Posts

Showing posts from May, 2020

နောက်ဆုံးကာလ အမေဂဒုန်စစ်ပွဲ

Image
သမ္မာကျမ်းစာ နောက်ဆုံးကာလ အမေဂဒုန်စစ်ပွဲ ၊ .. ခရစ်ယန်ကျမ်းပြု ဆရာများရဲ့ အဓိပ္ပါယ်ဖွင့်ဆိုခြင်းများ၊ လေ့လာသူများအတွက်တော့ ဗဟုသုတ ဖြစ်ပါတယ်။ ယေရှုခရစ်တော်ကို ယုံကြည်သူ များအတွက်တော့ ပိုမိုနှစ်သိမ် ခွန်အား ရ ပါ မယ်။ စိတ်ဝင်စားသူများ..အချိန်ပေးပြီး ၅၄ မိနစ် မြန်မာစကားနဲ့နားဆင်ပါ။ တကယ်တော့ ကိုးကွယ်ဝါဒ ဆိုတာ မမြင်နိုင်တဲ့ ဝိညာဉ်ရေးဖြစ်တယ်။ ဒုက္ခဆင်းရဲချိန်တိုင်း မိမိ ယုံကြည်ရာ အားကိုးစရာဖြစ်ပါတယ်။.. လေးစားစွာဖြင့်။ https://m.youtube.com/watch?fbclid=IwAR2iaibkU3LsxIgo1NoAvYHID_Yyn7ZhBDL8sw2sZqM8KTDGI8uSsXF8s4o&v=UUVfG7BCmcs#dialog

ကိုရိုနာကုသဆေး အမေရိကန် (USA Gilead)

Image
ကိုရိုနာကုသဆေး အမေရိကန် (USA Gilead) သမ္မတ ထရန့်က Remdesivir ဆေးကို FDA Approve ဖြစ်စေပြီး ခွင့်ပြုလိုက်ပါပြီ။ အိန္နိယ ကိုဗစ်ကာကွယ်ဆေး ဆီရမ် အင်စတီကျု (အိန္နယ) မှ ကိုဗစ်ကာကွယ် ဆေး အား အ​မြောက် အမြား ထုတ်လုပ်တော့မည် ဖြစ်သည်။ စက်တင်ဘာလ တွင် သန်း ၄၀-၅၀ အထိ ထွက်ရှိလာမည် ဖြစ်သည်။ ChAdOx1 nCoV-19 ဆေးကို အောက်စဖို့ တက္ကသိုလ်ကြီးရှိ ဂျင်နာ အင်စတီကျုမှ ဖေါ်စပ်ထားပါတယ်။ အရေးပေါ် လိုအပ်ချက်အရ လူများအပေါ် စမ်းသပ် ရလဒ် မစောင့်တော့ပဲ ငွေ $80 သန်း စွန့်စား ထုတ်လုပ် ခြင်း ဖြစ်တယ်။ မျောက် များနဲ့ စမ်းသပ်တာ အောင်မြင်ပါတယ်။ ဂျပန် Avigan အာဖရိကတိုက် မှာ လူအသေပျောက်များလှတဲ့ အီဘိုလာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေး ဖြစ်တယ်။ ဂျပန် ကုမဏီ Fujifilm Group က သုတေသနပြုလုပ်ပြီး လူနာများနဲ့စမ်းသပ်အောင်မြင်လို့ ဂျပန် FDA နဲ့ နိုင်ငံတကာက ၂၀၁၄ မှာ လက်ခံသုံးစွဲ နေတဲ့ ဆေးဖြစ်ပါတယ်။ ရှိနေတဲ့ ဆေးများကို လူနာ ဘေးမ​ဖြစ်အောင် သုံးစွဲရင်း Avigan ဆေးကို ဂျပန်နိုင်ငံ ဆေးရုံများက သုံးစွဲတာ အတိုင်းတာ တစ်ခုထိ အောင်မြင်ပါတယ်။ တောင်ကိုးရီးယား နဲ့ အခြား နိုင်ငံ များက သုံးဖို့ ကြိုးစားပေမဲ့ မအောင်မြင်သေးပါ။  ဂျပန် ဖူဂျီအုပ်စု .ကတော့ ဆင်...

ဥပုသ်နေ့ဒေသနာ။ ၁၂-၄-၂၀၂၀ အီစတာတနင်္ဂနွေ။ (Copy from Sayar Hsoe)

Image
အီစတာနံနက်ခင်း။ ဥပုသ်နေ့ဒေသနာ။ ၁၂-၄-၂၀၂၀ အီစတာတနင်္ဂနွေ။ (Copy from Sayar Hsoe) ကောင်းကင်တမန်ကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သောယေရှုကိုသင်တို့ရှာကြသည်ကိုငါသိ၏။ ဤအရပ်၌မရှိ။ မိန့်တော်မူသည့်အတိုင်းထမြောက်တော်မူပြီ။ (မ၊၂၈:၅)      တစ်နေ့မှာတော့ ကျွန်တော်တို့အသင်းတော်မှာသီချင်းအဆိုကောင်းလှသော မစိန်မေ အမည်ရှိသူငယ်ချင်းကိုမေးကြည့်မိပါသည်။ သူမသည် ငယ်စဉ်ကတည်းကဘုရားကျောင်းမှာအစဉ်အမြဲ သီချင်းဆို၍အသံကို ဆက်ကပ်ခဲ့သူဖြစ်သည်။ ကျွန်တော်တို့ငယ်စဉ်ကာလများသည် မိမိဝါသ နာပါရာကိုဘုရားကျောင်းတွင်လေ့ကျင့်တည်ဆောက်ခွင့်ရ၍၊ သို့မဟုတ် ပျော်ရွှင်ခွင့်ရသဖြင့် ဘုရားရှိခိုးကျောင်းသို့လာမြဲရှိသောကြောင့်..      " စိန်..နင်ဘာဖြစ်လို့ဘုရားကျောင်းကိုအမြဲလာတက်ရတာလဲ။ သီချင်းဆိုရတာ ဝါသနာပါလို့လား။" ဟုမေးဖူးရာသူမကဟက်ခနဲရယ်ပါသည်။ ပြီးမှ..မဟုတ်ဘူးဟ။ ငါသီချင်း ဆိုချင်လို့ဘုရားကျောင်းကိုလာတာမဟုတ်ဘူး။ဂုဏ်တော်ချီးမွမ်းချင်လို့၊ ဟုဖြေပါသည်။ နင်စဉ်းစားကြည့်လေ။ သေခြင်းမှထမြောက်တဲ့ဘုရားသခင်ကိုမှ ငါမချီးမွမ်းရင်၊ဘယ်သူ့ဂုဏ်တော်ကိုငါချီးမွမ်းမလဲ။ တကယ်တော့ငါဘုရားကျောင်းကိုလာတက်တာက၊သူကိုယ်တ...

ကျန်းမာ၊ချမ်းသာ. - ရှိုင်းကိုကိုလင်း(SLT)

Image
- ကျန်းမာ၊ချမ်းသာ သတင်းကောင်းရဲ့ နိဂုံးချုပ် ....Shine Ko Ko Lyn....  ============================= - လွဲမှားတဲ့ အယူဝါဒ၊ သွန်သင်ချက် ဆိုတာက ဘာသာတိုင်းမှာ ကြုံရတတ်တဲ့ အကြီးမားဆုံး ‌ ပြဿနာ တစ်ခုပါ။ ယ‌နေ့  နှစ်ပေါင်းနှစ်ထောင်ကျော်‌နေပြီဖြစ်တဲ့ ခရစ်ယာန် အသင်းတော်ရဲ့ သမိုင်းကို လေ့လာကြည့်ရင် ရာစုနှစ်တိုင်းမှာ ရှေးရိုးခရစ်ယာန် ယုံကြည်ခြင်းမှ သွေဖယ်ပြီး လွဲမှားတဲ့ အယူဝါဒ၊ သွန်သင်ချက် မြောက်များ စွာ ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းမှာ သက်သေ သာဓကများစွာ လေ့လာတွေ့ရှိရပါတယ်။ - ဒီလို ဖြစ်လာမယ်ဆိုတာကို ဓမ္မသစ်ကျမ်းမှာ သခင်ခရစ်တော် ကိုယ်တိုင်နဲ့  တမန်တော်ကြီးများမှာ အကြိမ်ကြိမ် သတိပေး ပြောဆိုခဲ့ကြပါ တယ်။ ဒါပေမယ့်လည်း ယနေ့အချိန်ထိလည်း ဒီ ထောင်ချောက်မှာ မိနေကြတဲ့ ခရစ်ယာန်များ စွာ ရှိနေတာတော့ စိတ်မကောင်း စရာပါ။ တစ်ချို့ခရစ်ယာန်တွေကလည်း ဒီထောင်ချောက်မှာ မိလို့မိနေမှန်း မသိကြတဲ့ သူတွေလည်း များစွာ ရှိပါတယ်။ဒီလွဲမှားတဲ့ သွန်သင်၊ဟောပြောချက် တွေထဲမှာ မြောက်များစွာသော ခရစ်ယာန်များကို လွယ်ကူစွာ လမ်းလွဲစေပြီး လူကြိုက်များတဲ့ တရားကတော့ ကျန်းမာရမယ်၊ ချမ်းသာရမယ်ဆိုတဲ့ တရား(သို့) သတင်းကောင်း ဖြစ်ပါတယ်။ - က...

ဆရာ David La ကို အချို့ခရစ်ယာန်တွေက ရိုသေလေးစားချစ်ခင်ပြီး

Image
Cred>>Kham Khai/Lahpai_Nangpri ဆရာ David La ကို အချို့ခရစ်ယာန်တွေက ရိုသေလေးစားချစ်ခင်ပြီး အချို့ခရစ်ယာန်တွေက ဘာလို့မနှစ်မြို့ကြတာလဲ? ​ဒီကိစ္စနဲ့ပါသက်ပြီး Facebook သုံးတဲ့ သူတွေအားလုံး ဒီအစွန်း နှစ်ဘက်ကို မျက်ဝါးထင်ထင်တွေ့မြင်ကြမှာဖြစ်တယ်။ ဆရာဒေးဗစ်လ ဖန်နဲ့ Anti ဒေးဗစ်လ ပြသနာက ခုမှစတာမဟုတ်ပါဘူး အက်ကြောင်းထပ်တာ မကကွဲပြဲတာ အတော်လေးကို နှစ်ပေါက်နေပါပြီ။ ၁။ ဆရာဒေးဗစ်လကို အချို့ ခရစ်ယာန်တွေက ဘာလို့ ရိုသေလေးစားချစ်ခင်ကြတာလဲ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဆရာဒေးဗစ်လ မြန်မာပြည်ကိုပြန်လာပြီး တရားဟောပွဲတွေ ကို မြန်မာပြည်ရဲ့ အထင်ကရ ခန်းမတွေ အားကာစးရုံတွေ ဖြစ်တဲ့ MCC ခန်းမ၊ အမျိုးသား ပြဇတ်ရုံ၊ နှင့် နေပြည်တော် နဲ့  သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း ထိ အကြီးအကျယ် အောင်မြင်စွာပြုလုပ်ခဲ့သလို မြန်မာပြည်က မြို့ကြီးမြို့ငယ်နဲ့ အသင်းတော် ကြီး၊ သေး ဆရာ David Lah ကို ဖိတ်ကြားမခံရတဲ့နေရာ မရှိသလောက် ဖြစ်သလို ဆရာDavid Lah လဲ မြန်မာပြည်အနှံမရောက်ဖူးတဲ့နေရာလဲ မရှိသလောက်ပါပဲ။ ဒါ့အပြင် UN ရဲ့ အစီအစဉ်နဲ့ ပြည်ပရောက်သွားတဲ့ ဥရောပ၊ အမေရိက စတဲ့ နိုင်ငံကြီး နိုင်ငံငယ်မှာရှိတဲ့ မြန်မာခရစ်ယာန် အသင်းတော်တွေမှာ လဲ တတ်အားတရ...

COVID-19 corona virus သည် မတော်တဆ ဖြစ်လာခြင်း မဟုတ်ပါ။

Image
Amen.. Sayar.Andrew COVID-19 corona virus သည် မတော်တဆ ဖြစ်လာခြင်း မဟုတ်ပါ။ ဘုရားသခင်မသိဘဲ ဤကမ္ဘာကြီး၌ဘယ်အရာမှမဖြစ်နိုင်ပါ။ လူသားများအားလုံး မိမိတို့၏အပြစ်မှနောက်လှည့်ရန် သတိပေးခြင်းဖြစ်ပါသည်။ လမ်းလွဲလျက်ရှိသော ဘုရား၏သားသမီးများနောက်လှည့်ပြန်လာရန်ဖြစ်ပြီး၊ ဘုရားမသိသောသူများလည်း အသက်ရှင်သောဘုရား၊ တရားစီရင်သောဘုရားသခင်ရှိကြောင်းသိမြင်လာရန် အချိန်ဖြစ်ပါသည်။ ဘုရား သခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထားဘူးသော်လည်း၊ ယခုမှာကိုယ်အပြစ်ကိုမြင်၍ နောင်တ ရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။  (Act 17:30)  ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ ပေး လိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင် ယေရှုခရစ်တည်း ဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။  (1Jo 2:1)  ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသား အပေါင်းတို့၏ အပြစ်ဖြေစရာ အကြောင်းဖြစ်တော်မူ၏။  (1Jo 2:2)  ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သော အချိန် ၌သင်၏ စကားကိုငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုင...

ဘုရားအသံကို ကြားနိူင်ဖို့ အတွက် (JBCS ယုဒသန်အသင်းတော် )

Image
ဘုရားသခင် အသံတော်ကို ဘယ်လိုနားထောင်မလည်း (Cred>>Judson Baptist Church Sg) ========================= တစ်ခါတစ်လေမှာ ကျွန်တော်တို့ တွေ ပြသနာတွေ ဆုတောင်းချက်တွေ တင်ပြပြီး ဘုရားဆီက အသံကိုတော့ နားထောင်ဖို့တော့ မေ့နေတတ်ကြပါတယ်။ ဘုရားသခင်က လူတွေကို စကားပြောတော့မယ် ဆိုရင် ဓမ္မာဟောင်းကျမ်းထဲမှာကတော့ ပရောဟိတ် တွေကနေ တစ်ဆင့် စကားပြောပါတယ်။ ဒါပေမယ့် ဓမ္မာသစ် ကျမ်းမှာတော့ ခရစ်တော် ပေးခဲ့တဲ့ သန့် ရှင်းသော ဝိဉာဉ်တော် ကနေ တစ်ဆင့် စကား ပြောပါတယ်။ ဘုရားသခင်က သင် နာကျင်စွာခံစား နေရပြီး ဘုရားကို အော်ဟစ်ပြီး ဆုတောင်းတဲ့ အချိန်မှာ သင့်ကို အလျင်းစွန့်ပစ်မထားဘူးဆိုတာကို သင့် စိတ်ထဲအမှာ အမြဲ ထားထားပါ။ ဘုရားသခင်က ကျွန်တော်တို့ကို အမြဲတမ်း စကားပြောချင်နေတဲ့ ဘုရားဖြစ်ပါတယ်။ ဒါပေမယ့် သင်က ဘုရား အသံကို နားထောင်ဖို့ အတွက် နှုတ်ပတ်တော်ကို မဖတ်ပဲနဲ့တော့ ဘယ်လိုမှ ဘုရား အသံကို ကြားရမှာ မဟုတ်ပါဘူး။ သင့် အနေနဲ့ ဘုရားအသံကို နားထောင်ဖို့ အတွက် ငြိမ်ဝပ်စွာ နေပြီး ဘုရားသခင် ဆီက အသံကိုပဲ မျှော်လင့်နေရမှာဖြစ်ပါတယ်။ ဘုရားသခင် ပေးထားတဲ့ နှုတ်ကပတ်တော် ဖတ်ပြီး မိတ်သဟာယ ဖွဲ့ မယ့် အစား တစ်ခြား TV, ဖုန်းတွေနဲ့ သင့် အချိန်ကို ခိုး...

စိတ်မရှည်ခြင်း လူဆိုတာကတော့ စိတ်မရှည်တဲ့ အမျိုးပါပဲ။ လှမင်းသူ

Image
စိတ်မရှည်ခြင်း    လူဆိုတာကတော့ စိတ်မရှည်တဲ့ အမျိုးပါပဲ။ ခုရေတွင်းတူး ခုရေကြည်သောက်ချင်ကြတာ ထုံ:စံလိုဖြစ်နေပါပြီ။ ဒီမိုကရေလိုချင်တုန်းကလည်း ခုချက်ချင်းပဲလိုချင်ကြတယ်။ ဒီမိုကရေစီ အုတ်မြစ်တည်တဲ့ကာလ၊ ကူးပြောင်းတဲ့ကာလ ဆောက်တည်တဲ့ကာလ တို့ကို မစောင့်နိုင်ခဲ့ကြပါဘူး။ အသေအချာနဲ့ စနစ်တကျ ဖြစ်ဖို့ ဘယ်လိုပဲ ပြောပြော နားမဝင်    နိုင်ခဲ့ကြပါဘူးလေ။ အရေးအခင်းတုန်းက ဒေါက်တာမောင်မောင် ပြောခဲ့တဲ့ စကားနဲ့ ပြန်ပြောရမယ်ဆိုရင် မစောင့်နိုင်တော့    ဘူးလား လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ၀ိညာဉ်နဲ့ခန္ဓာ ကျဆုံးခြင်း    အခုလည်းပဲ ယုံကြည်သူထဲမှာ စိတ်မရှည် နိုင်တာကို တွေ့ကြရမယ်ဖြစ်ပါတယ်။ ခုပဲ သခင်ယေရှု ကို ယုံကြည်ရင် ခုပဲ ကျမ်းမာရမယ်   အနာရောဂါ ကင်းရမယ် ဖြစ်ချင်ကြပါတယ်။ အနာရောဂါဖြစ်လာရင် ယုံကြည်ခြင်းမရှိလို့ပဲလား၊ ယုံကြည်ခြင်းအားနည်းလို့လား စသည်ဖြင့် စိတ်ကူး တွေးပူတတ်ကြပါတယ်။    သေချာပြန်ကြည့်မယ် ဆိုရင် လူသားတွေကျဆုံးခဲ့တဲ့ ဧဒင်ဥယာဉ်မှာ အာဒံနဲ့ ဧဝဟာ သူတို့အပြစ်ကြောင့် အပြစ်ပြုတဲ့ နေမှာတင်  ဘုုံးဘုံးလဲကျသေဆုံးသွားတာ မဟုတကြပါဘူး။ အာဒံဆိုရင် အပြစ်ပြုတဲ့နောက် နှစ်...