ဆရာမလုလုတင်၏မူးရစ်ကျိန်ခြင်းအမင်္ဂလာကို နှုတ်ကပတ်တော်ဖြင့်ဖြတ်တောက်ခြင်း

ဝင်းမြင့်ကျော် သက်သေခံချက်
မယုံကြည်သူဖြစ်ပြီး မူးရစ်ဆေးကို ၁၀နှစ်ခန့်စွဲလမ်းခဲ့သဖြစ်သည်။ ကျောက်ရောင်းဝယ် လုပ်ငန်းလုပ်ကိုင်ပြီး၊ အဆင်ပြေပါသည်၊ သို့သော် မူးရစ်ဆေးဝါး သုံးစွဲမှု တစ်ခုသာ ရှိပါသည်။ ၁၀နှစ်ခန့် မူရစ်ဆေးမျိုးစုံကို စွဲလမ်းသုံးစွဲခဲ့ရာ၊ မူးရစ်ဆေးဖြက်သည့် ဆေးရုံ၊ စခန်းများစွာ ၆ကြိမ်ခန့် ဖြတ်ခဲ့ပါသည်။ တစ်နှစ်ကျော်လောက် ဆေးဖြတ်နိုင်သော်လည်း၊ ပြန်သုံးပြီး၊ စွဲလမ်းနေဆဲဖြစ်သည်။ ယခုဆေးခန်းတွင် နံပါတ်ဖိုး အထိစွဲလမ်းလာချိန် အလွန်ခက်ခဲစွာ ဖြတ်ရပါသည်။
ဦးလေးကဲ့သို့ ခင်မင်သူတစ်ဦးက အမေ့ထံ ခေါ်လာပြီး၊ ထွက်ပြေးချင်သော်လည်း အမေနှင့်ဆရာမများက အရမ်းကောင်းလွန်း၊ ဂရုစိုက်လွန်းသောကြောင့် မပြေးဖြစ်ပါ။ ယခုအခါ အဆင်ပြေလာပြီဖြစ်သည်။ ယခုဆေးဖြတ်စခန်းမှာ စိတ်နှင့်၊ ဘုရားနှုတ်ကပါတ်တော်နှင့် ဖြတ်ပေးခြင်းဖြစ်သည်။


စခန်းတာဝန်ခံဆရာမလုလုတင်
မူးရစ်ဆေးဖြတ်လာဖြတ်ပါက၊ ပထမ ၂ပတ်တွင် နှုတ်ကပတ်တော်၊ မပြောပြပါ။ သူတို့အတွက် နှိပ်နယ်၊ နင်းပေးခြင်း၊ ရေချိုးပေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်း စသည့်တို့ကို လုပ်ပေးပါသည်။ အပြင်းဖျားနာ၊ မူးရစ်ဆေးပဲ တောင်းနေကြချိန် ပထမ၂ပတ်တွင်၊ အစာသောက်လည်း မစားနိုင်ပဲ၊ ပူလောင်၊ ခံစားနေရချိန်ဖြစ်သည်။ ဘာဆေးမှမတိုက်ပါ။ တေးသီချင်းများလည်း စိတ်မဝင်စားကြပါ။ မူးရစ်ဆေးစွဲသူများက ဆေးတောင်းလွန်းသောကြောင့်၊ ဘုရားသခင်ထံ ဆုတောင်းရင်း ခမ်းတောက်မြစ်ဖျော်ရည်ကို ဆေးအဖြစ် တိုက်ပါသည်။ ခမ်းတောက်မြစ်ဖျော်ရည်သည် ဝမ်းအေးစေသည်။ ပူလောင်မှုများကို ငြိမ်းစေ၊ အပူဒဏ်ခံနိုင်သည်။ တစ်နေ့ (၃)ကြိမ် တိုက်ပါသည်။
၂ပတ်ကျော်သွားချိန် လူနာလည်း စားသောက်နိုင်၊ မူးရစ်စွဲဒဏ်များ ခံနိုင်လာသောအခါ နှုတ်ကပါတ်တော်ကို၊ ပြောကြား၊ ဝေငှပါသည်။ ဝိညာဉ်ရေးဖြင့် သန့်ရှင်းစေပါသည်။


လူငယ် ရှမ်းပြည်မှ ဘရန်နန်ဖြစ်သည်။
စခန်းရောက်စက ဖျားနာ၊ မိုက်မဲ၊ ဆိုးသွမ်းပြီး၊ မူးရစ်ဆေးအလွန်ကျွံသုံးစွဲသူဖြစ်သည်။ ယခင် ၃ကြိမ် မူးရစ်ဖြတ်ခဲ့သော်လည်း မရပါ။ ပြန်သုံးစွဲမိပါသည်။ ယခုအခါ ဆရာမတို့၏ နှုတ်ကပတ်တော်နှင့်ဆုတောင်းခြင်းဖြင့် ဆေးဖြတ်ရာတွင် လုံးဝပျောက်ကင်းပြီဖြစ်သည်။ စခန်းတွင် ၃လကြာပြီဖြစ်သည်။ ဘုရားသခင်ကို အတိုင်းထက်မက ကျေးဇူးတင်ပါသည်။ ညီအစ်များနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်၊ သားရင်းချာကဲ့သို့ ဆက်ဆံ၊ ပြုစုပေးသော စခန်းမှာ ဆရာမများ၏၊ နှုတ်ကပတ်တော်နှင့်၊ ဆုတောင်းပေးခြင်းများကြောင့် ဖြစ်သည်။


မဆိုင်းဂျာ သက်သေခံချက်
ကချင်စကားဖြင့် သက်သေခံပြောကြားပါသည်။ ၁၆နှစ်အရွယ်ဖြစ်သည်။
ဆရာမက ဘာသာပြန်ပြောပြပါသည်။ ဘုန်းကြီးတစ်ပါးထံ သွားဖြတ်ခဲ့ပါသည်။ ဆရာဝန်ထံလည်း ဆေးဖြတ်ခဲ့ဖူးသည်။ မအောင်မြင်ပါ။ နေ့စဉ် မူးရစ်ဆေးဒဏ်ကြောင့် တက်လေ့ရှိသည်။ ယခုစခန်းတွင် ရောက်ပြီးသည့်အချိန်တွင် ပိန်ပိန်သေးသေးနှင့်၊ ရာသီသွေးမရှိ၊ ချောက်ကပ်နေသော ခန္တာနှင့် ဖျားနာပြီးရောက်လာပါသည်။ ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ဖြင့်သာ ကုသပေးပါသည်။ ဦစွာပထမ မိခင်ဖြစ်သူ အိမ်ထောင်ဆက်၊ ၃ဆက်ခန့် ရှိသဖြင့်၊ ထိုကဲ့သို့ ကျိန်ခြင်းအမင်္ဂလာများအတွက် အပြစ်မှ ဝန်ချရပါသည်။ သူအမေလည်း နောင်တရ၊ နှုတ်ကပတ်တော်နှင့်နေထိုင်တတ်ပြီး၊ သမီးဖြစ်သူလည်း စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုရှိအောင်၊ ဘုရားရှေ့၊ လူရှေ့ ခေါ်ပြီး၊ လူရာသွင်းက စိတ်ဓါတ်မြှင့်တင်ပေးရသည်။ နှုတ်ကပတ်တော်အားဖြင့် ရွှင်လန်း၊ ဝမ်းမြောက်၊ သက်သေခံခြင်းများဖြင့် ယခု ၃လအကြာ ယခုကဲ့သို့ ကျန်းမာ၊ ဝဖြိုးလာပါသည်။ နှုတ်ကပတ်တော် ကျေးဇူးတော်ဖြစ်ပါသည်။


ဆရာမလုလုတင်နင့်နှုတ်ကပတ်တော်သင်တန်းများ
ဆရာစိုင်းအေးမှ တရုပ်ပြည်တွင် အင်တာဗျူးထားပါသည်။ ပျိုတိုင်ကြိုက်သော ဖခင်ဖြစ်သူ၏၊ မိန်းမပြသနာများ၊ မြစ်ကြီနားတွင် KBC ဓမ္မဆရာမ အမှုဆောင်စဉ်က မိခင်များ၏၊ သားများ မူးရစ်ဆေးစွဲရာတွင် မိမိက ဆုတောင်းပေးခဲ့ရသည်။ မိမိသားကိုယ်တိုင် မူးရစ်ကျေးကျွန်ဘဝ ရောက်သွားသောအခါမှ ကျိန်ခြင်းအမင်္ဂလာအကြောင်းကို ဂဃနဏ သိလာပြီး၊ လူးလှိမ့်ဆုတောင်း၊ နားလည်ရသည်။ မိဘ၊ဘိုးဘွယ်းများ၏ အပြစ်၊မူးရစ်၊ ကျိန်ခြင်းအမင်္ဂလာမှ လွတ်မြောက်ရန်မှာ ယေရှု၏ နှုတ်ကပတ်တော်သာ တတ်နိုင်ကြောင်းသိလာရသည်။ ယောင်္ကျားများအား အရမ်းမုန်းတီးပြီး၊ ဖခင်ကိုလည်း မုန်းတီးခဲ့သည်။ မိမိဖခင် သေဆုံးစဉ်က ထိုသို့သော မိန်းမပွေသည့် ဖခင်သေသွားခြင်းကို လွတ်မြောက်ပြီဟု  ငိုကြွေးနေသောမိခင်ကို အားပေးခဲ့သည်။ အသင်းတော်ကို ခွင့်ပန်ပြီး D.Min ၂နှစ်တက်ကာ၊ ယခု တရုပ်ပြည်ဖက် သာသနာပြုခြင်း၊ ကျိန်ခြင်းအမင်္ဂလာမှ နှုတ်ကပတ်တော်ဖြင့် လွတ်ငြိမ်းခြင်းများကို လုပ်ဆောင်နေပါသည်။ ယခုအခါ ဖခင်ချစ်နိုင်သည်။ ယောင်္ကျားများကိုလည်း ချစ်နိုင်လာသည်။ ဖခင်များသည် အလွန်အရေးကြီးကြောင်းကို နှုတ်ကပတ်တော်အားဖြင့် သိလာရသည်။ အနာဂါတ် ဖခင်လောင်းများဖြစ်သော လူငယ်၊ အမျိုးသားအများစုကို မူယစ်နတ်ဆိုးလက်မှ ကယ်ထုတ်နိုင်ရန်၊ နှုတ်ကပတ်တော် နည်းလမ်းသာ ရှိသည်ဟု ယုံကြည်သည်။ ဆရာမလုလုတင် သက်သေခံချက် Youtube တွင် Media4Christ မှတင်ပြထားပါသည်။ နတ်စားများလောကတွင် အော်ဟစ်၊ နတ်ဆိုးထုတ်ခြင်းများကို ခရစ်ယာန်အသင်းတော်ကြီးများက အားမပေးသော်လည်း၊ ကျွန်ုပ်တို့ နားမလည်နိုင်သော စာတန်မာနတ်နှင့်ဘုရားသခင် ပြိုင်ဆိုင်မှုများစွာ ရှိနေဆဲဖြစ်သည်။ မြစ်ကြီးနား၊ အေဒင်ရပ်ကွက်၂ တွင် ဆရာမ၏ သင်တန်းများ ရှိပါသည်။


ဘိန်းဖြတ်စခန်း (တရုပ်ပြည်) မှ ဆရာမအားလုံး ဘုရားသခင်စောင်မ၊ ကောင်းကြီးပေးပါစေ။

Comments