မုရန် အီဇင်း ကို ၂၀၁၀ တွင် စတင် ခဲ့ ပါ သည်။

မုရန် အီဇင်း ကို ၂၀၁၀ တွင် စတင် ခဲ့ ပါ သည်။ ဝက်ဆိုဒ် www.murann.com ဖြင့် နှစ်စဉ် မဂ္ဂဇင်း စာအုပ် များ ရန်ကုန်မြို့ တွင် ထုတ်လုပ် ခဲ့ သည်။ လွတ်လပ် စွာ ဘုရားရှင် အား ကိုးကွယ် ရန် အတွက် မီဒီယာအမှုတော်ဆောင် ယုံကြည်သူ များဖြင့် စင်ကာပူနိုင်ငံ တွင် တွေ့ ဆုံ တည် ဆောက် ခဲ့ကြ ပါ သည်။ ရည်ရွယ်ချက် မှာ ဘုရားသခင် သည် ယေရှုခရစ် အားဖြင့် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော် မူ စေ သ တည်း၊ အာ မင် (ရောမ ၁၆) ဖြစ် သည်။ ရည်မှန်းချက် များ မှာ ယုံကြည်သူ များ ၏ အသင်းတော်၊ မိတ် သဟာရ များ၊ ဆဲလ်အုပ်စု များ သာ မက မယုံကြည်သူ တို့၏ မြင့်မြတ် စိတ်ဓါတ် ရှိသော အဖွဲ့အစည်း နှင့် လူသား များ ကို Godly Attitude မှ Good Attitude လူသား များ အဖြစ် သို့ ခရစ်ယန် အသက်တာ ဘဝ လမ်း လျှောက် နိုင် ရန် အတွက် မိမိ တို့မိ သား စု မှ စတင် ရန် ဖြစ် သည်။ ထို သို့ လုပ် ဆောင် ရန်အ တွက် မုရန် အဇွဲ့ သား များ သည် ဘုရား သခင် ဖက် တွင် အမြဲ ရှိ ရ မည် ဖြစ် သည်။ ဘုရား နှင့် အထက် အောက် ဆက် ဆံ မှု Vertical Relation နေ့ စဉ် အချိန် တိုင်း ရှိသလို၊ မိ သား စု၊ လူ့ အသိုင်း အဝိုင်း၊ အလုပ်ကိုင်တို့တွင် Horizontal Relation နေ့စဉ် အချိန် တိုင်း ဆက် ဆံ လုပ် ကိုင် ရာ တွင် လည်း ဘုရား မနှစ် သက် သော အရာ များကို မလုပ် ဆောင်ပဲ၊ ဘုရား နှစ် သက် သည့် အရာ များ ကို လုပ်ဆောင် နိုင် သူ လောက ၏ အလင်း၊ လောက ၏ ဆား များ အဖြစ် အစေ ခံ ကြ ဖို့ ဖြစ် သည်။
.

Murann Ezine မိတ်ဆွေများ ဦးရေ ၅၀၀၀ ပြည့်မည်ဖြစ်သောကြောင့် ဘုရားသခင်ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ မိတ်ဆွေအသစ်နှင့် လက်ရှိမိတ်ဆွေများအတွက် ဖေ့ဘုတ်ဂရု အဖြစ် ယနေ့စတင်ပြောင်းလိုက်ပါသည်။ ထို့ကြောင့် လက်ရှိမိတ်ဆွေများကို စာမျက်နှာအသစ်တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဘုရားသခင် သည် ယေရှုခရစ် အားဖြင့် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော် မူ စေ သ တည်း၊ အာ မင် (ရောမ ၁၆)
မုရန်အစမှာ ဆရာဆိုး (ညစဉ်ခွန်အား)နှင့် ယုဒသန်အသင်းတော် JBCS Media တို့စင်ကာပူတွင်တွေ့ဆုံရာမှ ဝက်ဆိုဒ် စတင်ခဲ့သည်။ BurmeseBible.com/zawgyi.htm စာမျက်နှာကို သက္ကရာဇ် ၂၀၀၀ ကတည်းက ရန်ကုန်မြို့တွင် စတင်ရိုက်နှိပ်ပြီး အင်တာနက်စာမျက်နှာ သမ္မာကျမ်းစာ စတင်ခဲ့သည်။ စင်ကာပူနှင့် ဆန်ဖရန်စစ္စကိုမြို့များတွင် သမ္မာကျမ်းစာကို ဝင်းဘားမိဖောင့် WinBurmese မှ ဇော်ဂျီဖောင့် Zawgyi သို့ပြောင်းလဲခဲ့ပြီး၊ ၂၀၁၀ တွင် JBCS Media အဖွဲ့က ပြီးပြည်စုံစေခဲ့သည်။ ထို့နောက် အသင်းတော် ဝက်ဆိုဒ်တွင် ဝိညာဉ်သစ်မဂ္ဂဇင်းအဖြစ် ယုံကြည်ခြင်းဆိုင်ရာ ဝိညာဉ်ရေး၊ သက်သေခံချက်နှင့် ဗဟုသုတများ ခရစ်ယာန်အသက်တာများကို တင်ပြခဲ့ရာမှ www.murann.com အဖြစ် ရန်ကုန်မြို့တွင် မဂ္ဂဇင်းထုတ်ဝေနိုင်ခဲ့ပါသည်။
မုရန်အီးဇင်းမှာ လစဉ်စာအုပ်များ ရန်ကုန်မြို့တွင် ဆက်လက်ထုတ်ဝေရန် ရှိပါသည်။
ဆက်သွယ်ရန်
အမှတ်(၂၅)၊ မင်းကြီးလမ်း၊ ပုသိမ် Tel: +95 9795444210 +95 976922584
Blk 831, Woodlands Street 81 #07-13 Singapore 730831 Tel: +65 63641660 hp +65 82822795
Email: contact@murann.com
Website: www.murann.com
Facebook: www.facebook.com/groups/murann
.
ယခု မုရန်ဝက်ဆိုဒ် www.murann.com ဒေါင်းသွားသောကြောင့် အဟောင်းအဟောင်းတို့မှ အသစ်အသစ်သို့ ကူးပြောင်းရန် အချိန်တန်သလို၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုနှင့်အတူ မုရန် အီဇင်း လည်း ပြုပြင်ပြောင်းလဲဖို့ လိုပါသည်။ အသက်သေသည့်တိုင်အောင် နှုတ်ကပတ်တော်နှင့်အညီ အသစ်သော အရာများကို ခံစား၊ ဝေမျှ၊ နှစ်သိမ့်ပေးပြီး ဝမ်းမြောက်နိုင်ကြရန်ဖြစ်သည်။
.
ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ထာဝရဘုရား ဘုန်းတောထင်ရှားပါစေသော်။ 

Comments