ဆရာယုဒသန် ဘဝ ပြောင်းလဲခြင်း ကို ဖတ်တိုင်း မရိုးနိုင်
ဆရာယုဒသန် သူ့ဘဝ ပြောင်းလဲခြင်း ကို ဖတ်တိုင်း မရိုးနိုင်ပါ။ အချိန်ရပါက ၅မိနစ် အချိန်ပေး ပြန်လည် ဖတ်ကြည့်ပါဦး မိတ်ဆွေ။ ================ . ယနေ့ခေတ်တွင် ဆရာယုဒဿန် ဟုမြန်မာလူမျိုးများသိသည့် အဒေါနိယမ် ဂျက်ဆင် (၁၇၈၈-၁၈၅၀) သည် မြန်မာပြည်အတွက် ပထမဆုံး ဝင်ရောက် လာသော သာသနာပြုဆရာတစ်ယောက် ဖြစ်သည်။ အမေရိကန်ပြည်ဖွား ဧဝံဂေလိ သာသနာပြုဆရာသည် အိန္ဒိယပြည်သို့ သာသနာပြုရန် လာခဲ့ခြင်း ဖြစ်သော်လည်း ဘုရားရှင်၏ဦးဆောင်မှုဖြင့် သူသည် မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီး၊ ခရစ်တော် အကြောင်းမကြားဖူးသည့် မြန်မာပြည်တွင် ဘဝကိုပုံအပ်လျက် ဧဝံဂေလိ လုပ်ဆောင်ခဲ့သည်။ မြန်မာပြည်သို့ သူရောက်ခဲ့ချိန်တွင် ခရစ်ယာန်တစ်ဦး တစ်ယောက်မျှ မရှိခဲ့သော်လည်း သူကွယ်လွန်ပြီး နောက်တွင် အသင်းတော် ၆၃ ပါး နှင့် ပြောင်းလဲလာသူ လူပေါင်း ၇၀၀၀ ရှိခဲ့သည်။ ယခုတွင် မြန်မာနိုင်ငံတွင် ယုံကြည်သူခရစ်ယာန်ပေါင်း ၆ သန်းကျော် ရှိပြီး ထိုမျှတိုးတက်အောင်မြင်လာမှုသည် လူတို့ကို သာသနာပြုခြင်း၊ ဧဝံဂေလိသာသနာပြန့်ပွားအောင် လုပ်ဆောင်ခြင်း၊ ကျမ်းစာကို မြန်မာဘာသာသို့ ပြန်ဆိုခြင်း စသည့်ဖြင့် မမောနိုင် မပန်းနိုင် ကြိုးစားအားထုတ်လျက် သာသနာပြန့်ပွားရေးအတွက်ပေးဆပ်ခဲ့သည့် ဆရာကြီးယုဒဿ...