မိုဘိုင်းဖုန်း App (ကျမ်းစာ ဓမ္မသီချင်း). .2016
မိုဘိုင်းဖုန်း App (ကျမ်းစာ ဓမ္မသီချင်း). .
ပြီးခဲ့တဲ့ ၃နှစ်အတွင်းမှာ အရမ်းတိုးတက်လာပါတယ်။ မြန်မာ သမ္မာကျမ်းစာ ပထမဆုံး KingOfMyHeart ဆိုတဲ့ မိန်းကလေးငယ်တစ်ဦး စင်ကာပူ နီးအမ်းပေါ်လီ ကျောင်းတက်နေစဉ် အပျော်တမ်း တစ်ဦးတည်း ၂၀၁၄ မှာ စတင်ခဲ့ပါတယ်။ အခု အဲဒီမိန်းကလေး အင်္ဂလန်မှာ ပညာသင်ဆုနဲ့ ပညာဆက်လက်ဆည်းပူးနေပါတယ်။
.
Myanmar Bible ရိုက်ပြီး ရှာကြည့်ရင် မြန်မာပြည်လိုဂိုပုံ အပြာရောင် App ကို ဒေါင်းလုပ်ဖို့ ရွေးလိုက်ရင် . . Rating 4.4 အကြိမ်ပေါင်းတသိန်းကျော် အခမဲ့ ဒေါင်းလုပ်ပြီးကြောင်း အချက်လက်များ မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံကျမ်းစာအသင်း ရဲ့ Bible App အဝါရောင် လည်းအကြိမ်ပေါင်း တသောင်းလောက်ပဲ ဒေါင်းလုပ်ကြတယ်။ Planettech အဖွဲ့ ရဲ့ Burmese (Myanmar) Bible အနီရောင် ကတော့ အကြိမ်ပေါင်း ၅သိန်း ဒေါင်းလုပ် အများဆုံးပါ။
.
ဒေါင်းလုပ်မယ်ဆို မိမိအတွက် အသုံးတဲ့မတည့် Preview အစအဆုံးဖတ်ပြီးမှ ဒေါင်းလုပ် အင်စတော လုပ်ပြီး သုံးကြည့်ပါ။ အသုံးမတည့်ရင် ချက်ခြင် ဖြတ်ပစ် Delete လုပ်ကြတယ်။ Memory ထဲ အသုံးမလိုတဲ့ App တွေ ဗွီဒီယိုတွေ ဓါတ်ပုံတွေ အများကြီးရောက်နေရင် မိုဘိုင်းဖုန်း နှေးသွား ပျက်စီးသွားတဲ့အထိ ဖြစ်တတ်ပါတယ်။
.
.
App များကို ဒေါင်းလုပ်ဖို့ Myanmar နှိပ်ပြီး Google Play မှာရှာကြည့်တော့ မြန်မာကီးဘုတ် သီချင်း စကားပြောဘာသာပြန် ငွေလဲနှုန်း သတင်းဌာန ဘာသာရေး နိုင်ငံတော်သမ္မတရုံး အဘိဓါန်များ စသဖြင့် အမြောက်အများ တွေ့ရပါတယ်။ သတင်းဖတ်လိုသူများအတွက် ဖေ့ဘုတ်သတင်းအပြင် App ဒေါင်းလုပ်ဖတ်နိုင်ပါတယ်။ Myanmar.Constitution, CS.Cam.Scanner, mVoter2015, စာအုပ်ဖတ်ဖို့ဝယ်ဖို့ WunZine, တက္ကစီခေါ်ဖို့ GoTaxi-Myanmar, Online business, health, education, money transfer, travel . . စသဖြင့် App အမြောက် အများပေါ်ထွက် တိုးတက်နေပါတယ်။
.
မြန်မာပြည်က ဖေ့ဘုတ်ပဲ သုံးကြတော့ ဖေ့ဘုတ်ကတဆင့် App တွေ Website တွေကို လင့်လုပ်ပြီး လူတွေနဲ့ဆက်သွယ် သတင်းပေး ကြော်ညာကြပါတယ်။ ဖေ့ဘုတ်မက်ဆေ့ ဗိုင်ဘာ တွေနဲ့ပဲ ဓါတ်ပုံ ဗွီဒီယို အသံဖိုင် အချက်လက်တွေ ပို့ပေးကြတယ်။ အီးမေး မသုံးတော့ ကော်ပီ (မိတ္တူ ) ဆိုင်တွေက မိုဘိုင်းဖုန်း ကွန်ပြူတာ ထဲက အချက်လက် တွဓါတ်ပုံတွေကို ထုတ်ပေး print လုပ်ပေးကြပါတယ်။
.
မိမိမှာရှိထားတဲ့ Bible App ကောင်များကို မိတ်ဆွေများထံ ထည့်ပေးဖို့ မိုဘိုင်းဖုန်းခြင်းကပ်ပြီး Zapya နည်းလမ်းနဲ့ ရှယ်ပေးကြပါတယ်။
.
အခုတော့ မြန်မာနိုင်ငံ အင်တာနက်ဈေးနှုန်းတွေ ဈေးချိုလာလို့ Youtube Video တွေ ကြည့်နေကြပါပြီ။ ကိုယ့်ဖုန်းထဲက ပိုက်ဆံတွေ စားမသွားအောင် Data Off အမြဲလုပ်ဖို့ လိုနေဆဲပါ။ မိုဘိုင်းဖုန်း ကုမ္ပဏီကြီးတွေက မသိနားမလည်တဲ့ ပြည်သူတွေဆီက ပိုက်ဆံ ချူ ယူ နေတာ သတိထားရပါတယ်။ အများစုက ဖုန်းထဲ ပိုက်ဆံများများ မထည့်ထားပါဘူး။
.
.
ဘုရားသခင် အကြောင်း စိတ်ဝင်စားသူ မြန်မာစာနဲ့ App အများကြီး ပေါ်နေပါပြီ။ ညီမငယ် KingOfMyHeart အချိန်ပေးရေးပြီး အခမဲ့တင်ပေးတဲ့ Myanmar Bible. Chee Mwan ( ချီးမွမ်းဓမ္မသီချင်း၄၀၀ကျော် အင်္ဂလိပ်မြန်မာ) စကောကရင် ကချင် ချင်း သမ္မာကျမ်းစာများ ရှိပါတယ်။ Bible Is, Faith From Hearing, Jesus Coming FM, YouVersion, Murann စတဲ့ မြန်မာ App များစွာ ပေါ်ထွက်နေပါတယ်။
.
ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။
။။။။။။။။။။။။။။။။။။။။။။။။။။။
Mobile App အကြောင်း ဆက်ရေးချင်ပါတယ်။ နောင်နှစ်အနည်းငယ်အတွင်း မြန်မာတဦး ဘာသာစကားနားမလည်လဲ ပြင်သစ် ဂျာမန် ရုရှား အာရပ် အစ္စရေး လူမျိုးတွေနဲ့ဖုန်းပြောနိုင်ပါမယ်။ တယ်လီဖုန်း ဆော့ဝဲ က မြန်မာအသံပြောင်းပေးပြီး မြန်မာစာသားလဲ မိုဘိုင်းဖုန်းပေါ် မြင်ရပါမယ်။
.
ချီမွမ်း ဓမ္မသီချင်းတွေလဲ အသံ mp3, ဗွီဒီယို video, စာသား text တခါတည်းပေါ်တဲ့ worship app တွေ ပေါ်နေပါပြီ။ 55MB ဒေါင်းလုပ်ကြည့်ပါ။
Praise N Worship Songs
.
မြန်မာဘာသာနဲ့ app တွေတော့ ( mp3 + text ) မပေါ်သေးပါ။
.
.
mcathailand App မှာအပတ်စဉ် တရားဒေသနာ ချီမွမ်းခြင်းများ သက်သေခံချက် mp3 youtube များ အလွယ်တကူ ကြည့်ရှုနားဆင်နိုင်ပါတယ်။
.
ဘုရားသခင်ဘုန်းတော်ထင်ရှားပါစေ။
Website
www.mcathailand.com
.
.
သခင့်စကား နဲ့မုရန် . . app တွေလည်း ဒေါင်းလုပ်ကြည့်နိုင်ပါတယ်။


Comments
Post a Comment