လာစ်ဗီးဂတ် A LAS VEGAS တေးဂီတပွဲတော်ကြီး နဲ့ ခရစ်တော်ပြောတဲ့နောက်ဆုံးသောကာလ


၂၀၁၇ အောက်တိုဘာ ၁ရက်နေ့၊ အမေရိကန်နိုင်ငံ လာစ်ဗီးဂတ် A LAS VEGAS တေးဂီတပွဲတော်ကြီး မှာ အသက်၆၄နှစ်အရွယ် သြစတြေလျှားနိုင်ငံသားက ၃၄ထပ်မြင့်တဲ့ သူနေတဲ့ဟိုတယ်ခန်း ကနေ စိန်ပြေနပြေ အော်တိုမက်တစ် သေနပ်များနဲ့ ပစ်သတ်လို့ နောက်ဆုံးသတင်းအရ ၅၈ယောက် သေဆုံးပြီး ၄၈၉ယောက် ဒဏ်ရာရရှိသွားကြပါတယ်။ Route 91 Harvest ဆိုတဲ့ ဂီတပွဲတော်ဟာ နှစ်စဉ် လုပ်နေကျဖြစ်ပြီး ဒီနှစ်မှာ လူပေါင်း၂သောင်း၂ထောင် လေဟာပြင်ပွဲလာရောက် ပျော်ရွှင်ကြချိန်မှာ လူသတ်သမားက လူမဆန်စွာ အဆက်မပြတ်ပစ်သတ်နေပါတယ်။လုံခြုံရေးတပ်က သူ့ရဲ့အခန်းကို ၀င်စီးနင်းချိန် မိမိကိုယ်ကို ပစ်ပြီး သတ်သေဆုံးသွားပါတယ်။
.
ဒါဟာ လူတွေအစုလိုက်အပြုံလိုက် ပစ်သတ်ခြင်းမှာ အမေရိကန်သမိုင်းမှာ အများဆုံးသေကြေ ဒဏ်ရာရခြင်းဖြစ်ပါတယ်။ ၂၀၁၆ ဇွန်လမှာ လူ၄၉ယောက် ပစ်သတ်ခြင်းကို ညကလပ်တစ်ခု Pulse nightclub မှာ ဖြစ်ခဲ့ဖူးပါတယ်။ တကမ္ဘာလုံးမှာ လူစုလူဝေးကို သေနပ်နဲ့ပစ်သတ်မှု များစွာ ဖြစ်ပေါ်နေပြီး အမေရိကန်နိုင်ငံမှာ ဒါမျိုး အများဆုံးဖြစ်ပွားနေလို့ သေနပ်ဥပဒေကို ပြန်လည်သုံးသပ်နေပါတယ်။ သေနပ်သမား အများစုက စိတ်ဝေဒနာရှင်၊ စိတ်ဖိစီးမှုရှိသူများဖြစ်ကြပါတယ်။ အခု လာဗီးဂတ် ပစ်ခတ်မှု တရားခံသေဆုံးသွားပြီး ဖြစ်ရပ်ကို စုံစမ်းနေစဉ် အိုင်အက်စ် ISIS အဖွဲ့က သူတို့ အိုင်အက်စ် တပ်ဖွဲ့ဝင်ဖြစ်ပြီး အစ္စလမ်ဘာသာကို မကြာမြင့်မီကိုးကွယ်သူ ဖြစ်တယ်လို့ ကြေငြာလိုက်ပါတယ်။ သူ့ရဲ့ မိန်မအဖော် အသက်၆၄နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသမီး ကို လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။
.
.
အိုင်အက်စ်အဖွဲ့က သူတို့လုပ်တယ် ကြေငြာခြင်း
ဒါက တကယ်ဟုတ်မဟုတ် မသေချာသေးပေမဲ့ အိုင်အက်စ်အဖွဲ့ရဲ့ တကမ္ဘာလုံး မငြိမ်မသက်ဖြစ်အောင် လုပ်နေတာဖြစ်ပါတယ်။ တကမ္ဘာလုံး အကြမ်းဖက်မှုကို စိုးရိမ်နေစဉ် 9/11 အရေးအခင်ဖြစ်ပြီးတဲ့နောက် ၂၀၁၀ နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသမှာ အကြီးအကျယ် နိုင်ငံရေးမငြိမ်မသက် အိုင်အက်နိုင်ငံ ပေါ်ထွက်လာပါတယ်။ သန်းပေါင်းများစွာသော မွတ်ဆလင်များ မိမိနိုင်ငံက ထွက်ပြေးပြီး ဥရောပတိုက်က ဒုက္ခသည်လက်ခံတဲ့ အထူးသဖြင့် ဂျာမဏီနိုင်ငံကို နည်းမျိုးစုံနဲ့ ကြိုးစားဝင်ရောက်ခြင်း ဖြစ်နေပါတယ်။
.
မြန်မာနိုင်ငံက ရိုဟင်ဂျာလို့ ကမ္ဘာက အမည်ပေးထားတဲ့ ဘင်္ဂလားမွတ်ဆလင် ၅သိန်းကို မြန်မာနိုင်ငံအစိုးရစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်တယ် မဟုတ်မမှန်စွတ်စွဲပြီး ထွက်ပြေးစေပါတယ်။ ဘင်္ဂလား တစ်ဝက်ကျော် ကျန်နေသေးတယ် လို့ဒေါ်အောင်ဆန်းစုကြည် ကြေငြာနေစဉ် ကျန်နေတဲ့ မွတ်ဆလင်တွေကို ဆက်ပြီးထွက်ပြေးအောင် လျှို့ဆော်ပြီး မငြိမ်မသက်ဖြစ်စေပါတယ်။
.
.
နောက်ဆုံးသောကာ ဗျာဒိတ်ကျမ်းနှင့် ရှင်မသဲ၂၄
ခရစ်ယန်တို့ရဲ့ သမ္မာကျမ်းစာမှာတော့ နောက်ဆုံးသောကာလ ဆိုတာရှိပါတယ်။ အလွန်ခက်ခဲ ကြောက်မက်ဖွယ် ကောင်းကင်က ကန့်နဲ့မီးလျှံတွေ ကျလာမဲ့၊ ကပ်ရောဂါနဲ့ စာတန်မာနတ်နဲ့စစ်ပွဲကြီး အာမဂဒုန်အရပ်ဒေသမှာ ဖြစ်မယ်လို့ အခိုင်အမာ ရေးထားပါတယ်။
.
နောက်ဆုံးကာလရဲ့ နမိတ်လက္ခဏာများစွာ ၁၉၄၈ ခုနှစ်က စတင်ပြီး ဖြစ်ပွားနေပါတယ်။ ပထမဆုံး ဖြစ်ရပ်ကတော့ နှစ်ပေါင်း ၂၀၀၀ လောက် နိုင်ငံမဲ့ ထွက်ပြေးနေတဲ့ ဘုရားသခင်ရဲ့လူမျိုးတော် အစ္စရေးနိုင်ငံ တဖန်ပေါ်ထွန်းလာပါတယ်။ ပတ်ဝန်းကျင်က အာရပ်နိုင်ငံများနဲ့ စစ်ပွဲ၃ကြိမ်ဖြစ်ပြီး ၁၉၆၇ မှာ သမ္မာကျမ်းစာအတိုင်း ယေရှုဆလင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
.
အနုမြူဗုန်းကို တီထွင်နိုင်ပြီး၊ အင်တာနက်နည်းပညာ၊ ဒုံးပျံ၊ လေယာဉ်ပျံများနဲ့ ဝေဟင်ကနေ မီးလျှံစစ်ပွဲကြီးများ ဖြစ်နေပါပြီ။ လူများစွာ ငြိမ်းချမ်းရေးကို အလိုရှိ တောင်းဆိုနေကြပြီး တကမ္ဘာလုံးကို ငြိမ်းချမ်းစေမဲ့ ဘာသာမဲ့ အန္တီခရစ် ဆိုတဲ့ ခေါင်းဆောင်ကြီးလဲ မကြာမီပေါ်ထွက်လာပါတော့မယ်။ ပုပ်ရဟန်းမင်းကြီးလား၊ မွတ်ဆလင်လား၊ အိုဘားမားလား၊ ဒေါ်နယ်ထရန့်လား ..စသဖြင့် လားပေါင်းများစွာ ဖြစ်နေကြပါပြီ။ ရက်စက်မှု၊ လိင်အကြမ်းဖက်မှု၊ လိင်တူလက်ထပ်ခြင်း၊ သက်ငယ်မုဒိမ်း၊ ဆင်းရဲချမ်းသာ အလွန်အမင်းကွာခြားနေခြင်း၊ မတရားမှုများစွာ ဖြစ်လာတယ်။ လူတွေ ကိုယ်ကျိုးကြည့်တာ များလာပြီး ယခင်ကလို မိသားစု သားသမီးများစွာနဲ့ နှစ်ပေါင်း၅ထောင်ကျော် ငြိမ်းချမ်းတဲ့ လူဘောင်မှာ အခုအချိန် အိမ်ထောင်မပြုသူ၊ သားသမီးမလိုချင်သူများစွာ ရှိနေပါပြီ။ မိခင်ဝမ်းဗိုက်က ကလေးငယ်ကို သတ်ဖြတ်တဲ့ သန္ဒေဖျက်ခြင်း (လူသတ်မှု) များစွာ ဖြစ်နေပါတယ်။
.
သဘာဝဘေးဒဏ်ကို ကြည့်ရင်လဲ မြေငလျင်၊ ရေကြီး၊ စူနာမီ၊ တိုင်ဖွန်း၊ မုန်တိုင်း၊ ဆိုင်ကလုန်း၊ မိုးခေါင်ရေရှားအငတ်ဘေး၊ စသဖြင့် ကမ္ဘာ့သမိုင်းမှာ မကြုံစဖူးအောင် ပေါ်ပေါက်နေပါတယ်။
.
ဧရာမစစ်ပွဲကြီး နှစ်ခု ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် မှာ သန်းပေါင်းတစ်ရာလောက် သေကြေပျက်စီးရပါတယ်။ အနုမြူဗုန်းတီထွင်ပြီးနောက်ပိုင်းမှာ စစ်ပွဲကြီးများ ရပ်တံ့သွားပေမဲ့ စစ်ပွဲတွေကတော့ အဆက်မပြတ် ဖြစ်ပွားနေဆဲပါ။ နောက်ဆုံးသောစစ်ပွဲ အာမေဂဒုန် စစ်ပွဲဖြစ်ဖို့ အသင့်ရှိနေပါပြီ
.
.
.
နိဂုံချုပ် …။
.
နောက်ဆုံးသောကလဟာ အင်မတန် နီးကပ်နေပါပြီ။ ယေရှုဆလင်သတင်းဌာနက ခရစ်စတင်းဒတ်ဂ်ျ Christine Darg နဲ့ ခရစ်ယန်နိမိတ်လက္ခဏာ အားကြီးသူများကတော့ မကြာမီ မိမိတို့အသက်ရှင်နေစဉ်မှာပဲ အထက်က သူတို့ပြောခဲ့တဲ့ အချက်ပေါင်း (၄၀) ဟာ အလွန်ထင်ရှား၊ တိကျတဲ့ ကျမ်းစာမှာရေးထားတဲ့ အတိုင်း ဖြစ်နေ ပြည့်စုံနေပါပြီ။ မကြာခင် ချီဆောင်ခြင်းကာလ ရောက်ပါတော့မယ်။
.
မိမိတို့လည်း ယေရှုကိုလက်ခံပြီး ဘု၇ားစကားကိုနားထောင်ကြတဲ့အတွက် နောက်ဆုံးသောကာလ၊ ဘေးဒဏ်ကြီးများက လွတ်မြောက်ပြီး ချီဆောင်ခြင်း နဲ့အတူ ဘုရားသခင်နဲ့ထာဝရ ရှိနေကြမှာဖြစ်ပါတယ်။
.
လွန်ခဲ့တဲ့ နှစ်၂ထောင်ကလည်း နောက်ဆုံးကာလ၊ ဘေးဒဏ်ကြီးတွေ ရောက်တော့မယ် သတိပေးနေတာပဲ ... အေးပါဟယ် ..ငါတို့သိပါတယ် ..ပြောပြီး၊ ဘုရားစကားကို နားမထောင် ကိုယ်စိတ်ညစ်ညူးနေကြသူများ ကို မေတ္တာနဲ့၊ မျက်ရည်နဲ့ သတိပေးနေတဲ့ ပရောဖက်ဥာဏ် ရှိတဲ့ ဓမ္မမိတ်ဆွေ များစွာ ပေါ်နေပါပြီ။
.
မိမိရဲ့ အပြစ်တွေ၊ အားနည်းချက်တွေ နောင်တရရင်၊ အားလုံးကို သခင်ယေရှုက ဖြေလွှတ်၊ ယူဆောင်သွားပါတယ်။ ၊ သခင်ယေရှုကို သင့်ရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံပါသလား၊ သင်လက်ခံရင် သင်ဘာလူမျိုး၊ ဘယ်ဘာသာဖြစ်ပါစေ၊ ယေရှုကလည်း သင့်ကိုလက်ခံပါမယ်။ ယေရှု ကျွန်တော်နဲ့သင်တို့အတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံ၊ အသွေးသွန်းလောင်းသွားပါတယ်။ ယေရှုကို နှလုံးသားက လက်ခံခြင်းဟာ ကောင်းကင်ဘုံရဲ့ အစဖြစ်ပါတယ်။
.
ကောင်းကင်ကို မော့ကြည့်လိုက်ပါ။ အတူလိုက်ဆိုကြည့်ပါ။
“ အဖဘုရားသခင်။ … ကျွန်တော်၊ ကျွန်မ နှလုံးသားထဲက ဆုတောင်းပါတယ်။ သခင်ယေရှုကို ကယ်တင်ရှင်မေရှိယ သေခြင်းမှရှင်ပြန်လည်ထလာခြင်းကို ယုံကြည်ပါတယ်။ သခင်ယေရှုဟာ ကျွန်တော်၊ကျွန်မရဲ့ အရှင်သခင်ဖြစ်ပါတယ်၊ နှုတ်မှ ၀န်ခံ၊ ပြောဆိုသက်သေခံပါတယ်။ အာ မင်..။ ”
.
ဤစာ ဖတ်ရှုသူအတွက်လည်း ဆုတောင်းပေးပါတယ်။ သန့်ရှင်းသောဝိညာဉ် သင်နဲ့အတူရှိပါစေ။ သန့်ရှင်းသောဝိညာဉ် သင့်ကို လွတ်မြောက်ခြင်းပို၍ ပေးပါစေ။www.exploits.tv မှာလည်း ၀ိညာဉ်ရေး ဗွီဒီယို၊ စာစောင်များကို ဖတ်ရှုပါ။ ခွန်အားပေးပါတယ်။
.
ရှာလုန် ..သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း၊ . အာ..မင်။
.
.
မုရန်
အောက်တိုဘာ ၁၄၊ ၂၀၁ရ

Download, Pray and Read, Apply to our daily life and make ready for Final Judgement Days (which is arrived).
Link..
https://www.slideshare.net/secret/3ZeK3GaAjdZwNj.

Comments