Posts

Showing posts from June, 2017

အာရပ်နဲ့အစ္စရေး အရေးအခင်း နဲ့အမေရိကန်၊မြန်မာ (၂၀၁၇)

Image
အခုရေးမဲ့ အာရပ်နဲ့အစ္စရေး အရေးအခင်းဆိုတာ လူမျိုးရေးပါ။ နောက်ပိုင်းမှာ ဘုရားတစ်ခုတည်းကို လူမျိုး၂ခုက သူတို့ခံယူချက်တွေနဲ့ဆက်စပ်ပြီး ဂျူးနဲ့ခရစ်ယာန်များက တဖက်၊ မူဆလင်များကတဖက် ရာဇ၀င်တွင်အောင် ပြသနာဖြစ်နေခဲ့တာ အခုမှမဟုတ်ပါ။ မြန်မာပြည်ဟာ နတ်ကိုးကွယ်တဲ့လူမျိုးများနေထိုင်ခဲ့ရက ခရစ်သက္ကရာဇ် ၉၀၀လောက်မှာ ဗုဒ္ဓဘာသာရောက်ရှိလာတဲံနိုင်ငံဖြစ်ပြီး၊ AD1500 လောက်မှာမြန်မာနိုင်ငံကို မူဆလင်၊ ခရစ်ယန်၊ဂျူးများ ဘာသာဝင်များ လာရောက်အခြေချခဲ့ပါတယ်။ အထူးသဖြင့် မူလဘာသာမရှိတဲ့ ဘာသာမဲ့သူများ၊ တောင်ပေါ်သားများ၊ နတ်ကိုးကွယ်သူများဟာ ဗုဒ္ဓ၊ခရစ်ယန်၊မူဆလင် စတဲ့ဘာသာဝင်များဖြစ်လာပါတယ်။ အခုချိန်မှာတော့ Free Thinker ဆိုတဲ့ ဘာသာမဲ့ (သိုမဟုတ်) ဘာသာစုံ လူတန်းစားတစ်ခုလည်း အဟုန်ပြင်းစွာနဲ့ ပေါ်ထွက်နေပါတယ်။ မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာများနဲ့ သဟာဇာတဖြစ်အောင် နေထိုင်တတ်ဖို့ အာရပ်၊အစ္စရေး စာတန်းတခုဖတ်မိရင်း စကားချပ်၊ မြန်မာပြည်ကြောင်းအနည်းငယ်ဖေါ်ပြခြင်းလိုပါတယ်။ 2012, 2013 တွေမှာ ဗုဒ္ဓဘာသာနဲ့မူဆလင် အဓိကရုန်းတွေ၊ လူမျိုးရေးနဲ့ဘာသာရေး ၂ခုရှုပ်ထွေးဖြစ်ပျက်နေတော့ စိတ်မကောင်းစရာများဖြစ်ရပါတယ်။ အပြစ်မဲ့သူများစွာ အသက်၊အိုးအိမ်၊စ...

Rev.ဦးကျော်ဝင်း၏ အောင်မြင်ခြင်းသော့ချက် သက်သေခံချက်များ (၁၉၉၇)

Image
Rev.ဦးကျော်ဝင်း၏ အောင်မြင်ခြင်းသော့ချက် သက်သေခံချက်များ ဆရာဦးကျော်ဝင်းသည် ဘုရားဘုန်းတော်ထင်ရှားစေသောမြန်မာလူမျိုးတစ်ဦးဖြစ်သည်။ မြန်မာပြည်တွင် ၁၉၉၀နောက်ပိုင်း လူတိုင်းအမေရိကန်ဒေါ်လာဘဏ်စာရင်းဖြင့် နိုင်ငံခြားငွေ US$ dollar a/c ဖွင့်နိုင်သော ပထမဆုံးပုဂ္ဂလိကဘဏ် (မေဖလားဝါးဘဏ်) ဖြစ်သည်။ ရန်ကုန်တွင် ATM ပထမဆုံးစတင်ခဲ့ပြီး၊ တစ်နိုင်ငံလုံး ဘဏ်ခွဲပေါင်း များစွာဖွင့်နိုင်ခဲ့သည်။ ရန်ကုန်လေကြောင်းဖြင့် ပထမဆုံး လေယာဉ်ပိုင်သူဖြစ်ခဲ့သည်။ ၂၀၁၁ နောက်ပိုင်းတွင် တိုင်ဝမ်အစိုးရသစ်အတွက် အချိန်ပြည့်စီးပွားလုပ်ငန်းများလုပ်ဆောင်လျှက်ရှိသည်။ မြန်မာပြည်အစိုးရသစ် ပြုပြင်ပြောင်းလဲရေးတွင်၊ မြန်မာခရစ်ယာန်လူငယ်များ တတပ်တစ်အား ပါဝင်နိုင်ရေး စံနမူနာယူနိုင်ရန် ပြန်လည်ဖေါ်ပြခြင်းဖြစ်သည်။ သူကိုယ်တိုင်ပြောပြချက်အတိုင်း ဖေါ်ပြပါသည်။ ကျေးဇူးတော်ချီးမွမ်းခြင်း ဘုရားသခင်သည် ကြွယ်ဝသောဘုရားသခင် ဖြစ်ကြောင်း၊ ဘုရားသခင်ဟာ ကောင်းကြီးပေးတဲ့ ဘုရာဖြစ်ကြောင်း၊ ဘုရားသခင်ဟာ ယခုဘ၀၊ နောင်ဘ၀၊ ဘ၀နဲ့ စပ်ဆိုင်တဲ့ ဂတိတော်ကို ပေးနေသော ဘုရားဖြစ်ကြောင်း၊ သက်သေခံဝေငှခွင့် ရတဲ့အတွက် ဘုရားသခင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဘုရားသခင္ရဲ့ အသက္ရွင္တဲ့ အေ...