သာသနာ...

စင်ကာပူမှာသာတဲ့လ ..... သက်သေခံချင်ပါသည်။ (Rev Augustus) ဟေရှာယ အခန်း၆း၁-၈ သြဇိမင်းကြီးကွယ်လွန်မှ ထာဝရဘုရားကိုမြင်ခြင်း။

Image
Murann Ezine February 19, 2013 စင်ကာပူမှာသာတဲ့လ ..... သက်သေခံချင်ပါသည်။ (Rev Augustus) စင်ကာပူတွင် ညဖက် ကားပေါ်စီးရင်း အပြင်ဖက်သို့ ငေးကြည်မိရာ လမင်းကြီး သာနေသည်ကို မြင်ရပါသည်။ စိုင်းထီဆိုင်  သီချင်းတစ်ပုဒ် ရန်ကုန်မှာသာတဲ့လ သတိရမိပါသည်။ စင်ကာပူမှာ နေ့၊ည အချိန်တိုင်းလို လင်းထိန်နေသောမြို့ဖြစ်ပြီး တိုက်တာများကို ကြည့်ရာ လျှပ်စစ်မီးထိန်လင်းနေသောကြောင့် ထိုလမင်းကြီးသည် စင်ကာပူတွင်သာနေခြင်းမှာ အကျိုးမရှိဟု မြင်မိပါသည်။ ထိုလမင်းကြီး ဟိုး.. မြန်မာပြည် နာဂစ်ဒေသတွင် သာနေပါက အလွန်အကျိုးရှိမည်ဖြစ်သော်လည်း စင်ကာပူတွင်သာသော လမင်းကြီးကို ငပေါကြီး ဟု အမည်ပေးရမလိုဖြစ်နေပါသည်။ မိမိဘ၀ကိုလည်း တစ်ခါတစ်ခါ ပြန်စဉ်းစားရင်း မြန်မာပြည်တွင် အလွန်လိုအပ်နေသော်လည်း စင်ကာပူတွင် သင်းအုပ်ဆရာလုပ်ရခြင်းမှာ စင်ကာပူတွင်သာသောလ ကဲ့သို့ အားမလို၊အားမရ ဖြစ်မိသည်။ ကျွန်တော်သည် အနှစ်၂၀ကျော် ဆီးချိုရောဂါသည်ဖြစ်ပါသည်။ ရောဂါကို ပြင်းပြစွာ ခံစားရသောကြောင့် ဆေးထိုးနေရသည်။ စင်ကာပူအသင်းသူ အများစုသည် သူနာပြုဆရာမများ ဖြစ်သောကြောင့် ကျွန်တော့ ဆီးချိုရောဂါအတွက် အကောင်းဆုံး အကူညီပေး၊ လုပ်ကိုင်ပေးကြသည်။ တဖြေးဖြေး ပိုဆိုးဝါးလာသော ဆီးချိုေ...

နံနက်၇နာရီ ကျမ်းစာလေ့လာခြင်း နဲ့ ဆန်းဒေးစကူး သီဆိုချီမွမ်းခြင်း ဆရာမ မူဆဲလေ ဖူမြစံ ကျမ်းစာကျောင်း ဆရာမ

Image
Murann Ezine  added  5 new photos . February 12 at 8:53am  ·  နံနက်၇နာရီ ကျမ်းစာလေ့လာခြင်း နဲ့ ဆန်းဒေးစကူး သီဆိုချီမွမ်းခြင်း ၁၂ ဖေဖော်ဝါရီ ၂၀၁၇ ပိုးကရင်အသင်းတော် ပုသိမ် . ကျမ်းပိုဒ် ဆာလံ၁၃၆ ချီးမွမ်းခြင်း ယနေ့မနက် morning devotion လာရောက်ခွင့်အတွက် ကျေးဇူးတော်ချီးမွမ်းတယ်။ ကျမ မနက်အိပ်ယာထ လုပ်စရာတွေများ .. အကြောင်းအမျိုးမျိုးကြောင့် ဒီနေရာ ဘုရားကျောင်းကို လာဖို့ခက်နေတယ်။ ဆုတောင်းခွန်အားယူရင်.. ဘုရားအတွက် ဒါလေးတောင်မလုပ်နိုင်ဘူးလား .. ခွန်အားယူရင်း ရောက်ရှိလာပါတယ်။ . လူကြီးတွေတော့ မနက်ခွန်အားယူ ကျမ်းစာလေ့လာ ဆွေးနွေးကြသလို ..ကလေးငယ်များ ဖူမြစံကျမ်းစာကျောင်းသားများလည်း ခရစ်တော်အကြောင်း သီဆိုချီးမွမ်းကြတာ တနင်္ဂနွေနေ့တိုင်းပါ။ . . ဆာလံ ၁၃၆ ဆာလံကျမ်း အခန်းကြီး ၁၃၆ ၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ ၂ ဘုရားတို့၏အရှင် ဘုရားသခင်၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ၃ အရှင်တို့၏သခင၊် ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ၄ ကရုဏာတော် အ...

လူငယ်များကို နေရာပေးပါ တတွင်တွင်ပြောနေတဲ့ အသင်းတော် ဥက္ကဌကြီး၂ဦးအကြောင်း . . .

Image
Murann Ezine  added  7 new photos . February 7 at 5:18am  ·  Pathein  ·  လူငယ်များကို နေရာပေးပါ တတွင်တွင်ပြောနေတဲ့ အသင်းတော် ဥက္ကဌကြီး၂ဦးအကြောင်း . . . . . ပထမဥက္ကဌ. . . မဟုတ်မခံ ပညတ်တရားသမား မကောင်းတဲ့စရိုက်များကို လုံးဝမနှစ်သက်သူ ဖြစ်ပါတယ်။ လူငယ်များကို အသင်းတော် အလုပ်အမှုဆောင် အစည်းအဝေးတွေမှာ လာစေချင်လွန်းလို့ နေရာဖယ်ပေးကြပါ ပြောနေသူပါ။ လက်တွေ့မှာတော့ အသင်းတော်မှာ အသက်၄၀ လုပ်နိုင်သူများ မပါပဲ အသက်၆၀ကျော် လူကြီးတွေပဲ ဘုရားကျောင်းပြီးချိန် အမှုဆောင် စည်းဝေးလုပ်ကြပါတယ်။ လူုငယ်တွေ လူလတ်တွေ မလာကြပါဘူး။ ပိတ်ကာဆီး မထားကြပါနဲ့ . .လို့ ခဏခဏ ပြောပေမဲ့ အသင်းတော်မှာ လွဲမှားသောသွန်သင်ချက်တွေ ရောက်လာမှာစိုးတော့ ပိတ်ပင်နေရဆဲပါ။ ဥက္ကဌကြီးရယ် . . လူငယ်တွေကို နေရာပေးဖို့ဆိုတာ လူကြီးတွေ ပုံသက်သေ ကောင်းဖို့ အဓိကပါ။ အသင်းတော် အစည်းအဝေးတွေမှာ စကားတွေ များလာရင် ခရစ်တော်မေတ္တာနဲ့ ကြားဝင် ရပ်ပေးမဲ့လူ (ကြားခံ သမာသမတ်ရှိသူ) လိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ဖို့ ခက်တယ်လေ။ အထူးသဖြင့် ဥက္ကဌကြီး ကိုယ်တိုင်က စကားပြောတာ အော်ကြီးဟစ်ကျယ် မပြောသင့်ပါ။ ပုံသက်သေ မပြနိုင်ရင် လူငယ်တွေ မလာ မပါ ပါဘူုး။ ဥက...

ယုဒသန်အသင်းတော် ကျမ်းစာကျောင်း ဒေါင်းမီးခွက်ကျေးရွာ ၁၉မိုင် ရန်-မန္တလေး အမြန်လမ်း

Image
Murann Ezine  added  10 new photos . February 12 at 8:47am  ·  Pathein  ·  ယုဒသန်အသင်းတော် ကျမ်းစာကျောင်း ဒေါင်းမီးခွက်ကျေးရွာ ၁၉မိုင် ရန်-မန္တလေး အမြန်လမ်း ၁၁.၂.၂၀၁၇ စနေနေ့ ဆရာရဲနောင် ဆရာမြင့်မောင် တို့အား လာရောက်အားပေးသော ဆရာဘုတ်+ဆရာမမိုရင်း . . နေ့လည်စာ က်ြဆင် က်ြဘဲ ဝက်များ တောင်ကုန်းရှုခင်း. . ကျမ်းစာကျောင်း၂ထပ်ဆောင် ၄ခု . .ရေ လျှပ်စစ် ဘော်လီဘောကွင်း . . ဇွန်လ ၂၀၁၇ ၃လ စပယ်ရှယ်ရွေးကောက်ခံ များနဲ့ စတင်ဖွင့်လစ်ဖို့ ဆုတောင်း ပါဝင်ကြဖို့။ မုရန် facebook link https://www.facebook.com/murann.ezine/posts/1345994032133868

ဘုရားဖူးသွားခြင်းနှင့်ဘာသာရေး , ဦးဖိုးကျား, ယေရုဆလင်ခရီးစဉ် - ဆရာဆိုး

Image
Murann Ezine  with  Zarni Gyi  and  40 others . February 13 at 6:22am  ·  Pathein  ·  ဘုရားဖူးသွားခြင်းနှင့်ဘာသာရေး , ကောင်းမှုတခု နေ့စဉ်ပြု၊ဆိုတာ လုပ်ရမယ်၊ ဒါမှ တနေ့တနေ့ နေထိုင်ရတာစိတ်ချမ်းသာတယ် လို့ပြောလာတဲ့ အသက်၂၅နှစ်အရွယ်လူငယ်တစ်ဦး၊ လွန်ခဲ့တဲ့ ဆယ်နှစ်က အလုပ်အတူလုပ်ကိုင်ရင်း စကားစမြီပြောခဲ့ဖူးပါတယ်။ အခုတော့ အိမ်ထောင်ကျ၊ သမီးတစ်ယောက်နဲ့ စင်ကာပူမှာ အသက်၃၅နှစ်အရွယ် Onlineline Store ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်နေပါပြီ။ (စကားချပ် - ၂၀၁၅ မှာတော့ အဲဒီလူငယ်မိသားစုဟာ စင်ကာပူကနေ ရန်ကုန်ကို လုပ်ငန်းတခုလုံး မိသားစုတခုလုံး ပြောင်းရွှေ့ ကြိုးစား လုပ်ကိုင် နေပါတယ်။ အောင်မြင်နေပါတယ်)။ . မိမိ ငယ်စဉ်ကျောင်းသားဘဝက လေးစားရတဲ့ ဦးဖိုးကျားရေးတဲ့ စာပေများကို မြန်မာစကားပြေမှာ ဖတ်မှတ်လေ့လာခဲ့ပါတယ်။ ဘုရားဖူးသွားခြင်း ဆိုတဲ့ ရသဆောင်းပါးမှာ ရန်ကုန်ကောလိပ် ဘီအေကျောင်းသား သူ့သူငယ်ချင်းမောင်ထွန်းမောင်ရဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ကို အလွန်ရသမြောက်စွာ တင်ပြထားပါတယ်။ အကျဉ်းချုပ် ပြန်ရေးရင် .... . . . //// ဘုရားဖူးသွားခြင်း - ဦးဖိုးကျား //// . ထွန်းမောင်မှာ အလွန်အေးဆေးစွာ...

ဒီကနေ့ အမြင်သစ်တခုရရှိခြင်း (ဓမ္မဆရာဆိုသည်မှာ)

Image
Murann Ezine  added  3 photos and a video . February 6 at 4:57am  ·  Pathein  ·  ဒီကနေ့ အမြင်သစ်တခုရရှိခြင်း (ဓမ္မဆရာဆိုသည်မှာ) . ယနေ့ တနင်္ဂနွေနေ့ ရွှေဝါထွန်းအသင်းတော်ကို ၂၃နှစ်သား အလုပ်မရှိ ပုံမှန်အလုပ်မလုပ်ချင်တဲ့ (နေစရာ စားစရာ ပူစရာမရှိတဲ့) တူတော်မောင်ကို ခေါ် ပြီး အတူ ကိုးကွယ်ဝတ်ပြုကြပါတယ်။  . ပုသိမ်မြို့အသင်းတော် ၁၄ပါးက မိမိတို့ပုံစံကျနေတဲ့ ပုံစံ ပရိုဂရမ်အတိုင်း ဝတ်ပြု ကိုးကွယ်ကြတယ်။ . ရွှေဝါထွန်းအသင်းတော်ကတော့ ကလေးငယ်များ ဗဟိုပြု ချီးမွမ်းသီချင်းများစွာနဲ့ ရှင်သန်နေတဲ့ အသင်းတော်ဖြစ်ပါတယ်။ နံနက်၁၁နာရီကနေ နေ့၁နာရီအထိ အဖွဲ့လိုက် ဓမ္မသီချင်းပေါင်း ၁၀ပုဒ်လောက် အစည်းဝေး စ လယ် ဆုံး သီဆိုချီးမွမ်းသွားကြပါတယ်။ . . . သင်ခဏ်းစာတခု . အစည်းအဝေးအပြီး သင်းအုပ် ဆရာ ဝါရှင်တန်နဲ့ စကားပြောရင်းအ လုပ်မရှိ ပုံမှန်အလုပ်မလုပ်ချင်တဲ့ (နေစရာ စားစရာ ပူစရာမရှိတဲ့) တူတော်မောင် နဲ့ မိတ်ဆက်ပေးပါတယ်။ . . ကျနော်။ ဆရာရေ. . ဒီ တူတော်မောင်လေ. . အခု မယုံကြည်သူနဲ့ ရီးစားရပြီး မိန်းမယူချင်နေတယ်။ (မိမိ မကျေမနပ်နှင့် လူငပျင်း တူတော်မောင် အခု မိန်းမတော့ ယူချင်နေကြောင်း လုပ်ပါဦးဆရာရယ် ဆုံးမပေး...

အရှေ့အလယ်ပိုင်းခရစ်တော်ဒေသ ခရီးစဉ်၊ ဂျော်ဒန်နိုင်ငံ

Image
Murann Ezine  with  Zawnaing Zn . February 7, 2014  ·  အရှေ့အလယ်ပိုင်းခရစ်တော်ဒေသ ခရီးစဉ်၊ ဂျော်ဒန်နိုင်ငံ၊ ပင်လယ်သေကမ်းခြေတွင် ဟော်တယ်တွင် ကျွန်တော်တို့ဇနီးမောင်နှံတည်းခိုစဉ်ဖြစ်သည်။ ထမင်းစားပြီး ဟောတယ်မှာ ထွက်လာစဥ် မမျှော်လင့်ပဲ မြန်မာမိန်းကလေးများကို တွေ့လိုက်ရပါ၏။ အံ့သြဝမ်းသာလျှက် မိတ်ဆက်သောအခါ မြန်မာမိန်းကလေးက.. မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာက လာခဲ့တာပါ။ ဈေးအနာက်ပိုင်းက ဦးဂွတို၊ ဒေါ်သန်းရှင်တို့ရဲ့ သမီးပါ..ဟု ယဉ်ကျေးစွာ ဖြေပါသည်။ လှပ၍ ငယ်ရွယ်သော မိန်းကလေးသည် မိဘများကို လုပ်ကျွေးရန်အတွက် ဝေးလံလှသော ဂျော်ဒန်ပြည်နယ်အထိ ခရီးနှင်ခဲ့ပါ၏။ အထည်ချုပ်စက်ရုံမှာ (၃)နှစ်တာ လုပ်ကိုင်ခဲ့ပြီး၊ မကြာခင် ပြန်မည်ဟု ပြောပါသည်။ ခြိုးခြံစွာ နေထိုင်စားသောက်ရင်း မိဘများထံ ပိုက်ဆံ ပို့နေသူကလေးက မြန်မာပြည်ကို လွမ်းနေပါ၏။ ကျွန်တော်တို့ ဇနီးမောင်နှံကို ဖက်ကဲတလင်း စကားပြောရင်း သူတို့တတွေ ယူလာသည့် ထမင်းဘူးကို ကျွေးပါ၏။ မစားနိုင်တော့ပါ။ တချက် လှည့်ကြည့်တော့ ထမင်းနှင့်ဘဲဥကြော်၊ ငြုတ်သီးထောင်း ကလေးပါပဲ။ ဆယ်ယောက်ခန့်ရှိသော ဤမိန်းကလေးများသည် စက်ရုံပိတ်သော အားလပ်ရက်မှာ၊ နာမည်ကျော် သောဒုံ က...