Posts

ကျမ်းစာဖတ်ခြင်းအကျိုး D. L မူးဒီ ၏ နည်းလမ်း

Image
  ကျမ်းစာဖတ်ခြင်းအကျိုး D. L မူးဒီ ၏ နည်းလမ်း ============= လူသားတိုင်းမှာ အတိတ်၊ပစုပန် အပြစ်များရှိပြီး အနာဂါတ်မှာလည်း အပြစ်တွေ လုပ်နေဦးမှာဖြစ်ပါတယ်။ လူသားဟာ မိမိလုပ်ခဲ့တဲ့အပြစ်တွေကို ဘုရားသခင်အလိုတော်အရ အကောင်းဆုံးလုပ်ရင်း မိမိကကောင်းတယ်.. တခြားလူတွေက မကောင်းမြင်ကြတာ လို့ သြတ္တပစိတ် ထားကြတယ်။ ကျမ်းစာနေ့စဥ် ၁၅ မိနစ် မဖတ်နိုင်သရွေ့ မိမိအပြစ်ကို မြင်မှာမဟုတ်ပါ.. ကျမ်းစာကို ဗီဇပကတိ စိတ်နဲ့ ဖတ်နေကြတာများတော့ မိမိအပြစ်မမြင်ပဲ ကျမ်းပိုဒ်များက သူများအပြစ်ချည်းပဲ မြင်လာစေပါတယ်။ ...ကျမ်းစာဖတ်ခြင်းများလာရင် သူများအပြစ်ကိုမမြင်တတ်သလို မိမိကိုယ်တိုင်လည်း လွတ်လပ်ပြီး ဝမ်းမြောက် တဲ့အသက်တာ တဖြေးဖြေး ရလာပါတယ်။ တရက် ၁၅ မိနစ် နဲ့ ၃နှစ် ကြာ ဖတ်ရှုရင် မိမိဘဝ များစွာတိုးတက်ပြောင်းလဲလာမှာပါ။ . ...ဆရာကြီး D. L မူးဒီ (Dwight L Moody) ရေးသားတဲ့ ရိုးရှင်းသော ကျမ်းစာဖတ်နည်း..တစ်နေ့ ၁၅ မိနစ်ဖတ်ခြင်း ရဲ့ အကျိုးကျေးဇူးများ.(၉) ချက် ရေးထားပါ၏ 1...ခွန်အားနှင့်ပြည့်သောခရစ်ယန်တစ်ဦး ဖြစ်လာမည် (It will make you a strong Christian). . 2...ကယ်တင်ခြင်းစိတ်ချမှုကိုပေးသည်...(Assures us of Salvation). . 3...ဆုတောင်းခြင...

နိုင်စင်းသဘောတူညီချက်

Image
ယေရှုနှင့်ခရစ်တော် တစ်လုံးတစ်ဝတည်းဖြစ်ကြောင်း .  ယနေ့ 9-Dec-2022 ဆရာရန်လင်းဇော် ကျမ်းစာလေ့လာခြင်း zoom ကို မလေးရှားက ဆရာယော်နသန် တို့ အဖွဲ့သားများနဲ့ ပါဝင်နားထောင်ကြသည်။ ပြီးတဲ့အချိန် အလွတ်သဘော မေးမြန်းဆွေးနွေးကြတော့ အဲဒီအဖွဲ့ကို ပါ ဖိတ်ခေါ်ပြီး Debate ဒိဘိတ် အပြန်လှန်ဆွေးနွေးပွဲ လုပ်ဖို့ ဆရာရန် အကြံပြုသည်။ . ရောမ ၁၂ အဆုံးမှာ "အဆိုးအားဖြင့်အရှုံးမခံနှင့်၊ အကောင်းအားဖြင့်အဆိုးကိုနိုင်လော့ " Rom 8 အတိုင်း အကောင်း များများ လုပ်ဆောင်ပြ၊ ပြောဆိုပြရပါမည်။ . ပထမဆုံး လုပ်ရမှာက ယေရှုနှင့်ခရစ်တော်ကို ခွဲ ခြား သွန်သင်ခြင်း မပြုသင့်ကြောင်း၊ မိမိတို့မှ ယေရှုနှင့်ခရစ်တော် အကြောင်း နိုင်စင်း ကြေညာချက်ကဲ့သို့ တွေ့ဆုံပွဲကို မြန်မာပြည်၌လည်း အထင်ကရ အသင်းတော်၊အဖွဲ့အစည်း၊ ဓမ္မဆရာများ ပြုလုပ်ရန်။ ခွဲခြားသွန်သင်နေသော အဖွဲ့များကိုလည်းဖိတ်ရန်။ . ထိုသို့ ခွဲခြားသွန်သင်ခြင်းသည် AD 3 ရာစု တွင် ကြီးမားလာခဲ့သောကြောင့် နိုင်စင်းယုံကြည်ချက် ကို အထင်ကရပုဂ္ဂိုလ်များက ဆွေးနွေးဆုံးဖြတ်ခဲ့ရသည်။ ... နိုင်စင်းသဘောတူညီချက် https://m.facebook.com/story.php?story_fbid=4723620207704550&id=100001698523942...

အချိန် တစ်စက္ကန့်ရဲ့တန်ဖိုး (နေဟမိ)

Image
ဝမ်းစက္ကန့် One Second . အသက်ငယ်စဥ်ကာလ တစ်စက္ကန့် တောင်မစောင့်နိုင်ခဲ့ပါ။ စိတ်မြန် လက်မြန် လုပ်စရာရှိတာ မြန်မြန်လုပ်၊ ပြောစရာရှိတာ မြန်မြန်ပြော ၊ မှားသွားရင်လည်း ပြန်တောင်းပန်ဖို့ဝန်မလေးပါ။ ရင်ထဲတအုံနွေးနွေး အချစ် အမုန်း ဒေါသများကို ပြောပစ်လိုက်တယ်။ ရင်ဖွင့်ပစ်လိုက်တယ်။ . တစက္ကန့် အချိန်လေးမှာပဲ ဆုံးဖြတ် လုပ်ဆောင်ချက်များက အောင်မြင်မှုကို ဟုန်းကနဲ ရရှိသလို ဆုံးရှုံးမှုကလည်း တစက္ကန့်အတွင်း ဘုန်းကနဲ ရောက်လာတတ်ပါတယိ။ . အခု အသက်၃၀ ကျော်လာချိန်၊ အသက် ၄၀၊ ၅၀၊ ၆၀ ကျော်လာတော့ အရင်ကလို ဝုန်းဒိုင်းမလုပ်ချင်တော့ဘူး။ .. စဥ်းစားတယ် .. တိုင်ပင်တယ် .. သေချာအောင်လုပ်တယ် . ဘယ်လောက်သေချာအောက်လုပ်ပါစေ၊ မိမိလုပ်ရပ်များဟာ တစက္ကန့်အတွင်း ပြိုလဲပျက်စီး သွားနိုင်တာ သဘာဝလောကကြီးနိယာမ ဖြစ်တယ်နော်။ . အသက်ရွယ်ရလာတော့ ဘာပဲလုပ်လုပ် ဆုတောင်းခြင်းကို အချိန်ပေးတယ်။ Holy Spirit ဆိုသော သန့်ရှင်းသောဝိညာဥ် (ခရစ်ယန်မဟုတ်သူများအတွက် နတ်ကောင်းနတ်မြတ်များ) တစက္ကန့်အတွင်း ဆုတောင်းသံနားညောင်းပြီး အကူညီ၊ လမ်းပြသူများ ရောက်လာတတ်ပါတယ်။ . သီလ၊သမာဓိ အလွန်ပြည့်ဝသော ဖြောင့်မတ်သူများ ဆုတောင်းရင် ကောင်းကင်တမန် မကပါ။ ဘုရားသခင်တောင် န...

ကိုးရီးယားခရစ်ယန်များ

ကိုးရီးယားနိုင်ငံသည် တရုပ်ပြည်အိမ်နီးချင်းလွတ်လပ်သောနိုင်ငံအဖြစ်နေခဲ့သော်လည်း ဂျပန်ကျူးကျော်မှုကို ခံခဲ့ရပါသည်။ နောက်ပိုင်းတွင် စူပါပါဝါ ရုရှား၊တရုပ်၊ အမေရိကန်တို့ အားပြိုင်ဆိုင်မှုတွင် ပြည်တွင်းစစ်ဖြစ်ပြီး စိစိညက်ကျေခဲ့ရှာပါသည် (1952)။ . ကြံကြံခံ ရပ်တည်ရင်းယခုအခါကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ်သို့ ဘက်စုံချင်းနင်းဝင်ရောက်လျှက်ရှိပါပြီ။ နိုင်ငံတိုးတက်မှုတွင် ခရစ်ယာန်များက အထူးကဏ္ဍမှပါဝင်ကြပါသည်။ . ကိုးရီးယားသမ္မတများကိုလေ့လာကြည့်ပါက .. ဂျပန်များစတင်အုပ်စိုးသည့် ကိုးရီးယားအစိုးရတွင် Syngman Rhee ပထမဆုံး သမ္မတဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ထပ်မံရွေးချယ်ခံရသည်။ List of presidents of the Republic Syngman Rhee(September 11, 1919 - March 21, 1925)-Impeached by the Provisional Assembly Park Eunsik(March 24, 1925 September 1925) Yi Sang-ryong(September 1925 January 1926) Yi Dongnyeong(January 1926 July 7, 1926) Hong Jin(July 7, 1926 December 9, 1926)ရိုမင်ကက်သလစ် (ခရစ်ယန်) ဖြစ်သည်။ Kim Gu(December 9, 1926 August 1927) Yi Dongnyeong(August 1927 October 1933) Yang Gi-tak(October 1933 O...
 Photos- Crd  မိုးမခအမှတ်တရပုံရိပ်လွှာများ စက်တင်ဘာ ၁၄၊ ၂၀၂၁ မောင်သင်းခိုင်နဲ့ "မန္တလေးရောက်ရှမ်းတယောက်" ဝင်းမင်းခိုင် မောင်ဝင်းခိုင်ရေ လာဟေ့ ဒို့ညီအကို ၂ ယောက်လမ်းလျှောက်ကြမယ်။ ကျနော်နည်းနည်း ကြောင်သွားတယ်။ မနက်စောစောလဲမဟုတ် ညနေမှောင်ကာမှလမ်းလျှောက်မယ်ဆိုပါလား၊ ပါးစပ်ကလဲတေးသွားတခုကို ညည်းလို့။ ဒါမျိုးကကျနော့်အတွက် အသစ်အဆန်းတော့မဟုတ်။ မေလတတိယပတ် ဒါမှမဟုတ်ဂျွန်လထဲမှာ မိုးစရွာတဲ့နေ့ဆို ကျနော့်လက်ကိုဆွဲပြီး မိုးရွာထဲလျှောက်သွားရင်း စကားတွေပြောနေတတ်တယ်။ ဒို့ပျဉ်းမနားက အညာမဟုတ် အကြေမဟုတ်ကွ...မြေပုံအရ မန္တလေးတိုင်းထဲပါပေမယ့် ရာသီဥတုနဲ့မိုးလေဝသက၊ ဗဂိုး(ပဲခူး)တိုင်းထဲမှာပါတာ။ ကြည့်လိုက်စမ်းငါ့ညီ၊ တနွေလုံးခြောက်သွေ့ပူပြင်းတဲ့ဒဏ် မင်းတို့ငါတို့ခံနေရတာ။ ဖုံအလိမ်းလိမ်းနဲ့ အဆောက်ဦးတွေ မူလအရောင်မပီပြင်တော့တဲ့သစ်ပင်တွေ၊ ပျင်းရိငြီးငွေ့စရာအပူရောင်တွေအားလုံး မိုးရေနဲ့ဆေးချလိုက်တော့ ရေချိုးထားနဲ့အပျိုစင်လို လောကကြီးကလှမသွားဘူးလား၊ လတ်ဆတ်တဲ့အစိမ်းကို မင်းခံစားရတယ်မို့လား။ အစိမ်းဆိုလို့ ဒို့ပျဉ်းမနားအစိမ်းက အရှေ့ရိုးမနဲ့ အလယ်ရိုးမ၊ ရိုးမ ၂ ခုကြားကအစိမ်းဆိုတော့ ကျန်တဲ့နေရာတွေက အစိမ်းတွေနဲ့မတူဘူး။...
Image
 နေ့စဉ်ခွန်အား #ODB_08SEP_2021@MM# ဗုဒ္ဓဟူးနေ့|၂၀၂၁ခုနှစ်|စက်တင်ဘာလ (၈) ရက် 🧍‍♂️ #အကျွန်ုပ်ကို_စေလွှတ်ပါ🧍‍♂️    ဖတ်ရန် □ ဟေရှာယအနာဂတ္တိကျမ်း ၆:၁-၈ | သမ္မာကျမ်းစာတစ်နှစ်စာ □ သု ၃-၅ □ ၂ ကော ၁ တစ်ဖန် ထာဝရဘုရားက၊ငါသည် အဘယ်သူကိုစေလွှတ်ရမည်နည်း ... ဟု မေးတော်မူသံကို ငါကြားလျှင် ငါက အကျွန်ုပ်ရှိပါ၏။အကျွန်ုပ်ကိုစေလွှတ်တော်မူပါဟု လျှောက်လေ၏။ [ ဟေရှာ ၆:၈ ] ၁၈၉၀ နှစ်များ နောက်ပိုင်းတွင် ဆွီဒင်သာသနာပြုဆရာ Eric Lund (အဲရစ်လန်ဒ်)က သူ့အား စပိန်နိုင်ငံ၌ သာသနာပြုရန်အတွက် ခေါ်ယူစေစားကြောင်း ခံစားရသောအခါ သူချက်ချင်းပင် နာခံခဲ့သည်။ထိုနေရာတွင် အောင်မြင်မှု အနည်းငယ်သာ မြင်ရသော်လည်း ဘုရားရှင်၏စေစားချက်အပေါ်ခိုင်မာသေချာမှုဖြင့် သည်းခံ ကြိုးစားခဲ့သည်။တစ်နေ့တွင် ဖိလစ်ပိုင်လူမျိုး Braulio Manikan (ဘရူလီယို မန်နီကန်)နှင့် တွေ့ဆုံခဲ့ပြီး သူ့အား ဧဝံဂေလိတရားကို ဝေငှခဲ့သည်။သူတို့နှစ်ဦးသည် ဒေသခံဖိလစ်ပိုင်ဘာသာစကားသို့ သမ္မာကျမ်းစာကို ဘာသာပြန်ဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ဖိလစ်ပိုင်၌ ပထမဦးဆုံး နှစ်ခြင်းသာသနာဌာနကို စတင် ခဲ့ကြသည်။Lund သည် ပရောဖက်ဟေရှာယကဲ့သို့ ဘုရားသခင်၏ခေါ်ယူစေစားမှုကို နာခံ တုံ့ပြန်ခဲ့သေ...
Image
 Prosperity Gospel vs Jesus Christ =========================== လွှဲမှားဝါဒ အဖွဲ့စည်း. ပါတီ.ပုဂိုလ် ကို အစိုးရက အရေးယူလို့ ခက်တယ်။ .. အကြမ်းဖက်လုပ်ရပ်တွေ၊ လူကုန်ကူးတာမျိုး . အမုန်းစကားပြောခြင်း. အမှုနဲ့ပဲ အရေးယူနိုင်ပါတယ်။ ရာဇဝတ်မှု လုပ်လာမှ အစိုးရ(သို့မဟုတ်)ပုဂိုလ်များက တရားစွဲနိုင်ပါတယ်။ တရုပ်ပြည် ယေရှုတရုပ်မဂိုဏ်း က သတ်ဖြတ်.ငွေခဝါချ တွေလုပ်လာတော့ တရုပ်အစိုးရက တရားစွဲ မတရားသင်းကြေငြာတယ်။ မြေအောက်ဝင်သွားတာပဲလေ။ . .ဒါကြောင့် ကျန်းမာချမ်းသာ Prosperity Gospel တရားဟောဆရာနဲ့အဖွဲ့အစည်း ကို တရားစွဲလို့ မရပါ။ တားမြစ်ရင်လဲ ကိုယ့်လူငယ်တွေ သူဖက်ပါသွားမှာ မို့လို့.. တချို့အသင်းတော်လူကြီးများက အကြမ်းဖက်အသင်း ဖြစ်မသွားဖို့ လက်ခံထားကြပါတယ်။ သဘောကျလို့ လက်ခံတာ ပိုများပါတယ်။ လူအားလုံး ကျန်းမာ ချမ်းသာ ချင်တာ ပဲမဟုတ်လား။ Dr. ဖေမြတ်ဝင်း (ခွဲစိတ်ဆရာဝန် မစ်ရှင်သမားကြီး) က စာအုပ်ထုတ်ထားပါတယ်။  . . ခရစ်ယန်အသက်တာလမ်းက  ကျဉ်းပါတယ်။ မလွယ်ပါဘူး။ လမ်းကျဉ်း နဲ့ လမ်းကျယ် ရွေးရမယ်။ လူကြိုက်များတဲ့ Prosperity Gospel ဟောပြောသူ များကို လူကြိုက် ပိုများဦးမှာပါ။  Prosperity Gospel တရားတွေကတော့ အွန်လိုင်...