စင်ကာပူမြန်မာအသင်းတော်တစ်ခုမှာ တရားဟောခွင့် ရသွားသူများ


Murann Ezine
ဒီဆောင်းပါးတိုကို ရုပ်ပုံနဲ့အမည် မပါပဲ မြန်မာပြည်သတင်းစာတစ်ခု Perspective အခန်းမှာ တင်ပြဖို့ ရည်ရွယ်ပါတယ်။
.
လိမ်လည်မှုကြောင့် ဒုက္ခရောက်၊ နာမည်ပျက်ခဲ့သူ၊ အခုထိ ကြုံသလို လိမ်လည်နေတဲ့ ဓမ္မဆရာတစ်ဦး၊ ဝိညာဉ်ရေးဆိုင်ရာ အဟောအပြော ကောင်းလွန်းလို့ စင်ကာပူ မြန်မာအသင်းတောတ်တခုရဲ့ တရားပလင်ပေါ် တရားဟောခွင့်ရသွားပါတယ်။ ခဲနှင့်ပေါက်သတ်ခံရခြင်းမှ လွတ်မြောက်သော ဆိုးသောမိန်းမကို ယေရှုက နောက်တဖန်မလုပ်နှင့်..ဆိုသကဲ့သို့ ထိုသူနောက်တဖန်မလုပ်စေရန် သတိရအောက်မေ့ ဆုတောင်းပေးကြရန်ဖြစ်သည်။ (ပုံ-၁)
.
နောက်တစ်ယောက်လဲ (ပုံ-၂) စင်ကာပူမြန်မာအသင်းတော်မှာ တရားဟောခွင့် ရသွားပြန်ပါတယ်။ သူကတော့ အနှစ်၂၀ကျော် ပေါင်းသင်းနေပြီး မိဘမဲ့ကလေးဂေဟာလုပ်ငန်း လုပ်ကိုင်နေတဲ့ ဓမ္မဆရာတစ်ဦးလဲ အရမ်းအောင်မြင်လာချိန်မှာ နောက်မိန်းမငယ်လေးနဲ့ ဖောက်ပြန်ပြီး အိမ်မှာမနေတော့တဲ့ စာတန်မာနတ်လက်အောက် ရောက်သွားပါတယ်။ ဒါပေမဲ့ ပြန်လည်ဝန်ချတောင်းပန် သူ့ဇနီးဆီ ပြန်လာပေမဲ့ ဇနီးသည်ရဲ့ ယုံကြည်မှုကတော့ ဆုံးရှုံးသွားပြီပဲ။ ကိုယ့်မိန်းမ ဖောက်ပြန်တာ တခါမိသွားရင် အဲဒီယောင်္ကျားက ခွင့်လွှတ်နိုင်ပေမဲ့ ဘယ်မေ့နိုင်တော့မလဲ။ ခဲနှင့်ပေါက်သတ်ခံရခြင်းမှ လွတ်မြောက်သော ဆိုးသောမိန်းမကို ယေရှုက နောက်တဖန်မလုပ်နှင့်..ဆိုသကဲ့သို့ ထိုသူနောက်တဖန်မလုပ်စေရန် သတိရအောက်မေ့ ဆုတောင်းပေးရုံသာမက၊ သူတို့နဲ့ တယ်လီဖုန်းခေါ်ပြောဖို့၊ သူတို့အသင်းတော်များကို အလည်သွားကြည့်ကြဖို့ လဲ လိုအပ်ပါသည်။
.
ဖြစ်ရပ်(၂)ခုစလုံး သူတို့နှင့်စကားပြောကြည့်ရာမှာ ငွေကိုတပ်မက်ခြင်းကို အခြေပြုပြီး ဓမ္မဆရာနှင့်မလျော်ညီဖြစ်ရတယ်လို့ ကောက်ချက်ချမိပါတယ်။ စာရေးသူကိုယ်တိုင်လဲ ငွေကို တပ်မက်ခြင်းကြောင့် ဒုက္ခရောက်ဖူးပေမဲ့ နောက်တဖန် ပြန်မဖြစ်ရအောင် ငွေစကားမပြောပဲ နှုတ်ကပတ်တော်နဲ့ နေရပါတယ်။ စာရေးသူဟာ ဓမ္မဆရာ ဓမ္မဘွဲ့ မရှိ၊ မဟုတ်ပေမဲ့ သင်းထောက် အသင်းတော်လူကြီးအဖြစ် တာဝန်ယူရသူ ဖြစ်ပါတယ်။
.
ဗုဒ္ဓဘာသာနှင့်ခရစ်ယန်(ရိုမင်ကာသိုလစ်) ဘုန်းကြီးတွေဆိုရင် ဒါမျိုးဖြစ်လာရင် သင်းအုပ်လုပ်ခွင့် ပယ်ဖျက်ပြီး၊ ဓမ္မကထိက (သို့မဟုတ်) ဧဝံဂေလိ ဆရာအဖြစ်သာ ခွင့်ပေးပါတယ်။ သာသနာ အချိန်ပြည့် ဘုန်းကြီးအဖြစ်ကနေ ပယ်ပါတယ်။ ပရိုတက်စတင့် ခရစ်ယန်ဘုန်းကြီးများမှာ အားနည်းချက်ရှိပါတယ်။
စင်ကာပူက City Harvest ဧရာမအသင်းတော်ကြီး သင်းအုပ် ကတော့ ကောင်းတယ်ဆိုပေမဲ့ ဇနီးသည် သင်အုပ်အမျိုးသမီးက သင်းအုပ်ဘဝကို စွန့်လွှတ်တယ်။ တေးဂီတ ပေါ့ ခရစ်ယာန်သီချင်းများ လောကသီချင်းများနဲ့ အနုပညာသည်များကို မစ်ရှင်လုပ်တယ်။ အသင်းတော်ပိုင်ငွေ ဒေါ်လာသန်းပေါင်း ရာနဲ့ချီ တေးဂီတမစ်ရှင်မှာသုံးတော့ တရားစွဲခံရပြီး ထောင်ကျ သင်းအုပ်တွေ အမှုတော်ဆောင်အဖြစ်က နှုတ်ထွက်လိုက်ရရှာပါတယ်။
တချို့ ခရစ်ယာန်ဘုန်ကြီးတွေ အလွယ်တကူ သိက္ခာတင်ပေးလို့ သိက္ခာတော်ရဆရာ၊ Rev ဖြစ်သွားတာမျိုးတွေ ၊ ဘာသာမတူပဲ လက်ထပ်ထိမ်းမြှားပေးတာတွေ ရှိပါတယ်။ အားနည်းချက်တွေ .. များပြားလာတဲ့ နောက်ဆုံးကာလ ရောက်လာပါပြီ။
...အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုယ်ကို ထုတ်ခြင်းခပ်အောင် ထိုးကြပြီ။ (၁တိ ၆း၁၀)
.
.
သူတို့ နှစ်ကေိုယာက်ကို အင်တာဗျူးး မေးမြန်း စကားပြောကြည့်တဲ့အခါ ဝိညာဉ်ရေး ယုံကြည်ချက်ကြီးသလို၊ စကားပြောအင်မတန်ကောင်းသူများ ဖြစ်ပါတယ်။ ကျမ်းပိုဒ်များစွာ အလွတ်ပြောဟောနိုင်ပါတယ်။
.
တခါက ဘန်ကောက် အမ်စီအေအသင်းတော်မှာ S Gam Aung ဆိုတဲ့ လူလိမ်တစ်ယောက် ကမ္ဘာကျော်အောင် ယုံကြည်ခြင်းတရားဟောခွင့်ရသွားပြီး နောက်ပိုင်း သူ့အတိတ်က လူလိမ်၊ မိန်းမရှုပ် ဆိုတာ ပေါ်သွားလို့ အမ်စီအေသင်းအုပ်ဆရာ ကိုယ်တိုင် ဖြေရှင်းချက်ထုတ်ပြန်ခဲ့ရပါတယ်။
.
ဒီနှစ်ယောက်အတွက် သတိရဆုတောင်းပေးဖို့၊ မိမိ အသင်းတော်သင်းအုပ်ဆရာများအတွက်လဲ နေ့စဉ် ဆုတောင်းတိုင်း ဆရာနဲ့မိသားစု အမည်ကိုခေါ်ပြီး အော်ဟစ်ဆုတောင်းပေးကြဖို့ အရေးကြီးလှပါတယ်။
.
.
ဓမ္မဆရာ တွေမှာ ဂျီသရီး ဆိုတဲ့ စာတန်ရဲ့ လက်နက်(၃)ခု တိုက်ခိုက်ခံရပါတယ်။ G3 လို့ခေါ်ပါတယ်။ Gold (ငွေ)၊ Girl (မိန်းမ) နဲ့ Glorify Himlelf (မိမိဂုဏ်ဖော်ခြင်း) တွေကြောင့် လဲကျသေဆုံးသွားတဲ့ လူများစွာရှိပါတယ်။ ဓမ္မဆရာအချို့ လဲကျလိုက်၊ ပြန်ထလိုက် နဲ့ နောင်တမရပဲ တဝဲတလည်လည် ဖြစ်နေပါတယ်။
ဘာသာရေးလောက ဆိုတာ အသန့်ရှင်းဆုံးလူသားတွေ လေဝိအမျိုး တွေနေရပါတယ်။ သူတို့အတွက် ယုံကြည်သူများက စားဝတ်နေရေး ထောက်ပံ့ပေးပြီး၊ သူတို့က ဓမ္မဆရာ ဝိညာဉ်ရေးဟောပြောရပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးလောက မှာစတင်ပြီး သန့်ရှင်းဖို့ လုပ်နေကြတော့ ခရစ်ယာန်ဘာသာ အဖွဲ့အစည်းများလည်း လုပ်ဆောင်နေပါတယ်။ ဘာသာရေးက သန့်ရှင်းမှ အစိုးရပုဂိုလ်များလည်း နောက်ကလိုက်လာမယ် ဖြစ်ပါတယ်။
.
.
.
ဓမ္မဆရာရဲ့ တာဝန်
.
သမ္မာကျမ်းစာ ဓမ္မဟောင်း၊ ဓမ္မသစ်တွေမှာ မြောက်များစွာ ရေးထားပါတယ်။ သင်းထောက် ဆိုတာ အသင်းတော်လူကြီး ကိုပြောတာပါ။ ဓမ္မဆရာကတော့ သင်းအုပ်ဆရာဖြစ်ပါတယ်။ တကယ်တော့ အသင်းသားတိုင်း သင်းအုပ်လို မိမိမိသားစုအပေါ် ဝိညာဉ်ရေးနဲ့လောကီရေးတွေမှ စံပြဖြစ်ရပါမယ်။ စာရေးသူရဲ့ လက်စွဲကတော့ တိမောသေ အခန်းကြီး (၃) မှာ သင်းအုပ်၊ သင်းထောက် တွေရဲ့အရည်ချင်းတွေကို ရှင်ပေါလုက ရှင်းလင်းစွာ ဖေါ်ပြထားပါတယ်။
.
သင်းအုပ်၊ သင်းထောက် များရဲ့ အဓိကတာဝန်ကတော့ အသင်းသားတွေကို နှစ်သိမ့်ခြင်းပေးရပါမယ်။ ပြီးမှ နှုတ်ကပတ်တော်နဲ့ ဖြေးညှင်းစွာ ဆုံးမပြောဆိုရပါတယ်။ အသင်းသားတွေရဲ့ လူမှုရေး၊ ငွေကြေး ပြသနာများကို နှုတ်ကပတ်တော်နဲ့အညီ ဖြေရှင်းဖို့ အကြံကောင်း ပေးနိုင်သူဖြစ်ရပါမယ်။ အလှုငွေ များများပေးသူကိုတော့ အိမ်ခေါ်တာ လိုက်ဆုတောင်းပေးပြီး၊ အလှုငွေနည်းနည်းပဲ ပေးနိုင်သူကိုတော့ မအားလို့ဆိုပြီး အိမ်မလာနိုင်တဲ့ သင်းအုပ်ဆရာ မဖြစ်စေရပါဘူး။
.
အလှုငွေနဲ့ပတ်သက်လို့ သင်းအုပ်များကို အသင်းသားအများစု စားသောက်နေထိုင်သလို အသင်းတော်က ထောက်ပံ့ပေးထားရပါတယ်။ သင်းအုပ်က အခွင့်ထူးခံ မဖြစ်သင့်ပါ။ တရာပလင်မှာတော့ သင်းအုပ်သြဇာ ရှိရပါမယ်။ စင်ကာပူအသင်းတော်များမှာ ပျမ်းမျှ သင်းအုပ်လစာက ဒေါ်လာ၂၅၀၀ ဖြစ်ပါတယ်။ သင်းအုပ်ဆရာကြီးဆို ဒေါ်လာ ၄၀၀၀ ကနေ ၅၀၀၀ ထိပဲ ပေးပါတယ်။ မြန်မာတွေ တစ်ဦးချင်းပေးတဲ့ အလှုငွေ (စာအိတ်) တွေအပေါ် မှီခိုစရာ မလိုတော့ပါဘူး။ တချို့အသင်းတော်တွေမှာ သူတို့ရတဲ့ စာအိတ်တွေကို အသင်းတော် ပြန်အပ်ရတဲ့ စနစ်ရှိပါတယ်။ ပုဂိုလ်ခင်တော့ တရားမင်တဲ့ လူ့သားသဘာဝကြောင့် တရားဟောကောင်းသူများ အလှုငွေ (စာအိတ်) များများရလေ့ရှိပါတယ်။
.
.
.
မြန်မာပြည်ဓမ္မဆရာများအတွက်
.
မြန်မာပြည်အတွက်တော့ လူထုအတွက်ရော၊ ဓမ္မဆရာများအတွက်ပါ ဝမ်းနည်းစရာကောင်းပါတယ်။ နှစ်ပေါင်း ၆၀ကျော် စစ်အာဏာရှင်စနစ်အောက်မှာ ပြည်သူလူထု ငပိရည်နဲ့ပဲ စားနေရချိန် ဓမ္မဆရာများလည်း အသင်းသားများနည်းတူ စားဝတ်နေရေး ခက်ခဲပါတယ်။ အခု ၂၀၁၀ နောက်ပိုင်း မြန်မာပြည် ပြုပြင်ပြောင်းလဲတော့ ပညာတတ်တွေ၊ လုပ်ငန်းရှင်တွေ ဝင်ငွေကောင်းလာပါတယ်။ ဓမ္မဆရာ အဟောအပြောကောင်းသူများလဲ ဝင်ငွေကောင်းလာပါတယ်။ ဒါပေမဲ့ အများစုသော ဓမ္မဆရာများအဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ရန်ကုန်မြို့ စားဝတ်နေစရိတ်က လူ၎ယောက် မိသားစုဆို တစ်လ ကျပ်(၂)သိန်း ရမှ အခြေခံတန်းစားအဆင့် ဖြစ်သလို၊ ပုသိမ်လိုဒေသမှာ တစ်လ ကျပ်(၁)သိန်းဆို စားဝတ်နေရေး လုံလောက်ရုံပဲ ရှိပါတယ်။ ဒါပေမဲ့ ခေတ်စနစ်ပြောင်းလာတော့ ဝင်ငွေကောင်းသူများ အရမ်းဝင်ငွေ ရလာပါတယ်။ ဒီတော့ လူတွေက လစာ ကျပ်(၁)သိန်းပဲ ရပေမဲ့ မိုဘိုင်းဖုန်း ၁၀သိန်းတန် ကိုင်ချင်ပါတယ်။ ကား သိန်း၆၀ တန် ဝယ်စီးချင်ပါတယ်။ ဒီစိတ်ဓါတ်တွေ မြန်မာပြည်က ဓမ္မဆရာများမှာလဲ ကိန်းဝင်လာတာ မထူးဆန်းပါဘူး။
.
မြန်မာပြည် နိုဝင်ဘာ(၈)ရက် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာကျင်းပပေးလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ အင်အယ်ဒီပါတီ အစိုးရဖွဲ့နိုင်တဲ့အထိ အပြတ်အသတ် အနိုင်ရရှိသွားပါပြီ။ ဘာသာရေး ဘုန်းကြီး ကြီးငယ်မရွေး သန့်ရှင်မြင့်မြတ်ဖို့ ပိုမိုလိုအပ်လာပြီ ဖြစ်ပါတယ်။
.
.
.
သင်းအုပ်၊ သင်းထောက်များရဲ့ စိတ်နေသဘောထား
.
စင်ကာပူမှာ လူငယ်တစ်ယောက်က ဓမ္မဆရာတစ်ယောက်ကို ကျနော်သင်းအုပ်လုပ်စားတာပဲ ကောင်းမယ်လို့ လွှတ်ကနဲပြောလိုက်ပါတယ်။ အင်း.. သူကတော့ ငွေကြေးပြည့်စုံသူ ဖြစ်တော့ သင်းအုပ်လုပ်ချင်တာ ငွေကြောင့်မဟုတ်ပါ။ ကလေးငယ်က သင်းအုပ်လုပ်မယ် ဆိုတော့ ဘာကြောင့်လဲမေးခွန်းကို လူတွေအများကြီးငြိမ်ပြီးနားထောင်ရတယ်လေ...ဆိုတဲ့အဖြေပါပဲ။
.
စေတနာမေတ္တာမပါရင် ကျောင်းဆရာ၊ သူနာပြု၊ ဆရာဝန် လုပ်ရတာ အကုသိုလ်များပါတယ်။ သင်းအုပ်၊သင်းထောက်အလုပ်ကတော့ ပိုဆိုးလို့ သင်းအုပ်တွေငယ်စဉ်က သင်းအုပ်လုပ်မယ် ရည်ရွယ်သူ အင်မတန်ရှားပါတယ်။ ဘုရားရွေးကောက်လို့ သင်းအုပ်အရာကို လုပ်နေရတာပါ။ လူအများ ရိုသေလေးစား ခံရထိုက်ပါတယ်။ သင်းအုပ်၊သင်းထောက်ရဲ့ ပေးရမဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘုရားသခင်ဆီက လာမှဖြစ်ပါတယ်။ ဘုရားနဲ့ နေ့စဉ် အထက်အောက်ဆက်သွယ်မှု များစွာလုပ်ရပါတယ်။ ဆုတောင်းကျမ်းစာဖတ်ခြင်းပေါ့။ နောက်မှ ဘေးတိုက်ဆက်သွယ်မှု ဆိုတဲ့ အသင်းသားများနဲ့မိတ်သဟာရပြု၊ ဆုတောင်းပေး၊ တရားဟော၊ ကျမ်းစာသင်ရပါတယ်။ မေတ္တာမပါရင် လုံးဝငရဲရောက်သွားနိုင်တဲ့ အလုပ်ပါ။
.
ကျမ်းပိုဒ်ကတော့ သက်သာလောနိ အခန်းကြီး(၂) မှာ ရှင်ပေါလု ရေးထားပါတယ်။ အခန်းကြီး (၁)(၂)(၃)(၄)(၅)ခန်းပဲ ရှိပေမဲ့ အလွန်လေးနက်ပါတယ်။ တစ်လလုံး တစ်ပိုဒ်ချင်း လေ့လာကြည့်ရင် အံ့သြစရာ သင်းအုပ်ရဲ့ မေတ္တာတွေ ခံစားရပါတယ်။ သင်းအုပ် ရှင်ပေါလုကိုယ်တိုင် အသင်းသားတွေကို ဟောပြောတဲ့အခါမှာ ..သင်တို့သိကြသည်နှင့်အညီ ငါတို့သည် ချော့မော့သောစကားကို တခါမှမသုံး၊ ဝှက်ထားသောလောဘစိတ် အလျှင်းမရှိကြောင်း ဘုရားသခင်သည် ငါတို့သက်သေဖြစ်တော်မူ၏။ ထိုမှတပါး ခရစ်တော်၏ တမန်တော်ဖြစ်၍ လေးသောဝန်ကို တင်ပိုင်သော်လည်း လူပေးသောဘုန်းအသရေကို သင်တို့တွင်မရှာ၊ အခြားသူတို့တွင်လဲ မရှာပဲ သင်တို့တွင်ဖြေးညှင်းစွာ ပြုကြသည်။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့ ငါတို့သည် သင်တို့ကို နှမျောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရီကြ၏ ...(၁သက်၂း၅-၈) ဟုရေးထားပါတယ်။
.
အနည်းကျဉ်းစကားပြေဖြင့် ပြန်ရေးရလျှင် လေးသောဝန် ..ဆိုတာ အလှုငွေနှင့်ဝတ္တုပစ္စည်း သွယ်ဝိုက်သော်၎င်း၊ တိုက်ရိုက်သော၎င်း အလှုခံခြင်းကို ဆိုလိုပါတယ်။ ..ဖြေးညှင်းစွာပြုခြင်း ဆိုသည်မှာ အော်ဟစ်ပြောဆို၊ အတင်းကြပ်ခိုင်းခြင်း မပြုဟု ဆိုလိုပါတယ်။.. နှမျောစုံမက်၊ အသက်ကိုပင်ပေးချင်သောစိတ် ဆိုသည်မှာ ယေရှုကားတိုင် ကိုယ်တိုင်ထမ်းပြီး ကာရာနီကုန်းပေါ်တွင် ကားတိုင်ပေါ်အသွေးသွန်းလောင်း အသေခံသွားတဲ့ ပုံသက်သေပင် ဖြစ်ပါတယ်။
.
မည်သို့ပင်ဖြစ်ပါစေ ..ကားတိုင်၏နောက်မှာ ထာဝရအသက်ရှိပါတယ်။ ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံတွင် ဘုရားသခင်နဲ့အတူ၊ မိမိတို့ချစ်မိတ်ဆွေ၊ မိသားစုများ အတူပြန်လည်တွေ့ဆုံပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ ထာဝရနေထိုင်သွားရမယ်...ဆိုတဲ့..ဘုန်းစည်းစိမ်ရှိပါတယ်။
.
.
ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၍ရှိစေသတည်း။ အာမင်။ (၁သက်၅း၂၀)
.
မုရန် ၁၃-နိုဝင်ဘာ-၂၀၁၅u

Comments