လက်လျော့၊ တိတ်ဆိတ်၊ ငြိမ်ဝပ်စွာနေ - စောပက်ထရစ် GIVE UP, BE STILL AND SILENT

လက်လျော့၊ တိတ်ဆိတ်၊ ငြိမ်ဝပ်စွာနေ - စောပက်ထရစ် GIVE UP, BE STILL AND SILENT မိမိအစွမ်းအစ၊ မိမိရဲ့ထက်မြက်မှု၊ ကြိုးစားမှု တွေနဲ့အဆင်မပြေတော့တဲ့အခါမှာ ဘာလုပ်မလဲ? ရီရတဲ့အချိန်ရှိသလို၊ ငိုရတဲ့အချိန်ရှိတယ်။ ၀မ်းမြောက်တဲ့အချိန်ရှိသလို၊ ၀မ်းနည်းရတဲ့အချိန်လဲရှိတယ်။ ဒါကြောင့်အားလုံးကို လက်လျော့ပြီး တိတ်ဆိတ်ငြိမ်သက်စွာနေရမဲ့ အချိန်လဲရှိပါတယ်။ ဒေသနာကျမ်း အခန်းကြီး ၃၊ ဒီနေ့လိုချင်တဲ့အချက်၊ စကားလုံးရှိတယ်။ မိုးကောင်းကင်အောက်မှာ ဘုရားကြံစည်တဲ့အတိုင်းရှိတယ်။ ငို၊ရီချိန်၊ ရချိန်၊ပေးချိန်၊ ဆန့်ကျင်ဖက်များ.. ဆီးပူးရသောအချိန်နှင့်ဥစ္စာပျောက်ရသောအချိန်၊ သိုထားရသောအချိန်နှင့်ပစ်လိုက်ရသောအချိန် ... ပစ်လိုက်ရသောအချိန်ဆိုတာ တကယ်တော့ Give Up ..ဆိုတာ အရှုံးပေးလိုက်ရတာ၊ လက်လွှတ်လိုက်ရတာ၊ အလျှော့ပေးလိုက်ရတဲ့အချိန်၊ လက်မျြောက်လိုက်ရတဲ့အချိန်ကို ပြောပါတယ်။ To be silent အဲဒီအချိန်က တလှည့်စီသွားမယ်။ ကျွန်တော်တို့မှာ အဲဒီလိုမျိုး တချိန်ချိန်ရောက်လာတတ်တယ်။ လက်လွှတ်လိုက်ရတယ်။ အရင်အပတ်က If you fight, GOD will fight with you ဆိုပြီး ပြောခဲ့တယ်။ ဒီနေ့ကတော့ ဆန့်ကျင်ဖက်ဖြစ်သွားတယ်။ တုံးတုံးတိုက်၊ လုပ်မယ်ကိုင်မယ် လုပ်ရတဲ့အချိန်လဲရှိတယ်။ အဲဒီလို တွန်းထိုးတိုက်ခိုက်ရတာကို ရပ်လိုက်ရတဲ့အချိန်လည်းရှိတယ်။ ဆန့်ကျင်ဖက်ပြောတာမဟုတ်ပါ။ ကျမ်းပိုဒ်မှာ ဆန့်ကျင်ဖက်ဖြစ်တယ် ထင်တဲ့ကျမ်းပိုဒ်များရှိတယ်။ ယူတတ်၊ တွဲတတ်ဖို့လိုပါတယ်။ Give Up ဆိုတာ တိုက်ခိုက်၊ရုန်းကန်မှုတွေကို ရပ်လိုက်ရတယ်။ လုပ်လုပ်လဲ မရတော့ပါ။ တိတ်ဆိတ်စွာနေရသောအချိန်ဆိုတာ ..ဘယ်သူမှစကားမပြောပဲ..သေရမယ်ဆိုသလောက်ပဲ မဟုတ်ပါ။ ဘုရားသခင်နဲ့စကားပြောရတဲ့အချိန်ရှိပါတယ်။ ရှင်ပေါလုက ဘုရားနဲ့မရပ်မနားဆက်တိုက်ဆုတောင်းရမယ်.. ဆိုတယ်။ အခု တိတ်ဆိတ်စွာနေရမယ် ဆိုတော့ ဘုရားကိုပြောနေတာကို ဖျက်လိုက်မလား။ ရှင်ပေါလုက မခြားမလပ်ဆုတောင်းပါပြောပါတယ်။ ဘာလုပ်ရမှာလဲ..ရှင်ပေါလုပြောတဲ့ အခြားမလပ်ဆုတောင်းခြင်းဟာ အကြောင်းအရာတခုကို ထပ်တလဲလဲ ပြောနေတာ၊ ကိုယ့်လိုချင်မှုတွေ တချိန်လုံးပြောနေ၊ ဆုတောင်းတာကို မဆိုလိုပါဘူး။ တကယ်တော့ ချီးမွမ်းနေတာကို ဆိုလိုပါတယ်။ အကြောင်းအရာ အခက်အခဲတခုကို ဆုတောင်းတယ်ဆိုပါတော့။ စိတ်ပူတဲ့အခါ ဒီအကြောင်းကိုပဲ ထပ်တလဲလဲ ဆုတောင်းတဲ့အခါ ဘုရားမကြိုက်ပါဘူး။ ဘုရားသခင်ကို ဘက်ပေါင်းစုံက ရှင်းပြခဲ့ပြီပဲ..ဘုရားနားလည်ပြီးသားကို ထပ်တလဲလဲပြောနေခြင်းဟာ နားပူအောင်လုပ်တာနဲ့ တူလာပါတယ်။ တိတ်ဆိတ်စွာနေရမဲ့အချိန်ဆိုတာ ကိုယ်စိတ်ပူ၊ကြောင့်ကျတာ ဘုရားသိရင်တော်ပြီ၊ ဘာလုပ်ရတော့မလဲ... အဲဒီအကြောင်းကို ထပ်မပြောနဲ့။ မောရှေလည်း ခန္တာပြည်ဝင်ဖို့..ဘုရားသခင်ကပြောတယ်။ မ၀င်နဲ့တော့ ဆိုပေမဲ့ အသက်၁၂၀ ကျန်းမာရေးဒေါင်ဒေါင်မြည်ချိန် ခန္တာပြည်ဝင်ချင်လို့ ဘုရားသခင်က ထပ်မပြောနဲ့လို့ ဟန့်တားခဲ့ပါတယ်။ ၂ကော၁၂ ရှင်ပေါလု၊ အသားထဲကဆူး ..မာနတ်၏တမန်တည်းဟူသော ဆူး သူ့မှာရှိတယ်။ တချို့ကလည်း သူ့မှာရောဂါတခုခု ယူဆတယ်။ တချို့က မယူဆဘူး၊ ဧ၀ံဂေလိလုပ်ငန်းကြောင်း ခံစားရတဲ့ဒုက္ခလို့ ဆိုလိုတယ်။ ဘုရားသခင်က တော်ပြီ၊ ထပ်မပြောနဲ့၊ ရပ်လိုက်တော့ လို့ပြောတယ်။ ကိုယ်ပြောတော့ ကိုယ်သက်သာမယ် ထင်ပေမဲ့ ဘုရားဖက်က မသက်သာပါဘူး။ တစ်စုံတယောက် အကြောင်းအရာတခုကို ထပ်ခါတလဲလဲ ပြောနေရင် ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်လဲ။ မင်္ဂလာဆောင် စပျစ်ရည်ကုန်သွားတဲ့ကိစ္စ၊ ယောဟန်အခန်ကြီး၁ မှာ ယေရှုမိခင်က ပြောတယ်။ ချက်ချင်းသိပြီး အရှက်ကွဲတော့မယ်၊ ချက်ချင်းဝယ်လို့ရတဲ့အရာလည်း မဟုတ်ဘူး။ ယေရှုကို သူ့ရဲ့စိုးရိမ်ပူပန်မှုကို ပြောတဲ့အခါ ..အချင်းမိန်းမ၊ သင်သည်ငါနှင့်အဘယ်ဆိုင်သနည်း၊ ငါ့အချိန်မရောက်သေး ..ဟုဆိုပါတယ်။ တဖက်က ကြည့်ရင် ရိုင်းပါတယ်။ သူ့အမေကို ..အချင်းမိန်းမလို့ ခေါ်တယ်။ ကျမ်းစာဖတ်ပြီး ကိုယ့်အမေကို အချင်းမိန်းမ လို့ သွားပြောလို့ မသင့်၊မရပါ။ ယေရှုမှာ ဘုရားဇာတိနဲ့ ပြောခြင်းဖြစ်ပါတယ်။ မယ်တော်ဟာ ယေရှုကို နောက်တခါ ထပ်ပြောဖို့မရှိပါ။ ဘုရားကို ပြောပါ၊ နားထောင်ပါတယ်။ သိပ်မထပ်စေပါနဲ့။ လူတွေ ပြောတဲ့အတိုင်း၊ ခိုင်းတဲ့အတိုင်း ဘုရားကမလုပ်ပါ။ ဘုရားက သူ့အချိန်နဲ့သူလုပ်ပါတယ်။ လူလုံးဝ လုပ်မရတော့ဘူး၊ ဘုရားပဲလုပ်တော့မယ် ..ဆိုရင် သူ့ရဲ့အချိန်လိုတယ်။ ဘုရားဖန်ဆင်းထားတဲ့ စနစ်တွေကို ချိုးဖောက်ပြီး၊ သဘာဝတရားကို မှောက်ခုံမှောက်လှန် မလုပ်ပါ။ သူဆုံးဖြတ်မယ်။ ဘုရားကို အချိန်ပေးလိုက်ပါ။ Give Up ဆိုတာ ဒီတိုင်း၊ ရေစုန်ကိုမျောခိုင်းတာမဟုတ်ပါ။ ဘုရားကို အချိန်ပေးလိုက်ပါ။ ဘုရားလုပ်ပါလိမ့်မယ်..ဆိုတာ နားလည်စေချင်ပါတယ်။ ဘုရားလုပ်သွားတာ ကွက်တိဖြစ်ပါတယ်။ လက်ရှောင်လိုက်၊ ပါးစပ်ပိတ်ထားလိုက်။ ၃၇ခုမြောက် ဆာလံ၊ အငယ် ၇ခုမြောက် ထာဝရဘုရားရှေ့မှာငြိမ်ဝပ်စွာနေ၍ ကိုယ်တော်ကို ငံ့လင့်လော့။ ...တိုက်ခိုက်ရမဲ့အချိန်ရှိသလို..ဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေပြီး ငံ့လင့်ဆိုတာ၊ အိပ်ပျော်နေခိုင်းတာမဟုတ်ပါ။ ငြိမ်ငြိမ်လေး ထိုင်ပြီးကြည့်ပါ။ ဘုရားလုပ်တာကို တွေ့ရပါလိမ့်မယ်။ ၄၆ခုမြောက်သော ဆာလံ၊ အငယ်၁၀ ငြိမ်ဝပ်လျက် နေကြလော့။ ငါကားဘုရား သခင်ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။ ၁၁ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါတို့နှင့် အတူရှိတော်မူ၏။ ယာကုပ်၏ ဘုရားသခင်သည် ငါတို့ခိုလှုံရာ ဖြစ်တော်မူ၏။ ငြိမ်ဝပ်စွာနေလော့ ဆိုတာ ကိုယ်လဲငြိမ်၊ ပါးစပ်လည်းငြိမ်၊ အတွေးလည်းငြိမ်၊ အဲဒီလိုနေဖူးရင် တကယ့်အရသာ၊ တသက်လုံးနေချင်စိတ်ဖြစ်သွားမယ်။ တကယ်တော့ အဲဒီလိုမဖြစ်ဘူး၊ လှုပ်ကြွပြီး အကြောင်းအမျိုးမျိုးကြောင့် လူကငြိမ်နေရပေမဲ့ စိတ်ကမငြိမ်၊ ဘုရားလုပ်နေချိန်မှာ ကိုယ်က ၀င်ရှုတ်နေသလိုဖြစ်နေပါတယ်။ ဒါကြောင့် ငြိမ်ဝပ်စွာနေ၊ တိတ်တိတ်နေဆိုတာ သင်ယူရမှာဖြစ်တယ်။ ကျွန်တော်တို့ တွန်းထိုးရုန်းကန်ပြီးပြီပဲ။ မရတော့တဲ့အခါ လက်ကို အသာလေးဆုတ်လိုက်။ ဘုရားကို ကြိုးစားပြီး ဖက်တွယ်ထားတာ ကြာတော့ လက်အံသေလာတယ်။ ဘုရားက အကြီးကြီးပဲ။ ကျွန်တော်တို့လက်က သေးသေးလေး..ဘယ်ကြာကြာဖက်တွယ်ထားနိုင်ပါ့မလဲ။ လွှတ်လိုက်။ မကျတော့ဘူ။ ကိုယ်ကဘုရားကို ကိုင်ထားတာလား၊ ဘုရားက ကိုယ့်ကို ကိုင်ထားတာလာ။၊ ဘုရားက ကိုယ့်ကိုကိုင်ထားတာ သေချာပါတယ်။ Give Up ဆိုတာ ဘုရားလက်ထဲကိုပဲ ထည့်လိုက်။ ငြိမ်ဝပ်စွာနေထိုင်လိုက်ပါ။ ဘုရားသခင်က သူ့ဘုန်းတော်ထင်ရှားရေးအတွက် လုပ်ဆောင်နေပါတယ်။ တခါတလေမှာတော့ ကျွန်တော်တို့ဟာ ဓါးစာခံဖြစ်သွားနိုင်တယ်။ ဘုရားဘုန်းတော်ထင်ရှားဖို့ အသုံးချခံရတာတွေ ဖြစ်လာနိုင်ပါတယ်။ စိုးရိမ်၊ ပူပန်မှုနောက်ကို ကျွန်တော်တို့ ပါသွားခြင်းဟာ ဘုရားကို မယုံသလိုဖြစ်နေပါတယ်။ ဘုရားကို ယုံပါသလား၊ စိတ်ချပါသလား ..မေးရင်၊ ကျွန်တော်တို့ ပြုမူကျင့်ကြံနေတာ ဘုရားကို စိတ်မချသလိုဖြစ်နေပါတယ်။ တခါက လူတစ်ယောက်၊ ချောက်ကမ်းပါးတခုကို ကြိုးတန်းပြီး ကြိုးပေါ်လမ်းလျှောက်ပြတယ်။ နောက်တစ်ခါ လူတစ်ယောက်လောက် လေးတဲ့ပစ္စည်းကို ထမ်းပြီး ဟိုဘက်ကမ်းကို ကြိုးတန်းလမ်းလျှောက်ပြတယ်။ နောက် ကျွန်တော်လူတစ်ယောက်ကို ထမ်းပြီး တဖက်ကမ်းကို ကြိုးတန်းလမ်းလျှောက်ကူးနိုင်တယ်။ ယုံပါသလား..ဆိုတော့ ယုံပါတယ်။ ဘယ်သူလိုက်မလဲ ဆိုတော့ ..ယုံတော့ယုံပါတယ်။ ဒါပေမဲ့ ကျွန်တော်တော့ မလိုက်ဖူး ..လို့ပြောကြမယ်ဖြစ်ပါတယ်။ စိတ်မချဘူးပေါ့။ ကျွန်တော်တို့ ဘာကြောင့်ငြိမ်ငြိမ်မနေပဲ၊ တချိန်လုံးပြောနေတာလောက် စိတ်ပျက်စရာ မရှိပါဘူး။ ယုံတယ်၊ စိတ်ချတယ်၊ ကိုးစားတယ် ဆိုရင် ငြိမ်ငြိမ်လေးနေဖို့ဖြစ်ပါတယ်။ တကိုယ်လုံးငြိမ်၊ ပါးစပ်လည်းပိတ်ထား၊ အဲဒီအတွေ့အကြုံကို ခံစားကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ တော်တော်များများက တွန်းထိုးရုန်းကန်ရင်း ကြိုးစားနေကြပါတယ်။ ကွန်ပလိန်းများရှိနေကြပါတယ်။ အပ်နှံခြင်း ၃၇ခုမြောက်ဆာလံ အငယ်၅မှာ တွေ့ရသည်။ ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ကိုယ်တော်ကို ငံ့လင့်လော့၊၊ မိမိအမှု၌ အောင်တတ်သော သူ၊ မကောင်းသော အကြံအစည်တို့ကို ပြီးစီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်၊၊ အကြောင်းအရာတစ်ခုကို အပ်နှံတယ်ဆိုတာ ..ဥပမာ General Power ကိုယ်နားမလည်၊ မလုပ်နိုင်တဲ့အခါ ကျွမ်းကျင်စွာလုပ်ကိုင်တတ်သူကို လုပ်ပိုင်ခွင့်အားလုံး၊ လွှဲပြောင်းပေးလိုက်ပါ။ ဥပဒေအကျိုးဆောင်များကို အပ်နှင်းလိုက်တယ်..ဆိုရင် ကျွန်တော်တို့ ၀င်လုပ်နိုင်စရာအကြောင်း မရှိတော့ဘူး။ အခုတော့ ..အပ်လဲအပ်နှံထားတယ်။ လိုက်လုပ်နေသေးတယ်။ ရှုပ်နေသလိုဖြစ်နေတယ်။ အပ်ထားတယ်ဆိုရင် ငြိမ်ငြိမ်လေး နေလိုက်လေ။ ဘာလို့ဝင်ရှုပ်၊ ၀င်လုပ်နေသလဲ..။ အနန္ဒဘုရားရှင်ဆီကို ကိုးစားပြီး အပ်နှံလိုက်တာပဲ။ ဒါဆိုရင် ကျွန်တော်တို့ ၀င်လုပ်၊ ၀င်ရှုပ်စရာအကြောင်းမရှိတော့ဘူး။ နေ့စဉ်အသက်တာမှာ ကိစ္စအများကြီးရှိပါတယ်။ မိဘသားသမီး၊ အိမ်တောင်၊ ကျန်းမာရေး၊ ပညာရေး ပြသနာများကို မဖြေရှင်းတတ်ဘူးဆိုရင်၊ စိုးရိမ်စရာရှိတယ်။ သိတယ်။ ကြောင့်ကျတယ်။ ကျွန်တော်တို့ကိုယ်တိုင် လုပ်နိုင်သလား ဆိုတော့လည်း မလုပ်နိုင်ဘူး။ ဒီတော့ ထာဝရဘုရားသခင်ဆီ အပ်နှံလိုက်ပါ။ ဒိတော့ ဘုရားက ငြိမ်ငြိမ်လေးနေ၊ ဘုရားလုပ်ရမဲ့အပိုင်းကို ဘုရားကလုပ်သွားပါလိမ့်မယ်။ သားသမီးများကို ဆုံးမ၊သွန်သင်တဲ့အခါ ကျွမ်းကျင်ကြတာမဟုတ်ပါဘူး၊ ဒါပေမဲ့ .ပြောစရာအချက်အလက်နဲ့ ပြောရတယ်။ ဘုရားသခင်ကိုပဲ အပ်နှံထားလိုက်တယ်။ အငြိမ်မနေနိုင်ဘူး၊ ပြောချင်လာတယ်။ ငြိမ်ဝပ်စွာနေပြီး၊ နှုတ်ကိုပိတ်က ဘုရားသခင်လုပ်ဆောင်မှုကို ကြည့်နေဖို့ပါပဲ။ ဟေဇကိမင်းကြီးအကြောင်း စိတ်ဝင်စားစရာကောင်းပါတယ်။ ယေရုဆလင်မြို့ကို ရှုရိမင်း ၀ိုင်းရံတိုက်ခိုက်တဲ့ခဲ့ပါတယ်။ ဒီကနေ့တော့ ဒိလူမျိုးမရှိတော့ပါ။ ဘာဘုလုန်ခေတ်ထက် စောတယ်။ အဆီးရီးယန်းအင်ပါယာမြို့တော် ဟိုဘက်သည်ဖက် ၃ရက် လျှောက်ရတဲ့အထိ ကြီးကျယ်လှပြီး၊ တိုင်းနိုင်ငံများ သူတို့ခြေအောက်ရောက်ရတယ်။ အင်မတန် ရက်စက်ကြမ်းကြုတ်ပါတယ်။ သူတို့လက်အောက် မနေရင် မထားဘူး ဆိုတဲ့သဘောပါ။ ယေရုဆလင်ဆိုတာ သေးသေးလေးပါ။ အစ္စရေးလူမျိုးကို ရာဇသံလာပေးတယ်။ အညံ့ခံဖို့၊ ရာဇသံပေးတဲ့အခါ ဓမ္မရာဇ၀င် စတ္တုထစောင်၊ အခန်း၎၊ အငယ်၉-၁၀မှာ ..ဟေဇကိကို ပြောပါ။ သင်ကိုးစားသော ဘုရားက ရှင်ဘုရင်နဲ့ယေရုဆလင်မြို့ကို အာရှုရိလက်က ကယ်ပါလိမ့်မယ်..လို့ အလိမ်မခံရပါစေနဲ့..ဆိုတဲ့ ရာဇသံ ..ချွင်းချက်မရှိအညံ့ခံဖို့၊ စောစောစီးစီး အညံ့ခံရင် သက်သာမယ်။ ယှဉ်တိုက်လဲ ရစရာအကြောင်းမရှိ...ဟေဇကိမင်းဟာ ရာဇသံကို ဗိမာန်တော်ထဲကို ယူသွားပြီး ..ဘုရားသခင်၊ ဒီလိုပြောပါတယ်။ သူ့ ဆုတောင်းပဌနာပါ ပါတယ်။ အရမ်းကောင်းတယ်။ ဘုရားကို အကြွင်းမဲ့ရှာတယ်လို့ ခေါ်တယ်။ ဘုရားသခင်ရဲ့ လက်တော်ရဲ့ အကြွင်းမဲ့ကိုးစားခြင်း ဖြစ်ပါတယ်။ ငါ့အင်အား ဘယ်လောက်ရှိသလဲ ..ပြန်တိုက်ဖို့ စီစဉ်မှုတွေ လုံးဝမလုပ်တော့ပဲ အကုန်ရပ်လိုက်တော့တယ်။ ဘာမှလှုပ်ရှာမှုမရှိတော့။ လှုပ်ရှားလို့လဲ နိုင်မှာမဟုတ်... အပိုတွေမလုပ်နဲ့။ (ကျွန်တော်တို့ ဒီကနေ့ စိုးရိမ်ပူပန်မှုကြောင့်အကျိုးမရှိတဲ့ အပိုအလုပ်တွေ၊ အပြောတွေ လုပ်နေသလား)။ အဲဒီညမှာပဲ ရန်သူတပ်သားတွေ အသေကောင်ဖြစ်သွားကြတယ်။ ဟေဇကိရဲ့ တုန့်ပြန်မှုဟာ သိပ်လှပါတယ်။ သူ့ကိုပေးတဲ့ ရာဇသံကို ဘုရားထံသွားပေးပစ်လိုက်တယ်။ အကြွင်းမဲ့ ခိုလှုံခြင်း၊ ကိုးစားခြင်း၊ ငြိမ်ဝပ်စွာနေခြင်း အကောင်းဆုံးဥပမာတစ်ခုပါ။ သမ္မာကျမ်းစာမှာ ဒီလိုအဖြစ်ပျက် များစွာရှိပါတယ်။ မောရှော ပင်လယ်၂ခြမ်းကွဲပြီး လွတ်မြောက်ခြင်း၊ နောက်ကလိုက်လာတဲ့ အဲဂုတ္တုတပ်ကြီး ပင်လယ်ထဲရောက်သွားခြင်း.. စတဲ့ အကြောင်းအရာများစွာရှိပါတယ်။ သူ့ရဲ့သဘောက ဒီအတိုင်းရှိမယ်။ လှုပ်ရှားရမဲ့အချိန်၊ တိုက်ရမဲ့အချိန် ရှိသလို၊ ငြိမ်ဝပ်စွာ၊တိတ်ဆိတ်စွာနေပြီး ဘုရားလုပ်တာကို ငံလင့်ရမဲ့အချိန်လဲရှိပါတယ်။ လူမျိုးတွေ ငါ့ဘုန်းပွင့်ပြီဆိုတဲ့ အတိုင်း ဟေဇကိမင်းရဲ့ ရန်သူ၂သိန်းလောက် ..တညတည်းမှာပဲ ဖြေရှင်းပြီးဖြစ်သွားတယ်။ ကျွန်တော်တို့ ဘာကို သင်ယူရမလဲ .. အပ်နှံပြီးတော၊ ငြိမ်ဝပ်စွာနေပြီး၊ ချီးမွမ်းနေဖို့ပါ။ ဘုရားကို အပ်နှံပြီး ထပ်တလဲလဲ ဘုရားကို စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ဖို့ဖြစ်ပါတယ်။ ချီးမွမ်းနေရပါတယ်။ ဘုရားက လုပ်နေပြီဆိုပြီး ချီးမွမ်းနေဖို့ဖြစ်ပါတယ်။ End Message 01July2012

Comments