Posts

Showing posts from November, 2017

သင်းအုပ်၏ မူလတာဝန် နဲ့ မြန်မာနိုင်ငံရဲ့ (အထူး) လိုအပ်နေတဲ့သင်းအုပ်ဆရာ

Image
Murann Ezine 9 hrs  ·  မြန်မာနှင့်နိုင်ငံခြားသား သင်းအုပ်ဆရာများစွာနှင့် ဆုံတွေ့ခဲ့ပါတယ်။ ဧ၀ံဂေလိဆရာ၊ ကျမ်းစာကျောင်းဆရာ များနဲ့ သင်းအုပ်ဆရာ အလုပ်က အတော်ကွာခြားပါတယ်။ သင်းအုပ်ဆရာဆိုတာ အပြောကောင်းရုံနဲ့ဘုန်းတော်မထင်ရှားပါဘူး။ ပုံသက်သေကောင်းရပါတယ်။ . မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲချိန် လူတွေ ဘာလိုအပ်ပါသလဲ။ သင်းအုပ် ဆိုတာ အသင်းသားတွေ လိုအပ်နေတာကို သိရှိပြီး ဖြည့်ဆည်းပေးရပါတယ်။ . ဒေါ်အောင်ဆန်းစုကြည် ၂၀၁၃ မြန်မာ၅ထောင်နဲ့တွေ့ဆုံပွဲ . " စင်တိုးစားကျွန်းမှာ ပြုလုပ်စဉ် ..မြန်မာတွေ ငွေနောက်လိုက်နေကြတာ ၀မ်းနည်းစရာပဲ၊ ဒါပေမဲ့ ပြောင်းလဲနိုင်ပါတယ်" လို့ပြောသွားပါတယ်။ အလုပ်လုပ်ရင်လဲ လစာဘယ်လောက်ရသလဲ..ပဲမေးကြတယ်။ ပိုဆိုးတာက အစိုးရအလုပ်တွေဆို အပြင်ဝင်ငွေ (ရာထူးသြဇာ အသုံးချပြီး ရတဲ့ငွေ) ဘယ်လောက်ရသလဲ ဆိုတာကို စိတ်ဝင်စားကြပါတယ်။ သူနာပြုဆရာမ တလ ၂သိန်း လစာရပေမဲ့ ..အပြင်မှာ ဆေးလိုက်ကု၊ ဆေးလိုက်ထိုးပေးတဲ့ဝင်ငွေ ဆိုရင် သမာအာဇီဝ ပြောနိုင်ပေမဲ့... ဆေးရုံလာတဲ့ လူနာရှင်တွေဆီက ငွေတောင်းစားတာမျိုးကတော့ မလုပ်သင့်ပါဘူး။ အလားတူ ကျောင်းဆရာလည်း ကျူရှင်ပြစားတာ သမာအာဇီဝ ဆိုပေမဲ့၊ ကျောင်းသားမိဘများဆီက ငွေတောင်းစားတာ ...

နှစ်ခြင်းခရစ်ယန် နှစ်၂၀၀ ပြည့် သာသနာ့သမိုင်းမှတ်တမ်း မဂ္ဂဇင်း စာအုပ်

Image
Murann Ezine  added  21 new photos . 1 hr  ·  နှစ်ခြင်းခရစ်ယန် နှစ်၂၀၀ ပြည့် သာသနာ့သမိုင်းမှတ်တမ်း မဂ္ဂဇင်း စာအုပ် အမေရိကန်နိုင်ငံသားများ ပြည်ပမစ်ရှင် များမှာ ဆရာယုဒသန်နဲ့ဇနီးသည် တို့မြန်မာပြည်ကို ရောက်လာခြင်းက စတင်ခဲ့ပါတယ်။ ပထမဆုံးရောက်လာတဲ့ သာသနာပြုဆရာများကို မှတ်တမ်းတင် စာအုပ်ငယ် နှစ်ခြင်းအဖွဲ့ချုပ်မှ ပြုစုထားပါတယ်။ .... မြန်မာ - ဆရာယုဒသန် Judson /ဦးနော ကချင် - Albert J Lyon ကရင် - Boardman ပိုးကရင် - Rev Durlin Lee Brayton မွန် - ဆရာယုဒသန် ရှမ်း အရှေ့ပိုင်း - Rev Dr Josiah Cushing ရှမ်း မြောက်ပိုင်း - ဦးအောင်မြတ် ရှမ်း တောင်ပိုင်း - Rev Dr Josiah Cushing ရှမ်း ရွှေလီ - Rev Wilbur W.Coahrane ချင်း - အာသာအီးကာဆင် ချင်း တီးတိန် - Dr ဂျိုးဇက်ဟာဘက်ခုပ် အရှိုချင်း - AE Carson ရခိုင် - Rev WF Thomas အခါ - Rev William Marcus Young လီစူး - ဂျော့ ဂျေ ဂိုက်စ်/ ဦးငွားတား လားဟူ - Rev William Marcus Young နာဂ - ဦးဌေးပုံ ဝ - ဝီလျံမားကပ်စ်ရမ်း လက်ရှိအဖွဲ့ချုပ် တာဝန်ယူနေသူများ ဖြစ်ပါတယ်။ . အမှာစာ - 1813 July 13 ဆရာယုဒသန်နှင်ဇနီး မြန်မာပြည်ရောက်ရှိခြင်း မှစတင်သောသာသနာ ... စာအုပ်...

ဗုဒ္ဓဘာသာနှင့် နိုင်ငံတော်အာဏာ The Voice ဇေဝင်းနောင် ဘာသာပြန်ဆိုသည်။

ဗုဒ္ဓဘာသာနှင့် နိုင်ငံတော်အာဏာ 07-Nov-2017 tagged as  မြန်မာ့အရေးတွင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများထက် ဓမ္မဒိဋ္ဌာန်ကျစွာ ရှုမြင်သုံးသပ်လေ့ရှိသည့် International Crisis Group ၏ Buddhism and State Power in Myanmar အစီရင်ခံစာကို ဆီလျော်အောင် ပြန်ဆိုဖော်ပြခြင်း ဖြစ်ပါသည်။ ယမန်နေ့က အဓိက အကြောင်းအရာ အနှစ်ချုပ်ကို ဖော်ပြခဲ့ပြီး ယနေ့ထုတ် သတင်းစာတွင် အပိုင်း ၂ အဖြစ် အစီရင်ခံစာ နိဒါန်းနှင့် သမိုင်းနောက်ခံကို ဆက်လက် ဖော်ပြထားပါသည်။ အငြင်းပွားဖွယ်ရာ ရှုမြင်သုံးသပ်ချက်များ ပါဝင်နိုင်သော်လည်း ပကတိ အခြေအနေကို အတိုင်းအတာ တစ်ခုအထိ ဖော်ပြနိုင်စွမ်းရှိသည်ဟု ယူဆသောကြောင့် စဉ်းစားဆင်ခြင်နိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ မြန်မာနိုင်ငံတွင် အမုန်းစကားနှင့် ရုန်းရင်းဆန်ခတ်မှုများ အပါအဝင် ဗုဒ္ဓဘာသာ အစွန်းရောက် အမျိုးသားရေးဝါဒီများ၏ ရပ်တည်ချက် သဘောထားများ အားကောင်းလာလျက် ရှိသည်။ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဖျက်သိမ်းခြင်းကဲ့သို့သော ထိရောက်မှုမရှိသော ဆောင်ရွက်ချက်မျိုးနှင့်စာလျှင် အစိုးရသည် အခြေခံ အကြောင်းတရားများ ကိုင်တွယ်ဖြေရှင်းပြီး ဗုဒ္ဓဘာသာ၏ လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံရေး နယ...

မန်းကျော်စိုး (စင်ကာပူနိုင်ငံသား၊ မြန်မာ ပိုးကရင်လူမျိုး၏ ဂိုဏ်း)

Image
ပုံ - ဧရာဝတီတိုင်းအစိုးရ ၀န်ကြီးများ၊ ရဲတပ်ဖွဲ့နှင့် တရားရေးအဖွဲ သတင်းစာရှင်း မန်းကျော်စိုး (စင်ကာပူနိုင်ငံသား) အပြောကောင်း အဓမ္မ၀ါဒီ ဒီကနေ့ ပုသိမ်မြို့ ကိုသာဖြူကျောင်းမှာ ဧရာဝတီတိုင်းအစိုးရ ၀န်ကြီးချုပ်အပါဝင် အစိုးရအဖွဲ့များနဲ့ သတင်းစာရှင်းလင်းပွဲရှိပါတယ်။ ကျုံပျော်၊ ပုသိမ်၊ စင်ကာပူ၊ တနိုင်ငံလုံးက မိဘကို ပစ်သွားတဲ့ သားသမီးများအကြောင်း ..သမ္မာတရားနဲ့ညီစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ကောင်းကင်သစ် အမည်ရှိတဲ့ ဂိုဏ်းဟာ တရားမဝင် ခရစ်ယန်ဘာသာရေးအဖွဲ့ဖြစ်ပါတယ်။ ခရစ်ယန်အဖွဲ့အစည်းများက အဓ္ဓမအဖွဲ့ဖြစ်တယ် ကြေငြာပြီး ဆက်မလှုပ်ရှားဖို့ ကြေငြာစာထုတ်ထားပါတယ်။ မိဘကို ပစ်ပယ်ပြီး. . လူကုန်ကူးခြင်း. . မတရားခိုင်းစေ လိင်လွတ်လပ်ခွင့်ပေးခြင်း စတဲ့ ခရစ်ယန်တို့ရဲ့ ဒုတိယပညတ်တော် "ဘုရားနာမကို အလွဲမသုံးနှင့်" ဆိုတာကို ဖောက်ဖျက်နေတဲ့ အဖွဲ့ဖြစ်ကြောင်း နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ် မြို့ပြကျေးလက်သာသနာ မှ ဧရာဝတီတိုင်းအစိုးရအဖွဲ့ နဲ့ မီဒီယာများ သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့ကနေ ပုသိမ်မြို့ကို သက်သေခံ ထွက်ဆိုသူများနဲ့ သူတို့မိသားစုများ မိခင် ဖခင်များ ကိုသာဖြူကျောင်းမှာ တည်းခိုကြပါတယ်။ နံနက် ၁၀နာရီက...