Photos- Crd မိုးမခအမှတ်တရပုံရိပ်လွှာများ စက်တင်ဘာ ၁၄၊ ၂၀၂၁ မောင်သင်းခိုင်နဲ့ "မန္တလေးရောက်ရှမ်းတယောက်" ဝင်းမင်းခိုင် မောင်ဝင်းခိုင်ရေ လာဟေ့ ဒို့ညီအကို ၂ ယောက်လမ်းလျှောက်ကြမယ်။ ကျနော်နည်းနည်း ကြောင်သွားတယ်။ မနက်စောစောလဲမဟုတ် ညနေမှောင်ကာမှလမ်းလျှောက်မယ်ဆိုပါလား၊ ပါးစပ်ကလဲတေးသွားတခုကို ညည်းလို့။ ဒါမျိုးကကျနော့်အတွက် အသစ်အဆန်းတော့မဟုတ်။ မေလတတိယပတ် ဒါမှမဟုတ်ဂျွန်လထဲမှာ မိုးစရွာတဲ့နေ့ဆို ကျနော့်လက်ကိုဆွဲပြီး မိုးရွာထဲလျှောက်သွားရင်း စကားတွေပြောနေတတ်တယ်။ ဒို့ပျဉ်းမနားက အညာမဟုတ် အကြေမဟုတ်ကွ...မြေပုံအရ မန္တလေးတိုင်းထဲပါပေမယ့် ရာသီဥတုနဲ့မိုးလေဝသက၊ ဗဂိုး(ပဲခူး)တိုင်းထဲမှာပါတာ။ ကြည့်လိုက်စမ်းငါ့ညီ၊ တနွေလုံးခြောက်သွေ့ပူပြင်းတဲ့ဒဏ် မင်းတို့ငါတို့ခံနေရတာ။ ဖုံအလိမ်းလိမ်းနဲ့ အဆောက်ဦးတွေ မူလအရောင်မပီပြင်တော့တဲ့သစ်ပင်တွေ၊ ပျင်းရိငြီးငွေ့စရာအပူရောင်တွေအားလုံး မိုးရေနဲ့ဆေးချလိုက်တော့ ရေချိုးထားနဲ့အပျိုစင်လို လောကကြီးကလှမသွားဘူးလား၊ လတ်ဆတ်တဲ့အစိမ်းကို မင်းခံစားရတယ်မို့လား။ အစိမ်းဆိုလို့ ဒို့ပျဉ်းမနားအစိမ်းက အရှေ့ရိုးမနဲ့ အလယ်ရိုးမ၊ ရိုးမ ၂ ခုကြားကအစိမ်းဆိုတော့ ကျန်တဲ့နေရာတွေက အစိမ်းတွေနဲ့မတူဘူး။...
Posts
Showing posts from September, 2021
- Get link
- X
- Other Apps
နေ့စဉ်ခွန်အား #ODB_08SEP_2021@MM# ဗုဒ္ဓဟူးနေ့|၂၀၂၁ခုနှစ်|စက်တင်ဘာလ (၈) ရက် 🧍♂️ #အကျွန်ုပ်ကို_စေလွှတ်ပါ🧍♂️ ဖတ်ရန် □ ဟေရှာယအနာဂတ္တိကျမ်း ၆:၁-၈ | သမ္မာကျမ်းစာတစ်နှစ်စာ □ သု ၃-၅ □ ၂ ကော ၁ တစ်ဖန် ထာဝရဘုရားက၊ငါသည် အဘယ်သူကိုစေလွှတ်ရမည်နည်း ... ဟု မေးတော်မူသံကို ငါကြားလျှင် ငါက အကျွန်ုပ်ရှိပါ၏။အကျွန်ုပ်ကိုစေလွှတ်တော်မူပါဟု လျှောက်လေ၏။ [ ဟေရှာ ၆:၈ ] ၁၈၉၀ နှစ်များ နောက်ပိုင်းတွင် ဆွီဒင်သာသနာပြုဆရာ Eric Lund (အဲရစ်လန်ဒ်)က သူ့အား စပိန်နိုင်ငံ၌ သာသနာပြုရန်အတွက် ခေါ်ယူစေစားကြောင်း ခံစားရသောအခါ သူချက်ချင်းပင် နာခံခဲ့သည်။ထိုနေရာတွင် အောင်မြင်မှု အနည်းငယ်သာ မြင်ရသော်လည်း ဘုရားရှင်၏စေစားချက်အပေါ်ခိုင်မာသေချာမှုဖြင့် သည်းခံ ကြိုးစားခဲ့သည်။တစ်နေ့တွင် ဖိလစ်ပိုင်လူမျိုး Braulio Manikan (ဘရူလီယို မန်နီကန်)နှင့် တွေ့ဆုံခဲ့ပြီး သူ့အား ဧဝံဂေလိတရားကို ဝေငှခဲ့သည်။သူတို့နှစ်ဦးသည် ဒေသခံဖိလစ်ပိုင်ဘာသာစကားသို့ သမ္မာကျမ်းစာကို ဘာသာပြန်ဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ဖိလစ်ပိုင်၌ ပထမဦးဆုံး နှစ်ခြင်းသာသနာဌာနကို စတင် ခဲ့ကြသည်။Lund သည် ပရောဖက်ဟေရှာယကဲ့သို့ ဘုရားသခင်၏ခေါ်ယူစေစားမှုကို နာခံ တုံ့ပြန်ခဲ့သေ...