ရွှေဝ်ါထွန်းအသင်းတော် သို့တစ်ခေါက် ၂၀၁၇
ဆရာဝါရှင်တန်. (ပုံ - အလယ်လူ)
ရွှေဝါထွန်းအသင်းတော် .ဒီနေ့ အမျိုးသမီးတစ်ယောက် သားငယ် ၄နှစ်အရွယ်နဲ့ အသင်းတော်ကိုရောက်လာပါတယ်။ "ကျမယောက်ကျား သေဆုံးသွားပါပြီ။ ကျမတို့လည်း အားကိုးစရာမရှိတော့ ဆရာတို့ကို အားကိုးပြီး မေးမြန်း ရောက်လာပါတယ်။ ချောင်းသာ ကမ်းခြေကနေ ကျမတို့ ခရီးစရိတ်မရှိလို့ ခြေလျင်လျောက်လာကြတာပါ". . နဲ့ လာပြောပါတယ်။
.
ဆရာဝါရှင်တန်က . . "ဟာ. .ကျွန်တော်တို့ကို အားကိုးလို့တော့ မှားနေပြီ။ ကျွန်တော်တို့က မတတ်နိုင်ဘူး။ တတ်နိုင်တာက ဘုရားသခင်ပဲ။ ဘုရားသခင်ကိုပဲ အားကိုး ယုံကြည် ကိုးစားရမယ်။ ဒီမှာ ခင်ဗျားနဲ့ သားငယ် ၂ယောက် လာနေနိုင်ပါတယ်။ နေရင်တော့ ကျွန်တော်တို့လို မနက်တိုင်း (DawnPray) ဘုရားသခင်ကို ကိုးကွယ် ဝတ်ပြု ရမယ်နော်. ." .လို့ မေတ္တာနဲ့ ပြောပြတယ်။
.
မိန်းမ ကလည်း ပြန်ပြောတယ်။ "ဟုတ်ကဲ့ပါဆရာ. .ကျမ ယုံကြည်ပါတယ်. ဆရာတို့လို ဘုရားသခင်ကို မနက်တိုင်း အတူကိုးကွယ် ပါမယ်။ ကျမ နှစ်ခြင်းလဲ ခံချင်ပါတယ်။ ခရစ်ယန်ဘာသာထဲ ဝင်ပါမယ်". .ပြောလာတယ်။
.
ဆရာက . "ဟာ နှစ်ခြင်းခံဖို့ ခဏထားအုန်း. . ဒီမှာနေချင်ရင် ဒီကစည်းကမ်းတွေရှိတယ်။ မနက်ဆို အတူဘုရားရှိခိုးတယ်။ စိုက်ပျိုးရေး မွေးမြူရေးတွေ ကူညီလုပ်ကိုင်ရမယ်. . ခင်ဗျားအလုပ်ကိုင် ခေါင်းရွက်ဈေးရောင်းတာ အဆင်ပြေလာရင် ခင်ဗျားဖာသာ ကိုယ့်သားနဲ့ ဘဝပြန်စ နိုင်တယ်။ ဒီမှာတော့ နေ့ခင်းဆို နေထိုင်တဲ့ အိမ်ရှင်မများနဲ့ ကျွန်တော့ ဇနီးသည်က ကျမ်းစာသင်ကြားပေးတယ်။ ကျမ်းစာလည်း သင်ယူရမယ်နော်." . .ဆိုတော့. . ဟုတ်ကဲ့ပါ ပြောတယ်။ ကျမပစ္စည်းတွေ ချောင်းသာကမ်းခြေက ပြန်ယူဖို့ စရိတ်မရှိလို့ ဆိုလို့ ၅ထောင်ကျပ်ပေးလိုက်ပြီး. အမေက သားငယ်ထားခဲ့ပြီး ထွက်သွားပါတယ်။
.
ဒီတော့မှ ကျန်နေတဲ့ ၄နှစ်သားကို မေးကြည့်တယ်။ "မင်းအမေနဲ့ ဒီကိုလာကြတာ ခြေလျင် လမ်းလျှောက်လာကြသလား" .. မေးတော့ ကလေးက အမှန်အတိုင်းး ပြောတယ်. ."လမ်းမလျှောက်ပါဘူး. . ဆိုင်ကယ်စီးပြိးလာကြတယ်". .တဲ့။ အင်း. မိန်းမ လိမ်ညာချင်တဲ့ စရိုက်က ရှိနေတယ်။ ဒီအမျိုးသမီး အကြောင်း အသင်းသားများ ပြောပြလို့ သိပြီးရတယ်။ သူ့ယောင်္ကျားက ဆိုးပေ မကောင်းတဲ့မိန်းမတွေ ခေါင်းဆောင်လုပ်နေသူ . . သူကတော့ ခေါင်းရွက်ဈေးသည် ဘဝနဲ့ မကြာခဏ တွေ့ရတဲ့မိန်းမ ဖြစ်တယ်။ တကယ်ပဲ သူ့ယောင်္ကျား လူဆိုးက သေသလား။ သေသွားရင်တော့ ကောင်းပါတယ်။
.
.
.
တနှစ်ကလည်း အသက် ၁၂ နှစ်ကျော် ကလေးမလေး၂ယောက် အမေဖြစ်သူက ကေတီဗွီ ktv ကို ရောင်းစားပြီး အလုပ်လုပ်ခိုင်းတယ်။ တိုင်တောခံရလို့ အဖမ်းခံရပြီး ရွှေဝါထွန်း အသင်းတော်ကို ရောက်လာတယ်။ ရန်ကုန်က မိဘမဲ့ကျောင်းကို ပို့လိုက်တယ်။ ခဏကြာတော့ မိဘမဲ့ကျောင်းက လက်မခံ ပုသိမ် ပြန်ပို့တယ်။ ဒီကလေးမ ၂ယောက် စရိုက်တွေက ဆိုးတယ်။ ယောင်္ကျားလေးတွေ ကို ပူးကပ် အတူနေဖို့ ဝန်မလေးဘူး။ တကယ်လဲ နေတယ်။ တော်တော် ကြိုးစားပြီး ဘုရားနဲ့အတူနေတတ်ဖို့ သွန်သင် ဝတ်ပြုကိုးကွယ် သင်ကြားရတယ်။ အခုတော့ ဒီမှာနေပြီး ကျောင်းထားပေးထားပါတယ်။
.
လွန်ခဲ့တဲ့ နှစ်များစွာက ပုသိမ် ဘိုးဘွားရိပ်သာ မှာ နေတဲ့ အဖိုးအိုနှစ်ယောက် ရန်ဖြစ် ရိုက်နှက် ကြမ်းတမ်းလို့ ရိပ်သာ စည်းကမ်းအရ နှစ်ယောက်စလုံး ဘိုးဘွားရိပ်သာ အထုတ်ခံရပြီး ရွှေဝါထွန်းအသင်းတော်ရောက်လာပါတယ်။ သူတို့မှာ အခြားလမ်းမရှိ. .ထာဝရဘုရားကိုပဲ ကျွန်တော်တို့နဲ့အတူ ကိုးကွယ်ဝတ်ပြုရတယ်။ သူတို့ စွဲနေတဲ့ ပရိတ်ရွတ်ဖတ်ခြင်းတွေလဲ လုပ်ရင်း ဘုရားသခင်လဲ ကိုးကွယ်ရင်း ပေါ့. .ပထမ တော့ ခက်ခဲပေမဲ့ နောက်တော့ အသားကျသွားပါတယ်။ အခုတော့ နှစ်ယောက်စလုံး ကွယ်လွန်သွားပြီး ကောင်းစွာ သဂြိုလ် ပေးလိုက်ပါပြီ. .လို့ ပြော ပြပါတယ်။
.
.
မိဘမဲ့ကလေး ဆိုရင် ရန်ကုန် ဖူးကြီးရွာ မှာ ကလေး၃၀၀ကျော် မိဘမဲ့ကျောင်း ပါ . ဆရာဝါရှင်တန် အစ်ကို လုပ်နေတဲ့ လပြည့်ဝန်း ပရဟိတအဖွဲ့ အကြောင်း ပြောပြပါတယ်။ လပြည့်ဝန်း ဆိုလာ solar လျှပ်စစ်မီးထွန်း ခြင်းကို အသက် ၅၀ ကျော် မြန်မာ အဖွားကြီးတွေ အိန္နိယကို ၆လသင်တန်းပို့ပေး သင် ကြားစေတဲ့အကြောင်း ကြားဖူးပါတယ်။ ဆရာဝါရှင်တန်တို့ ဇနီးမောင်နှံကို ပုသိမ် ကုလားတန်းရပ်က လူငယ်ပြုစုရေး Ywam စက်ချုပ်မစ်ရှင် ၈ယောက် သင်တန်းဆင်းပွဲ တရားဟော ကြွရောက်ဖို့ လာရောက် ဖိတ်ခေါ်ရင်း ဆရာရဲ့ သက်သေခံချက် ဖြစ်ပါတယ်။
.
ဆရာဝါရှင်တန် ဇနီးသည်ရဲ့ အိမ်ရှင်မများ နေ့ခင်းကျမ်းစာသင်ခြင်း. .စိုက်ပျိုးမွေးမြူလုပ်ငန်းများ သဘာဝမြေသြဇာလုပ်နေပုံများ လေ့လာပြိး အတူဆုတောင်းဝတ်ပြု ခံပြီး ပြန်လာခဲ့ပါတယ်။
.
.
ခပ်သိမ်းသောအရာတို့သည် ၄င်း၊ ကိုယ်တော့်အထဲက၄င်း၊ ကိုယ်တော့်အဖို့ အလို့ငှါ ဖြစ်ြ၏က။ ကမ္ဘာအဆက်ဆက် ဘုန်ကြီးတော်မူစေသတည်း။ အာမင်။
ရောမ ၁၂း၃၆
.
မုရန်
၃၁.သြဂုတ်.၂၀၁၇
ရွှေဝ်ါထွန်းအသင်းတော် သို့တစ်ခေါက်


Comments
Post a Comment