ကျန်းမာရေးဝန်ထမ်းများ (စင်ကာပူ) အပတ်စဉ်၊ လစဉ်၊ ၃လစဉ်တိုင်း ကိုးကွယ်ဝတ်ပြု၊သက်သေခြံ1
ကျန်းမာရေးဝန်ထမ်းများ (စင်ကာပူ) အပတ်စဉ်၊ လစဉ်၊ ၃လစဉ်တိုင်း ကိုးကွယ်ဝတ်ပြု၊သက်သေခြံ1
ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းများကို ပြောခွင့်၊သက်သေခံခွင့်ရတဲ့အတွက် ကျေးဇူးတော်ချီးမွမ်းပါတယ်။ ဒီသူနာပြု၊ ကျန်းမာရေးဝန်ထမ်းများ ဝတ်ပြု၊မိတ်သဟာရကို လာရတာ အရမ်းခွန်းအားရ၊ ဝမ်းမြောက်ရပါတယ်။ အားလုံးတက်ကြွပြီး ကျမထက် အတွေ့အကြုံလဲရင့်၊ အသက်ရွယ်လဲရှိတဲ့ ဆရာမအယ်ဝါး၊ ဆရာမဆဲဖွယ်၊ ဆရာမလွင်လွင်မောင်တို့ အားရပါးရ ချီးမွမ်းသီဆို၊ဝမ်းမြောက်နေတာတွေ့ပြီး၊ ကိုယ်တိုင်လည်း ပြန်ငယ်သွားသလို ခံစားရပါတယ်။
ကျမ်တို့သူနာပြုတွေ လိုင်စင်သက်တမ်းတိုးဖို့၊ ဗမာပြည်ပြန်ပြီး စာမေးပွဲဖြေရမယ် လို့စာထွက်လာတာ၊ စဉ်းစားလို့ကို မရနိုင်ပါဘူး။ စင်ကာပူမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်နေပြီးပြီပဲ၊ ဘာကြောင့် အခုမှ သက်တမ်းတိုးချင်ရင် ဗမာပြည်ပြန်ပြီး စာမေးပွဲဖြေရမယ်ဆိုတာ တစ်မျိုးပဲ၊ အရမ်းခက်ခဲပါတယ်။ တချို့ စာမေးပွဲဖြေဖို့ ငွေကြေးကုန်ကျများပြီး၊ လက်ဆောင်ပေးရမှာတွေကြောင့် အတုလက်မှတ်တွေလုပ်ခဲ့မိတာ၊ စင်ကာပူက လက်မှတ်အမှန်မဟုတ်ဘူးဆိုပြီး၊ ပါမစ်တွေရုပ်သိမ်း၊ မြန်မာပြည်ပြန်ရတာတွေ စိတ်မကောင်းဘူး။ အားလုံးသိပါတယ်။ သူနာပြုအစစ်ဖြစ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုလိုစာမေးပွဲဖြေရတာ အရမ်းခက်ခဲပါတယ်။ ကျမကိုယ်တိုင်လည်း အလုပ်ပြောင်းမယ်ဆိုတော့ ဒါမျိုးစာမေးပွဲဖြေရမှာကို မလိုချင်ပါဘူး။ ဆုတောင်းပါတယ်။
ကျမလည်း စင်ကာပူမှာ ၃နှစ်လောက်ပဲ လုပ်မယ်ရည်ရွယ်ပြီး၊ လာခဲ့ပေမဲ့ ၁၃နှစ်တောင် ကြာသွားပါတယ်။ ဒီမှာပဲအိမ်ထောင်ကျပြီး၊ အခုလဲ အလုပ်ကိုင်အသစ်ပြောင်းဖို့ဖြစ်လာပါတယ်။ အခုအလုပ်က နေ့ရော၊ ညရော အချိန်မရွေး နေ့ဆိုင်း၊ ညဆိုင်း လိုပ်ရတော့ ၊ အသက်အရွယ်လဲရလာချိန်မှာ မလုပ်ချင်တော့ဘူးဖြစ်လာပါတယ်။ နေ့ပိုင်း၊ ရိုးချိန်ပဲလုပ်ချင်လာတယ်။ ဒါဆိုရင် လစာနည်းသွားမယ်။ Shift Allowance, အချိန်ပိုတွေမရှိတော့လို့ ဝင်ငွေနည်းသွားမှာဖြစ်ပေမဲ့၊ လစာနည်းပါစေ၊ ဘုရားကိုဆပ်ကပ်တဲ့ စနေ၊တနင်္ဂနွေတွေ အလုပ်နားချင်လို့ ဘုရားထံဆပ်ကပ်ပြီး၊ ဆုတောင်းပါတယ်။ အလုပ်ပြောင်းဖို့ ဆုံးဖြတ်ပါတယ်။
ဘုရားသခင်က ကောင်းမြတ်ပါတယ်။ အများကြီးဆုတောင်းဆပ်ကပ်ပြီးမှ၊ အလုပ်အသစ်ကို ပြောင်းတဲ့အခါမှာ အရင်အလုပ်ထက် လစာပိုပြီးတောင်ရပါတယ်။ ကျေးဇူးတော်ချီးမွမ်းပါတယ်။
အခု ဒီမိတ်သဟာရ၊ ဝတ်ပြုပွဲကိုရောက်လာရတာလဲ ဘုရားသခင်ပို့လို့ရောက်ရပါတယ်။ ဒီနေ့ကစပြီး နောက်နောင် HCF ဆဲလ်ဝတ်ပြုပွဲတွေကို မပြတ်မကွတ်ပါဝင်ပါတယ်။ တစ်ပတ်မှာ ၄ကြိမ်ရှိတယ်ဆိုတော့ နီးစပ်တဲ့နေရာကို သွားဖို့ ရွေးချယ်ရပါတယ်။
အခု ဒီနေ့၊ တစ်နေကုန်လုပ်တဲ့ ကျမ်းစာသင်တန်း၊ ဝတ်ပြုဆုတောင်း၊ သီဆိုချီးမွမ်းပွဲမှာ နံနက်စာ၊ နေ့လည်စာ၊ ညစာများ အတူစားသုံးရင်း၊ ဝတ်ပြုကိုးကွယ်ရတာလည်း အများကြီးကောင်းကြီးမင်္ဂလာရပါတယ်။ ဆရာတွေလည်း အများကြီးလာကြတယ်။ HCF ပုံမှန်ကျမ်းစာသင်တန်းပေးတဲ့ ဆရာအောင်နိုင်၊ ယုဒသန်အသင်းတော် JBCS သင်းအုပ် ဆရာမျိုးသူ၊ မြန်မာပြည်ကရောက်လာတဲ့ ဆရာကွယ်ဝါး၊ ဗန်းမော်မြို့ကရင်နှစ်ခြင်းအသင်းတော်က ဆရာမိုးဇက်ဖ၊ အစရှိတဲ့ ဆရာတွေများစွာကို တွေ့ရတယ်။ တရားဟော၊ ကျမ်းစာလေ့လာ၊ အတူသီဆိုချီးမွမ်း၊ သက်သေခံခွင့်ပါရရှိခဲ့တယ်။ ဝမ်းမြောက်ရွှင်လန်းရပါတယ်။ ရောက်လာတဲ့ ချစ်မိတ်ဆွေများ နောထူးဖော ဆိုတဲ့ ကျမရဲ့ အလုပ်ကိုင်အသစ်ကို ပြောင်းတဲ့အခါ ဆုတောင်း၊ သတိရစေလိုပါတယ်။
အလုပ်ပြောင်းဖို့ဆုံးဖြတ်ချိန်မှာလည်း ဘုရားသခင်အလိုတော်ကို လိုက်နာဖို့၊ လုပ်နေတဲ့ Nursing Home မှာပဲထားမယ်ဆိုလဲ အလိုတော်ကိုလိုက်နာပါမယ်လို့ ဆပ်ကပ်ဆုတောင်းခဲ့ပါတယ်။ ကျမ အလုပ်ထွက်စာတင်တဲ့အခါ ဆေးရုံမှာ တော်တော်လေး တုန်လှုပ်ကြတယ်။ ထွက်မယ်မထင်တဲ့လူ ထွက်စာတင်တော့၊ အမျိုးမျိုးဖြောင်းဖြပြောဆိုပြီး၊ မပြောင်းဖို့၊ ဘာကြောင့်ပြောင်းရသလဲ မေးမြန်း၊ ဆွေးနွေးတော့ ကျမတို့ကို နှိမ်ခံခဲ့ရတဲ့အကြောင်းကို ကေ့စ် case တစ်ခုကိုပြန်လည်တင်ပြပြီး၊ ပြောပြရပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ကလည်း မြန်မာများ နှိမ်ခံခဲ့တာတွေကို လက်ခံခဲ့ပြီး၊ နောက်ရောက်လာတဲ့ မြန်မာသူနာပြုများကို ကျမတို့လို အနှမ်မခံရတော့ပဲ အခွင့်အရေးတွေ ရကြပါတော့တယ်။ ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျမကတော့ အလုပ်ပြောင်းမယ် လုံးဝဆုံးဖြတ်ထားတော့ ဘုရားဖေါ်ပြတဲ့ အလုပ်သစ်ကိုသွားတော့မယ်ဖြစ်ပါတယ်။
အားလုံး ဘုရားသခင်ဆီက ကောင်းကြီးမင်္ဂလာများစွာ ခံစားနိုင်ကြပါစေ။
နောထူးဖေါ
မြန်မာကျမ်းမာရေးဝန်ထမ်းများ ဝတ်ပြုကိုးကွယ်ခြင်း၊ စင်ကာပူ
Ref
http://murann.com/audio/n-aw.paw.htoo.2014.jul.HCF.htm

Comments
Post a Comment