အကောင်းဆုံးကို မျှော်လင့်ပါ။ HOPE FOR THE BEST - REV.DAVID.LAH ငွေကြေး

အကောင်းဆုံးကို မျှော်လင့်ပါ။ HOPE FOR THE BEST - REV.DAVID.LAH
ငွေကြေး
အကြွေးကျေဖို့ဆုတောင်းတဲ့လူ၊ ဆုတောင်းခံတဲ့လူတွေ အများကြီးရှိပါတယ်။ ဘုရားသခင်က ကျိုးပဲ့ကျေမွသောနှလုံးသားနဲ့ နောင်တရပြီး၊ ယေရှုထံပြန်လာသူကို အမြဲလက်ခံပါတယ်။ ဆုတောင်းချက်ကို နားညောင်းပါတယ်။
ဆုတောင်းရင် ..ဆုံးဖြက်ချက်ချရပါတယ်။ ဒီတခါအကြွေးကျေသွားရင် ...နောက်တခါဘယ်တော့မှ..အကြွေးမယူတော့ဘူး။ ငတ်ပြတ်ဒုက္ခရောက်သွားပါစေတော့..သူများဆီက အကြွေးဘယ်တော့မှ ထပ်မယူတော့ပါဘူး..လို့ ဆုံးဖြတ်ချက်၊ ခိုင်မာစွာချနိုင်ရင်..အကြွေးကျေပြီး၊ တကယ်လဲ နောက်တခါ အကြွေးမတင်တော့ပါဘူး။
ငါ့အကြွေးတွေ ကျေပါစေ...လို့ ဘုရားကျောင်းမှာဆုတောင်း၊ ဆရာတွေလာတိုင်း အလှုငွေပေး..ဆုတောင်းချက်တင်... ကျေးဇူးတော်ကြောင့်၊ပိုက်ဆံတွေ ရလာပြီး၊..အကြွေးတော့ ကျေကောင်းကျေသွားပါမယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်မရှိ၊ မပြတ်သားတော့..နောက်တနှစ်လောက်ကြာတဲ့အခါ အကြွေးတွေ ထပ်တင်လာပြန်တယ်။ အဲဒီလို မဖြစ်သင့်ပါဘူး။ တခါဖြစ်ဘူးရင်လဲ ..နောက်တခါ ကြိုးပဲကြွေမွတဲ့စိတ်နဲ့ ထပ်မံဆုတောင်းရင်.. ဘုရားကောင်းကြီးပေးပါသေးတယ်။ ဒီလို ...ကောင်းကြီးတွေ ရပြီး၊ လောကမှာ ငွေကြွေးဖိစီးမှုကို အဆက်မပြတ်ခံစားနေရသူတွေ ရှိပါတယ်။ မလွတ်မြောက်နိုင်ပါဘူး။

ငွေကြေး၊... အကြွေးဖိစီးမှုက လွတ်မြောက်နိုင်တဲ့နည်းလမ်းကတော့ ..ဆုံးဖြတ်ချက်တခု.. နောက်ကိုဘယ်တော့မှ အကြွေးမယူတော့ပါဘူး... ဆိုတဲ့ ဆုံးဖြတ်ချက်၊ ဂတိတစ်ခုတော့ ဘုရားနဲ့မှန်ကန်ဖို့၊ လိုပါတယ်။
.
ဆန္ဒရှိယုံနဲ့ မရပါဘး။ ဆုံးဖြတ်ချက်ချဖို့ လိုပါတယ်။

. ငွေကြေးနဲ့ပါတ်သက်ပြီး၊ ငွေရလာရင် ဘာလုပ်မလဲ မေးခွန်းကို ကျမ်းစာနဲ့အညီ တိုးပွားအောင်လုပ်မယ် ဖြေပါတယ်။ အမှန်က ဘုရားပိုင်တဲ့ပိုက်ဆံ... ဆယ်ဖို့တစ်ဖို့ပေးပစ်လိုက်ဖို့ဖြစ်ပါတယ်။ လူများစွာက ဆယ်ဖို့တစ်ဖို့ ဖယ်လိုက်ဖို့တော့ ဦးစွာသတိရကြတယ်.. ဒါပေမဲ့ ဘယ်လို့ပေးရမယ်ဆိုတာ.. ဆုံးဖြတ်ချက်မပြတ်သားပါဘူး။ ကိုယ်နည်းကိုယ့်ဟန်နဲ့ ..ဆုတောင်းပြီး၊ စိတ်အလိုဆန္ဒအတိုင်း ဆယ်ဖို့တစ်ဖို့ငွေကို သုံးကြတယ်။ ပေးကြပါတယ်။ တစ်ချို့ မိဘကိုပေးတယ်။ မိဘက ကိုယ်ကို ဝိညာဉ်ခွန်အားပေး၊ ဆုတောင်းပေး၊ ဖုန်းအမြဲဆက်ပြီး ဘုရားကိုနံပတ်တစ် ထားဖို့အားပေးတတ်တဲ့ မိဘာများအတွက် ဆယ်ဖို့တစ်ဖို့ ပေးချင်ပေးနိုင်ပေမဲ့...တကယ်တော့၊ ဆယ်ဖို့တစ်ဖို့ဆိုတာ ..အသင်းတော်ကို ပေးတာ အမှန်ကန်ဆုံး၊ ကျမ်းစာနဲ့အညီဆုံးပါ။
.
ကိုယ်ကို ဝိညာဉ်ခွန်အားပေးတဲ့ အသင်းတော်ကို ဆုံးဖြတ်ချက်ချပြီးပေးရမယ်။ ကိုယ်တက်တဲ့အသင်းတော်ကို ပေးလိုက်တာအကောင်းဆုံးပါ။ ကိုယ့်ကိုဝိညာဉ်ခွန်အားပေးတဲ့ ဥပမာ အမ်စီအေ အသင်းတော်ကို ပေးမယ်ဆိုရင်လဲ၊ ကျွန်တော်လည်း ကနေဒါမှာနေပေမဲ့ ခွန်အားရတဲ့ အမ်စီအေအသင်းတော်ကို ပေးပါတယ်။ အပြောကောင်းပြီး၊ အလှုငွေကောက်ခံလာတိုင်း အီမိုးရှင်းနဲ့ခဏတာထိတွေ့ပြီး ပေးတာမျိုးတွေ ရှိတတ်၊ ဖြစ်တတ်ပါတယ်။ ကိုယ့်ကို ထိတွေ့တဲ့ ဝိညာဉ်ခွန်အားပေးတဲ့ အသင်းတော်ကို ပေးလိုက်တာ အကောာင်းဆုံးပါ။
.
လူမှုရေးအရ အားနာပြီး ဘုရားကျောင်းကို လာတာမျိုးလဲ မလုပ်ပါနဲ့။ ဆရာပီတာနဲ့ ရင်းနှီးလို့၊ အားနာလို့၊ ခေါ်လို့ လာရတာမျိုး ..ဖြစ်နေရင်လဲ ဒါမျိုးဟာ Family Business လုပ်သလိုဖြစ်နေပါတယ်။ အိန္နိယနိုင်ငံမှာ ခရစ်ယာန်သာသနာ ဘာကြောင့် မထွန်းကားသလဲဆိုတာ့ မိသားစုလုပ်ငန်းလို လုပ်ကိုင်လို့ဖြစ်ပါတယ်။ စီးပွားရေးမျာ အဖေစီးပွားရေးကို သားကပြန်လုပ်၊ မြေးကဆက်လုပ်.. မိသားစုစီးပွားရေးလုပ်ငန်းမျိုးတွေ အိန္နိယမှာ ရှိပါတယ်။ ခရစ်တော်အလုပ်ကို ဒီလိုလုပ်ရင် မကြီးပွား၊ မတိုးပွားနိုင်ပါဘူး။

မြန်မာပြည် ကွန်ဖရင့်တစ်ခုမှာ ဆရာကြီးတွေ အများကြီးနဲ့ ဒေဗစ်လား၊ ငယ်ရွယ်ပေမဲ့ ကျေးဇူးတော်ကြောင့် တက်ရောက်ခွင့်၊ နားထောင်ခွင့် ရခဲ့ပါတယ်။ ဘာတွေများ ဆွေးနွေးကြသလဲလို့ နားထောင်ကြည့်တော့ အမှုဆောင်သားသမီးတွေ ၊ အမှုဆောင်ပြန်ဖြစ်ဖို့ ဘယ်လိုလုပ်ရမလဲ..ဆိုတာ ဆွေးနွေးကြတယ်။ မှားတယ်လို့ ခံယူပါတယ်။
.
ဧလိယ နဲ့ ဧလိရှဲ အမျိုးမတော်ပါဘူး။
မောရှေနဲ့ယောရှု အမျိုးမတော်ပါဘူး၊
ရှင်မွေလနဲ့ဒါဝတ် အမျိုးမတော်ပါဘူး။ သူ့နေရာကို ဆက်ခံဖို့ အမျိုးတော်စရာမလိုပါဘူး။ ဒါမျိုးမှ ဘုရားသခင်အမှုတော်ကို ရွေးကောက်ခြင်းဖြစ်ပါတယ်။ ထွန်းလင်းစေပါတယ်။
.
သင်ရှိတဲ့နေရာမှ အလင်းလင်းနေဖို့ဖြစ်ပါတယ်။
.
ဒီခေတ်ကာလမှာ အမှုဆောင်ဖြစ်မှ ဘုရားအလုပ်လုပ်တာမျိုး မရှိတော့ပါဘူး။ စီးပွားရေးလုပ်ရင်း အမှုဆောင်နိုင်ရပါမယ်။ ဆရာဝန်လုပ်ရင်း၊ သူနာပြုလုပ်ရင်း ..အမှုတော်ဆောင်နိုင်ရပါမယ်။ Brighten the conor where you are ... ဆိုတဲ့အတိုင်း သင်ရှိတဲ့နေရာမှာ အလင်းလင်းနေဖို့ ဖြစ်ပါတယ်။ အသက်ရှင်နေတုံးမှာပဲ ကိုယ့်ကို တကယ် ကယ်တင်တဲ့ ၊ ငါတို့အပြစ်အတွေက် ယေရှုအသေခံသွားတယ်။ အဲဒီယေရှုကို ငါယုံကြည်တယ်.. ဆိုတဲ့အကြောင်း ..ပြောပါ။
.
ခန္တာသေခြင်းနဲ့ ထာဝရသေခြင်း ၂မျိုးရှိပါတယ်။ ခန္တာကတော့ သေသွားပေမဲ့.. ထာဝရသေခြင်းဆိုတဲ့ ငရဲကို မရောက်ဖို့ လူတွေကို ကယ်တင်ခြင်းတရား၊ ဟောပြောရပါမယ်။

ဒါကြောင့်..
၁။ မိမိကို ထားတဲ့နေရာမှာ ဘယ်နေရာပဲရှိပါစေ၊ အကောင်းဆုံးကို မျှော်လင့်ပါ။ Hope for the best. ဥပမာ.. အသက်၄၀ပြည်လဲ အိမ်ထောင်ကောင်း၊ ကျဖို့ မျှော်လင့်ချက်ထားပါ။ (ရယ်စရာ)
၂။ အဆိုးဆုံးကိုလဲ ရင်ဆိုင်ဖို့ ပြင်ထားပါ။ Prepare for the worst. အိမ်ထောင်မကျသေးရင်လဲ ဘုရားအလိုတော်ကို လက်ခံပါ။ အဆိုးဆုံးကတော့ ခရစ်တော်ကိုယ်တိင် ခံယူသွားတဲ့ လက်ဝါးကပ်တိုင်ပဲ။ အဲဒီထက် ဆိုးတာမရှိတော့ပါဘူး။ ယေရှုကိုယ်တိုင် ဤခွက်ကို လွန်သွားနိုင်ရင် လွန်ပါစေ ..ဆုတောင်းပေမဲ့၊ အလိုတော်ကို ကားတိုင်တက်ဖို့ ..ဖြစ်လို့ ..အဆိုးဆုံးကို ခံယူသွားတယ်။ အဲဒီ အဆိုးဆုံးကို ကျော်လွန်သွားတဲ့အခါ ..ထာဝရအသက်ရတယ်။ ၃ရက်မြောက်တဲ့နေ့မျာ .. ရှင်ပြန်ထမြောက်ခြင်းကို ရတယ်။ အသက်ပြန်ရှင်တဲ့ ယေရှုရဲ့ ပုံသက်သေရှိပါတယ်။ အဆိုးဆုံးကို ခံဖို့ ပြင်ဆင်ထားပါ။
၃။ အကောင်းဆုံးကို လုပ်ဆာင်ပါ။ Do your best..ရောက်တဲ့နေရာ၊ ရှိတဲ့နေရာမှာ စိတ်ပျက်၊ ပျင်းယိ၊ တွေဝေမနေပဲ ကိုယ်လုပ်ရမဲ့အလုပ်ကို .. အကောင်းဆုံးလုပ်ဆောင်ပါ။ ဝင်ငွေမရှိ၊ အလုပ်မရှိ ဖြစ်နေလဲ၊ အကြွေးတွေ တင်နေလဲ.. ဘုရားကို နံပါတ်တစ်၊ ဘုရားကို စွဲမြဲဆပ်ကပ်ပါ။ ဒူးထောက်ဆုတောင်းပါ။ လုပ်စရာတွေ ပေါ်လာပါလိမ့်မယ်။ ဘုရားမတတ်နိုင်တာ မရှိပါဘူး။ လူတွေကတော့ .. အားကိုးရင်.. ပိုပြီးခက်ခဲလာတတ်ပါတယ်။ ဘုရားကို အားကိုးပြီး အကောင်းဆုံး လုပ်ဆောင်ပါ...
အားလုံးကို ဘုရားသခင်ကောင်းကြီးပေးပါစေ...
*******
သက်သေခံချက်။ မယုံကြည်သူ အမျိုးသမီးတစ်ဦး မမာလာ.. သက်သေခံ ပြောဆိုပါတယ်။ ၃ကြိမ်တိုင် သားပျက်ကျခဲ့ပါတယ်။ miscarriage ဖြစ်ပြီး၊ ဗိုက်အောင့်.. အသားရေခမ်းခြောက်၊ အားနည်းပြီး စိန့်ဖရန်စစ် ဆေးရုံမှာ ဝမ်းနည်းစွာနဲ့ ကုသ၊ ဆေးစစ်ခံပါတယ်။ အမေရိကားရောက်ပြီး ၃နှစ်ကြာတဲ့အချိန် .. ဖြစ်ခဲ့ပြီး၊ ခင်ပွန်းသည်က ဆရာဒေဗစ်လား တရားဟောတဲ့ဆီ ခေါ်သွားပါတယ်။ ၂ရက်နားထောင်ပြီး၊ ၃ရက်မြောက်နေ့မှာ ... ရှေ့ထွက်၊ ဆုတောင်းခံဖို့ဖြစ်လာပါတယ်။ ဘယ်ဖက်ရင်ဖတ်နာတဲ့ သူမ .. ဝမ်းမြောက်စွာနဲ့ အိမ်ပြန်လာခဲ့ပါတယ်။ ဘုရားကို ဘယ်လိုဆက်ကပ်ရမယ် သိလာပါတယ်။ ကျိုးပဲကျေမွတဲ့ နှလုံးသားနဲ့ ကိုယ့်အပြစ်တွေကို ဝန်ခံ၊ မိမိကို ကယ်တင်တဲ့ ကယ်တင်ရှင် ခရစ်တော်ကို လက်ခံခဲ့ပါတယ်။ ရောဂါတွေလဲ ပျောက်ကင်းသက်သာခွင့် ခံစားရကြောင်း မျက်ရည်နဲ့ သက်သေခံသွားပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်အမျိုးသားတစ်ဦးက ကူညီ ဘာသာပြန် ပြောပြပေးခဲ့ပါတယ်။

Comments
Post a Comment