မမိငယ် - ယေရှုကိုလက်ခံပြီး၊ ဘဝသစ်ကိုရရှိခဲ့သူ

၁၉၉၈ မိုင်းရှုးမှာ ကျမအလုပ်လာလုပ်စဉ်၊ အိမ်ထောင်ကျပါတယ်။ မြန်မာပြည်က ကျမအိမ်ကတော့ ယောင်္ကျားက အစ္စလမ်ဘာသာမဟုတ်ပေမဲ့ ကိုယ့်ဘာသာဘက် လိုက်အောင်လုပ်ဖို့၊ ပြောပါတယ်။ ဒါပေမဲ့ ကျမကတော့ ယောင်္ကျားရဲ့ ခရစ်ယန်အသိုင်းဝိုင်၊ ကျမ်တို့အစ္စလမ်အသိုင်းအဝိုင်း ၂ခုစလုံးနဲ့ပဲ နေပါတယ်။ ကျမ အစာအိမ် ရောဂါအကြီးကျယ်ရချိန်မှာ အလ္လာကို ဆုတောင်းပါတယ်။ ခရစ်ယန်ဆရာမတွေကိုလဲ ဆုတောင်းခိုင်းပါတယ်။ ရောဂါက မပျောက်ပါဘူး။ ကျမလည်း ရောဂါအရမ်းခံစားရပြီး အိပ်မက်ထဲမှာ အလ္လာက လာခေါ်ပြီလို့ ဆရာမတွေကို ပြောခဲ့ပါတယ်။ ဆရာမတွေက အဲဒါ အလ္လာမဟုတ်ဘူး။ ဘုရားသခင်ဖြစ်တယ်၊ အလ္လာကိုမေ့လိုက်၊ ယေရှုကိုပဲ ယုံပါ၊ ဆုတောင်းပေးမယ်ဆိုလို့ ယေရှုကိုပဲ ကိုးကွယ်ပါမယ် လို့ပြောခဲ့ပါတယ်။ ဆရာမတွေ ဆုတောင်းပေးလို့ နောက်ဆုံး အစာအိမ်ရောဂါ ပျောက်ကင်းသွားပါတယ်။ ကိုယ်ပြောခဲ့တာကိုလဲ ပေါ့ပေါ့ပဲ သဘောထားပြီး၊ ကုလားတွေနဲ့လဲ ဆက်လက်မိတ်ဆွေအဖြစ်နေခဲ့ပါတယ်။ နောက်ဆုံး မိုင်ရှန်မှာ ကင်ဆာရောဂါ ခံစားရပါတော့တယ်။ ကျမ အိမ်ပြန်သွားရင် အစ်မတွေက ကျမဆိုတဲ့ ချီးမွမ်းသီချင်းတွေ ဆိုရင်လဲ ..မဆိုနဲ့၊ ကျမဖတ်တဲ့ ကျမ်းစာ၊ .. မဖတ်နဲ့လို့ ပြောပါတယ်။ နင်ကိုမကြည့်ချင်ဘူး..လို့ပြောပါတယ်။ နောက်ဆုံး ကျမအမျိုးတွေ၊ ကုလား မိတ်ဆွေတွေက ကျမကို စွန့်လွှတ်လိုက်ပြီ ဆိုတော့ အရမ်းဝမ်းနည်းပါတယ်။ ဒါပေမဲ့ ကျမ ခရစ်ယန်မိတ်ဆွေများနဲ့ ယေရှုကို ပဲ ကိုးကွယ်ပါတယ်။

အစာအိမ်ရော၊ ကင်ဆာရော ဘာရောဂါမှ မရှိတော့ပါဘူး။ ပျောက်သွားပါပြီ။

အစ္စလမ်ဘာသာ ကိုးကွယ်တုံးကတော့ ကျမ ပိုက်ဆံမရှိရင် မနေတတ်ပါဘူး။ အခု ယုံကြည်သူဖြစ်လာတော့ ပိုက်ဆံမရှိလဲ နေတတ်သွားပါတယ်။ ပိုက်ဆံဟာ အရေးမကြီးတော့ပါဘူး။

ကင်ဆာဖြစ်ပြီးနောက်ပိုင်းမှာ ကလေးမရနိုင်တော့ဘူး လို့သိရပါတယ်။ ကျမကိုးကွယ်တဲ့ ဘုရားက သားတစ်ယောက်ပေးပြီး၊ နောက်ထပ် အငယ်သားတစ်ယောက်လဲ ရပါတယ်။ သမီးကြီးတစ်ယောက်နဲ့ သားသမီး၃ယောက်ဖြစ်ပါတယ်။

ယေရှုကို အစ္စလမ်တွေက ကောင်းကင်တမန် အဖြစ်ပဲ သတ်မှတ်ပါတယ်။ တကယ်တော့ ယေရှုဟာ ကောင်းကင်တမန်မဟုတ်ပါဘူး။ ယေရှုဟာ သူ့ရဲ့ အသွေးတော်နဲ့ ကျမတို့အပြစ်များကို ဖြေလွှတ်ပေးတဲ့ ဘုရားသခင်၊ ပြောရမယ်ဆိုရင်တော့ ခရစ်တော်ကြွလာပြီးတဲ့နောက် လမ်းသစ်၊ အားလုံးကိုစွန့်လွှတ်ပြိး လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံတယ်။  လူသားတွေအတွက် အပြစ်ကြွေးဆပ်ပြီး ကင်တင်နိုင်တဲ့ ဘု ဘုရားသခင်ဖြစ်ပါတယ်။ ဘယ်အခြေနေပဲရောက်ပါစေ၊ ဘယ်သူပဲဖြစ်ဖြစ် ယေရှု၊ ဖန်ဆင်းရှင်ကို မြည်းစမ်းကြည့်စေ ချင်ပါတယ်။ ကျမ ၂၀၀၂ ကတည်းက ယေရှုကို ယုံကြည်ခဲ့သူ ဖြစ်ပါတယ်။ ၁၂နှစ် ကြာခဲ့ပါပြီ။

ယေရှုဘုရားနဲ့ အလ္လာ ဘာကွာပါသလဲ ဆိုတော့၊ အလ္လာအကြောင်း ကျမငယ်စဉ်က ဖြစ်လို့ ကောင်းကောင်းမသိခဲ့ပါဘူး။ ဒါပေမဲ့ ကျမဒုက္ခရောက်၊ မကျန်းမာတဲ့အခါ အလ္လာကို ခေါ်တာ၊ ဘာမှမထူးပါဘူး။ ယေရှုကို ခေါ်ပြီး၊ ဆုတောင်းတဲ့အခါ ကျမ ကျန်းမာတယ်၊ ဆုတောင်းချက်များ ရရှိပါတယ်။ ယေရှုက ခေါ်ရင်ထူးပါတယ်။ ဒါ ကျမအတွက် ခြားနားချက်ဖြစ်ပါတယ်။

ကျမ ဘုရားကို အမြဲကျေးဇူးတင်ပါတယ်။ တစ်နေ့မှာ ဆုမတောင်းရရင်၊ ကျမ်းစာမဖတ်ရရင် ကျမမပျော်ပါဘူး။ အရင်က ကျမအင်မတန် ကြမ်းတမ်းပါတယ်။ ယောင်္ကျားတစ်ယောက်လိုပဲ တုတ်ဆွဲ၊ အပြောဆိုကြမ်းပါတယ်။ ယေရှုကို ရပြီးတဲ့နောက်မှာ အပြောအဆို၊ အနေထိုင်များ မကြမ်းတမ်းတော့ပါဘူး။ အဆင်ပြေအောင် နေတတ်လာပါတယ်။ ကျေးဇူးတော်ချီးမွမ်းပါတယ်။

သားသမီးကို မုန်းတယ်။ သားသမီးရရင် ယောင်္ကျားက မချစ်တော့ပဲ စွန့်ပစ်မှာ စိုးရိမ်တယ်။ ညီအစ်ကိုမောင်နှမများက ကျမကို စွန့်ပစ်သလို...ယောင်္ကျားစွန်ပစ်ခံရမှာစိုးလို့ သားသမီးမလိုချင်ခဲ့ပါဘူး ။ အခုတော့ သားသမီးတွေ ရရှိလာပြီး၊ ဘုရားသခင်ကျေးဇူးကြောင့် သားသမီး၊ ကလေးတွေကို ချစ်လာပါတယ်။ ကလေး ၃ယောက်ပါ။  လောကအလုပ်ထက် ဘုရားအလုပ်ကို ပိုပြီးလုပ်ချင်တယ်။ ဒါပေမဲ့ အခြေအနေအရ မလုပ်နိုင်သေးပါဘူး။  ထိုင်းနိုင်ငံ၊ ဟိုင်ကျုံးမှာ အလုပ်သမားတွေကို ထမင်းချက်ကြွေးတဲ့အလုပ် လုပ်ပါတယ်။ အမျိုးသားကတော့ အလုပ်သမားဖြစ်ပါတယ်။

ဘုရားသခင် မမိငယ်ကို ကောင်းကြီးပေးပါစေ။
Gospel Interview  22-Jul-2014

Comments