ဒီဇင်ဘာ-ပွဲတော်မင်္ဂလာဝတ်ပြုကိုးကွယ်ခြင်း


ဒီဇင်ဘာ-ပွဲတော်မင်္ဂလာဝတ်ပြုကိုးကွယ်ခြင်း
မုန်ဝေပေးတယ်၊ အတူစားကြတယ်။ ပြီးတော့ စပျစ်ရည်ဝေပေးတယ်၊ အတူသောက်ကြတယ်။ ငါ့ကိုအောက်မေ့သတိရစေဖို့.. ဖြစ်ပါတယ်။ ဘုရားကျောင်းမှာ သင်းအုပ်အဖွဲ့က ဆရာတစ်ဦး၊ အသင်းတော်ခေါင်းဆောင် ၁၀ဦးမှတဆင့် ပရိတ်သတ်ကို ဝေငှပေးပါတယ်။ အသင်းတော်လူကြီး ၁၀ဦးထဲမှာ စီနီယာသင်းအုပ်၂ဦးလည်း၊ အမျိုးသမီကြီး၂ဦးလဲ ပါဝင်ပါတယ်။ မုန့်ကို ငါ့ခန္တာကိုယ်အဖြစ်၎င်း၊ စပျစ်ရည်ကို ငါ့အသွေးအဖြစ်၎င်း.. ငါ့ကိုအောက်မေ့သတိရဖို့၊ သတိပေးတဲ့ ပွဲတော်မင်္ဂလာဖြစ်ပါတယ်။ အပြစ်မလွှတ်ပါဘူး။ ကိုယ့်အပြစ်ကို ကျိုးပဲကျေမွတဲ့ စိတ်နှလုံးနဲ့ သိမြင်ပြီး၊ ဘုရားရှင်ရှေ့မှာ ပြပ်ဝပ်မျက်ရည်ကျရပါတယ်။ ယုံကြည်သူများအဖို့ သခင်ယေရှု အသား၊အသွေးနဲ့ ကားတိုင်ပေါ်အသေခံသွားတာ မိမိတို့အပြစ်ကို ကိုယ်စားခံသွားခြင်းဖြစ်ပါတယ်။ ယုံကြည်သူတိုင်း အပြစ်လွှတ်ခြင်းကို ခံရပါတယ်။ မျက်ရည်ကျ၊ အပြစ်တွေ ဝန်ခံပြီး..ရှင်ပြန်ထမြောက်ခြင်းအတွက် ဝမ်းမြောက်ခြင်းကို ခံစားရတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒီအပတ်ကတော့ ခရစ်စမတ်အကြိုဖြစ်လို့ ပိုပြီး ဝမ်းမြောက်ရပါတယ်။
.
တရားဒေသနာ..
စင်ကာပူ အောချပ် Orchard လမ်းမကို ရောက်ပြီးတဲ့လူ လက်ထောင်ဆိုတော့ အများကြီးလက်ထောင်ကြပါတယ်။ တချို့က မြို့ထဲက အောချပ်လမ်းမကြီး မသွားချင်ဘူး။ ရှုပ်တယ်၊ အေးအေးပဲနေတာ နှစ်ပေါင်းများစွာ ရှိပြီ ဆိုကြတယ်။ စင်ကာပူအစိုးရက ငွေအမြောက်များ ကုန်ကျခံပြီး ခရစ်တော်ဖွားမြင်တာကို ဝမ်းမြောက်ဖို့ အလှပတွေ ပြင်ထားပေးတာ သွားကြည့်ကြပါ။ အခုခေတ် ခရစ်စမတ်ကို ဈေးရောင်းပွဲသဖွယ် လက်ဆောင်ထုပ် ဖလှယ်တဲ့ပွဲ လို စီးပွားရေးသမားများက လုပ်ကိုင်စားသောက်လာကြပါတယ်။ ခရစ်စမတ်ရဲ့ အနှစ်သာရကို ဖျောက်လို့မရပါဘူး။ ခရစ်စမတ် ဓမ္မသီချင်းများကို ရှော့ပင်စင်တာကြီးတိုင်းမှာ နားဆင်ရတာ ခရစ်တော်ကို အားလုံး အသိအမှတ်ပြုနေဆဲဖြစ်ပါတယ်။
.

God's Government

God's Gift 

God's Guaranty 


အချက်(၃)ချက်ကို ရှင်လုက ၁း၂၄-၅၅ Luke 1;46-55 ကျမ်းပိုဒ်ကို အားလုံးမတ်တပ်ထပြီး ဖတ်ကြပါတယ်။ သခင်ခရစ်တော်ရဲ့ မိခင် မာရိ အကြောင်းရေးထားတဲ့ ကျမ်းပိုဒ်ဖြစ်ပါတယ်။ Song of God သီချင်းကို Mary's Song လို့ခေါ်ပြီး၊ အပျိုကညာ မာရိ ကို ဘုရားသားတော် ယေရှုမွေးမိခင်အဖြစ် ဘုရားသခင်က ရွေးကောက်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ ယောသပ်နဲ့ မိခင်ဖြစ်သူ မာရိ .. နှိမ့်ချမှုများနဲ့ နွားစခွက်မှာ ယေရှုကို ဖွားဖြင်ခဲ့ပါတယ်။
.
မယုံကြည်သူ တက္ကစီယဉ်မောင်းကို ယေရှုအကြောင်းပြောတော့ သူနားထောင်ပါတယ်။ ယဉ်မောင်းက မင်းတို့ဘုရားသားတော် ယေရှုအကြောင်းပြောတာ ..အားနဲ့အင်နဲ့ပြောပါလား.. မင်းကြည့်ရတာ အားမရှိသလို၊ ပျောပျောနဲ့ လို့ပြန်ပြောချိန်.. ဟုတ်သားပဲ၊ ငါတို့ရဲ့ သခင်ယေရှုအကြောင်းပြောတာ သတင်းကောင်း၊ အားနဲ့၊ ဝမ်းမြောက်ခြင်းနဲ့ ပြောရကောင်းမှန်း သတိရမိပါတယ်။ ကျေးဇူးတင်ပါတယ်.. တက္ကစီယဉ်မောင်းရေ...။
.
တနေ့ ကားမောင်းတာ တနာရီ၉၀ ကီလိုမီတာနှုန်း သတ်မှတ်ထားတဲ့လမ်း၊ ၁၃၀ အထိ အမြန်နှုန်းတင်မောင်းမိပါတယ်။ ရဲဖမ်းခံရရင် မလွယ်ဘူး တွေးမိပါတယ်။ တကယ်လဲ ယာဉ်ထိန်းရဲ နောက်ကလိုက်လာပြီး မိုင်နှုန်းပိုမောင်းအမှုဖွင့်ပါတယ်။ တရားရုံးရောက်တော့ တရားသူကြီးက ဒေါ်လာ၃၀၀ ဒါဏ်ငွေရိုက်ပါတယ်။ မိမိအပြစ်အတွက် ဝန်ခံပြီး၊ ပေးပါမယ် လို့ဖြေရပါတယ်။ နောက် တရားသူကြီးက ကျနော် မှတ်ပုံတင်ကဒ်ကို သေချာကြည့်တဲ့အခါ အလုပ်အကိုင် - သင်းအုပ်ဆရာ .ဆိုတာတွေ့သွားတယ်။ ဟာ.. ခင်ဗျားက စံနမူနာ ပြသရမဲ့လူ .. ဥပဒေမလိုက်နာတော့ ဒါဏ်ငွေ ၃၀၀ နဲ့ မရတော့ဘူး၊ ဒါဏ်ငွေ ၅၀၀ ပေးရမယ်လို့ အမိန့်အသစ် ချလိုက်ပါတယ်။ ဘယ် တတ်နိုင်ပါ့မလဲ.. ဟုတ်လဲဟုတ်ာကိုး။
.
နေ့လည်ချိန်ဆိုတော့ တရားစီရင်ပြီး ဒါဏ်ငွေဆောင်ပြီးတဲ့အချိန် တရားသူကြီးက အပြစ်ဝန်ချ လက်ခံတဲ့ ကျနော်ကို ဘာစိတ်ကူးပေါက်သွားလဲ မသိဘူး။ အနားက ဟိုတယ်မှာ နေ့လည်စာ ကြွေးမယ်၊ လိုက်ခဲ့ပါ ခေါ်လို့ ကြယ်ငါးပွင့်ဟိုတယ် အကြီးစားမှာ ဒေါ်လာရာနဲ့ချီပေးရတဲ့ နေ့လည်စာကို ၊ ရာထူးကြီးလှတဲ့ တရားသူကြီးနဲ့ အတူ အခမဲ့ ထမင်းစားခွင့်ရခဲ့ပါတယ်။ ကျေးဇူးတော် သက်သက်ပါပဲ။
.
ဘုရားကျေးဇူးတော်များကို ချီးမွမ်းမကုန်နိုင်ဖြစ်ရပါတယ်။ သက်သေခံချက်တစ်ခု ပြောပြချင်ပါတယ်။ ကျနော်က မလေးရှားနိုင်ငံ ဆာဘားပြည်နယ်၊ တိုက်တန်းတစ်ခုမှာ သာမန်မိသားစုက ကြီးပြင်းလာခဲ့ပါတယ်။ ကျောင်းအတူနေရင်း ..ကျောင်းက သူဌေးသား သူငယ်ချင်းတစ်ယောက် ၁၁နှစ်သားပဲ ရှိသေးတယ်။ သူ့အဖေရဲ့ အလွန်ကြီးမားခန့်ညားတဲ့ မော်တော်ကားကြီး တခါတလေ ကျနော့်အိမ်ကို မောင်းလာပြီး၊ လည်ပတ်ပါတယ်။ သူ့အိမ်ကိုလည်း အလည်ခေါ်ဖိတ်၊ ထမင်းစားရင်း အလွန်ကြီးမား၊ လှပတဲ့ အိမ်ကြီး၊ တောင်ပေါ်၊ သစ်ပင်ကြီးများ၊ ပန်းမာလာများနဲ့ ရေတခွန်ကြီးတစ်ခု စီးဆင်းနေတဲ့ ရေကူးကန်ကြီးမှာ ရေကူးခဲ့ပါတယ်။ ဆာဘားပြည်နယ်မှာ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ပါတယ်။
.
ကျနော့်အိမ် တိုက်တန်းရဲ့ အစွန်ဆုံးတိုက်ခန်းလေးတစ်ခုမှ အိမ်ဆိုင်လေးတစ်ခု ရှိပါတယ်။ ယောင်္ကျားသေဆုံးသွားပြီး ကလေး (၇)ယောက်အမေ မုဆိုးမတစ်ယောက်၊ ရိုးသားစွာ ကုန်စုံဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက်ပါတယ်။ ခရစ်ယာန်ဘုရားကျောင်းကို မှန်မှန်တက်ပြီး ကလေး(၇)ယောက်ကို ပြုစုစောင့်ရှောက်နေပါတယ်။ သနားစရာအလွန်ကောင်းပေမဲ့ သူကတော့ ဆင်းရဲပေမဲ့ ဝမ်းမြောက်တဲ့ မိခင်ကောင်းတစ်ဦးပါ။
.
အတိုချုံးပြောရရင် တနေ့မှာ ကျနော့်သူငယ်ချင်းရဲ့ အမေ သေဆုံးသွားပါတယ်။ တစ်နှစ်လောက်နေတော့ အဲဒီ သူဌေးကြီး ပြောင်းလဲသွားပြီး၊ ခရစ်ယာန် ဖြစ်သွားပါတယ်။ နောက်ပြီး အဲဒီ ကလေး(၇)ယောက် မိခင်ကို လက်ထပ်ယူပါတယ်။ စိတ်သဘောထား မြင့်မြတ်တဲ့ မိခင်ကောင်း၊နဲ့ သားသမီး (၇)ဦး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားရခြင်းဖြစ်ပါတယ်။ ပတ်ဝန်းကျင် လူများအဖို့ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ ဘုရားသခင်က အဲဒီ စိတ်ထားမြင့်မြတ်တဲ့ သီလနဲ့ပြည့်စုံတဲ့ မိခင်ကို ကူညီပေး၊ ကောင်းကြီးပေးတယ်ဆိုတာ မငြင်းနိုင်ပါဘူး။
.
ပျော်ရှင်ဝမ်းမြောက်တဲ့ ခရစ်စမတ်နဲ့အတူ၊ ခရစ်တော်မွေးဖွားခြင်းအကြောင်းကို ပတ်ဝန်းကျင် မိတ်ဆွေများအား သတင်းကောင်းဝေငှကြဖို့ဖြစ်ပါတယ်။ ခရစ်စမတ်မတိုင်မီ ညနေမှာ လူ၃၀၀ လိုပါတယ်။ ဒီနားကို တိုက်ခန်းတွေမှာ ၂နာရီအတွင်း ဟောဒီ ခရစ်စမတ်ဖိတ်စာများ ပေးပါမယ်။ ခရစ်စမတ်အတွက် အသင်းသားများ လက်ဆောင်ထုတ်များ အောက်ထပ်က ခရစ်စမတ်သစ်ပင်များအောက်မှာ စုထားကြပါ။ နောက်နေ့ ခရစ်စမတ်နေ့ ဘုရားရှိခိုးပွဲ ပြီးချိန်မှာ မနေ့ညနေက ကိုယ်သွားခဲ့တဲ့အိမ်ကို ထပ်ပြီးသွားရောက် ဖိတ်ခေါ်၊ သတင်းကောင်းပြောကြဖို့ဖြစ်ပါတယ်။ လူအင်အားလိုအပ်ပါတယ်။ ခရစ်စမတ်အတွက် အားလုံး ပါဝင်ပြီး၊ သခင်ခရစ်တော် မွေးဖွားခဲ့ခြင်းဟာ ကယ်တင်ရှင်ဖွားမြင်တဲ့နေ့ဖြစ်ကြောင်း သတင်းကောင်းကို ဝေငှကြပါစို့...။
.
သီဆိုချီးမွမ်းရင်းဆုတောင်း၊ ကောင်းကြီးပေးကာ ခရစ်စမတ်အကြို၊ ဒီဇင်ဘာ ပွဲတော်မင်္ဂလာ တနင်္ဂနွေ ဝတ်ပြုကိုးကွယ်ခြင်းကို အဆုံးသတ်ပါတယ်။
wefc.org.sg 8-Dec-2014 Sunday Sermon by Rev. Edward Chau

Comments