MSB, Myanmar Standard Bible အဖွဲ့ (မြန်မာပြည်)


MSB,  Myanmar Standard Bible အဖွဲ့ က  ပံ့ပိုးမှုနဲ့ တရုပ် ထိုင်း ဘာသာပြန်ကြပါတယ်။ မြန်မာနိုင်ငံကို ၁၉၉၅ ကတည်းက ဝင်လာခဲ့ပေမဲ့ Database Setup လုပ်ရပါတယ်။ ဘာပြန်ခြင်းကို ၂၀၁၀ ကျမှစတင်ခဲ့တာ ၅နှစ်အကြာမှာ ဓမ္မသစ်ပြီးစီး ထုတ်ဝေနိုင်ခဲ့ပါတယ်။ တရုပ်ပြည် MBB အဖွဲ့ထက် မြန်မာအဖွဲ့က ပိုပြီး မြန်ဆန်ထိရောက်ပါတယ်။ Global Bible Initiative အဖွဲ့ရဲ့ မြန်မာပြည် အမှုတော်လုပ်ငန်း တစ်ခုပါ။
.
မြန်မာပြည်မှာ လူအများသုံးမြန်မာစကားနဲ့ Common Language (BCL)  ၂၀၀၅ မှာ ထုတ်ဝေခဲ့ပါတယ်။ အခုဘာသာပြန်နည်းကတော့ မူရင်းအဓိပ္ပါယ်နဲ့ မူရင်းစကားလုံး ဝါကျတည်ဆောက်ပုံတွေ တူနိုင်သမျှတူဖို့ပါ။ မြန်မာကျမ်းစာအသင်းကတော့ တိုင်းရင်းသားစာပေ ကျမ်းစာများကို ဘာသာပြန်နေပြီး MSB ကတော့ မြန်မာဘာသာ တစ်ခုပဲ ဘာသာပြန်ခြင်း လုပ်နိုင်ပါတယ်။

အမည်မတူအောင် မြန်မာစံမီသမ္မာကျမ်း လို့ပေးထားတာ ဖြစ်ပါတယ်။ နားလည်ခွင့်လွှတ်ကြမှာပါ။

ဘယ်လိုလူတွေဖတ်ဖို့လဲ . . ဆိုတော့ ယုံကြည်ပြီးသူများကို ဦးတည်မထားပါဘူး။ စတင်ယုံကြည်လာသူ များအတွက် ဦးတည်ပါတယ်။ ခေတ်သုံး သတင်းစာဂျာနယ် ပုံစံ ရှင်လင်းစေမဲ့ အဓိပ္ပါယ်နဲ့
ဂါကျတည်ဆောက်ပုံကို မူရင်း ဟေဗရူး ဂရိ နဲ့ တူနိုင်သမျှ တူအောင် ဘာသာပြန်ပါတယ်။

Database

. စိတ်ဝင်စားဖို့ အရမ်းကောင်းတာက . .Data Base  ပါပဲ။  ကျမ်းစာပေါင်း တစ်ရာကျော် အီလက်ထရွန်းနစ်ဒေတာဘေ့စ် စုဆောင်းရိုက်နှိပ်ထားပြီးပါပြီ။ နောက် အနှစ်၅၀ အနှစ်၁၀၀ စသဖြင့် အနာဂါတ်အတွက် Full Vision ရှိပါတယ်။

ဟေဗရူး . ဂရိ  (original text), အင်္ဂလိပ် တရုပ် ဂျပန် ကိုးရီးယား ထိုင်း  နဲ့ အနောက်တိုင်းဘာသာစကားများအပါအဝင်. . မြန်မာကျမ်းစာ ထွက်ခဲ့သမျှ အားလုံး Text data ရိုက်နှိပ် သိုမြည်းထားပါတယ်။ ကချင် ကရင် ချင်း ရှမ်း စတဲ့ တိုင်းရင်းသား ဘာသာတွေလဲ သိုမြည်းထားပါတယ်။ ကွန်ပြူတာမှာပဲ အလွယ်တကူ ကိုးကား ဘာသာပြန် ဖတ်ရှုနိုင်တာ မြန်မာပြည်မှာတော့  (အခုချိန် 2016 အထိ) MSB တခုပဲ ဒီနည်းပညာရှိထားပါတယ်။

ကျမ်းပိုဒ်တပိုဒ်ကို ဘာသာပြန်သူအဖွဲ့က မြန်မာ အင်္ဂလိပ် ဟေဗရူး ဂရိ ကျမ်းပိုဒ်တွေနဲ့ ယှဉ်ကြည့်ပြီး အကောင်းဆုံး ခေတ်သုံး သဒ္ဒါ သတ်ပုံ ဝါကျအထားသို မြန်မာစကားလုံး များသုံးနှုန်းရပါတယ်။ တနေ့ကို ကျမ်းပိုဒ် ၁၅ ခုလောက်ပဲ ဘာသာပြန်ပါတယ်။

ပထမ မူကြမ်း။ ဒုတိယ တတိယ (၃) ခါ တည်းဖြတ် လေ့လာ ဆွေးနွေးကြပါတယ်။

Concordence, Morphology, Lexicon,  Myanmar-English.Dictionary,  Hebrew-Tree, Search ib database, Search in Google စသဖြင့် အထောက်ကူပြု ဆော့ဝဲများ နှစ်ပေါင်းများစွာ စုဆောင်းထားပါတယ်။
.
 တရြားအမှုတော်ဆောင် လုပ်ငန်းတွေအတိုင်း MSB အဖွဲ့ မနက်တိုင်း ကျမ်းစာဖတ်ခြင်း ဆုတောင်းခြင်းနဲ့ စတင်ကြပါတယ်။
.
.
MSB Bible ကို www.bible.com အဖွဲ့က သူတို့ဝက်ဆိုဒ်မှာ ဒေါင်းလုပ် ဖတ်ရှုနိုင်ဖို့ ပံ့ပိုးသလို  YouVersion App အဖွဲ့ရဲ့  ပံ့ပိုးမှုနဲ့ မိုဘိုင်းဖုန်းတွေမှာ MSB App ဖတ်ရှုဖို့ လုပ်နေပါတယ်။ ဓမ္မသစ် ပဲ ပြီးပါသေးတယ်။ Unicode Font ပဲ သုံးပါတယ်။ ဇော်ဂျီဖောင့်ကတော့ အခုထိ လူသုံးများနေဆဲပေမဲ့ မကြာခင် အစိုးရနဲ့ မိုဘိုင်းအော်ပရေတာများ ယူနီကုတ်ဖောင့်တွေ အနှေးအမြန် ဖြစ်လာမှာပါ။

MSB ဘာသာပြန်နည်းကတော့ .. မူရင်းအဓိပါယ်နဲ့ မူရင်းစကားလုံး ဝါကျတည်ဆောက်ပုံတွေ တူနိုင်သမျှတူဖို့ ဖြစ်ပါတယ်။
.
.
မြန်မာဘာသာပြန်သမိုင်း
ပထမဆုံး လူသိရှင်ကြား ဘာသာပြန်သူကတော့ ဆရာကြီးယုဒသန်ဖြစ်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။
   Judson (BJB)  ၁၈၃၄
   U Tun Nyein ၁၉၀၃
   Garrad  ၁၉၂၇
   McGuire ၁၉၃၃
   Common Language (BCL)  ၂၀၀၅
   Eagle Edition  ၂၀၀၆
   Easy-to-Read Version (ဓမ္မသစ်ပြီးစီး)
   Myanmar Standard Bible (MSB)  ၂၀၁၄ ဓမ္မသစ်ပြီးစီး
.
Wiki Reference..
https://en.wikipedia.org/wiki/Bible_translations_into_Burmese
.
.

နိဂုံး
ဘယ်လောက်ပဲ. . နာလည်လွယ်အောင် ဘာသာပြန်ပါစေ . . ဆရာများ တရားဟော ကျမ်းစာသင် ရှင်းပြပါစေ . . သမ္မာကျမ်းစာ ဆိုတာ ဦးနှောက်နဲ့ ဖတ်လို့မရပါဘူး။ နှလုံးသားဝိညာဉ်နဲ့ ဖတ်ရပါတယ်။  ဝိညာဉ်ရေး ဖြစ်တာမို့. . ရေးသူ ပြောသူ အားလုံးအပေါ် . . ဝိညာဉ်တော် မှုတ်သွင်းခံရမှ ဘုရားကြိုက်နှစ်သက်မယ် ဘုရားသခင် ဘုန်းတော်ထင်ရှားမယ်  ဖြစ်ပါတယ်။



ဆရာပီတာ @ U Ba Ba
MSB Myanmar Standard Bible Translation, 
သွေး AB+ တစ်ပတ်ကို ၂လုံးလောက် လိုအပ်နေပါတယ်။ အစာအိမ်အားနည်းမှုကြောင့် အစားအသောက် သိပ်မစားနိုင်သောကြောင့် စားနိုင်ဖို့ သွေးသွင်းရန်လိုအပ်ကောင်း လိုအပ်မည်ဟု အင်းစိန် ကွယ်ကပေါ ဆေးရုံမှ ဆရာဝန်များက ပြောသည်။ 
.
မြန်မာ ယုဒသန်ကျမ်းစာကို MSB အဖွဲ့မှ ဒေသခံမြန်မာစာ ဆရာမများ ကျမ်းစာကျောင်း အကယ်ဒမစ်ဆရာများဖြင် ထွက်ပြီးသမျှ မြန်မာကျမ်းစာအားလုံးကို တပြိုင်ထဲကြည့်နိုင်ပြီး . . ဟေဗရူး ဂရိ အင်္ဂလိပ် တရုပ် ဂျပန် ကချင် ကရင် စသည့်ကျမ်းစာများကိုလည်း ဆော့ဝဲဖြင့် မြင်နိုင် ကိုးကားဘာသာပြန်လျက်ရှိပါသည်။ ၉၀% ရှိသော မယုံကြည်သူမြန်မာများ ဂျာနယ်သတင်းစာ ဖတ်သလို ခေတ်ပေါ်စာကားလုံးများဖြင့် ဖတ်နိုင်ရန်. .ဆရာယုဒသန်၏ မူရင်း သဒ္ဒါ အသုံးနှုန်းများကို အတတ်နိုင်ဆုံး ထိန်းသိမ်း ဘာသာပြန်လျက်ရှိပါသည်။ ၂၀၁၂ စတင်ခဲ့ရာ ၂၀၁၇တွင် ဓမ္မသစ်ကျမ်း ပြီးစီးသည်။ ပုံနှိပ်ထုတ်ဝေခဲ့ပြီး မြန်မာပြည် ၂၀၁၇ ဘီလီဂရေဟန် ဧဝံဂေလိ လာစဉ် ပေးဝေခဲ့ပါသည်။ ၂၀၂၂ တွင် ဓမ္မဟောင်း ပြီးစီးရန် မှန်းထားပါသည်။
.
ဆရာပီတာအတွက် သတိရဆုတောင်းပေးရန်နှင့်. .သွေးလှုရှင်များ မစကူညီပေးပါရန် မေတ္တာရပ်ခံပါသည်။
မုရန်
.
ဆက်သွယ်ရန်
09976922584 မုရန် Pathein
09976934129
09975409380 Sr Timothy Ygn



Comments