Posts

Showing posts from January, 2021
 ဟုတ်ပါတယ် အယူလွဲ များဟာ မိမိအနားမှာ ရှိနေပါတယ်။ အယူမှန်သူများလဲ မိမိအနားမှာရှိပါတယ်။ အယူမှန်သူများနဲ့ အမြဲ ပေါင်းသင်း အတူဝတ်ပြု၊ ဘုရားတရား ဆောင်ရွက်မှ မိမိလဲ အယူမှန်မှာပါ။  . 1.မိမိနဲ့ဘာသာမတူရင် အယူလွဲလို့ သတ်မှတ် နှိုးဆော်သူများက ပထမအဆင့် အယူလွဲများဖြစ်တယ်။  . 2.ဘာသာတူသော်လဲ ဂိုဏ်းမတူရင် အယူလွဲနေပြီ ပြောသူများကလည်း ဒုတိယအဆင့် အယူလွဲ ဖြစ်ပါတယ်။  တနည်းပြောရင် မိမိစကားနားမထောင်သူကို အယူလွဲလို့ စွတ်စွဲမိခြင်းပါ။ မိမိကိုယ်တိုင်မှာလဲ လွဲနေတာတွေ ရှိပါတယ်။  . . ဧဝံဂေလိသတင်းကောင်းပြောခြင်း..  ခရစ်တော်လုပ်ဆောင်တဲ့ အဓိကအမှုဖြစ်ပါတယ်။  လွဲမှားသွားနိုင်တဲ့၂ချက် ရှိပါတယ်။.1.. အခြားဘာသာ.. 2..အခြားခရစ်ယန်ဂိုဏ်း တွေကို လွဲမှားအယူ လို့ ပြောမိတတ်ကြတယ်။. ... မိမိ.ကိုးကွယ်တဲ့ ယေရှု ဘုရားပဲ ကောင်းမြတ်ကြောင်း..ပြောရပါတယ်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်.. ၃ပါး တစ်ဆူ လည်း သိပ်မပြောသင့်ပါ။ ရှုပ်သွားနိုင်ပါတယ်။ ..  ဧဝံဂေလိ ဆိုတာ ယေရှုကောင်းမြတ်ခြင်းကို ပြောကြားတာ ..သတင်းကောင်း ပါပဲ။  . . ဒါကြောင့်  မိမိပဲ အယူမလွဲအောင်၊ ဘုရားဂုဏ်တော်ရွတ်ဖတ် ဆင်ချင်အောက်မေ...

နားလည်ရခက်သောကျမ်းပိုဒ်များ

 နားလည်ရခက်သောကျမ်းပိုဒ်များ ကျမ်းစာဖတ်ခြင်း၊ တရားနားထောင်ခြင်း၊ နှုတ်ကပတ်တော်ဆွေးနွေးခြင်း၊ ဝေငှခြင်းများ မှာ အဓိကအကျဆုံးက ထာဝရဘုရားစကားကို နှလုံးသားမှာ သိုမြည့်းထားပြီး ဘဝလုံခြုံမှုရထားခြင်း ဖြစ်ပါတယ်။  အခြားဝိညာဥ်တစ်လုံး ရရှိဖို့ မိမိအသက်တာကို ဆပ်ကပ်အပ်နှံထားသော သူများစွာ ရှိပါတယ်။  . သမ္မာကျမ်း ဘာသာစကား 300ကျော် Bible Is အင်တာနက်မှာ အသံ/ဗီဒီယို ရှိပါတယ်။ အဂ်လိပ် ESV ဗာရှင်း 1Kings28 လင့်ကိုကြည့်ပါ။ Language နေရာ မြန်မာ လို ရွေးချယ်ပြီး Judson ယုဒသန်ကျမ်းစာ အသံဖိုင်အပါအဝင်၊ မြန်မာတိုင်းရင်းသား ကျမ်းစာများလဲရှိပါတယ်။ . နားလည်ရခက်တဲ့ ကျမ်းပိုဒ်များလည်း ယုံကြည်သူအချင်းချင်း မိတ်သဟာရ ဆွေးနွေးရပါတယ်။ ဒံယေလ၊ ဗျာဒိတ် စတဲ့ ကျမ်းတွေကတော့ နားလည်ရခက်လို့ မရင်းနှီးသူများ မဆွေးနွေးသင့်ပါ။ ပညာပြိုင်သလို ဖြစ်သွားတတ်ပါတယ်။ မတည်ငြိမ်တဲ့ အသင်းတော်တစ်ခု ကျမ်းစာလေ့လာကြတာ ဆာလံ၁ ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ ကျမ်းပိုဒ်နဲ့ ပဋိပက္ခဖြစ်လာလို့ ရပ်လိုက်ရတာ ကြားဖူးပါတယ်။ ယုဒရှကာယုတ်အကြောင်း ဟုံးဆဲတခုမှာ တနာရီလောက်ဆွေးနွေးရင်း ပဋိပက္ခအသွင်ဖြစ်လာလို့ သင်းအုပ်က ဆုတောင်းရပ်နားလိုက်တာ ကြုံဖူးပါ...