Posts

Showing posts from December, 2018

“ချင်းပြည်နယ် ခေါ်နူးစုမ်ကို ကိုယ့်အစီအစဉ်နဲကိုယ်"

Image
“ချင်းပြည်နယ် ခေါ်နူးစုမ်ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားကြမယ်" (စားရိတ် ၁ သိန်းရှိရုံနဲ့  သွားနိုင်မယ့်ခရီးလမ်းကြောင်းလေး) တောင်တန်းတွေရဲ့ အလွန်မှ တိမ်နဲ့ ချည်တဲ့ တောင်ဇလပ်ပန်းလေးတွေ ...ရှိရာချင်းတို့ ဌာနေ 🌺🌸😍🌲 ဒီနှစ်ပိုင်းမှာ ခရီးသွားပြည်သူတွေ စိတ်ဝင်စားလာတဲ့ ပြည်တွင်းက ဒေသတွေထဲမှာ ချင်းပြည်နယ်ကလဲ တခုအပါအဝင်ဖြစ်ပါတယ် ... ကျနော်ကတော့ ချင်းပြည်နယ် တောင်ပိုင်းက ကန်ပက်လက်မြို့ လေးရယ် , အရှေ့ တောင်အာရှ ရဲ့ အမြင့်ဆုံး မြေသားဖုံးလွှမ်းတောင်ဖြစ်တဲ့ ၃ မည်ရ ခေါ်နူးစုမ်@ ဝိတိုရိယ @နတ်မတောင် (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၅၀၀ မြင့်ပြီး အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လဲသတ်မှတ်ထားပါတယ် ) နဲ့  ကောလောင်းရေတံခွန် ဘက်တွေ ခြေဆန့် ခဲ့ပါတယ် ... 😎✌🏻 ခေါ်နူးစုမ် ဘယ်လောက်လှတယ်ဆိုတာကိုတော့ review ပေါင်းများစွာက ရေးခဲ့ကြပြီမို့  စာမဖွဲ့ တော့ပါဘူးနော် ... ခရီးစဉ်အတွက် လိုအပ်မယ့် အဓိက အချက်အလက်လေးတွေကိုပဲရေးပေးပါ့မယ်ဗျ ... 👌🏼😉 "ဘယ်လိုသွားမလဲ" 🌺 ခေါ်နူးစုမ်ကိုရောက်ဖို့ ဆို ကန်ပက်လက်မြို့ ကို အရင်ရောက်အောင်သွားရပါမယ် ... ရန်ကုန်က သွားမယ့်သူတွေ အတွက်က review တော်တော်များများလဲရေးကြလို့  လမ်းကြောင်းက ...