ဗုဒ္ဓဘာသာနှင့် နိုင်ငံတော်အာဏာ The Voice ဇေဝင်းနောင် ဘာသာပြန်ဆိုသည်။
ဗုဒ္ဓဘာသာနှင့် နိုင်ငံတော်အာဏာ
07-Nov-2017 tagged as
မြန်မာ့အရေးတွင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများထက် ဓမ္မဒိဋ္ဌာန်ကျစွာ ရှုမြင်သုံးသပ်လေ့ရှိသည့် International Crisis Group ၏ Buddhism and State Power in Myanmar အစီရင်ခံစာကို ဆီလျော်အောင် ပြန်ဆိုဖော်ပြခြင်း ဖြစ်ပါသည်။ ယမန်နေ့က အဓိက အကြောင်းအရာ အနှစ်ချုပ်ကို ဖော်ပြခဲ့ပြီး ယနေ့ထုတ် သတင်းစာတွင် အပိုင်း ၂ အဖြစ် အစီရင်ခံစာ နိဒါန်းနှင့် သမိုင်းနောက်ခံကို ဆက်လက် ဖော်ပြထားပါသည်။ အငြင်းပွားဖွယ်ရာ ရှုမြင်သုံးသပ်ချက်များ ပါဝင်နိုင်သော်လည်း ပကတိ အခြေအနေကို အတိုင်းအတာ တစ်ခုအထိ ဖော်ပြနိုင်စွမ်းရှိသည်ဟု ယူဆသောကြောင့် စဉ်းစားဆင်ခြင်နိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။
အယ်ဒီတာ
မြန်မာနိုင်ငံတွင် အမုန်းစကားနှင့် ရုန်းရင်းဆန်ခတ်မှုများ အပါအဝင် ဗုဒ္ဓဘာသာ အစွန်းရောက် အမျိုးသားရေးဝါဒီများ၏ ရပ်တည်ချက် သဘောထားများ အားကောင်းလာလျက် ရှိသည်။ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဖျက်သိမ်းခြင်းကဲ့သို့သော ထိရောက်မှုမရှိသော ဆောင်ရွက်ချက်မျိုးနှင့်စာလျှင် အစိုးရသည် အခြေခံ အကြောင်းတရားများ ကိုင်တွယ်ဖြေရှင်းပြီး ဗုဒ္ဓဘာသာ၏ လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံရေး နယ်ပယ်တွင်းမှ အခန်းကဏ္ဍအကြောင်း ဆွေးနွေးငြင်းခုံမှုကို ပြန်လည် ပုံသွင်းနိုင်ရန် ကြိုးပမ်းသင့်ပေသည်။
အဓိက အကြောင်းအရာ အနှစ်ချုပ်
၂၀၁၇ ဩဂုတ်လတွင် မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အယ်လ်ယာ ကင်ခေါ် ARSA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ အသစ်ပြန်စစေရန် တွန်းပို့ပေးရာ ရောက်ခဲ့သည်။ ၎င်းတို့ကိုပင် နိုင်ငံတစ်ဝန်းရှိ အခြေခံဝါဒီ ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများက ၎င်းတို့၏ ရည်မှန်းချက် လုပ်ငန်းစဉ်အတွက် အသုံးချလာကြသည်။ ရခိုင်ပြည်နယ်အတွင်းရှိ လှုပ်ရှားဖြစ်ပေါ်နေမှုများကို ဒေသခံများ၏ အကြောက်တရားနှင့် မကျေနပ်ချက်များက အဓိက စေ့ဆော်မောင်းနှင်နေသည်ဟု ဆိုနိုင်သော်လည်း လက်ရှိအကျပ်အတည်းသည် မွတ်ဆလင် ဆန့်ကျင်ရေး ရပ်တည်ချက်ကို ကျယ်ပြန့်အားကောင်းလာစေနိုင်ပြီး တိုင်းပြည်၏ အသွင် ကူးပြောင်းမှုကို အန္တရာယ် ပေးလာနိုင်ကာ နိုင်ငံတစ်ဝန်းရှိ အသိုင်းအဝိုင်းများအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှု အလားအလာကို တစ်ကျော့ပြန်ဆန်း သစ်လာစေနိုင်သည်။
၂၀၁၁ ခုနှစ် နိုင်ငံရေး လစ်ဘရယ်ပြုမှု စတင်ချိန်မှစ၍ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်တွင် သာမက နိုင်ငံအနှံ့တွင် ဗုဒ္ဓဘာသာ အစွန်းရောက် အမျိုးသားရေးဝါဒ၊ မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းစကား၊ အသေအပျောက်ရှိသော အသိုင်းအဝိုင်းအတွင်း ရုန်းရင်းဆန်ခတ်မှုများ မြင့်တက်လာခြင်းကြောင့် အခက်ကြုံခဲ့ရသည်။ အထင်ရှားဆုံးသော အမျိုးသားရေးအဖွဲ့မှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဖြစ်ပြီး သံဃာတော်များ၊ သီလရှင်များ သာမက အရပ်သားများဖြင့်ပါ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။ အစိုးရသည် ယင်းအဖွဲ့ကို ကန့်သတ်ထိန်းချုပ်ရန် အားစိုက် လုပ်ဆောင်ခဲ့ပြီး နိုင်ငံ၏အမြင့်ဆုံး ဗုဒ္ဓဘာသာ အဖွဲ့အစည်း (သံဃမဟာနာယက) က ယင်းအဖွဲ့ကို ပိတ်ပင်ရန် ဖိအားပေးခဲ့သည်။ သို့သော်လည်း ယင်းအားထုတ်မှုများသည် အမျိုးသားရေးဝါဒီတို့၏ ပြောဆိုရေးသား ဆွဲဆောင်မှုများနှင့် ယင်းအဖွဲ့အစည်းများ အားပျော့ပျက်ပြယ်စေရေးတွင် များသောအားဖြင့် ထိရောက်မှု မရှိခဲ့သည့်အပြင် အားဖြည့်ပေးသလိုပင် ဖြစ်သွားသည်ဟုဆိုနိုင်သည်။ သို့သော်လည်း၊ မသက်မသာ ဖြစ်ကောင်း ဖြစ်နိုင်သည့်တိုင်၊ အစိုးရနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာ မိတ်ဖက်များအနေဖြင့် အစွန်းရောက် အမျိုးသားရေးဝါဒ၏ စိန်ခေါ်မှုများကို ကိုင်တွယ်နိုင်ရန်နှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားမည့် အလားအလာ လျှော့ချရန် နည်းလမ်းများ ရှာဖွေမည်ဆိုပါက ရိုးရှင်းသော တစ်လမ်းသွား ပုံဖော်မှုများထက် မဘသအပေါ် လူမှုထောက်ခံမှုများ၏ ဇာစ်မြစ်အရင်းခံများမှ သိမ်မွေ့သော ကွဲပြားချက်များကို ပိုမို နားလည်စေရေး ဆောင်ရွက်ရန်မှာ အလွန် အရေးကြီးသည်ဟု ဆိုနိုင်သည်။
မဘသ၏ သဘော သဘာဝနှင့် လူကြိုက်များ ရေပန်းစားမှု အတိုင်းအတာအပေါ် အစိုးရ အပါအဝင် အများစုက နားလည်းမှု လွဲနေကြသည်။ နိုင်ငံရေး သို့မဟုတ် မွတ်ဆလင် ဆန့်ကျင်ရေး ရည်မှန်းချက်များအပေါ်သာ ကျဉ်းမြောင်းစွာ အာရုံစိုက်ထားသည့် အဖွဲ့အစည်းမျိုးထက် ပိုလွန်ပြီး၊ အဖွဲ့အပေါ် ထောက်ခံသူ အများစု ရှုမြင်ထားကြသလိုပင် သမိုင်းအစဉ်အလာအရ ဗုဒ္ဓဘာသာနှင့် နိုင်ငံတော်သည် ခွဲခြားမရသော နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုတွင် နှိုင်းပြစရာမရှိသော စိန်ခေါ်မှုများနှင့် မရေရာမှုများ ကြုံတွေ့နေရချိန်၌ ဗုဒ္ဓဘာသာကို ကာကွယ်ရေးနှင့် ထွန်းကားရေးဆိုသော အချက်ကို အခြားအရာ အားလုံးထက် ပိုမိုအာရုံစိုက်ထားသော ကျယ်ပြန့်စွာ အခြေစိုက်ထားသည့် လူမှုရေးနှင့် ဘာသာရေး လှုပ်ရှားမှုတစ်ရပ်ဟု ဆိုနိုင်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် နိုင်ငံရေး နယ်ပယ်တွင် အားကောင်းလှသည့် လေးစားမှုနှင့် ထောက်ခံမျိုး ရှိထားသော်လည်း ထိုသူများသည် ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုကို ကာကွယ်ရေးထက် လူနည်းစု အခွင့်အရေးနှင့် မတူကွဲပြားမှု (ဘာသာရေး မတူကွဲပြားမှု အပါအဝင်) အပေါ် မျက်နှာသာပေးသော အနောက်တိုင်း လစ်ဘရယ် အမြင်မျိုးရှိသည်ဟု အမျိုးသားရေး ဝါဒီများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ယုံကြည်ထားကြသည်။ လူနည်းစုများကလည်း အစိုးရသည် ၎င်းတို့၏ ပူပန်မှုများကို အရေးမစိုက်ဟု ယူဆထားကြပြန်သည်။ မဘသကိုဖျက်သိမ်းရန် အစိုးရ၏ အားထုတ်မှုမှာလည်း ထိုသူတို့သည် ကိုးကွယ်ယုံကြည်မှုကို ကာကွယ်ရေးတွင် အားနည်းသူများ ဖြစ်သည်ဆိုသော သဘောထားကိုသာ ပိုအားကောင်းသွားစေခဲ့သည်။ အစိုးရကသာ မဘသကို ဥပဒေနှင့်မညီသော အဖွဲ့အစည်းအဖြစ် ကြေညာရန် ခြောက်လှန့်ထားသည့်အတိုင်း ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့လျှင် နိုင်ငံတစ်ဝန်း ဆိုးရွားသော၊ အကြမ်းဖက်မှုများ ဖြစ်နိုင်ခြေရှိသော ဂယက်ရိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။
မဘသကို အစိုးရ သို့မဟုတ် နိုင်ငံတော်အဆင့် ဘာသာရေး အာဏာပိုင် အဖွဲ့အစည်းများထက် ဘာသာရေးကိစ္စများတွင် တရားဝင် ဆောင်ရွက်လုပ်ပိုင်ခွင့် ပိုမိုကြီးမားကျယ်ပြန့်သည်ဟု ဗုဒ္ဓဘာသာဝင် အများစုက ယူဆကြသည့် အများကြည်ညို လေးစားခံရသော ဩဇာ တိက္ကမနှင့် ပြည့်စုံသော ဘုန်းတော်ကြီးများက ဦးဆောင်လျက် ရှိသည်။ မဘသသည် အလွှာစုံမှ လူအများကို ဆွဲဆောင်နိုင်စွမ်း ရှိနေပြီး ယင်းအဖွဲ့၏ ပါတီနိုင်ငံရေး သို့မဟုတ် အမုန်းစကားကိစ္စများတွင် ပတ်သက်ဆက်နွှယ်မှုများအပေါ် ဆန့်ကျင်ကြသူများကိုပင်၊ ဗုဒ္ဓဘာသာ တနင်္ဂနွေကျောင်း (ဓမ္မစကူးများ)၊ လူမှုရေးလုပ်ငန်းများ၊ အတန်းပညာရေးတွင် ထောက်ပံ့ပေးခြင်းများ(ဘကကျောင်းများ) မှသည် ဥပဒေကြောင်းအရ ကူညီပေးမှုနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးအထိ ရပ်ရွာ အသိုင်းအဝိုင်း အဆင့်တွင် “ကောင်းရာကောင်းကျိုး” ဆောင်ရွက်မှုများဖြင့် ဆွဲဆောင်ထားနိုင်စွမ်းရှိနေသည်။
(နိုင်ငံတကာမှ) အများစုက အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံရာ ရောက်သည့် ရည်ရွယ်မှုဟု ရှုမြင်ကြသည့် မိမိသဘောကျသူကို လက်ထပ်ပိုင်ခွင့်ကို ကန့်သတ်ရာ ရောက်စေသော ဥပဒေများ ပြဋ္ဌာန်းရေးကို မဘသက ထောက်ခံသည့်တိုင် သီလရှင်များ၊ လူဝတ်ကြောင် အမျိုးသမီးများ၏ အဖွဲ့အစည်းများအကြားတွင် မဘသအပေါ် အားကောင်းသော ထောက်ခံမှုမျိုး ရှိနေသည်မှာ ရှင်းလင်းမြင်သာလွန်းလှပေသည်။ ယောက်ျား၊ မိန်းမ အများစုအတွက် မဘသသည် ရပ်ရွာ အထောက်အကူပြု လှုပ်ရှားမှုများတွင် ပါဝင်ရန် အားကောင်းသော၊ အထောက်အပံ့ကောင်းသော လမ်းကြောင်းတစ်ခု ဖြစ်ရုံသာမက မြန်ဆန်လွန်းလှသည့် လူမှု အသိုင်းအဝိုင်းဆိုင်ရာ ပြောင်းလဲမှု အတွင်းတွင် မိမိနှင့်ဆိုင်သည့် အစုအဖွဲ့၊ ဦးတည်ရာဆိုသော ခံစားချက်ကို ပေးစွမ်းနိုင်သလို လူငယ်များအတွက် အနည်းငယ်သော အလုပ်အကိုင်များ သို့မဟုတ် အခြား အခွင့်အလမ်းများ ပံ့ပိုးပေးရာအဖြစ်လည်း ရှုမြင်စရာ ဖြစ်နေသည်။
အမုန်းစကား၊ အမျိုးသားရေး ရန်စမှုများနှင့် ဆက်စပ်နေသော တအုံနွေးနွေး ဖြစ်နေသည့် ရပ်ရွာ အသိုက်အဝန်းများအကြား တင်းမာမှုများ၏ ပကတိ အရှိတရားနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် တိုင်းပြည်အတွက် အလားအလာမှာ အထူးစိုးရိမ်စရာ ဖြစ်နေပေသည်။ မဘသအတွင်းမှ ထင်ရှားသော ဘုန်းတော်ကြီးနှင့် အရပ်သား အချို့သည် အစွန်းရောက် တစ်ယူသန်သော မွတ်ဆလင် ဆန့်ကျင်ရေး အမြင်များကို ထောက်ခံအားပေးခြင်း၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးခြင်း၊ အမျိုး၊ ဘာသာ ကာကွယ်ရေး ခေါင်းစဉ်အောက်မှ ရုန်းရင်းဆန်ခတ်မှုများကို မျက်ကွယ်ပြု လျစ်လျူရှုပေးခြင်းတို့ကို လုပ်ဆောင်နေရာ အဆိုပါ လုပ်ရပ်များသည် အကြီးစား အသိုက်အဝန်း ပဋိပက္ခကြီးဆီသို့ ဦးတည်စေရန် ပံ့ပိုးပေးရာ ရောက်သွားနိုင်သည်။ အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ မဘသ ကိုယ်တိုင် မဟုတ်ဘဲ၊ ၎င်းတို့ ဖန်တီးခဲ့သော ရွေ့လျားပြောင်းလဲစေနိုင်သော အင်အားနှင့် ၎င်းတို့ လှုံ့ဆော်အားဖြည့်ပေးခဲ့သော ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားနိုင်သည့် တစ်ဦးတစ်ယောက်ချင်းစီပင်ဖြစ်ပေသည်။
အစိုးရသည် အမုန်းစကား၊ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်မှုများ ဆန့်ကျင်ရေး အရှိန်အဟုန်ဖြင့် ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သော်လည်း ကျယ်ပြန့်သော ဝိသေသ လက္ခဏာရှိသည့် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒနှင့် မဘသ ကဲ့သို့သော အဖွဲ့များကို ကိုင်တွယ်ရာတွင်မူ ထိပ်တိုက် ရင်ဆိုင်ခြင်းနှင့် ဥပဒေကြောင်းအရ အရေးယူခြင်းမှာ ထိရောက်နိုင်ခြေ နည်းသည်။ စင်စစ်တွင်ကား ယင်းသို့သော ဖြေရှင်းမှုမျိုးမှာ ၎င်းတို့အတွက် အားသာချက်ပင် ဖြစ်သွားစေနိုင်ပြီး ကျယ်ပြန့်သော ဩဇာလွှမ်းမိုးမှုရှိသည့် မဘသ၏ ပြောဟောလှုံ့ဆော်မှုများနှင့် အဖွဲ့အမည်အောက်မှ ရပ်ရွာ အသိုက်အဝန်း ဝန်ဆောင်မှုများအပေါ် လူကြိုက်များမှုတို့ ပေါင်းစပ်ထားခြင်းကို ထည့်တွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပိုဆန်လာသည့် ခေတ်သစ်တွင် ဗုဒ္ဓဘာသာနှင့် ထိုက်တန်သော နေရာနှင့် ဗုဒ္ဓဘာသာကို ကာကွယ်ပေးရသော နိုင်ငံရေး ခေါင်းဆောင်မှု၏ အခန်းကဏ္ဍအပေါ် ဆွေးနွေးငြင်းခုံမှုမှာ ပုံစံပြောင်းလဲလာလျက် ရှိသည်။ သံဃာနှင့် နိုင်ငံတော်အကြား နှစ်ဦးနှစ်ဖက် တရားဝင် ဖြစ်စေသော နက်ရှိုင်းသည့် သမိုင်းဝင် ဆက်ဆံရေးအကြောင်း ဆွေးနွေးငြင်းခုံမှုသည် လျင်လျင်မြန်မြန် အဆုံးသတ်ရန် မရှိသေးသလို ကိုယ်ကျင့်တရားနှင့် ယုံကြည်သက်ဝင်မှုဆိုင်ရာ ကိစ္စရပ်များကို ချန်လှပ်ထားပြီး နိုင်ငံရေးနှင့် အမျိုးသားရေးဝါဒ ရှုထောင့်မှသာ ရှုမြင်သုံးသပ်ရန်လည်း မဖြစ်နိုင်ပေ။ အစိုးရအနေဖြင့် ပိုမိုဒီမိုကရေစီဆန်လာသော အခြေအနေတွင် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍကို ဖော်ကျူးနိုင်ရန် သူ့နည်းသူ့ဟန် ပြန်လည် ပုံဖော်ခြင်းဖြင့် ပြောဟောလှုံ့ဆော် ရပ်တည်ချက်များကို ထိန်းချုပ်သင့်သလို အပြုသဘော ဆောင်သော မျှော်မှန်းချက်မျိုးကိုလည်း ချမှတ် အကောင်အထည် ဖော်ပေးရန် လိုအပ်လျက်ရှိသည်။
တစ်ချိန်တည်းတွင်ပင် အစိုးရအနေဖြင့် ခွဲခြားဆက်ဆံလိုသော အမျိုးသားရေး ဝါဒီများ၏ ပြောဟောရပ်တည်ချက်ကို အဘယ်ကြောင့် လူအများက ထောက်ခံလာရသည်ဆိုသော အကြောင်းရင်းခံ မကျေနပ်ချက်များကိုလည်း ကိုင်တွယ် ဖြေရှင်းရန်လို အပ်ပေသည်။ ယင်းမကျေနပ်ချက်များတွင် စီးပွားရေးကလည်း တစ်စိတ်တစ်ဒေသ ပါဝင်နေသည်။ စီးပွားရေးအပေါ် ပိုမိုကျယ်ပြန့် မြင်သာစွာ အာရုံစိုက် ဆောက်ရွက်ခြင်းဖြင့် အစိုးရသည် ပိုကောင်းသော အခွင့်အလမ်းများနှင့် အလုပ်အကိုင်များ ဖန်တီးနိုင်ရေးကို ဦးစားပေးနေပြီး သာမန် ပြည်သူများအတွက် ပိုမိုသာယာဝပြောသော အနာဂတ်ကို ဖန်တီးနေသည်ဟု ပြည်သူများ လက်ခံလာစေမည်ဖြစ်သည်။ ကိုယ်ပါဝင်နိုင်သည့် အခန်းကဏ္ဍ တစ်ခုရှိသည်ဟု ခံစားမိသူများ လာလေလေ၊ အမျိုးသားရေး ဝါဒီများ၏ ကွန်ရက်များအပြင် တစ်ခြားလုပ်စရာ လမ်းကြောင်း ပိုများလာလေလေ၊ ပြည်သူအများအတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်စွမ်း ရှိလာသည်ဆိုသော ခံစားမှုမျိုး ပိုမိုအားကောင်းလာမည်ဖြစ်သည်။ နိုင်ငံတကာမှ ဖွံ့ဖြိုးရေး ပတ်သက်ဆောင်ရွက်သူများကလည်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၏ ကွဲပြားသော လူမှုအခန်းကဏ္ဍကို အသိအမှတ်ပြုရမည်ဖြစ်ပြီး ယင်းတွင် မဘသကို ထောက်ခံသူများ၊ မဘသကို စာနာသူများကိုပါ ထည့်တွက်ရန်လိုအပ်ကာ၊ ၎င်းတို့၏ လှုပ်ရှား ဆောင်ရွက်မှုများတွင် အပြုသဘော လွှမ်မိုးနိုင်ရေး နည်းလမ်းများ ရှာဖွေရမည်ဖြစ်ကာ ပြဿနာ ဖြစ်ပွားစေနိုင်သော အမျိုးသားရေး ကွန်ရက်များအပြင် အခြားနည်း ရွေးချယ်စရာ စိတ်ချယုံကြည်ရသော လမ်းကြောင်းများ ပေါ်ပေါက်ရေးကို အားပေး ထောက်ကူပေးရမည် ဖြစ်ပေသည်။
၁။ နိဒါန်း
၂၀၁၁ နိုင်ငံရေး အသွင်ကူးပြောင်းမှု စတင်ချိန်မှစ၍ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒနှင့် မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းများ မြန်မာနိုင်ငံတွင် အားကောင်းလာခြင်းသည် ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ပူပန်လာစေခဲ့သည်။ အကြီးဆုံး ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ အဖွဲ့အစည်း ဖြစ်သော အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) ကို အစိုးရက ထိန်းချုပ်ဟန့်တားရန် ကြိုးပမ်းသော်လည်း ကျယ်ပြန့်သည့် အခြေခံ လူတန်းစားများ၏ ထောက်ခံမှု ရရှိခဲ့သည်။ ပါတီနိုင်ငံရေးတွင် ဝင်ရောက် ပတ်သက်ခြင်းမှာ မဘသအဖွဲ့ကြီး အတွင်း၌ပင် အငြင်းပွားဖွယ် ဖြစ်သော်လည်း၊ ဗုဒ္ဓဘာသာ သာသနာ ခြိမ်းခြောက်ခံနေရပြီ ဆိုသောအဖွဲ့၏အမြင်ကိုမူ မြန်မာ ဗုဒ္ဓဘာသာဝင် အများစုက လက်ခံထားကြသည်။ အဖွဲ့ကြီးသည် ဗုဒ္ဓဘာသာ ကာကွယ်ရေးနှင့် တိုးတက်ရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရေးကို အဓိက အာရုံစိုက်သည်ဟု အဖွဲ့ဝင် အများအပြားနှင့် ထောက်ခံသူများက မှတ်ယူထားကြရာ မဘသကိုပိတ်ပင်ရန် သို့မဟုတ် အားနည်းစေရန် အစိုးရ၏ အားထုတ်မှုများတွင် အခက်အခဲကြုံခဲ့ရသည်။
ဤအစီရင်ခံစာသည် မဘသနှင့် အခြား အမျိုးသားရေး အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ သာမက ယင်းအဖွဲ့များ၏ အဖွဲ့ဝင်များ၊ ထောက်ခံသူများအပေါ် စေ့ဆော်သော အကြောင်းရင်းများ အမြင်များကို အသေးစိတ် ကွဲပြားစွာ နားလည်သိရှိနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ထိရောက်သော မူဝါဒရေးရာ တုံ့ပြန်မှုများ ဖန်တီးရာတွင် ယင်းသို့သော နားလည်မှုမျိုး မဖြစ်မနေ လိုအပ်ပါသည်။
ဤအစီရင်ခံစာသည် ၂၀၁၇ ခုနှစ်အတွင်း အသေးစိတ် သုတေသနများ၊ တွေ့ဆုံမေးမြန်းမှုများ ခြောက်လကြာ လုပ်ဆောင်ခဲ့မှုအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ မဘသနှင့် အခြား အမျိုးသားရေး အဖွဲ့များ၏ ထိပ်တန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့သလို မဘသကို ထောက်ခံသော ရဟန်းသံဃာများ၊ သီလရှင်များ၊ မဘသကို ထောက်ခံသော အမျိုးသမီး အဖွဲ့များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း အဖွဲ့ဝင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကိုပါ မေးမြန်းထားခဲ့ခြင်း ဖြစ်သည်။ ယခု သုတေသနတွင် မဘသ၏ အခမ်းအနားများနှင့် ချီတက်ပွဲများ၊ အငြင်းပွားမှု ဖြေရှင်းရေး ဆောင်ရွက်ချက်များ၊ ကျောင်းပညာရေး၊ လက်မှတ်ရေးထိုး တောင်းဆိုမှုများ ကဲ့သို့သော ဖြန့်ကြက် လှုပ်ရှားမှုများကို Crisis Group က စောင့်ကြည့်လေ့လာမှုများအပေါ်မှ ကောက်ချက်ဆွဲ သုံးသပ်မှုများလည်း ပါဝင်ပါသည်။ တွေ့ဆုံမေးမြန်းမှု အများစုမှာ မြန်မာဘာသာဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဘာသာရေးအရ အမျိုးသားရေး ဝါဒီဖြစ်သော အမျိုးသမီးဖြေဆိုသူ အများအပြား၏ အသံလည်း ပါဝင်ပြီး အမျိုးသမီး သုတေသနသမားများက မေးမြန်းပေးခဲ့ခြင်း ဖြစ်ပါသည်။ တွေ့ဆုံမေးမြန်းမှုများကို မြန်မာပြည်မ၏ အထက်ပိုင်းနှင့် အောက်ပိုင်း နေရာအများအပြားတွင် ပြုလုပ်ခဲ့သလို ကရင်ပြည်နယ်တွင်လည်း တွေ့ဆုံမေးမြန်းမှုများ ပြုခဲ့ပါသည်။
အမျိုးသားရေးဝါဒီ အမျိုးသမီးများကို အာရုံစိုက် မေးမြန်းရခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံမှ အမျိုးသားရေးဝါဒနှင့်ပတ်သက်ပြီး လေ့လာမှု ဆွေးနွေးမှု နည်းပါးသေးသည့် ရှုထောင့်တစ်ရပ်မှ အမြင်ကို မီးမောင်းထိုပြလိုခြင်းကြောင့်ဖြစ်သလို နိုင်ငံတွင်းရှိ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒနှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပတွင် အများ လက်ခံထားကြသော ယူဆချက်များကို စိန်ခေါ်နေသော အမျိုးသားရေးဝါဒီ အမျိုးသမီးများအပေါ် စေ့ဆော်သော အကြောင်းရင်းများနှင့် ၎င်းတို့၏အမြင်များကို နားလည်စေရန် အတွက်လည်း ရည်ရွယ်ပါသည်။
ဤအစီရင်ခံစာတွင် အဖွဲ့ဝင်များက ၎င်းတို့ ဘာကြောင့် မဘသနှင့် မဘသ လှုပ်ရှားမှုများတွင် ပါဝင်ရသည် ဆိုခြင်းအတွက် အကျိုးအကြောင်းပြချက်များကိုလည်း ဖော်ပြထားပါသည်။ ယင်းအချက်များမှာ ခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ၊ အချက်အလက်အပေါ် အခြေခံသည်ဖြစ်စေ၊ အခြေမခံသည်ဖြစ်စေ၊ အမှန်တကယ် ခံစားလက်ခံထားသည့် အချက်များဖြစ်ရာ ထိရောက်သော မူဝါဒရေးရာ တုံ့ပြန်မှုများ ဖန်တီးနိုင်ရေး နားလည်သိရှိထားရန် အရေးကြီးပါသည်။ ဤအစီရင်ခံစာတွင် မဘသ အဖွဲ့ဝင်အရေအတွက်၊ ဖွဲ့စည်းပုံ သို့မဟုတ် လှုပ်ရှားမှုများကို အတိအကျ ဖော်ပြထားခြင်းတော့ မရှိပါ။ အဖွဲ့၏ ပုံသေမရှိသော သဘော သဘာဝနှင့် မကြာသေးမီက အစိုးရနှင့် ဘာသာရေး အာဏာပိုင်များ၏ ဖိအားကြောင့် ဖြစ်ပေါ်နေသော အပြောင်းအလဲများကြောင့်လည်း ယင်းသို့ အတိအကျ ဖော်ပြရန် ခက်ခဲခြင်းဖြစ်ပါသည်။ ယင်းအပြင် ဤအစီရင်ခံစာ ထွက်ရှိချိန်တွင် မပြီးပြတ်သေးသော ဩဂုတ်လတွင်းက ရခိုင်ပြည်နယ်တွင် အယ်လ်ယာကင်ခေါ် Arakan Rohingya Salvation Army (ARSA) အဖွဲ့၏ တိုက်ခိုက်မှုများနှင့် စစ်ဘက်မှ တုံ့ပြန်မှုများနှင့် ပတ်သက်၍လည်း ဤအစီရင်ခံစာတွင် သုံးသပ်ဖော်ပြခြင်းမရှိပါ။ ယင်းအရေးပါသော ဖြစ်စဉ်ဇာတ်ကွက်နှင့် ဂယက်ရိုက်မှုများအကြောင်း ၂၀၁၇ ဆောင်းဦးကာလတွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံနှင့် ဒေသတွင်းမှ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ
က။ မြန်မာနိုင်ငံတွင်းမှ သမိုင်းဇာစ်မြစ်နောက်ခံ
(၁) ဘုရင့်နိုင်ငံနှင့် သက်ဦးဆံပိုင်စနစ်
ဘာသာရေး အခြေပြု အမျိုးသားရေးဝါဒအား ကောင်းလာခြင်းသည် မြန်မာတစ်နိုင်ငံတည်းတွင် ဖြစ်ပေါ်သည့် ကိစ္စမျိုး မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခုဟု ဆိုနိုင်သည်။ ယင်းဖြစ်စဉ်ကြောင့် ပညာတတ်အထက်လွှာများနှင့် ဒေသခံနိုင်ငံရေး လှုပ်ရှားသူများ မကြာခဏ အံ့အားသင့်ရ၊ စိတ်ပျက် အားလျော့ရသော်လည်း ယင်းဖြစ်စဉ်မျိုးကို ဒီမိုကရေစီနိုင်ငံများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းနေသော နိုင်ငံအများအပြားတွင် တွေ့မြင်နိုင်ပြီး ယင်းတို့ထဲတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဗုဒ္ဓဘာသာ နိုင်ငံများလည်း ပါဝင်နေပါသည်။ ထိုင်းစစ်အစိုးရသည် ၎င်းတို့၏ ဩဇာအာဏာ အားကောင်းစေရန် အလို့ငှာ ဘာသာ သာသနာကို စောင့်ရှောက်သူများအဖြစ် ပုံဖော်ထားသလို၊ အချို့သော သီရိလင်္ကာပါတီကြီးများသည်လည်း လူများစု သီဟိုဠ်သားများအကြားတွင် ၎င်းတို့၏ တရားဝင်ဖြစ်မှု အားကောင်းစေရန် ဘာသာရေး အမျိုးသားရေးဝါဒကို အားဖြည့်ကိုင်စွဲထားကြသည်။
မြန်မာနိုင်ငံတွင်းမှ ဘာသာရေး အမျိုးသားရေး ဝါဒီအမြင်များကို တိုင်းပြည်၏ သမိုင်းအမွေ၊ အထူးသဖြင့် ကိုလိုနီပြုခံရမှု၊ ဒေသတွင်း လူဦးရေ အချိုးအပြောင်းအလဲများနှင့် ခေတ်ပြိုင် ကမ္ဘာ့နိုင်ငံရေး အခြေအနေများက ဖော်ပြလျက်ရှိသည်။ ယင်းအကြောင်းအချက်များကြောင့် တိုင်းပြည်၏ ဘာသာရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ခြိမ်းခြောက်ခံနေရသည်ဟု ဗမာဗုဒ္ဓဘာသာသာ လူများစုထဲမှ အများအပြားက ယူဆထားကြပြီး လက်ရှိ အစိုးရသည် ယင်းခြိမ်းခြောက်မှု၏ ရင်းမြစ်များကို ကိုင်တွယ်နိုင်စွမ်း မရှိ သို့မဟုတ် ကိုင်တွယ်ရန် ဆန္ဒမရှိဟုလည်း သုံးသပ်မှုများလည်း ရှိလာသည်။ ထေရဝါဒ ဗုဒ္ဓဘာသာတွင် သာသနာနှစ် နှစ်ထောင့်ငါးရာကျော်ပြီဖြစ်သောကြောင့် သာသနာ ဆုတ်ယုတ်ချိန်ရောက် ပြီဆိုသည့် အမြင်တစ်ရပ်လည်း ရှိနေပြီး ဘာသာ သာသနာ ထွန်းကားမှုနှင့် နိုင်ငံအားကောင်းမှုသည် အပြန်အလှန် ဆက်နွှယ်နေသည်ဆိုသော ရိုးရာ ကမ္ဘာ့အမြင်နှင့် ပေါင်းစပ်သွားသည်။ သံဃာ့ အဖွဲ့အစည်းဝင်များသည် “သူတော်ကောင်းတရား ကာကွယ်ရေး”တွင် ဘာသာရေး ကိုင်းရှိုင်းပြီး အမျိုးကိုချစ်သည့် လူဝတ်ကြောင် အမျိုးသား၊ အမျိုးသမီးများကို ဦးဆောင်ရေးမှာ အလွန် အရေးကြီးသည် ဆိုသောခံယူချက်ကို ယင်းအမြင်က ဖန်တီးပေးသည်။
သံဃာနှင့် နိုင်ငံတော်အကြား ဆက်ဆံရေးသည် သဟဇာတ ဖြစ်သင့်သည်၊ အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေး ဖြစ်သင့်သည်ဟု မြန်မာ နိုင်ငံသား အများစုက ယုံကြည်ထားသည်။ ယင်းမှာ နိုင်ငံတော်နှင့် သံဃာသည် မဟာမိတ်ဖြစ်ရမည်ဟု ဆိုလိုရင်းမဟုတ်။ ယင်းအစား လောကီ အာဏာပိုင်များသည် သာသနာတော် ညစ်ထေးညှိုးနွမ်းပါက တစ်နည်းနည်းဖြင့် သာသနာတော် သန့်ရှင်းရေး လုပ်ဆောင်ရမည်၊ အပြန်အလှန်အနေနှင့် အစိုးရတစ်ရပ်သည် မထိရောက်၊ အားနည်း သို့မဟုတ် ဖိနှိပ်ပါက သံဃာများသည် အလားတူ လောကီအရေးတွင် ပါဝင်ဖြေရှင်း စွက်ဖက်သင့်သည်ဆိုသော အမြင်ဖြစ်သည်။ ယင်းသို့ မပြောင်းမလဲ၊ သိမ်မွေ့နက်နဲသည့် စေ့စပ်ညှိနှိုင်းမှု၊ အာဏာပိုင်တို့၏ တရားဝင်ဖြစ်မှုတွင် ဗုဒ္ဓဘာသာ၏ သမိုင်းကြောင်းအရ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အခန်းကဏ္ဍတို့အရ မြန်မာနိုင်ငံတော်၏ အဓိက မဏ္ဍိုင်တစ်ခုအဖြစ် သတ်မှတ်ထားရာ ကိုးကွယ်ယုံကြည်မှုကို ကာကွယ်၊ ပြန့်ပွားစေရေး ဆောင်ရွက်နေသည်ဟု အများ ရှုမြင်ထားကြသော ဗုဒ္ဓဘာသာ အမျိုးသားရေး အဖွဲ့အစည်းများကို လက်ရှိအစိုးရက စိန်ခေါ်ကိုင်တွယ်ရာတွင် သိသိသာသာ ရှုပ်ထွေး ခက်ခဲသွားခဲ့သည်။ ဘုန်းကြီးများ နိုင်ငံရေး မလုပ်သင့်ဟူသော အချက်အပေါ် အခြေခံပြီး မဘသ ကဲ့သို့သော အဖွဲ့အစည်းများကို အားနည်းစေရန် ဆောင်ရွက်မှုသည် လိုရင်းမရောက်ဘဲ လမ်းလွဲလျက် ရှိသည်။ မြန်မာဗုဒ္ဓဘာသာ အများစုက ဘုန်းကြီးများ လောကီရေးရာ၊ နိုင်ငံရေးရာများတွင် ပါဝင်ပတ်သက်ခြင်းကို မလိုလားသော်လည်း ယင်းသို့ လုပ်နေရခြင်းသည် သံဃာ့အဖွဲ့အစည်း၏ အပြစ်မဟုတ်ဘဲ အစိုးရ အားနည်း ချို့ယွင်းချက်ကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု ရှုမြင်ထားကြသည်။
(၂) ဗြိတိသျှ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးခေတ်
ဗြိတိသျှတို့လက်အောက် ကျရောက်ခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် နိုင်ငံရေးအရရော ကိုယ်ကျင့်သီလအရပါ တုန်လှုပ်စရာ ဖြစ်စဉ်ကြီးတစ်ခုဖြစ်ခဲ့သည်။ ကိုလိုနီနိုင်ငံတွင် ဘုန်းတော်ကြီးကျောင်းများအပေါ် နိုင်ငံတော်၏ ရိုးရာအစဉ်အလာ ထောက်ပံ့မှု ရပ်စဲသွားခဲ့သလို အခြားသော ဒါနလမ်းကြောင်း တစ်ခုဖြစ်သော ကျေးရွာများ၏ စီးပွားရေး လုပ်ငန်းများလည်း ကသောင်းကနင်း ဖြစ်သွားခဲ့ရာ အလှူအတန်းများ သိသိသာသာ လျော့ကျသွားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းများ၏ နိစ္စဓူဝဆောင်ရွက်မှုများ (ဘုန်းတော်ကြီးသင် ပညာရေးမှသည် သာရေး နာရေးတွင် ဦးဆောင်မှုများ) အတွက် ကြီးစွာသော အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ ၁၉၈၅၂ အောက် မြန်မာပြည် ၊ ၁၈၈၅ တွင် အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ခြင်းအကြား မတည်ငြိမ်မှုများနှင့် မရေရာမှုများ လွှမ်းမိုးသည့်ကာလသည် သံဃာ့အသိုင်းအဝိုင်းအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိခဲ့ပြီး မန္တလေးမှ ထီးနန်းပျက်သုဉ်းခြင်းနှင့်အတူ နှစ်ပေါင်း တစ်ထောင်ကျော် သမိုင်းရှိသော တော်ဝင်နန်းတော်၏ အသိအမှတ်ပြု အပူဇော်ခံ ဗုဒ္ဓသာသနာ ပိုင် အစဉ်အဆက်လည်း အဆုံးသတ်သွားခဲ့သည်။
နိုင်ငံအုပ်ချုပ်ရေးကို ဘာသာရေးမှ ခွဲထုတ်ရန် ဗြိတိသျှတို့၏ ဆောင်ရွက်ချက်သည် ဗုဒ္ဓအဆုံးအမ သာသနာ ကွယ်ပမည့် အရိပ်အယောင် တစ်ရပ်ဟု ဗုဒ္ဓဘာသာ အများစုက ရှုမြင်ခဲ့ကြသည်။ ယင်းဖြစ်စဉ်ကြောင့် လူဝတ်ကြောင် အမျိုးသမီး၊ အမျိုးသားတို့ပါ ရပ်ကြည့်မနေရန် စေ့ဆော်ပေးရာ ရောက်စေခဲ့ပြီး မျှဝေလက်ခံထားကြသော ကောင်းရာကောင်းကျိုး ဓလေ့ထုံးတမ်း ဘာသာရေးနှင့် ယဉ်ကျေးမှု တန်ဖိုး များ ပြန်လည်အားကောင်းစေရန် အထူးတလည်အား ထုတ်မှုများ လုပ်ဆောင်ခဲ့ကြသည်။ ဥရောပဓလေ့ ထုံးစံများက ဗုဒ္ဓဘာသာအပေါ် စော်ကားခြင်းမှ ဟန့်တားရေး အားထုတ်မှု (ဘုရားစေတီရင်ပြင်ပေါ်တွင် ဖိနပ်စီးခြင်းမှာ ထိလွယ်ရှလွယ်သည့် ပြဿနာကြီး တစ်ရပ်ဖြစ်လာ) မျိုးအပေါ်တွင် အာရုံစိုက်မှုမျိုး ရှိခဲ့သလို မြန်မာ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပညာရေးနှင့် အဆုံးအမကို ဆုံးရှုံးရတော့မည်ဆိုသော ပိုမိုကျယ်ပြန့်သော စိုးရိမ်ပူပန်မှုမျိုးလည်း ပေါ်ပေါက်လာခဲ့သည်။ (လူငယ်များသည်) “ကြီးပွားနိုင်သည့် စာရေး စာချီကဲ့သို့သော အလုပ်များတွင် ဝင်ရောက်လုပ် ကိုင်နိုင်ရေးမျှော်လင့်ချက်ဖြင့် ဘုန်းတော်ကြီးကျောင်းများကိုစွန့်ခွာပြီး အစိုးရကျောင်းများတွင် ပညာသင်ကြားလာကြသည်။ ရဟန်းတော်များအပေါ် ယခင်ကလိုမျိုး ကြည်ညိုခံ့ညားမှုမျိုး မရှိတော့ပေ”ဟု Alicia Turner ၏ Saving Buddhism: The Impermanence of Religion in Colonial Burma စာအုပ်တွင် ထိုခေတ်အခြေအနေကို သုံးသပ်ထားသည်။
ကိုလိုနီအစိုးရ၏ ရာထူး နေရာအများအပြားကို ပြည်တွင်းမှ ပညာရှိများထက် အိန္ဒိယမှခေါ်လာသည့် ဗျူရိုကရက်များ - ဟိန္ဒူနှင့် မွတ်ဆလင်များ - ဖြင့် ဖြည့်တင်းခဲ့သည်။ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များက စီးပွားရေးကဏ္ဍအချို့ကို လွှမ်းမိုးလာပြီး မဟာ စီးပွားပျက်ကပ် ကာလအတွင်း လယ်သမားများ အကြွေးမဆပ်နိုင်ချိန်တွင် အောက်မြန်မာပြည် လယ်မြေ ၂၅ ရာခိုင်နှုန်း အပါအဝင် မြေယာ အများအပြားကို သိမ်းယူခဲ့သော ငွေထုတ်ချေးသူ ချစ်တီးယား (ဟိန္ဒူ) များမှာ အထူးတလည် စက်ဆုပ်ရွံရှာခံရမှုနှင့် ကြုံတွေခဲ့ရသည်။ ရလဒ်အဖြစ် စီးပွားရေးနှင့် အာဏာခြားနားချက်နှင့် လူဦးရေ အချိုးပြောင်းလဲမှုတို့ကြောင့် ဗမာများနှင့် အိန္ဒိယနွယ်ဖွားများအကြား တင်းမာမှုကြီးများ ပေါ်ပေါက်လာခဲ့ကာ ၁၉၃၀ နှင့် ၁၉၃၈ တွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရသည်။
ဇေဝင်းနောင်
မြန်မာနိုင်ငံတွင် အမုန်းစကားနှင့် ရုန်းရင်းဆန်ခတ်မှုများ အပါအဝင် ဗုဒ္ဓဘာသာ အစွန်းရောက် အမျိုးသားရေးဝါဒီများ၏ ရပ်တည်ချက် သဘောထားများ အားကောင်းလာလျက် ရှိသည်။ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဖျက်သိမ်းခြင်းကဲ့သို့သော ထိရောက်မှုမရှိသော ဆောင်ရွက်ချက်မျိုးနှင့်စာလျှင် အစိုးရသည် အခြေခံ အကြောင်းတရားများ ကိုင်တွယ်ဖြေရှင်းပြီး ဗုဒ္ဓဘာသာ၏ လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံရေး နယ်ပယ်တွင်းမှ အခန်းကဏ္ဍအကြောင်း ဆွေးနွေးငြင်းခုံမှုကို ပြန်လည် ပုံသွင်းနိုင်ရန် ကြိုးပမ်းသင့်ပေသည်။
အဓိက အကြောင်းအရာ အနှစ်ချုပ်
၂၀၁၇ ဩဂုတ်လတွင် မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အယ်လ်ယာ ကင်ခေါ် ARSA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ အသစ်ပြန်စစေရန် တွန်းပို့ပေးရာ ရောက်ခဲ့သည်။ ၎င်းတို့ကိုပင် နိုင်ငံတစ်ဝန်းရှိ အခြေခံဝါဒီ ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများက ၎င်းတို့၏ ရည်မှန်းချက် လုပ်ငန်းစဉ်အတွက် အသုံးချလာကြသည်။ ရခိုင်ပြည်နယ်အတွင်းရှိ လှုပ်ရှားဖြစ်ပေါ်နေမှုများကို ဒေသခံများ၏ အကြောက်တရားနှင့် မကျေနပ်ချက်များက အဓိက စေ့ဆော်မောင်းနှင်နေသည်ဟု ဆိုနိုင်သော်လည်း လက်ရှိအကျပ်အတည်းသည် မွတ်ဆလင် ဆန့်ကျင်ရေး ရပ်တည်ချက်ကို ကျယ်ပြန့်အားကောင်းလာစေနိုင်ပြီး တိုင်းပြည်၏ အသွင် ကူးပြောင်းမှုကို အန္တရာယ် ပေးလာနိုင်ကာ နိုင်ငံတစ်ဝန်းရှိ အသိုင်းအဝိုင်းများအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှု အလားအလာကို တစ်ကျော့ပြန်ဆန်း သစ်လာစေနိုင်သည်။
၂၀၁၁ ခုနှစ် နိုင်ငံရေး လစ်ဘရယ်ပြုမှု စတင်ချိန်မှစ၍ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်တွင် သာမက နိုင်ငံအနှံ့တွင် ဗုဒ္ဓဘာသာ အစွန်းရောက် အမျိုးသားရေးဝါဒ၊ မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းစကား၊ အသေအပျောက်ရှိသော အသိုင်းအဝိုင်းအတွင်း ရုန်းရင်းဆန်ခတ်မှုများ မြင့်တက်လာခြင်းကြောင့် အခက်ကြုံခဲ့ရသည်။ အထင်ရှားဆုံးသော အမျိုးသားရေးအဖွဲ့မှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဖြစ်ပြီး သံဃာတော်များ၊ သီလရှင်များ သာမက အရပ်သားများဖြင့်ပါ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။ အစိုးရသည် ယင်းအဖွဲ့ကို ကန့်သတ်ထိန်းချုပ်ရန် အားစိုက် လုပ်ဆောင်ခဲ့ပြီး နိုင်ငံ၏အမြင့်ဆုံး ဗုဒ္ဓဘာသာ အဖွဲ့အစည်း (သံဃမဟာနာယက) က ယင်းအဖွဲ့ကို ပိတ်ပင်ရန် ဖိအားပေးခဲ့သည်။ သို့သော်လည်း ယင်းအားထုတ်မှုများသည် အမျိုးသားရေးဝါဒီတို့၏ ပြောဆိုရေးသား ဆွဲဆောင်မှုများနှင့် ယင်းအဖွဲ့အစည်းများ အားပျော့ပျက်ပြယ်စေရေးတွင် များသောအားဖြင့် ထိရောက်မှု မရှိခဲ့သည့်အပြင် အားဖြည့်ပေးသလိုပင် ဖြစ်သွားသည်ဟုဆိုနိုင်သည်။ သို့သော်လည်း၊ မသက်မသာ ဖြစ်ကောင်း ဖြစ်နိုင်သည့်တိုင်၊ အစိုးရနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာ မိတ်ဖက်များအနေဖြင့် အစွန်းရောက် အမျိုးသားရေးဝါဒ၏ စိန်ခေါ်မှုများကို ကိုင်တွယ်နိုင်ရန်နှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားမည့် အလားအလာ လျှော့ချရန် နည်းလမ်းများ ရှာဖွေမည်ဆိုပါက ရိုးရှင်းသော တစ်လမ်းသွား ပုံဖော်မှုများထက် မဘသအပေါ် လူမှုထောက်ခံမှုများ၏ ဇာစ်မြစ်အရင်းခံများမှ သိမ်မွေ့သော ကွဲပြားချက်များကို ပိုမို နားလည်စေရေး ဆောင်ရွက်ရန်မှာ အလွန် အရေးကြီးသည်ဟု ဆိုနိုင်သည်။
မဘသ၏ သဘော သဘာဝနှင့် လူကြိုက်များ ရေပန်းစားမှု အတိုင်းအတာအပေါ် အစိုးရ အပါအဝင် အများစုက နားလည်းမှု လွဲနေကြသည်။ နိုင်ငံရေး သို့မဟုတ် မွတ်ဆလင် ဆန့်ကျင်ရေး ရည်မှန်းချက်များအပေါ်သာ ကျဉ်းမြောင်းစွာ အာရုံစိုက်ထားသည့် အဖွဲ့အစည်းမျိုးထက် ပိုလွန်ပြီး၊ အဖွဲ့အပေါ် ထောက်ခံသူ အများစု ရှုမြင်ထားကြသလိုပင် သမိုင်းအစဉ်အလာအရ ဗုဒ္ဓဘာသာနှင့် နိုင်ငံတော်သည် ခွဲခြားမရသော နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုတွင် နှိုင်းပြစရာမရှိသော စိန်ခေါ်မှုများနှင့် မရေရာမှုများ ကြုံတွေ့နေရချိန်၌ ဗုဒ္ဓဘာသာကို ကာကွယ်ရေးနှင့် ထွန်းကားရေးဆိုသော အချက်ကို အခြားအရာ အားလုံးထက် ပိုမိုအာရုံစိုက်ထားသော ကျယ်ပြန့်စွာ အခြေစိုက်ထားသည့် လူမှုရေးနှင့် ဘာသာရေး လှုပ်ရှားမှုတစ်ရပ်ဟု ဆိုနိုင်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် နိုင်ငံရေး နယ်ပယ်တွင် အားကောင်းလှသည့် လေးစားမှုနှင့် ထောက်ခံမျိုး ရှိထားသော်လည်း ထိုသူများသည် ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုကို ကာကွယ်ရေးထက် လူနည်းစု အခွင့်အရေးနှင့် မတူကွဲပြားမှု (ဘာသာရေး မတူကွဲပြားမှု အပါအဝင်) အပေါ် မျက်နှာသာပေးသော အနောက်တိုင်း လစ်ဘရယ် အမြင်မျိုးရှိသည်ဟု အမျိုးသားရေး ဝါဒီများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ယုံကြည်ထားကြသည်။ လူနည်းစုများကလည်း အစိုးရသည် ၎င်းတို့၏ ပူပန်မှုများကို အရေးမစိုက်ဟု ယူဆထားကြပြန်သည်။ မဘသကိုဖျက်သိမ်းရန် အစိုးရ၏ အားထုတ်မှုမှာလည်း ထိုသူတို့သည် ကိုးကွယ်ယုံကြည်မှုကို ကာကွယ်ရေးတွင် အားနည်းသူများ ဖြစ်သည်ဆိုသော သဘောထားကိုသာ ပိုအားကောင်းသွားစေခဲ့သည်။ အစိုးရကသာ မဘသကို ဥပဒေနှင့်မညီသော အဖွဲ့အစည်းအဖြစ် ကြေညာရန် ခြောက်လှန့်ထားသည့်အတိုင်း ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့လျှင် နိုင်ငံတစ်ဝန်း ဆိုးရွားသော၊ အကြမ်းဖက်မှုများ ဖြစ်နိုင်ခြေရှိသော ဂယက်ရိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။
မဘသကို အစိုးရ သို့မဟုတ် နိုင်ငံတော်အဆင့် ဘာသာရေး အာဏာပိုင် အဖွဲ့အစည်းများထက် ဘာသာရေးကိစ္စများတွင် တရားဝင် ဆောင်ရွက်လုပ်ပိုင်ခွင့် ပိုမိုကြီးမားကျယ်ပြန့်သည်ဟု ဗုဒ္ဓဘာသာဝင် အများစုက ယူဆကြသည့် အများကြည်ညို လေးစားခံရသော ဩဇာ တိက္ကမနှင့် ပြည့်စုံသော ဘုန်းတော်ကြီးများက ဦးဆောင်လျက် ရှိသည်။ မဘသသည် အလွှာစုံမှ လူအများကို ဆွဲဆောင်နိုင်စွမ်း ရှိနေပြီး ယင်းအဖွဲ့၏ ပါတီနိုင်ငံရေး သို့မဟုတ် အမုန်းစကားကိစ္စများတွင် ပတ်သက်ဆက်နွှယ်မှုများအပေါ် ဆန့်ကျင်ကြသူများကိုပင်၊ ဗုဒ္ဓဘာသာ တနင်္ဂနွေကျောင်း (ဓမ္မစကူးများ)၊ လူမှုရေးလုပ်ငန်းများ၊ အတန်းပညာရေးတွင် ထောက်ပံ့ပေးခြင်းများ(ဘကကျောင်းများ) မှသည် ဥပဒေကြောင်းအရ ကူညီပေးမှုနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးအထိ ရပ်ရွာ အသိုင်းအဝိုင်း အဆင့်တွင် “ကောင်းရာကောင်းကျိုး” ဆောင်ရွက်မှုများဖြင့် ဆွဲဆောင်ထားနိုင်စွမ်းရှိနေသည်။
(နိုင်ငံတကာမှ) အများစုက အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံရာ ရောက်သည့် ရည်ရွယ်မှုဟု ရှုမြင်ကြသည့် မိမိသဘောကျသူကို လက်ထပ်ပိုင်ခွင့်ကို ကန့်သတ်ရာ ရောက်စေသော ဥပဒေများ ပြဋ္ဌာန်းရေးကို မဘသက ထောက်ခံသည့်တိုင် သီလရှင်များ၊ လူဝတ်ကြောင် အမျိုးသမီးများ၏ အဖွဲ့အစည်းများအကြားတွင် မဘသအပေါ် အားကောင်းသော ထောက်ခံမှုမျိုး ရှိနေသည်မှာ ရှင်းလင်းမြင်သာလွန်းလှပေသည်။ ယောက်ျား၊ မိန်းမ အများစုအတွက် မဘသသည် ရပ်ရွာ အထောက်အကူပြု လှုပ်ရှားမှုများတွင် ပါဝင်ရန် အားကောင်းသော၊ အထောက်အပံ့ကောင်းသော လမ်းကြောင်းတစ်ခု ဖြစ်ရုံသာမက မြန်ဆန်လွန်းလှသည့် လူမှု အသိုင်းအဝိုင်းဆိုင်ရာ ပြောင်းလဲမှု အတွင်းတွင် မိမိနှင့်ဆိုင်သည့် အစုအဖွဲ့၊ ဦးတည်ရာဆိုသော ခံစားချက်ကို ပေးစွမ်းနိုင်သလို လူငယ်များအတွက် အနည်းငယ်သော အလုပ်အကိုင်များ သို့မဟုတ် အခြား အခွင့်အလမ်းများ ပံ့ပိုးပေးရာအဖြစ်လည်း ရှုမြင်စရာ ဖြစ်နေသည်။
အမုန်းစကား၊ အမျိုးသားရေး ရန်စမှုများနှင့် ဆက်စပ်နေသော တအုံနွေးနွေး ဖြစ်နေသည့် ရပ်ရွာ အသိုက်အဝန်းများအကြား တင်းမာမှုများ၏ ပကတိ အရှိတရားနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် တိုင်းပြည်အတွက် အလားအလာမှာ အထူးစိုးရိမ်စရာ ဖြစ်နေပေသည်။ မဘသအတွင်းမှ ထင်ရှားသော ဘုန်းတော်ကြီးနှင့် အရပ်သား အချို့သည် အစွန်းရောက် တစ်ယူသန်သော မွတ်ဆလင် ဆန့်ကျင်ရေး အမြင်များကို ထောက်ခံအားပေးခြင်း၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးခြင်း၊ အမျိုး၊ ဘာသာ ကာကွယ်ရေး ခေါင်းစဉ်အောက်မှ ရုန်းရင်းဆန်ခတ်မှုများကို မျက်ကွယ်ပြု လျစ်လျူရှုပေးခြင်းတို့ကို လုပ်ဆောင်နေရာ အဆိုပါ လုပ်ရပ်များသည် အကြီးစား အသိုက်အဝန်း ပဋိပက္ခကြီးဆီသို့ ဦးတည်စေရန် ပံ့ပိုးပေးရာ ရောက်သွားနိုင်သည်။ အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ မဘသ ကိုယ်တိုင် မဟုတ်ဘဲ၊ ၎င်းတို့ ဖန်တီးခဲ့သော ရွေ့လျားပြောင်းလဲစေနိုင်သော အင်အားနှင့် ၎င်းတို့ လှုံ့ဆော်အားဖြည့်ပေးခဲ့သော ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားနိုင်သည့် တစ်ဦးတစ်ယောက်ချင်းစီပင်ဖြစ်ပေသည်။
အစိုးရသည် အမုန်းစကား၊ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်မှုများ ဆန့်ကျင်ရေး အရှိန်အဟုန်ဖြင့် ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သော်လည်း ကျယ်ပြန့်သော ဝိသေသ လက္ခဏာရှိသည့် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒနှင့် မဘသ ကဲ့သို့သော အဖွဲ့များကို ကိုင်တွယ်ရာတွင်မူ ထိပ်တိုက် ရင်ဆိုင်ခြင်းနှင့် ဥပဒေကြောင်းအရ အရေးယူခြင်းမှာ ထိရောက်နိုင်ခြေ နည်းသည်။ စင်စစ်တွင်ကား ယင်းသို့သော ဖြေရှင်းမှုမျိုးမှာ ၎င်းတို့အတွက် အားသာချက်ပင် ဖြစ်သွားစေနိုင်ပြီး ကျယ်ပြန့်သော ဩဇာလွှမ်းမိုးမှုရှိသည့် မဘသ၏ ပြောဟောလှုံ့ဆော်မှုများနှင့် အဖွဲ့အမည်အောက်မှ ရပ်ရွာ အသိုက်အဝန်း ဝန်ဆောင်မှုများအပေါ် လူကြိုက်များမှုတို့ ပေါင်းစပ်ထားခြင်းကို ထည့်တွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပိုဆန်လာသည့် ခေတ်သစ်တွင် ဗုဒ္ဓဘာသာနှင့် ထိုက်တန်သော နေရာနှင့် ဗုဒ္ဓဘာသာကို ကာကွယ်ပေးရသော နိုင်ငံရေး ခေါင်းဆောင်မှု၏ အခန်းကဏ္ဍအပေါ် ဆွေးနွေးငြင်းခုံမှုမှာ ပုံစံပြောင်းလဲလာလျက် ရှိသည်။ သံဃာနှင့် နိုင်ငံတော်အကြား နှစ်ဦးနှစ်ဖက် တရားဝင် ဖြစ်စေသော နက်ရှိုင်းသည့် သမိုင်းဝင် ဆက်ဆံရေးအကြောင်း ဆွေးနွေးငြင်းခုံမှုသည် လျင်လျင်မြန်မြန် အဆုံးသတ်ရန် မရှိသေးသလို ကိုယ်ကျင့်တရားနှင့် ယုံကြည်သက်ဝင်မှုဆိုင်ရာ ကိစ္စရပ်များကို ချန်လှပ်ထားပြီး နိုင်ငံရေးနှင့် အမျိုးသားရေးဝါဒ ရှုထောင့်မှသာ ရှုမြင်သုံးသပ်ရန်လည်း မဖြစ်နိုင်ပေ။ အစိုးရအနေဖြင့် ပိုမိုဒီမိုကရေစီဆန်လာသော အခြေအနေတွင် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍကို ဖော်ကျူးနိုင်ရန် သူ့နည်းသူ့ဟန် ပြန်လည် ပုံဖော်ခြင်းဖြင့် ပြောဟောလှုံ့ဆော် ရပ်တည်ချက်များကို ထိန်းချုပ်သင့်သလို အပြုသဘော ဆောင်သော မျှော်မှန်းချက်မျိုးကိုလည်း ချမှတ် အကောင်အထည် ဖော်ပေးရန် လိုအပ်လျက်ရှိသည်။
တစ်ချိန်တည်းတွင်ပင် အစိုးရအနေဖြင့် ခွဲခြားဆက်ဆံလိုသော အမျိုးသားရေး ဝါဒီများ၏ ပြောဟောရပ်တည်ချက်ကို အဘယ်ကြောင့် လူအများက ထောက်ခံလာရသည်ဆိုသော အကြောင်းရင်းခံ မကျေနပ်ချက်များကိုလည်း ကိုင်တွယ် ဖြေရှင်းရန်လို အပ်ပေသည်။ ယင်းမကျေနပ်ချက်များတွင် စီးပွားရေးကလည်း တစ်စိတ်တစ်ဒေသ ပါဝင်နေသည်။ စီးပွားရေးအပေါ် ပိုမိုကျယ်ပြန့် မြင်သာစွာ အာရုံစိုက် ဆောက်ရွက်ခြင်းဖြင့် အစိုးရသည် ပိုကောင်းသော အခွင့်အလမ်းများနှင့် အလုပ်အကိုင်များ ဖန်တီးနိုင်ရေးကို ဦးစားပေးနေပြီး သာမန် ပြည်သူများအတွက် ပိုမိုသာယာဝပြောသော အနာဂတ်ကို ဖန်တီးနေသည်ဟု ပြည်သူများ လက်ခံလာစေမည်ဖြစ်သည်။ ကိုယ်ပါဝင်နိုင်သည့် အခန်းကဏ္ဍ တစ်ခုရှိသည်ဟု ခံစားမိသူများ လာလေလေ၊ အမျိုးသားရေး ဝါဒီများ၏ ကွန်ရက်များအပြင် တစ်ခြားလုပ်စရာ လမ်းကြောင်း ပိုများလာလေလေ၊ ပြည်သူအများအတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်စွမ်း ရှိလာသည်ဆိုသော ခံစားမှုမျိုး ပိုမိုအားကောင်းလာမည်ဖြစ်သည်။ နိုင်ငံတကာမှ ဖွံ့ဖြိုးရေး ပတ်သက်ဆောင်ရွက်သူများကလည်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၏ ကွဲပြားသော လူမှုအခန်းကဏ္ဍကို အသိအမှတ်ပြုရမည်ဖြစ်ပြီး ယင်းတွင် မဘသကို ထောက်ခံသူများ၊ မဘသကို စာနာသူများကိုပါ ထည့်တွက်ရန်လိုအပ်ကာ၊ ၎င်းတို့၏ လှုပ်ရှား ဆောင်ရွက်မှုများတွင် အပြုသဘော လွှမ်မိုးနိုင်ရေး နည်းလမ်းများ ရှာဖွေရမည်ဖြစ်ကာ ပြဿနာ ဖြစ်ပွားစေနိုင်သော အမျိုးသားရေး ကွန်ရက်များအပြင် အခြားနည်း ရွေးချယ်စရာ စိတ်ချယုံကြည်ရသော လမ်းကြောင်းများ ပေါ်ပေါက်ရေးကို အားပေး ထောက်ကူပေးရမည် ဖြစ်ပေသည်။
၁၉၃၈ (ကုလား-ဗမာ) အဓိကရုဏ်းမှာ (၁၉၃၀ နှင့်မတူဘဲ) သီးခြား ဘာသာရေး လားရာ တစ်ခုပါရှိခဲ့သည်။ အစပျိုးပေးလိုက်သည်မှာ အိန္ဒိယနွယ်ဖွား မွတ်ဆလင် စာရေးဆရာတစ်ဦး ပုံနှိပ်ထုတ်ဝေသော စာအုပ်တစ်အုပ် (ဦးရွှေဖီ၏ “မော်လဝီနှင့်ယောဂီ”စာအုပ်ကို ဆိုလိုသည်။ ။ ဘာသာပြန်သူ) ဖြစ်ပြီး ဗုဒ္ဓဘာသာကို စော်ကားထားသော ရည်ညွှန်းချက်များ ပါဝင်သည်ဟု ထုတ်နုတ်ဖော်ပြထားသော နောက်ဆက်တွဲနှင့်အတူ ပြန်လည် ပုံနှိပ်ခဲ့ခြင်းဖြစ်သည်။ မည်သည့် ဘာသာရေး သို့မဟုတ် နိုင်ငံရေးအရ ရန်တိုက်ပေးလိုသူများက ယင်းနောက်ဆက်တွဲကို ထည့်သွင်း ဖော်ပြခဲ့သည်ဆိုခြင်းကို မသိရသော်လည်း ရပ်ရွာ အသိုင်းအဝိုင်းနှင့် ဘာသာရေးအရ တင်းမာမှုများ ပိုမို လောင်မြိုက်စေခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ သံဃာတော်များ အပါအဝင် ဆန္ဒပြသူများကို စာရေးသူ (ဦးရွှေဖီ) ကို အပြစ်ပေးရန် သို့မဟုတ်ပါက မွတ်ဆလင်များကို “ရန်သူတော် နံပါတ်တစ်”အဖြစ် သတ်မှတ်ပြီး မွတ်ဆလင်မျိုး ဖြုတ်ပစ်မည်၊ ဘာသာတရားရော ဘာသာစကားပါ ပျောက်ကွယ်သွားစေမည်ဟု ခြိမ်းခြောက်မှုများ ရှိခဲ့သည်။ 1
များမကြာမီတွင် The Sun သတင်းစာက မွတ်ဆလင်များနှင့် လက်ထပ်သော ဗမာအမျိုးသမီးများ ခံစားရသည့် ဒုက္ခများကို အသေးစိတ် ပြန်ပြောပြထားသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါး၏ စာတစ်စောင်ကို ပုံနှိပ်ဖော်ပြခဲ့ပြီး ဓလေ့ထုံးတမ်း ဥပဒေအရဆိုလျှင် ၎င်းတို့၏ သားသမီးများမှာ ၎င်းတို့ ဘာသာတရားကို ဆုံးရှုံးရုံမျှမက ၎င်းတို့၏ လူမျိုးရေး အမှတ်လက္ခဏာကိုပါ ဆုံးရှုံးနေရကြောင်း ထောက်ပြထားသည်။ 2 (ဗုဒ္ဓဘာသာဝင်များ) ကြည်ညိုတန်ဖိုးထားသော ဆူးလေနှင့် ရွှေတိဂုံ စေတီတော်များကို မွတ်ဆလင်များက ဖျက်ဆီးရန် ပြင်ဆင်နေသည်ဟု ကောလာဟလများ ထွက်ပေါ်လာခဲ့ရာ ဗမာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂမှ ဘုန်းတော်ကြီးအပါး ၁၅၀ဝ ကျော်က မွတ်ဆလင်များကို တိုက်ခိုက်မှုများ၊ ဈေးအတွင်းရှိ မွတ်ဆလင်ဆိုင်များကို လုယက်မီးရှို့မှုများ ပေါ်ပေါက်ခဲ့သည်။ ဘုန်းတော်ကြီး ကျောင်းအချို့တွင် သံဃာ့စည်းမျဉ်းများ (ဝိနည်းများ) နှင့် မညီညွတ်သော လက်နက်စုဆောင်းမှုများ၊ ရရှိလာသော ပစ္စည်းများ သိုလှောင်ထားမှုများ ရှိလာခဲ့သည်။ အကြမ်းဖက်၊ မီးရှို့၊ လူသတ်မှုများဖြင့် စွပ်စွဲခံရသော ဘုန်းတော်ကြီးအချို့ အပါအဝင် လူ ၄၀ဝ၀ ကျော် အဖမ်းခံခဲ့ရသည်။ 3
(ယင်းမှာ အင်္ဂလိပ်စကားပြော သမိုင်းဆရာတို့ မှတ်တမ်း တင်ထားသည့်အတိုင်းဖြစ်ပြီး မြန်မာပညာရှင်အချို့၏ အမြင်အရမူ ကမ္ဘာ့စီးပွားပျက်ကပ် အလွန် ဒုတိယကမ္ဘာစစ် အစပျိုးချိန်တွင် အမျိုးသားရေး စိတ်ဓာတ်နိုးကြားလာပြီး တော်လှန်လိုစိတ် ပြင်းထန်နေသည့် မြန်မာတို့ကို အင်္ဂလိပ်က အိန္ဒိယနွယ်ဖွားများနှင့် ရန်တိုက်ပေးပြီး လမ်းကြောင်း လွှဲခဲ့ခြင်းဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။ ။ ဘာသာပြန်သူ)
ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုများသည် လုံးလုံးလျားလျား နိုင်ငံရေး စည်းရုံးလှုံ့ဆော်မှုမျိုးထက် ဘာသာရေးနှင့် လူမှုပညာရေးအပေါ် အာရုံစိုက်သည်က များခဲ့သည်။ လက်ရှိ မဘသ၏ အဓိက ဆောင်ရွက်မှု တစ်ခုနည်းတူ၊ “ဓမ္မစကူးလ်” (ဗုဒ္ဓဘာသာ တနင်္ဂနွေ ကျောင်းများ) ပေါ်ထွက်လာခြင်းမှာ ထိုခေတ် ထိုအခါကတည်းကဖြစ်ပြီး ဗုဒ္ဓယဉ်ကျေးမှု ဆုံးရှုံးလာခြင်းနှင့် လူငယ်များအကြား ဘာသာရေးအပေါ် မလေးမစားမှု တိုးပွားလာခြင်း နှစ်ခုစလုံးကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် အားထုတ်မှုတစ်ရပ် ဖြစ်ခဲ့သည်။ 4 ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) သည် ဗြိတိသျှအုပ်စိုးမှုလက်အောက်တွင် ဗုဒ္ဓဘာသာ ဗမာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရန် အားထုတ်မှုများ၏ ဆုံချက်ဖြစ်လာခဲ့သည်။ သို့သော်လည်း နိုင်ငံရေးနယ်ပယ်တွင် ပိုမို ပါဝင်ဆောင်ရွက်ရန် သင့် မသင့်အပေါ် သဘောကွဲလွဲခြင်းနှင့်အတူ တဖြည်းဖြည်းနှင့် အဖွဲ့များ ကွဲသွားခဲ့သည်။ 5 မျက်မှောက်ခေတ်တွင်ပင် လောကီ (အခြေခံပညာ) ကျောင်းများတွင် သင်ကြားသော အရပ်ဘက် ပညာရေးသည်ပင် အုပ်ချုပ်မှုနှင့် တရားဥပဒေစိုးမိုးမှုဆိုင်ရာများထက် ဗုဒ္ဓဘာသာ အသိအမြင်နှင့် တန်ဖိုးများအပေါ် အဓိက အခြေခံထားသည်။ 6 ပြည်တွင်း NGO တစ်ခုက ဘာသာရေး အသိပညာပေးသော အရပ်ဘက် ပညာရေး ထောက်ကူစာအုပ်များ ပုံနှိပ်ထုတ်ဝေခဲ့ရာတွင် (ဗုဒ္ဓဘာသာ အပါအဝင်) ဘာသာကြီးလေးခု၏ ဝါဒရေးရာ အခြေခံများ ပါဝင်ခဲ့ရာ “အစ္စလာမ်ဝါဒဖြန့်ခြင်း”၊
“ပညာရေး အမည်ခံပြီး ဘာသာရေး ကိုလိုနီပြုခြင်း”ဟု အမျိုးသားရေး ဝါဒီများ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုနှင့် ကြုံတွေ့ခဲ့ရပြီး ကျောင်းများတွင် ဗုဒ္ဓဘာသာကိုသာ သင်ကြားသင့်ကြောင်း တောင်းဆိုမှုများလည်း နောက်ဆက်တွဲ ပေါ်ပေါက်လာခဲ့သည်။ 7
၃။ မျိုးချစ်ဝါဒနှင့် ဘာသာရေး
ပထမကမ္ဘာစစ်အကုန်တွင် ကိုလိုနီဆန့်ကျင်ရေး ခေါင်းဆောင်များက နိုင်ငံတစ်ဝန်းတွင် ဝံသာနု အဖွဲ့အစည်းများ ထူထောင်ခဲ့ပြီး အမျိုးသားရေး ဝါဒလှုပ်ရှားမှု အထောက်အပံ့ဖြင့် ပညာရည် နိမ့်ပါးသည့် ကျေးလက်မှ ပြည်သူများကိုပါ ဆော်ဩစည်းရုံးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ရိုးရာဗုဒ္ဓဘာသာနှုန်းစံ တန်ဖိုးများ ပြန်လည် ဖော်ဆောင်ရေးမှာ ကိုလိုနီ အုပ်စိုးမှုအောက်တွင် အသက်မွေးလုပ်ငန်းနှင့် ဥပဒေ အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည့် ကျေးလက်နေ အမျိုးသမီးကို ဆွဲဆောင်နိုင်ခဲ့သည်။ 8
၁၉၁၉ နိုဝင်ဘာတွင် အထက်တန်းလွှာ အမျိုးသမီးများ၏ မျိုးချစ် အဖွဲ့အစည်းဖြစ်သော ဝံသာနု ကုမ္မာရီအသင်းကို အသင်းဝင် ၃၀ဝ ဝန်းကျင်ဖြင့် ထူထောင်နိုင်ခဲ့ပြီး ထင်ရှားသော အမျိုးသားရေး ဝါဒီများ၏ ဇနီးများ၊ အမျိုးသမီး ဆွေမျိုးများနှင့် စွန့်ဦး လုပ်ငန်းရှင် အမျိုးသမီးများက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ကိုလိုနီအာဏာပိုင်များသည် ဝံသာနုလှုပ်ရှားမှုတွင် အမျိုးသမီးများ ပါဝင်လာမှုအပေါ် ပူပန်ခဲ့ကြပြီး အမျိုးသားရေး ခံစားချက်များ ပိုမိုအားကောင်းလာမည်ကို စိုးရိမ်လာခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် မြန်မာပြည်ဘုရင်ခံက “နိုင်ငံအများအပြားရှိ နိုင်ငံရေးနယ်ပယ်တွင် အမျိုးသမီးများ ဩဇာလွှမ်းမိုးမှုမှာ အမျိုးသားရေးဝါဒဆီသို့ ဦးတည်လေ့ရှိပြီး လက်ရှိအချိန်အထိ ကျွန်ုပ်သိရသမျှဆိုလျှင် မြန်မာပြည်တွင်လည်း အလားတူ ဖြစ်ပေါ်လျက် ရှိနေပေသည်”ဟု သုံးသပ်ခဲ့သည်။ ပညာရေးမှာ အမျိုးသမီးများ မဲပေးပိုင်ခွင့်အတွက် မရှိမဖြစ် လိုအပ်ချက် တစ်ရပ်ဖြစ်ခဲ့ရာ အမျိုးသားရေး ခေါင်းဆောင်များသည် အမျိုးသမီး ပညာရေးအတွက် အားအကောင်းဆုံး ဆော်ဩလှုပ်ရှားသူအချို့ ဖြစ်လာကြသည်။ 9
ကိုလိုနီခေတ် မြန်မာပြည်၏ သွားရာလမ်းကြောင်းသည် အမျိုးသား ဝိသေသလက္ခဏာတွင် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာသွားစေခဲ့သည်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစု နေထိုင်ရာ နယ်စပ်ဒေသများတွင် တစ်ဆင့်ခံ အုပ်ချုပ်ရန် ဗြိတိသျှတို့၏ ဆုံးဖြတ်ချက်ကြောင့် နယ်စပ်ဒေသများသည် သက်ဆိုင်ရာ မျိုးနွယ်စု အကြီးအကဲများ၏ ကွပ်ကဲမှုအောက်တွင်သာ ရှိခဲ့သည်။ ဆိုလိုသည်မှာ လူနည်းစု အသိုင်းအဝိုင်းများကို ဗမာပြည်မနှင့် သီးခြား ခွဲခြားအုပ်ချုပ်ခြင်း ဖြစ်သည်။ 10 ယင်းမှာ ပြည်မကို အားနည်းစေရန်နှင့် ဗုဒ္ဓဘာသာ မဟုတ်သူများ အပါအဝင် သီးခြား မျိုးနွယ်စုလက္ခဏာများ ဖန်တီးတည်ထောင်ရေးကို အားပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဟု ဗမာတို့က ရှုမြင်ခဲ့ကြသည်။ ထို့ကြောင့်ပင် လွတ်လပ်ရေး လှုပ်ရှားမှုသည် တော်လှန်ရေး အသုံးအနှုန်းကို ပိုအလေးပေးသော်လည်း ဗုဒ္ဓဘာသာ တန်ဖိုးများ လွှမ်းမိုးမှုရှိသော၊ (ဗမာမှုပြုထားသည့်) မျှဝေလက်ခံထားသော ယဉ်ကျေးမှုအောက်တွင် တိုင်းပြည်ကို ညီညွတ်ပေါင်းစည်းရန် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ 11
မတူကွဲပြား စုံလင်သော တိုင်းနိုင်ငံတစ်ခုတွင် ဗမာ-ဗုဒ္ဓဘာသာ ဝိသေသလက္ခဏာကို သွတ်သွင်းခြင်းအပေါ် ကန့်ကွက် တော်လှန်မှုသည် ဆယ်စုနှစ် ခုနစ်ခု ကြာမြင့်ပြီဖြစ်သည့် ပြည်တွင်းစစ်၏ အဓိက စေ့ဆော်သော အကြောင်းတရားတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များ အစောပိုင်းတွင် ဝန်ကြီးချုပ် ဦးနု၏ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေး မအောင်မြင်သော ကြိုးပမ်းမှုများမှာလည်း သဘော ကွဲလွဲစေခဲ့ပြီး ကချင်သူပုန်ထမှု နောက်ကွယ်မှ အကြောင်းတရား တစ်ခုဖြစ်ခဲ့သည်။ မွတ်ဆလင်နှင့် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ၏ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
(မူရင်း အစီရင်ခံစာတွင် ၁၉၆၀ ပြည့်နှစ်များ အစောပိုင်းက မအောင်မြင်သော အားထုတ်မှုများ (abortive attempts) ဟု ရေးသားထားမှုမှာ လွဲမှားနေသည်ဟု ယူဆပါသည်။ တကယ်တမ်းတွင် ၁၉၅၀ ပြည့်လွန်နှစ်များတစ်လျှောက် ကြိုးပမ်းမှုများ မအောင်မြင်ခဲ့သော်လည်း ၁၉၆၁ ခုနှစ်၌ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းနိုင်ခဲ့ကာ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဖြည့်စွက်ချက်အဖြစ် ထည့်သွင်းနိုင်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ၁၉၄၇ အခြေခံဥပဒေကို ရပ်စဲခဲ့သည်။ သို့သော် နိုင်ငံတော်ဘာသာ အက်ဥပဒေကို ဖျက်သိမ်းခြင်း မရှိသေးသောကြောင့် ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာအဖြစ် ဆက်လက် တည်ရှိဆဲဖြစ်သည်ဟု မှတ်ယူကြပြီး အချို့နေရာများတွင် ယနေ့တိုင် ဩဂုတ်လ ၂၆ ရက်နေ့ကို နိုင်ငံတော် ဘာသာနေ့အဖြစ် ကျင်းပမှုများ ရှိနေဆဲ ဖြစ်ပါသည်။ ။ ဘာသာပြန်သူ)
၂၀ဝ၈ အခြေခံ ဥပဒေတွင်မူ ဤကိစ္စကို ဂရုစိုက် ကိုင်တွယ်ထားပြီး ပုဒ်မ ၃၆၁ ၌ “နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်”ဟု ဖော်ပြထားသလို “ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ် ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်”ဟု ဖော်ပြထားသည်။ သာသနာရေး ဝန်ကြီးဌာနကိုလည်း ၁၉၄၈ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့ပြီး ဗုဒ္ဓဘာသာရေးရာများကို အဓိက ကိုင်တွယ်ဆောင်ရွက်ပေးစေခဲ့သည်။
ဇေဝင်းနောင်
ကိုးကား။ ။
1/ Donald Smith, Religion and Politics in Burma (Princenton,1965).
2/ Khin Yi,The Dobama Movement in Burma,1930-38 (Ithaca,1988).
3/ Mikael Gravers, "Anti-Muslim Buddhist Nationalism in Burma and Sri Lanka", Contemporary Buddhism, vol.16, no.1 (2015), pp-1-27.
4/ Matthew Walton, "What are Myanmar's Buddhist Sunday schools teaching?, East Asia Forum, 16 December 2014; and Erick Braun, The Birth of
Insight: Meditation, Modern Buddhism, and the Burmese Monk Ledi Sayadaw (Chicago, 2013).
5/ David I. Steinberg, “A Void in Myanmar: Civil Society in Burma”, paper presented at “Strengthening Civil Society in Burma” conference (Transnational Institute and Burma Centrum Nederland, Amsterdam, 4-5 December 1997)
6/ မန္တလေးမှ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အကြီးတန်း ဝန်ထမ်းများနှင့် Crisis Group ၏ တွေ့ဆုံမေးမြန်းမှု၊ ဇွန် ၂၀၁၇။
7/ “Nationalists oppose NGO’s curriculum for including religious education”, The Irrawaddy, 7 March 2017.
8/ ယင်းမှာ ကျေးရွာ စီးပွားရေးများ ကမောက်ကမ ဖြစ်ကုန်ခြင်းနှင့် ဥပဒေ အပြောင်းအလဲများကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် အမျိုးသမီးများသည် ရာထူးရာခံများ ရပိုင်ခွင့်နှင့် ဆက်ခံခွင့်ရှိသော အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။ Mya Sein, “Towards Independence in Burma: The Role of Women”, Asian Affairs vol. 3, no. 3 (1972), p. 294.
9/ Jessica Harriden, The Authority of Influence: Women and Power in Burmese History (Copenhagen, 2012).
10/ S Furnivall, Governance in Modern Burma (New York, 1958)
11/ Matthew Walton, “The ‘Wages of Burman-Ness’: Ethnicity and Burman Privilege in Contemporary Myanmar”, Journal of Contemporary Myanmar, vol. 43, no. 1 (2013), pp. 1-27.
.
.
မုရန် သုံးသပ်ချက်။
မူရင်းစာရေးသူ၏ အာဘော်ကို The Voice သတင်းစာက ဆီလျှော်အောင် ဘာသာပြန်ဆိုခြင်းဖြစ်သည်။ ခရစ်ယန်များကို ဗဟုသုတအဖြစ် တင်ပြခြင်းဖြစ်ပါသည်။ မုရန် မဂ္ဂဇင်းမှာ ခရစ်တော်ယေရှု နောက်လိုက်သူများ၏ မဂ္ဂဇင်းသာ ဖြစ်ပါသည်။

Comments
Post a Comment