သင်ခန်းစာ (၂၅) ဆုတောင်းခြင်း အဓိပ္ပါယ်၊ ရည်ရွယ်ချက်နှင့်တန်ခိုး
သင်ခန်းစာ (၂၅) ဆုတောင်းခြင်း အဓိပ္ပါယ်၊ ရည်ရွယ်ချက်နှင့်တန်ခိုး နိဒါန်း ခရစ်ယာန်တစ်ဦး၏ အသက်တာတွင် ဆုတောင်းခြင်းကို တန်ဘိုးဖြတ်ရန်ခက်ခဲလှပါသည်။ ကောင်းကင်စည်း စိမ်စီးဆင်းရာ တံခါးကိုဖွင့်သော၊ သော့ချက်ဖြစ်ပါသည်။ ကျွန်ုတို့၏စိတ်ဝိညာဉ်ထဲတွင်ဘုရားသခင်ကို လှုပ်ရှားစေသော အရာလည်းဖြစ်ပါသည်။ ဆုတောင်းခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ကိုထွက်လာစေလျက်၊ ထိုတန်ခိုးတော်သည်လည်း၊ ဘုရားသခင်၏နှုတ်ကပါတ်တော်အား ကျွန်ုပ်တို့၏ အရိုးတွင်းချဉ်ဆီ၌ တောက်လောင်စေ ပြီးခရစ်တော်သည် ကျွန်ုတို့နှင့်အတူရှိတော်မူကြောင်းကိုအမှန်သိရှိစေပါသည်။ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏ ၀ိညာဉ်ကိုနှိမ့်ချစေသည်။ သမ္မာတရားကိုမြင်စေရန်မျက်စေ့ဖွင့်ပေးပါသည်။ ဘုရားသခင်၏အလိုတော်အတိုင်းလိုက် လျှောက်စေနိုင်ပါသည်။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့၏အပူအပင်များကို ဘုရားသခင်အပေါ်သို့တင်ပို့လျက် မညှာမတာပြုတတ်သောအပြစ်နှင့်အပြစ်၏အခများ စာတန်၏လှုပ်ရှားမှုများကို တွန်းလှန်နိုင်ရန် ကျေးဇူးတော်ကို မြင်တွေ့စေပါသည်။ တစ်စုံတစ်ယောက်သောသူသည် ဆုမတောင်းသောကြောင့် ဆုံးရှုံးမှုများကို ခန့်မှန်းတွက် ချက်ရန်ပင်ကြောက်မက်ဘွယ်ဖြစ်နေပါသည်။ ဤသင်ခန်းစာကိုလေ့လာကြသောသူအပေါင်း...