ဘုန်းကြီးသော လက်ရုံးတော် နှင့် သခင်ယေရှုသည် အနာရောဂါ အမျိုးမျိုးကို ငြိမ်းတော်မူ၏ - ကြည်ကြည်ဋ္ဌေး U.S.A.

ယနေ့က ၂၀၁၄ ခုနှစ် ဧပြီလ (၁၀)ရက်နေ့ပါ နေ့စွဲကိုစရေးတာက ယနေ့ရဲ့ အသစ်သော နေရောင်ခြည်ကို မြင်တွေ့ခွင့်ရတာက ဘုရားရှင်ပေးတဲ့ဂရုဏာတော်ကြောင့်ပါ။
.
ကျွန်မ ဧပြီ (၄) မှာစပြီး ခြေထောက်(၂)ဖက်စလုံးရောင်နေပါတယ် နောက် ဘယ်ဘက်ရင်အုံစနာ နေပါပြီ စနေ တနင်္ဂနွေက အအေးတအားကျနေပါတယ် နောက်သ္မီးငယ်က အမေအပြင်မထွက်နဲ့ Hollen တွေကျလာပြီ နှစ်တိုင်းဆေးရုံရောက်တယ် ထင်းရှုးပွင့် ၀တ်ဆံအ၀ါမှုန့်တွေရယ် ပင်လုံး ကျွတ်ပွင့်တဲ့ချယ်ရီပန်း ဖြူဖြူရဲ့ ၀တ်ဆံမှုန့်တွေက မတဲ့တဲ့သူကို သွေးအဆိပ်သင့်စေပါတယ်။
.
အပါးက “ဟေ့-နင့်အမေ Wendy က သူ့မြေးနဲ့နေပူလို့ဆိုပြိး ခြံထဲမှာ တနေ့လုံးကစားနေကြ တာလေ” အဲဒါကြောင့်နေမှာပါ ခြေတွေရော မျက်နှာရော ဖေါရောင်နေတာဆိုပြီး ကျွန်မကို အခန်းထဲပြန်ထဲ့ထားပါတယ် သက်သာ တာက Flue ဆေးတနှစ်စာ ကာကွယ်ဆေးထိုးပေးထား တာရယ် Fluticasone Propionate Nasal Spray ကိုတနေ့ (၂) ခါရှု နေရလို့ သက်သာရာရပါ တယ် ဒါပေမဲ့။
.
Tuesday မှာ Home Nurse ဂျဲမီ ကအိမ်လာပါတယ် သောက်ဆေးတွေစစ် နေ့စဉ်သောက်တဲ့ Box ထဲထည့်ပေး လိုတဲ့ဆေးကို order မှာပါတယ် ဒါကအပါတ်စဉ် လာလုပ်တာပါ အဲဒီနေ့ က တော့ သူက နှင့်ကြည့်ရတာငါမပျော်ဘူး တခုခုမှားနေတယ်ဆိုပြီး ၁နာရီခွဲကြာ ကျွန်မနဲ့ နေပါ တယ် သွေးပေါင်ချိန် ဆီးချိုစစ် အောက်စီဂျင်တိုင်းပြီး လက်ကောက်ဝတ်မှာ သွေးစမ်းတော့ စမ်းမရဘူး ဖြစ်နေတယ် ဒါနဲ့ နင်ကို ဆေးရုံပို့မယ်လုပ်တော့ ကျွန်မက ငါမသွားချင်ဘူးပြောတယ်။
သူက နင်တအားနာလာယင် ဘာလုပ်လဲ ငါလား Bible ဖတ်တယ် ပြီးယင် Jesus ဆီမှာ ဆုတောင်းပြီးနေတာပေါ့လို့ ပြန်ဖြေလိုက်တော့ ငါပြန်ပြီဆိုပြန်သွားပါတယ် ညနေ (၆) နာရီကျော်ပြီ။ အဲ ကြာသပတေးနေ့မှာ ကျတော့ ဂျင်မီပြဿနာရှာပါပြီ ဆေးရုံမှာ သူသတင်းမေးတော့ မလာဘူး ဆိုတော့ Family Doctor ကိုခေါ်ပြီးပြောတော့ phone ခေါ်လာပါတယ် ဆေးရုံသွားပါပေါ့ နောက် ညနေကျတော့တခါ Heart Center Nurse ကခေါ်လာပါတယ် အင်မာဂျင်ဆီ ဆေးရုံသွားပါတဲ့ နောက်တော့ နှလုံးကုဆရာဝန် Dr မဟာ က ခေါ်လာပါတယ် နင်နှလုံးနာနေတယ်လို့ နင့် Nurse ကပြောတယ် ခုပဲ လူနာတင်ယာဉ် လွှတ် လိုက်မယ် အရေးပေါ်သွားပါပေါ့ ညကျငါလာကြည့်မယ်တဲ့ ကျွန်မက ငါဘာသာသွား မယ်လို့ဖြေလိုက်တယ် အဲ့ဒါနဲ့ အစောက နေစရာမရှိတော့ဘူး။
.
ခုပဲ ဆေးရုံသွားရအောင် ငါလိုက်ပို့မယ် ကဲသောက်တဲ့ဆေး ထိုးတဲ့ဆေးတွေယူ ကားပေါ်တင် ပေါ့ မသွားဘူးဆိုတော့ သူ့မြေးကြီးကို လှမ်းခေါ်ပြီး အကူအညီတောင်းတယ် တခါကျွန်မငြင်း တော့ သူ့အမေ (သ္မီးကြီး) ရောက်ချလာပြီး ဆေးရုံသွားမယ်ပေါ့။
.
ကျွန်မက မသွားချင်ပါဘူး ဆရာကြီး ဦးတင်မောင်ထွန်းက ဟောတဲ့တရားထဲမှာ ဆေးရုံလဲအားမကိုးနဲ့ ဆေးတွေလဲအားမကိုးနဲ့ ဆရာဝန်လဲအားမကိုးနဲ့ တဲ့ ဘုရားသခင်ကိုပဲအားကိုးပါတဲ့ ဒါကြောင့် ငါခု ဘုရားပဲအားကိုးမယ် ဆေးရုံမသွားတော့ဘူး လိုဆိုပြီး လုံးဝမသွားပါဘူး။
.
မြေးကြီး ဖုန်းထပ်ခေါ်ပြီး အဖီးရယ် ဘုရားလဲအားကိုးပါ ဆရာဝန်လဲအားကိုးပါ ( ၂ )ခု အားကိုးတော့ ပိုကောင်းတာပေါ့တဲ့ ကျွန်မက “ဘုရား” တခုပဲအားကိုးမယ် အဲဒါငါ့ဆုံးဖြတ်ချက်ပဲ သေခြင်းတရားက လူတိုင်းရင်ဆိုင်ရမယ် ငါအိမ်မှာပဲနေမယ် သေမယ်။
.
ဘုရားသနားလို့ လူဘ၀မှာဆက်နေခိုင်းလဲ ငါဆက်နေမယ် လုံးဝဆေးရုံမသွားဘူး ဆိုပြီး အိမ်မှာ ပဲနေပါတယ် ညကြတော့ ဒါနဲ့ကျမ်းစာက ဖတ်လက်စ တရားဟောရာကျမ်း အခန်းကြီး ( ၄ ) ကိုရောက်နေတဲ့ စာမျက်နှာကနေစဖတ်ပါတယ် ဖတ်နေရင်းနဲ့ ရင်ဘတ် တခုလုံး နာပါတယ် တနေ ရာက ဓါးနဲ့ထိုးနေသလိုပါဘဲ ဘယ်ဖက်ခြမ်းတခုလုံးနာနေတာပါ။
.
ဒါနဲ့ ဆုတောင်းဆက်ကပ်ပါတယ် လုပ်ချင်တာလေးတွေ ရှိသေးတယ် ခေါ်တော်မူမယ်ဆိုလဲ အများကြီး မခံနိုင်အောင်မနာပဲနဲ့ ၀ိညာဉ်ချုပ်ငြိမ်းပါရစေ ကျွန်မရဲ့လက်တွေကို ကောင်းကင်တမန် တွေ လာချုပ်ထားပေးပါလို့ အသနားခံပါတယ်။
.
ဖတ်ယင်းနဲ့ တရားဟောရာကျမ်း ( ၇း၁၅)မှာ ထာဝရဘုရားသည်လည်း အနာရောဂါရှိသမျှ တို့ကို သင်ဆီက ဖယ်ရှား၍ သင်သိသော အဲဂုတ္တ ပြည်၏ အနာဆိုးကို သင်၌စွဲတော်မမူ သင့်ကိုမုန်းသောသူအပေါင်း တို့၌ စွဲစေတော်မူမည်။ ဆိုတဲ့ကျမ်းချက်ကိုတွေ့ရပါတယ်။
.
အဲဒီမှာ အားရှိသွားပါတယ် ဆုတောင်းလိုက် ကျမ်းဖတ်လိုက်နဲ့ နှစ်များစွာရှာဖွေနေတဲ့အဖြေတခု ကိုပါ သိလိုက်ရပါတယ် ကျမ်းစာကို နှစ်ပေါင်း ( ၂၆ )နှစ်အတွင်းမှာ အခါခါ အကြိမ်များစွာ ဖတ်ခဲ့ ပါတယ် ဖတ်ပြီးတိုင်းစဉ်စားကြည့်မိတယ် ဘာလဲဆိုတာကိုသိချင်မိတာပါ။
.
အဲဒါက ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ( ၂၄ ) အခန်းငယ် (၁၅)မှာပါ ( ၂၄း၁၅) ထိုကြောင့် ပရောဖက် ဒံယေလ ဟောသည့်အတိုင်း ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် သန့်ရှင်းသော အရပ်ဋ္ဌာန၌ စိုက်နေသည်ကိုသင်တို့မြင်ရလျှင်ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ (၁၆) ထိုသို့မြင်ရလျှင် (အခန်းငယ် ၁၆ မှ ၂၂) ကိုဆက်ဖတ်လျှင် တွေ့ရမှာ သိရ မှာပါ အဲဒီ ကျမ်းချက်ကို ကျွန်မဖတ်တိုင်း စဉ်စားနေခဲ့မိတာပါ။
.
ဒီနေ့ညကျမှ ဖတ်ယင်းနဲ့ ကျော်သွားပြီးမှ စိတ်ထဲက ပြန်ဖတ်ကြည့်တော့ တရားဟောရာကျမ်း အခန်းကြီး ( ၇း၂၅-၂၆)မှာတာက ( ၂၅ ) သူတို့ထုသော ရုပ်တု ဆင်းတု ဘုရားများကို မီးရှို့ရ မည် ရုပ်တု ဆင်းတု၌ ပါသော ရွှေငွေကို မတပ်မက်ရ မသိမ်းမယူရ ယူလျှင် အပြစ်ရောက်မည် ဟု စိုးရိမ်စရာရှိ၏ သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွှံရှာတော်မူ၏။
( ၂၆ ) စက်ဆုပ်ရွှံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့မသွင်းရ သွင်းလျှင် သင်သည် ထိုအရာကဲ့ သို့ ကျိန်အပ်သောအရာဖြစ်မည်ဟု စိုးရိမ်စရာရှိ၏ ထိုသို့သောအရာကို သင်သည်အကြွမ်းမဲ့စက် ဆုပ်ရွှံရှာရမည် ကျိန်အပ်သောအရာပင်ဖြစ်ပေ၏။
.
ဟိတ္တိလူ ဂိရဂါရှိလူ အာမောရိလူ ခါနာနိလူ ဖေရဇိလူ ဟိဝိလူ ယေဗုသိလူတည်းဟူသော လူမျိုး ( ၇ )မျိုးရဲ့ အရုပ်တွေကို မပါတ်သက်ဖို့ မိန့်တော်မူချက်ပါ။
.
ကျွန်မဘာမှ ဆွေးနွေးစရာမရှိပါ အဓိပ္ပါယ်ဖေါ်ပြီးလဲ တွေးတောမနေပါ အနက်လဲမဖွင့်ချင်ပါ ဒီကျမ်းချက် ( ၂ )ခုဆက်စပ်လို့ဖတ်ရတာလဲကောင်းပါတယ်။ အိမ်ထောင်မိသားစုရှိ သားသ္မီး မြေး များကိုဖတ်ပြပြီး ဆုံးမရတာက ကျွန်မအတွက်အမြတ်ပါ။
.
အဲဒီမှာ “အားကြီးသော လက်ရုံးတော်ကို ဆန့်တော်မူသော ဘုရားသခင်၏ ရွှေလက်တော်” ကို ကျွန်မ တညဉ့်လုံး ကိုင်စွဲထားခြင်းဖြင့် ရောဂါဝေဒနာ၏ ခံစားရခြင်းမှ ပျောက်ကင်း ရပါလို၏ လို့ ဆုတောင်းပြီး ပဋ္ဌာနာတော် (၇)ခေါက် ရွတ်ပြီး အိပ်ခဲ့ပါတယ်။ ရင်ထဲကနာလေ ရွှေလက်တော်ကို စိတ်နဲ့ တောင့်တနေခဲ့မိပါတယ် အံ့သြဘွယ်သော အမှုကို ဘုရားရှင်ပြုပါတယ်။
.
အဲဒါ မနက်၃း၃၀မှာ ကျွန်မထတော့ ဘာမှ နာကျင်မှု မခံစားရတော့ပါဘူး ကြွက်သားတွေတော့ တင်းကျန်နေပါသေးတယ် ဒါနဲ့ ဒီမနက် (၁၀)နာရီမှာတော့ ဒီသက်သေခံချက်ကိုရေးခဲ့တာပါ။
မနေ့က J.B.C.S မှာ နားထောင်ခဲ့ရတဲ့ မချယ်ရီ ရဲ့ ဂျပန်ပြည် ဆူနာမီ ခံစားချက်ရယ် ဆရာဘုတ် ရဲ့ Sunday တရားတော်ရယ်ကို ကြားနာပြီး
.
ဘုရားရှင်ပေါ်ပိုမိုအားကိုးတတ်လာတာပါ ခြေထောက်နာနေလဲ ၀တ္တရားမပျက်တဲ့ ဆရာဘုတ်က ကျွန်မရဲ့ တဦးတည်းသော ဆရာသမားကြီးပါ ၊ ဆရာမျိုးသူက ကျမ်းစာဆရာပါ ၊ ကိုချိုကြီးက အားနည်းနေတဲ့ ကျွန်မကို အားပေးကူညီသူ ဓမ္မမိတ်ဆွေကောင်းကြီးပါ၊ “ယေရှုကျွန်ုပ်ခေါ်သံ” နဲ့အတူ J.B.C.S ကိုကျေးဇူးတင်ပါတယ်။ ဆရာတော်ဘုတ်ရဲ့ သာဿနာခရီးစဉ်တွေနားထောင်ပြီး ခွန်အားရ အသက်ရှင်ခွင့် ရနေသလို အတူတူလိုက်ပါခွင့် ရပါစေလို့ ငိုယင်းဆုတောင်းနေမိပါတယ် ဆေးရုံမသွားတာ ၂၀၁၃ ခုနှစ် နိုဝင်ဘာကနေ ကနေ့ထိပါ (၅)လရှိပါပြီ။
.
ကျွန်မလဲ ယာကုပ်ကြီးဆုတောင်းသလိုပဲ ငါ့ အဘ အာဗြဟံနှင့် ဣဇက် ကိုးကွယ်သော ဘုရားသခင် “ငါ့ကိုတသက်လုံး ယနေ့တိုင်အောင် ကျွေးတော်မူသောဘုရားသခင်တည်း” ဟူသော ငါ့ကို ခပ်သိမ်းသောဘေးဒါဏ်အထဲက ကယ်နှုတ်တော်မူသော ကောင်းကင်တမန်သည် ဆရာတော် Saw Augustus မှစ၍ အသင်းသူ အသင်းသား မိသားစုဝင်များ J.B.C.S အားလုံး အပေါ်သို့ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကိုပေးတော်မူပါစေသော် ဘုရားသခင်ထာဝရဘုရား ၏ ထံတော်က ဂုဏ်ကျေးဇူးတော်ကြောင့် ပို၍ ပို၍ မြန်ပြည်သာဿနာကို ကြီးထွားအောင် ပြုစု စောင့်ရှောက်နိုင်ပါစေ ပျိုးထောင်နိုင်ပါစေ။
.
ဤမုရန်မဂ္ဂဇင်းကို ပြုစ၍ အင်တာနက် စာမျက်နှာမှာ ဖတ်၍ရအောင် ပြုလုပ်သောသူများ သည်လည်း အဆများစွာသော ကောင်းကြီးမင်္ဂလာကို ရကြပါစေ။
.
ဤစာစောင်ကို ဖတ်ရှုရကြသောသူများသည်လည်း “ငါတို့ သခင်ယေရှုခရစ်နှင့်ငါတို့ အဘ တည်းဟူသော ဘုရားသခင်အထံတော်မှ ဆုကျေးဇူး ဂရုဏာငြိမ်သက်ခြင်းရရှိကြပါစေဟု မေတ္တာ ပို့ပါသည်။
.
သခင်ယေရှုနာမ၌-
ကြည်ကြည်ဋ္ဌေး U.S.A.

Comments

Post a Comment