စင်ကာပူကိုယ်စားပြုတဲ့ ကချင်အလှမယ်၊ ကချင်မိန်ကလေး ချာရသီ လုလုဆိုင်း မိသားစုသက်သေခံချက်


Miss World (Singapore) Winner
Charity Lu Lu Seng and family Testimony...
ကချင်မိန်ကလေး ချာရသီ လုလုဆိုင်း မစ္စဝေါလ် စင်ကာပူ အရွေးခံရပြီနောက် ကျေးဇူးတော်ချီးမွမ်း ဝတ်ပြုကိုးကွယ်ခြင်း အိမ်ထောင်ဆုတောင်းခြင်ကို 30-Oct-2015 ညနေမှာ Yishun နေအိမ်မှာပြုလုပ်ခဲ့ပါတယ်။
ဖခင်ဖြစ်သူ ဦးတန်ဂွန်း ပြိုင်ပွဲလိုက်မသွားပါဘူး။ အလုပ်သွားပြီး ရထားပေါ်ရှိစဉ် ဖုန်းလာပါတယ်။ မိတ်ဆွေတဦးကတော့ ခင်ဗျားသမီးပုံတွေ ဖေ့ဘွတ်မှာတွေ့တယ်။ ဝမ်သာပါတယ် ဖုန်ဆက်ချိန်တော့ ပထမဆုရမှန်လဲ မသိ။ ရမယ်လဲမထင်ပါဘူး။ ရိုးရိုး ပြိုင်ပွဲ ပုံတွေပဲ မိခင်ဖြစ်သူ တင်ထားတယ်လို့ပဲ ဖြစ်မှာပါ ပြောပြီ အိမ်ပြန်ရောက်တော့ တီဗွီထိုင်ကြည့်နေပါတယ်။
ညတော်တော်နက်မှ သမီး နဲ့ မိခင်အုပ်စုလိုက် ဆူညံစွာ ပြန်ရောက်လာတယ်။ ပထမဆုရတယ် ဆိုတာ မယုံနိုင်ပါဘူး။ သြော် မထိုက်တန်ပေမဲ့ ဘုရားသခင် ချီမြှောက်တာပဲ လို့ ခံစားရပါတယ်။
ဘုရားသခင်က ရော့ လို့ ပေးတဲ့ကောင်းကြီးကိုလဲ မခံယူတတ်ချိန်မှာ ပါစပ်ထဲထိလာခွံ့ပေးသလို ခံစားရပါတယ်။ ရန်ကုန်မီဒီယာမှာရေးထားတဲ့ ဒီသတင်းကိုဖတ်ကြည့်ပါတယ်။ ကွန်မင့် ၁၅၀ လောက် ဖတ်ကြည့်တော့ ၂ ယောက်ကပဲ မြန်မာနိုင်ငံသား မဖြစ်ခြင်းကို ပြောပါတယ်။ ကွန်မင့်အားလုံးက ချီးကျူးဂုတဏ်ပြုထာတာကြောင့် ဘုရားကျေးဇူးတော် အရမ်းချီးမွမ်းမိပါတယ်။
မိခင် ဒေါ် အယ်ခွန်ဆိုင်း ကတော့ ဟိုး တုန်းက ဇနီးမောင်နှံ နှစ်ယောက်ပဲ စင်ကာပူလာခဲ့ပြီး သမီးတွေကို မြန်မာပြည်မှာပဲ မန္တလေးမှာ အထက်တန်းကျောင်းထားရတယ်။ အကြောင်အမျိုးမျိုးကြောင့် (၇) နှစ်လုံး မိသားစုခွဲခွာနေခဲ့ရပါတယ်။ ဒီကာလ ကြာမြင့်စွာ ခွဲခွာနေချိန်မှာ ဘုရားသခင် ..ကျမဆုတောင်းချက်ကို ဘာလို့မပြည့်ရပါသလဲ။ ဘုရားကို အမြဲကိုးကွယ်တယ်။ ဆယ်ဘို့တဘို့ အလှုလဲပေးတယ်။ အသင်းတော် အမှုတော်တွေမှာလဲ ပါဝင်တယ်။ ဘုရားကျောင်းမှာလဲ အစေခံပေမဲ့ မိသားစုအတူနေခွင့်မရတာကို နားမလည်နိုင်ခဲ့ပါဘူး။ ဘုရားသခင်က အချိန်ကာလ တခု စောင့်ခိုင်းထားပါတယ်။ သမီးတွေ ကြီးမှစင်ကာပူ ရောက်လာပြီး ကျောင်းဆက်တက်။ အလုပ်ကိုင်တွေနဲ့ ဖြစ်လာပါတယ်။ ဆုတောင်းပြည့်လာပါတယ်။
သမီးငယ် ၂၁နှစ်အရွယ်က လွန်ခဲ့တဲ့ ၂နှစ် သူကျောင်းပြီးသွားတော့ အခုလို အိမ်ထောင်စည်းဝေးမှာ သူမ အသက်ငယ်စဉ်မှာပဲ Miss World ပြိုင်ပြီး ဆုရချင်ကြောင်း၊ အသက်ကြီးလာရင် မဖြစ်နိုင်လို့ ငယ်ရွယ်စဉ်မှာပဲ ရလိုကြောင်း သက်သေခံ ဆုတောင်းချက် ပြောပြပါတယ်။ သမီး ဒါတွေက ရဖို့ မလွယ်ဘူး။ အချိန်ကုန် ငွေကုန်လှပါတယ်။ အလုပ်ပဲရှာပါ လို့ပြောပြီး မေ့မေ့ပျောက် နေခဲ့ပါတယ်။ ချာရသီ လေးကတော့ အလှမယ်ပြိုင်ဖို့ ဆက်လက်လုပ်ကိုင်နေတာပါပဲ။ မိခင်ကတော့ အမြဲ အားပေးကူညီပါတယ်။
ဆုတောင်းရုံတင်မက ဘုရားသခင်နဲ့အတူနေထိုင် နှုတ်ကပတ်တော်ကို လိုက်နာတဲ့မိသားစု အချိန်ရောက်လာတဲ့အခါ ဘုရားကောင်းကြီးမင်္ဂလာတွေ ရလာပါတယ်။ ၂နှစ်အကြာမှာ ချာရသီ ရဲ့ ဆုတောင်းချက် ပြည့်လာပါတယ်။
အခု နှစ်နှစ်ကြာချိန်မှာ မမျှော်မှန်းနိုင်တဲ့ ပထမဆုကို ရရှိခဲ့ပါတယ်။ စင်ကာပူမှာ မမွေးတဲ့သူမို့ စင်ကာပူဖွားများက မပျော်မရွှင် ဖြစ်ပေမဲ့ မြန်မာအားလုံးက ဝမ်းမြောက် ဂုဏ်ယူကြပါတယ်။
ချာရာသီလေးကတော့ ငယ်စဉ်က ဒါလောက်အရပ်ရှည်ရကောင်းလား ဆိုပြီး စိတ်ပျက်ခဲ့မိတယ်။ အခုတော့ အရပ်ရှည်ခြင်း ဘုရားပေးတဲ့ ရည်ရွယ်ချက်ကို သိပါပြီ။ ၂၄ နိုဝင်ဘာမှာ တရုပ်ပြည်ကို သွားရောက်ပြီး လေ့ကျင့်မယ်။ အဲဒီမှာပဲ ၁၉ ဒီဇင်ဘာ ပြိုင်ပွဲရှိပါတယ်။ မိသားစုမပါ တစ်ယောက်ထဲ မိတ်ဆွေ ဖွဲ့တတ်ဖို့ လေ့ကျင့်ပေးမယ် ဖြစ်ပါတယ်။
အစ်မဖြစ်သူ ကိုယ်တိုင် လုပ်တဲ့ နှစ်ထပ်ကိတ်မုန့်ဖြူ ကို လှီးပြီး လာရောက်သူ ကချင်မိတ်ဆွေအားလုံးကို ကြွေးပါတယ်။ အားလုံးက Amazing Grace သီချင်း ဆိုကြပါတယ်။
ဦးဆောင်သူ ဆရာမခွန်းအောင်၊ ဆုတောင်းပေးသူ ဆရာနော်လာ နှုတ်ကပါတ်တော် တရားဟောသူ ဆရာဂမ်ထွန်း တရားဒေသနာ 1Tim 4:13 1Col 9:2 တို့နဲ့ Self Esteem စိတ်အားတက်ကြွဖို့ မစ္စဝေါလ် (စင်ကာပူ) ချာရသီ လုလုဆိုင်း အတွက် တိုက်တွန်းအားပေးပါတယ်။ စင်ကာပူရောက် ကချင်လူမျိုးများရဲ့ စင်ကာပူ PR Citizen ကဒ်ပြားတွေမှာ Race: Kachin လို့ရေးသား အသိမှတ်ပြုခံရပြီး သမ္မာကျမ်းစာ ဧသတာဝထ္ထုထဲက မိဖရား ဧသတာ ကဲ့သို့ ကချင်လူမျိုးများကို ဘုရားသခင်ဆက်လက် ကူညီကယ်မဖို့ မျော်လင့်ကြောင်း။ ဘုရင်ရဲ့ မိဖုရား တော့ တပါးလူမျိုးနဲ့ အိမ်ထောင်မပြုစေလိုကြောင်းကို ကချင်နှစ်ခြင်းအသင်းတော် လူငယ်များက ရင်ဖွင်ပြောဆိုတယ်လို့ သိရပါတယ်။
အင်တာဗျူးတခုမှာ ကချင်လူမျိုးဖြစ်ခြင်းကို ဦးစွာပြောလိုက်မိတယ်။ မိမိကချင်လူမျိုးကို ဦးစားပေးပြောမိလိုက်တဲ့အတွက် စင်ကာပူလူမျိုးများ ပြောစရာဖြစ်သွားပါတယ်။ မိခင်ကပြောပါတယ်။ သူလဲ စကားသိပ်မပြောတဲ့သူလဲဖြစ်တယ်၊ စင်ကာပူလူမျိုးများကို ကျေးဇူးတင်ကြောင်း ဦးစွာပြောရမှာဖြစ်ပေမဲ့ ကချင် ဆိုတာ နှုတ်ကအရင်ထွက်သွားလို့ စင်ကာပူလူမျိုးများနဲ့ မိမိမွေးရပ်မြေ မြန်မာပြည်သားများကို အထူးကျေးဇူးတင်ကြောင်း ဒီပို့က တဆင့် တင်ပြလိုက်ပါတယ်။
ဘုရားကို ချစ်ပြီး နှုတ်ကပါတ်တော်နဲ့ လိုက်လျောက်တဲ့ မိသားစု ချာရာသီလေးဟာ ကချင်နှစ်ခြင်းအသင်းတော်မှာ Sunday School ဆရာမဖြစ်ပြီး ကချင် အင်္ဂလိပ် မြန်မာ စာပေများကို သင်ကြားပေးနေတဲ့ ဆရာမလဲ ဖြစ်ပါတယ်။
ချာရာသီ စင်ကာပူကိုယ်စားပြု သွားပြိုင်မဲ့ Miss World ပြိုင်ပွဲမှာ ဘုရားသခင် ဆက်လက်ကောင်းကြီးပေးပါစေ။
Video Amazing Grace song by Miss Charity house.in Singapore
Date: 30-Oct-2015 Friday.
.
Miss World 2015 - စင်ကာပူကိုယ်စားပြုတဲ့ ကချင်အလှမယ်၊ မြန်မာအလှမယ်တို့ မရခဲ့ပေမဲ့ ကြီးမားတဲ့အတွေ့ကြုံတွေ ရခဲ့ကြပါတယ်။ ပထမ စပိန်အလှမယ် ဖြစ်ပါတယ်။ 
1st - SPAIN
2nd - RUSSIA
3rd - INDONESIA
.
.
Top 20 - SEMI FINALISTS (မြန်မာနဲ့စင်ကာပူ ထိပ်ဆုံး၂၀ဦးမှာ မပါဝင်နိုင်)
RUSSIA
INDONESIA
PHILIPPINES
JAMAICA
GUYANA
FRANCE
LEBANON
SOUTH AFRICA
SPAIN
AUSTRALIA
NETHERLANDS
BRAZIL
KAZAKHSTAN
POLAND
NEW ZEALAND
CHINA PR
SOUTH SUDAN
SCOTLAND
ECUADOR
NORTHERN IRELAND

Comments