Posts

Showing posts from August, 2017
Image
Face Books of Murann Friends

မင်္ဂလာတရားတော်၊ ရန်ငြိမ်းစေခြင်း၊ စိတ်နှလုံးနှိမ့်ချခြင်းနှင့်စိတ်နှလုံးဖြူစင်ခြင်း

မင်္ဂလာတရားတော်၊ ရန်ငြိမ်းစေခြင်း၊ စိတ်နှလုံးနှိမ့်ချခြင်းနှင့်စိတ်နှလုံးဖြူစင်ခြင်း Spiritual ၀ိညာဉ်ရေးရာ  လှမင်းသူ  19 Mar 2013  1994   မင်္ဂလာတရားတော် (၁) သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ မဿဲ ၅း၉-၁၀ မဟတ္တမ ဂန္ဒီ (Mahatma Gandhi) ဂန္ဒီသည် ငယ်စဉ်က ကျောင်းပညာရပ်များ၌ ထူးချွန်သူတစ်ဦး မဟုတ်ချေ။ သူသည် အခြေခံပညာရပ်များကို သင်ကြားတတ်မြောက်ပြီးနောက် လန်ဒန်မြို့ သို့ သွားရောက်ကာ၊ ရှေ့ နေတစ်ယောက်ဖြစ်ရန် ဥပဒေပညာရပ်ကို သင်ကြားသည်။ ထိုသို့ ပညာသင်ကြားနေစဉ်အတွင်း ဂန္ဒီသည် ဘာသာရေးကို စိတ်ဝင်စားလာခဲ့သည်။ အထူးသဖြင့် ခရစ်တော်နှင့် ခရစ်ယာန်ဘာသာကို အလွန်အမင်း နှစ်ခြိုက်ခဲ့သည်။ ဓမ္ဓဟောင်းကျမ်းကို လေ့လာစဉ်အခါက ”ဖတ်ရတာ အရမ်းခက်ခဲတာပဲ” ဟုဆိုခဲ့သည်။ ဓမ္မသစ်ကို ဖတ်သောအခါ ဂန္ဒီသည် အထူးစိတ်လှုပ်ရှားလာသည်။ ခရစ်တော်၏ နာမည်ကျော်ကြားလှသော တောင်ပေါ်ေ...

MSB, Myanmar Standard Bible အဖွဲ့ (မြန်မာပြည်)

Image
MSB,  Myanmar Standard Bible အဖွဲ့ က  ပံ့ပိုးမှုနဲ့ တရုပ် ထိုင်း ဘာသာပြန်ကြပါတယ်။ မြန်မာနိုင်ငံကို ၁၉၉၅ ကတည်းက ဝင်လာခဲ့ပေမဲ့ Database Setup လုပ်ရပါတယ်။ ဘာပြန်ခြင်းကို ၂၀၁၀ ကျမှစတင်ခဲ့တာ ၅နှစ်အကြာမှာ ဓမ္မသစ်ပြီးစီး ထုတ်ဝေနိုင်ခဲ့ပါတယ်။ တရုပ်ပြည် MBB အဖွဲ့ထက် မြန်မာအဖွဲ့က ပိုပြီး မြန်ဆန်ထိရောက်ပါတယ်။ Global Bible Initiative အဖွဲ့ရဲ့ မြန်မာပြည် အမှုတော်လုပ်ငန်း တစ်ခုပါ။ . မြန်မာပြည်မှာ လူအများသုံးမြန်မာစကားနဲ့ Common Language (BCL)  ၂၀၀၅ မှာ ထုတ်ဝေခဲ့ပါတယ်။ အခုဘာသာပြန်နည်းကတော့ မူရင်းအဓိပ္ပါယ်နဲ့ မူရင်းစကားလုံး ဝါကျတည်ဆောက်ပုံတွေ တူနိုင်သမျှတူဖို့ပါ။ မြန်မာကျမ်းစာအသင်းကတော့ တိုင်းရင်းသားစာပေ ကျမ်းစာများကို ဘာသာပြန်နေပြီး MSB ကတော့ မြန်မာဘာသာ တစ်ခုပဲ ဘာသာပြန်ခြင်း လုပ်နိုင်ပါတယ်။ အမည်မတူအောင် မြန်မာစံမီသမ္မာကျမ်း လို့ပေးထားတာ ဖြစ်ပါတယ်။ နားလည်ခွင့်လွှတ်ကြမှာပါ။ ဘယ်လိုလူတွေဖတ်ဖို့လဲ . . ဆိုတော့ ယုံကြည်ပြီးသူများကို ဦးတည်မထားပါဘူး။ စတင်ယုံကြည်လာသူ များအတွက် ဦးတည်ပါတယ်။ ခေတ်သုံး သတင်းစာဂျာနယ် ပုံစံ ရှင်လင်းစေမဲ့ အဓိပ္ပါယ်နဲ့ ဂါကျတည်ဆောက်ပုံကို မူရင်း ဟေဗရူး ဂရိ နဲ့ တူနိုင်သမျှ တူအောင...