the Voice အယ်ဒီတာချုပ်ဦးကျော်မင်းဆွေ နဲ့ ဆောင်းပါးရှင် ဗြီတိလျှကိုကိုမောင် တို့ကို တပ်မတော်က ၆၆(ဃ) နဲ့ တရားစွဲဆိုခြင်း၊

.
အလွန်သြဇာကြီးတဲ့ မီဒီယာများကလည်း သူတို့ရဲ့ခံယူချက်များရှိပါတယ်။ ဥပမာ Eleven Media က အင်အယ်ဒီကို ထောက်ခံပြီး၊ အကြံပြုချက်များကနေ ၆၆(ဃ) နဲ့တရားစွဲဆိုခံလိုက်ရပါတယ်။ အခုတဖန် the Voice သတင်းစာက တပ်မတော်ပြုပြင်ပြောင်းလဲတာကို ထောက်ခံရင်း၊ အကြံပြုချက်များကနေ ၆၆(ဃ) နဲ့ တရားစွဲခံလိုက်ရပြန်ပါပြီ။
မြန်မာနိုင်ငံအတွက်လဲ ပိုကောင်းလာမဲ့ အလှည့်အပြောင်းကြီး တခုဖြစ်နိုင်ပါတယ်။
သတိရဆုတောင်းပါတယ်။
ဇော်အောင်
.
.
Update 16.10.2017
ဦးကျော်မင်းဆွေ ၂လလောက် ထောင်ကျပြီး အာမခံရလို့ လွတ်သွားပါပြီး။ ၆၆(ဃ) ဥပဒေကိုလဲ လွှတ်တော်မှာ ဆက်သွယ်ရေးဝန်ကြီးက တင်ပြဆွေးနွေးပြီး အာမခံပေးနိုင်တယ်လို့ ပြင်လိုက်ပါပြီ။ အစိုးရနဲ့အတိုက်အခံဖြစ်ရင် ဖမ်းမယ် မဖမ်းဘူး ဆိုတာ အုပ်ချုပ်သူအာဏာပိုင်များနဲ့ပဲ သက်ဆိုင်ပါတယ်။ ဥပဒေဆိုတာ အစိုးရတွေက ထုတ်ထားကြလို့ အစိုးရအပေါ်မှာပဲ မူတည်နေပါတယ်။ ပြည်သူလူထု အနေနဲ့ကတော့ အစိုးရကောင်းမွန်ပါစေလို့ ဆုတောင်းရုံသာမက၊ မျှတတဲ့ မီဒီယာသတင်းစာများကိုလဲ ထောက်ခံရမှာပဲ ဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်ပစေ မီဒီယာလုပ်သူများကတော့ ထောင်ကျတယ်ဆိုတာ သူတို့ဘ၀ရဲ့ မှတ်ကျောက်တိုင်တစ်ခုပါပဲ။

လူချင်းတွေ့တုန်းကရော၊ ကျနော်ရေးတဲ့ ခေါင်းကြီးတွေမှာရော၊ ကျနော်တို့ မီဒီယာရဲ့ ရပ်တည်မှုကို၌ရော အင်စတီကျူးရှင်းတစ်ခုအပေါ်မှာ ယုံကြည်လေးစားမှု ရှိအောင် တချို့နေရာတွေမှာ တတ်နိုင်သလောက် သဘောထားကြီးကြောင်း ပြဖို့ တိုက်တွန်းအကြံပြုခဲ့တယ်။
ကျနော်တို့ နိုင်ငံမှာ မရှိမဖြစ် အရေးပါနေတဲ့ ဒီအင်စတီကျူးရှင်းအပေါ်မှာ လူနဲ့မူခွဲသိတဲ့ ကျနော် ဘယ်တုန်းကမှ ရန်သူလို သဘောမထားခဲ့ဘဲ မိတ်ဆွေကောင်းလိုသဘောထားနဲ့ ပြုမူ၊ ပြောဆိုခဲ့တယ်။
ဒါပေမယ့် အဲဒီအင်စတီကျူးရှင်းက ကျနော်နဲ့ ကျနော့်မီဒီယာအပေါ်မှာ အဲဒီလို သဘောထားမရှိဘူးဆိုတာ ဒီနေ့ ပေါ်လွင်သွားပြီ။ ကျနော်က စိတ်မကောင်းဘူးဆိုတဲ့စကားတစ်ခွန်းပဲ ပြောချင်တယ်။
ရှေ့ဆက်ပြီး ရင်ဆိုင်ရမယ့် အခြေအနေအပေါ်မူတည်ပြီး အင်စတီကျူးရှင်းအပေါ်မှာ အလေးအနက်ထားတဲ့ ကျနော့်သဘောထား မပြောင်းသွားပေမယ့် လောလောဆယ် အဲဒီအင်စတီကျူးရှင်းကို စီမံခန့်ခွဲနေတဲ့ လူတွေအပေါ်မှာတော့ သဘောထား ပြောင်းကောင်း ပြောင်းသွားနိုင်တယ်။ အရင်အတိုင်း ပြန်မဖြစ်နိုင်တာတော့ သေချာတယ်။

Comments
Post a Comment