Posts

Showing posts from October, 2020

နှုတ်ကပတ်တော်သည် မိတ်သဟာရဖွဲ့ခြင်းရှိမှ နိုးထလာပါသည်။

 နှုတ်ကပတ်တော်သည်  မိတ်သဟာရဖွဲ့ခြင်းရှိမှ နိုးထလာပါသည်။  ============== ယနေ့အချိန်ကာလသည် ယခင်ကာလများထက် Online ကို လူကြည့်များကြောင်း သတိထားမိပါသည်။ Online မှာ အကောင်းနှင့်အဆိုး ဒွန်တွဲနေ၏။ အပြောကောင်း၊ တင်ဆက်မှုကောင်း၊ နာမည်ကြီးလာသည့်အခါ ထိုအရာကိုဘဲ စွဲလန်းလာတတ်ကြသည်။ အကယ်စင်စစ် ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်၊ လောကအရာများထက် ခရစ်တော်နှင့် ဘုရားနှုတ်ကပတ်တော်ကိုသာ စွဲလန်းသင့်ပါသည်။ .  တစ်နေ့က ခရစ်ယာန်မိတ်ဆွေတစ်ဦးနှင့်စကားစမီပြောဖြစ်ပါသည်။ သူ၏အသက်တာပြောင်းလဲလာပုံ၊ ဝိညာဉ်ရေး အခြေအနေကို မေးမြန်းကြည့်ပါသည်။ သူသည်ပြောင်းလဲလာပြီး နာမည်ကြီးတရားဟောဆရာ ဂျွန်မက်အာသာစသည့် တရားဟောဆရာများ၏ဟောပြောချက်များကို နားထောင်ခဲ့၏။ ကောင်းပါသည်။ ယခုတော့ မိမိအချိန်ကို သမ္မာကျမ်းစာကို ကိုယ်တိုင်ရှာဖွေလေ့ကျက်မှုပြုကြောင်း၊ အခြားအဘယ်တရားဟောဆရာများကို အဓိကထား နားမထောင်တော့ကြောင်း ပြောပြပါသည်။ ခရစ်အသက်တာ၌ Online တရားဒေသနာ ဝေငှချက်များကို နားထောင်ခြင်း၊ copy ကူးပြီး ဝေငှခြင်းထက် မိမိကိုယ်တိုင်က အချိန်ပေးကာ ကျမ်းစာကို ရှာဖွေလေ့လာသင့်ပါသည်။ ရင့်ကျက်သောသူများဖြစ်ရပါမည်။  . ကျွန်တော်ကျမ်းစာကျောင်းတက်စ...