ဒီဇင်ဘာ-ပွဲတော်မင်္ဂလာဝတ်ပြုကိုးကွယ်ခြင်း
ဒီဇင်ဘာ-ပွဲတော်မင်္ဂလာဝတ်ပြုကိုးကွယ်ခြင်း မုန်ဝေပေးတယ်၊ အတူစားကြတယ်။ ပြီးတော့ စပျစ်ရည်ဝေပေးတယ်၊ အတူသောက်ကြတယ်။ ငါ့ကိုအောက်မေ့သတိရစေဖို့.. ဖြစ်ပါတယ်။ ဘုရားကျောင်းမှာ သင်းအုပ်အဖွဲ့က ဆရာတစ်ဦး၊ အသင်းတော်ခေါင်းဆောင် ၁၀ဦးမှတဆင့် ပရိတ်သတ်ကို ဝေငှပေးပါတယ်။ အသင်းတော်လူကြီး ၁၀ဦးထဲမှာ စီနီယာသင်းအုပ်၂ဦးလည်း၊ အမျိုးသမီကြီး၂ဦးလဲ ပါဝင်ပါတယ်။ မုန့်ကို ငါ့ခန္တာကိုယ်အဖြစ်၎င်း၊ စပျစ်ရည်ကို ငါ့အသွေးအဖြစ်၎င်း.. ငါ့ကိုအောက်မေ့သတိရဖို့၊ သတိပေးတဲ့ ပွဲတော်မင်္ဂလာဖြစ်ပါတယ်။ အပြစ်မလွှတ်ပါဘူး။ ကိုယ့်အပြစ်ကို ကျိုးပဲကျေမွတဲ့ စိတ်နှလုံးနဲ့ သိမြင်ပြီး၊ ဘုရားရှင်ရှေ့မှာ ပြပ်ဝပ်မျက်ရည်ကျရပါတယ်။ ယုံကြည်သူများအဖို့ သခင်ယေရှု အသား၊အသွေးနဲ့ ကားတိုင်ပေါ်အသေခံသွားတာ မိမိတို့အပြစ်ကို ကိုယ်စားခံသွားခြင်းဖြစ်ပါတယ်။ ယုံကြည်သူတိုင်း အပြစ်လွှတ်ခြင်းကို ခံရပါတယ်။ မျက်ရည်ကျ၊ အပြစ်တွေ ဝန်ခံပြီး..ရှင်ပြန်ထမြောက်ခြင်းအတွက် ဝမ်းမြောက်ခြင်းကို ခံစားရတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒီအပတ်ကတော့ ခရစ်စမတ်အကြိုဖြစ်လို့ ပိုပြီး ဝမ်းမြောက်ရပါတယ်။ . တရားဒေသနာ.. စင်ကာပူ အောချပ် Orchard လမ်းမကို ရောက်ပြီးတဲ့လူ လက်ထောင်ဆိုတော့ အများကြီးလက်ထောင်ကြပါတယ်။ တချို့က...