Posts

Showing posts from May, 2018

ဆရာဒေးဗစ်လား (နိုးထခြင်း- Revival) @ JBCS Singapore

Image
အသင်းတော်သင်းအုပ် ဆုတောင်းပဌနာ (၂၇-မေ-၂၀၁၇ တနင်္ဂနွေ ၀တ်ပြု ကိုးကွယ် ခြင်း၊ JBCS ယုဒသန် နှစ်ခြင်း အသင်းတော်၊ စင်ကာပူ) သင်းအုပ် ဆရာ သြ ဂတ် စတပ် ဆုတောင်း ပဌနာ ဖြစ်ပါတယ်။ ဆရာ ဒေးဗစ် လား တို့ရဲ့ Dream Ministry ကို ကောင်းကြီး ပေး ပါတယ်။ ၂၉-မေ လ အထိ စင်ကာပူ မှာ အစီ အစဉ် တွေ ရှိပြီး ကနေဒါ ကို ပြန်မယ်။ မြန်မာပြည်က လာ တဲ့ တေးဂီတ အဖွဲ့ အဆိုတော် များလည်း မြန်မာပြည် ပြန် မယ်။ ဆရာ ဒေးဗစ်လား နယ် သာ လန် ကို သွားပြိး ကမ္ဘာ ကျော် နိုးထ ခြင်း ဆရာများ နဲ့အတူ ဟောပြော ဝေငှမယ်။ ဒီ အတွက် ကျေး ဇူး တော် ချီးမွမ်းပြီး ဘုရား ကွယ်ကာ စောင့်ရှောက် ဖို့ ကောင်းကြီး ဆက်လက် ပေး ဖို့ ဆုတောင်း ပါတယ်။ ဇွန်လ ၂ရက်မှာ FOP Festival of Praise ချီးမွမ်းခြင်း ရှိပါ တယ်။ ဇွန်လ ၃ရက်နေ့မှာ နှစ်ခြင်း ပေးဖို့ ၅ ယောက် ရှိပါ တယ်။ ယနေ့ စင်ကာပူ Salvation Army မှာ ကလေး ငယ် များစွာ သင်တန်း ရှိပါ တယ်။ JBCS   က ဆန်းဒေး စကူး ဆရာမ များ၊ မိဘ များ နဲ့ ကလေး ငယ်များ ၂၀၀လောက် အဲဒီမှာ ပါဝင် ဆင်နွဲ နေ ပါ တယ်။ သူ တို့ အတွက် ဆု တောင်း ပါ တယ်။ မြန်မာ နိုင်ငံ၊ ပျဉ် ဦး လွင် မြို့ မှာ ကင်တာ ဂါးဒင်း ကလေး မူကြို ဖွင့် ဖို့ ရှိပါတယ်။ လုပ် ဆောင် နေကြ ပါတယ်။...


Image
 The Pilgrim's Progress - ဘုရားဖူးသွားခြင်း၊ ဂန္ဓဝင်ခရစ်ယာန်စာပေ မြန်မာလို တိုက်ရိုက်ဘာသာပြန်လျှင် ဘုရားဖူးသွားခြင်း လို့အဓိပ္ပါယ်ရှိသည်။ ခရစ်ယာန်ဘာသာအထွဏ်အထိပ်ဖြစ်သော  ဘုရားထံသို့သွားရောက်ကိုးကွယ်ဝတ်ပြုခြင်းအား ပြောင်မြောက်သော ရသစာပေ တစ်ခုအဖြစ်သည်။ ၁၆၇၈ (လွန်ခဲ့သော နှစ်ပေါင်း ၃၄၀ခန့်က) အင်္ဂလန်တွင် ရေးသားထုတ်ဝေခဲ့ပြီး ဘာသာစကားပေါင်း၂၀၀ကျော်ဖြင့် ထုတ်ဝေခဲ့ပြီးသော ဂန္ဓဝင် ခရစ်ယာန်စာပေဖြစ်သည်။ အင်္ဂလိကန်အသင်းတော်မှ ဓမ္မဆရာ၊ စာရေးဆရာ John Bunyan ရေးသားထားပါသည်။ ထောင်ဒဏ်နှစ်ရှည် ၁၂နှစ်ကျခဲ့ပြီး၊ ဒုတိယအကြိမ် ၆လတာ အကျဉ်းချခံစဉ်တွင် ထိုစာအုပ်ကို ရေးသားခဲ့သည်။ အပိုင်း၂ပိုင်း ခွဲရေးသားခဲ့သည်။ ပထမပိုင်းမှာ Christian ဆိုသူ၏ ခရီးစဉ်ကို ရေးသားထားသည်။ သူ့၏ လောက၊ လူသားတစ်ဦးဘဝနှင့် ကျဉ်းသောလမ်းကို စတင်လျှောက်ရာတွင် သခင်ယေရှုကိုတွေ့ရှိခဲ့ခြင်း၊ အခက်ခဲ၊အသက်ဘေးများစွာအကြောင်း၊ ခရစ်ယာန်အသက်တာအကြောင်းတို့ဖြစ်သည်။ ဒုတိယပိုင်းမှာ သူ၏ဇနီးသည်၊ သားသမီးနှင့် အိမ်အကူအဖေါ်တို့လည်း ထိုခရီးကို လိုက်လျှောက်ကြသည့်အကြောင်းဖြစ်သည်။ ရေးသားခဲ့သူ John Bunyan (1628-1688) သည် အင်္ဂလိကန်အသင်းတော်မှ ခရစ်ယာန်စာရေးဆရာနှင့် ...

စွဲလမ်းမှုမှလွတ်မြောက်နည်း Escape from Addiction

Image
Murann Ezine March 28  ·  စွဲလမ်းမှုမှလွတ်မြောက်နည်း Escape from Addiction တမြန်မနေ့ကသတင်း၊ ။ ရုရှား အာဏာရှင်လက်ကိုင်တုတ်၊ သူဌေးတစ်ဦး၊ Boris Berezovsky 67 နှစ်အရွယ်၊ ဘီလျှံနာ သူဌေးကြီးဖြစ်ပေမဲ့ တိုင်းပြည်ကထွက်ပြေးခြင်း၊ မိန်းမတွေရှုပ်ပြီး ငွေပြက်လို့ဗြိတိန်နိုင်ငံ ၁၂နှစ်လောက် ခြောက်ခြားမှုတွေနဲ့ အသက်ရှင်ခဲ့တယ်။ နောက်ဆုံးမှာ အင်္ဂလန်တောမြို့လေးတမြို့မှာ စည်းစိမ်ဥစ္စာအားလုံးဆုံးရှုံးပြီး၊ စိတ်ဓါတ်ကျ၊ သေဆုံးရရှာတယ်။ ငွေကိုစွဲလမ်းခြင်း ဆရာဦးအောင်သက်ညွန့် ..ဓမ္မပညာအထောက်အကူပြုလစဉ် မေလ၂၀၁၃မှာ ငွေချမ်းသာမှုကို ရေးထားပါတယ်။ ယောင်္ကျားသည် ဆင်းရဲဒဏ်ကိုခံနိုင်သည်။ ချမ်းသာဒဏ်ကို မခံနိုင်ဟု ဆိုကြသည်။ ထိုစကားသည် လောကသားများအတွက် မှန်နိုင်သော်လည်း နှုတ်ကပတ်တော်ကို ယုံကြည်သောသူများအတွက် မမှန်ကန်ပါ။ ၂၀၀၃ခုနှစ်မှ ၂၀၁၁ခုနှစ် ၈နှစ်ကာလအတွင် တရုပ်ပြည်မှ ကုဋေကြွယ်သူဌေး ၇၂ဦးအကြောင်း သုတေသနပြုမှန်တမ်းကို ဂျာနယ်တစ်ခုတွင် ဖော်ပြထားပါသည်။ သူဌေးကြီးများ ဇတ်သိမ်းအကြောင်း ဖော်ပြချက်၌ ၁၅ဦး အသတ်ခံရသည်။ ၁၇ဦးက မိမိကိုယ်ကို သတ်သေကြသည်။ ချမ်းသာမှုက လူကို စိတ်ချမ်းသာမှုမပေးပါ။ ၇ဦးက သင်္ကာမကင်းဘွယ်သေဆုံးရသည်။ ၁၄ဦးက ရာဇ၀တ်မှုကြောင့်...

ဆရာကြီး ဦးတင်မောင်ထွန်း နားရှိသောသူကြားပါစေ။ မျက်စိရှိသောသူ မြင်ပါစေ။

Image
Murann Ezine March 31  ·  ဆရာကြီး ဦးတင်မောင်ထွန်း နားရှိသောသူကြားပါစေ။ မျက်စိရှိသောသူ မြင်ပါစေ။ ပြဿနာက အာရုံမပြုသော အမှု ရဲ့ ဆိုးကြိုးကို ပြောချင်ပါတယ်။ . ဟေရှာယ ဟောခဲ့တဲ့ခေတ် အခုခေတ်ပါ။ ၁၂နှစ် ဘယ်နှစ်တန်းလဲ ၇တန်း ဆိုတော့ တော်တော်တတ်နေပါတယ်။ ပညာလို့မပြောပဲ သင်ညာလို့ ပြောချင်ပါတယ်။ အရေးအကြောင်းရှိတော့ စာရေးတတ်ပေမဲ့ လျှောက်လွှာတောင် မရေးတတ်။ စွတ်ရေးပြီး ဆိုင်းထိုး တင်ကြတယ်။ ကျမ်းစာကို ရွတ်တော့ အစအဆုံး ရွတ်တတ်ပြီး အဓိပါယ်နားမလည်။ . သုတ္တံ၁၃း၁၃ ဒီမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို အင်မတန်သတိပေး အလေးထားပြောချင်ပါတယ်။ နှုတ်ကပါတ်တော်ကို မထီမဲ့မြင် ပြုတဲ့သူများ အလွန်များပြားလှပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကို အလေးထားဖို့လိုပါတယ်။ အလင်းပေးနိုင်တဲ့ ကိုယ်တော်မြတ်ကိုယ်တိုင် ကြွလာပါမယ်။ ကျမ်းတတ်တွေတောင် အာရုံမပြုတဲ့လူတွေ .. မထီမဲ့မြင်ပြုသူတွေ ပျက်စီးတတ်တယ် .. မယုံသောသူမှာကား ယခုပင် စီရင်ခြင်း ခံရနိုင်တယ် ..လို့ဆိုပါတယ်။ လောကအာရုံ များနဲ့ အပျော်ကြူး ..မူးရစ် ..ကြောက်စရာများပါ။ အနာဂါတ်အတွက် မပြင်လိုသည်သာမက မပြင်ချင်တဲ့လူတွေ .. နှုတ်ကပတ်တော်ကို လက်ခံသောသူ ဘုရားသားသမီးများ ဖြစ်ပါတယ်။ မထီမဲ့မြင်မြ...

အံ သြ ဘွယ် စမ်း သပ် မှု ချစ်မေတ္တာ LOVE

Image
Murann Ezine April 20 at 6:21am  ·  အံ သြ ဘွယ် စမ်း သပ် မှု ပု လင်း၂ ခု ထဲ ထ မင်း ဖြူ ထည့် လိုက် ပါ။ တ ပု လင်း ကို ချစ်မေတ္တာ LOVE စာ တန်း ကပ် ထား လိုက် ပါ။ နောက် တ ပု လင်း ကို HATE မုန်းတီး ဆို တဲ့ စာတန်း ကပ်ထား လိုက်ပါ။ အ တူ ထား လိုက် ပါ။  . ၃ ရက် ကြာ တဲ့ အ ခါ မုန်းတီး ပု လင်း ထဲ က ထ မင်း တွေ အ မဲ စက် လေး များ တွေ့ ရ တယ်။ . ၁၃ ရက် ကြာ တဲ့ အ ခါ မုန်းတီး ပု လင်း ထဲ က ထ မင်း တွေ ပျက် စီး သွား ပါ တော့ တယ်။ . ချစ်ခြင်းမေတ္တာ ပု လင်း ထဲ က ထ မင်း တွေ က န ဂို အ တိုင်း ရှိ နေ တယ်။ အံ့ သြ စ ရာ ပါ။ . Youtube Google Facebook တွေ မှာ love hate rice ရိုက် နှိပ် ရှာ ပါ။ အ လား တူ စမ်း သပ် မှု တွေ အ များ ကြီး တွေ့ ရ ပါ မယ်။ . ဘု ရား သ ခင် သည် ချစ် ခြင်း မေ တ္တာ ဖြစ် တော် မူ သည်။ GOD is LOVE. https://www.youtube.com/watch?v=31shlv5Z71A

ဆရာလှိုင်ဦးကြည် (သင်းအုပ်ဆရာ) ... သီပေါ FGA

Image
Murann Ezine April 18 at 5:19pm  ·  ဆရာလှိုင်ဦးကြည် (သင်းအုပ်ဆရာ) သီပေါမြို့မှာ မိမိခံစားရတဲ့ ၀မ်းမြောက်ခြင်းဘ၀ အသက်တာကို ဝေငှနေသူရဲ့ သက်သေခံခြင်း ဖြစ်ပါတယ်။ ကိုးရီးယား ဆရာမကြီးတစ်ဦးက ထောက်ပံ့မှုနဲ့ အေအမ်အိုင် AMI အန္တီအုတ်ကျမ်းစာကျောင်း ၄နှစ် တက်ခွင့်ရပြီး ရခိုင်ပြည်နယ်မှာ ဧ၀ံဂေလိ အမှုတော်ထမ်းခဲ့ဖူးပါတယ်။ ရခိုင်လူမျိုးများက ခရစ်တော်ကို မယုံကြည်သေးပေမဲ့လဲ သူတို့ လူငယ် နှစ်ယောက်နဲ့ များစွာခင်မင်၊ လူမှုရေးကောင်းကြတာကို ပြောပြခဲ့ပါတယ်။ ကိုးရီးယား အမှုဆောင်များထံ ခွင့်ရက်ယူပြီး ဇာတိ ကျောက်မဲမြို့ကို ပြန် ဧ၀ံဂေလိ လိုက်ပြောနေချိန် ရှမ်းပြည်ကနေ ချင်းပြည်နယ်အထိ ရောက်သွားလို့ ရက်များစွာကျော်လွန်ပြီးမှ ရန်ကုန်ကို သတင်းသွားရောက် သတင်းပို့မိခဲ့ပေမဲ့ သူ့ကို ပြန်လက်မခံဖြစ်တော့ပါဘူး။ ဒါနဲ့ပဲ ဖူးဂေါစပယ် Full Gospel အမှုဆောင် သီပေါမြို့မှာ ဖြစ်လာပါတယ်။ ၂၀၁၀ ကနေ အခုတိုင်အောင် ၈နှစ်ကြာမြင့်ခဲ့ပါပြီ။ ကျော်လွန်သက္ကရာဇ် ၂၀၀၀ခု အသက်၂၀ အရွယ်မှာ ကျောက်မဲမြို့ ဆန်ကုန်သည်ထံ အလုပ်လုပ်ရင်း ဆန်အိတ်ထဲပါလာတဲ့ ဝေစာများကို တွေ့ခဲ့ပါတယ်။ မိဘများက စစ်ကိုင်း၊ မြင်းမူ ဒေသက မိရိုးဖလာ မြန်မာလူမျိုး တောင်သူလယ်သမာများ ဖြစ်ြ...

ဆရာကြီးယုဒသန် Adoniram Judson 2018

Image
Murann Ezine 7 hrs  ·  ဆရာကြီးယုဒသန် Adoniram Judson လွန်ခဲ့သော နှစ်၂၀၀ က သမ္မာကျမ်းစာကို မြန်မာဘာသာ ပြန်ဆိုခဲ့သူ ဖြစ်သည်။ ၂၀၁၁ ဇွန်လတွင် ဆရာကြီးယုဒသန်အကြောင်း ခရစ်ယန်မဟုတ်သော စာရေးဆရာ တင်နိုင်တိုးရေးသည့်စာအုပ် နှစ်၂၀၀ အခမ်းအနား မတိုင်မီ ဖြန့်ချိသည်။ ဂျပ်ဆမ်ဘုရားကျောင်း(ရန်ကုန်) မှ သင်းအုပ်ဆရာတော် ဦးအာသာကိုလေး(Rev, Dr) နှင့် တွဲဖက်သင်းအုပ် ဦးကျော်ညွန့် (Rev.) တို့က အမှာစာရေးသားရာတွင် မည်သည့်ရည်ရွယ်ချက်နှင့် တင်နိုင်တိုး ရေးသား၊ထုတ်ဝေခြင်းကို မသိသော်လည်း၊ မြန်မာ့စာပေသမိုင်းဆရာကြီးတစ်ဦးအကြောင်း နှစ်၂၀၀ပြည့်မတိုင်မီ ထွက်လာသဖြင့် ၀မ်းသာမိပါသည် ဟု အမှာစာ ရေးထားပါသည်။ စာရွက်ချောဖြင့် သမိုင်းဝင်ဓါတ်ပုံ ၁၂မျက်နှာပါရှိသည်။ စာရေးသူ တင်နိုင်တိုး အင်္ဂလိပ်အညွှန်း ၄အုပ်တွင် တစ်အုပ်မှာ The Life of Adoniram Judson, New York Anson, 1883 by Edward Judson တအုပ်ကိုတွေ့ရပါသည်။ နောက်ဆုံးထုတ်ဝေသော To The Golden Shore by Courtney Anderson (520 pages) အညွှန်းအဖြစ် မပါရှိပါ။ ထိုစာအုပ်ကို ဘာသာပြန်ရန်ကြိုးစားကြသော်လည်း စောင်ရေ အနည်းငယ်သာ ထုတ်ဝေနိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ခရစ်ယန် စာအုပ်ဆိုင်များတွင် ...