အကြမ်းဖက်သမား၊ ဘာသာရေးအစွန်းရောက်သူများ....

အကြမ်းဖက်သမား၊ ဘာသာရေးအစွန်းရောက်သူများ....
ဘာသာကြီး၎ခု ခရစ်ယန်၊ အစ္စလမ်၊ ဟိဒြူ၊ ဗုဒ္ဒဘာသာ တွေမှာ ခရစ်ယန်နဲ့အစ္စလမ် ဘာသာများက ရုပ်ထုတည်ထား ကိုးကွယ်ခြင်းကို လုံးဝ(လုံးဝ) ခွင့်မပြုပါဘူး။ ဗုဒ္ဒ အသက်ရှင်စဉ်ကလည်း သူ့ရုပ်ထု တည်ထားဖို့ ဟောကြားခဲ့တာ လုံးဝ(လုံးဝ) မရှိပါဘူး။ ဒါပေမဲ့ လူ့သဘောသဘာဝအတိုင်း မြင်ရမှာ ကျေနပ်၊ ငြိမ်းချမ်းမှု ဖြစ်စေလို့ ရုပ်ထုတွေ၊ အထိမ်းအမှတ်တွေ၊ အကြီးအကျယ် လုပ်ကြတာ ယဉ်ကျေးမှုလို့ပဲ သတ်မှတ်ရပါမယ်။ 
.
အာဖဂန်နစ္စတန် နိုင်ငံမှာ ခရစ်သက္ကရာဇ် ၃၀၀ နဲ့ ၄၀၀ ကြားမှာ ဗုဒ္ဒရုပ်ထုကြီးများကို ဧရာမကျောက်တောင်ကြီးတွေမှာ ထွင်းလုပ်ထားခဲ့ကြပါတယ်။ အဲဒီအချိန်က ဗုဒ္ဒဘာသာ အလွန်ထွန်းကားခဲ့ပြီး အရှေ့အလယ်ပိုင်း၊ တရုပ်၊ အရှေ့တောင်အာရှ အင်ဒိုနီးရှာ၊ မလေးကျွန်းဆွယ်တွေ ဖြစ်ပါတယ်။ အစ္စလမ်ဘာသာပေါ်လာပြီး သက္ကရာဇ် ၈၀၀ နောက်ပိုင်းမှာ ဗုဒ္ဒနိုင်ငံများ အစ္စလမ်နိုင်ငံအဖြစ် ပြောင်းလဲသွားပါတယ်။
.
မြန်မာအချို့က အစ္စလမ်များ စစ်အင်အားသုံး တိုက်ခိုက်ပြီးတော့ အာဓမ္မ ဘာသာပြောင်းခိုင်းတယ် လို့ သုံးသပ်ကြပါတယ်။ ကမ္ဘာအင်ပါယာများအကြောင်း လေ့လာချက်အရ၊ အဓမ္မဘာသာပြောင်းခိုင်းခြင်းက အစိုးရတွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး၊ ဘာသာရေးသမားတွေရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ နောက်ဆုံး အင်ပါယာကြီးကတော့ ဗြိတိသျှနေမ၀င်အင်ပါယာ ဖြစ်ပါတယ်။ နိုင်ငံပေါင်းများစွာကို သိမ်းပိုက်ခဲ့ပေမဲ့ အုပ်ချုပ်ဖို့ပဲ အဓိကထားလို့ ဘာသာရေးလွတ်လပ်ခွင့်ပေးပါတယ်။ အင်္ဂလိပ်က ခရစ်ယန်ကိုးကွယ်ပေမဲ့ အစ္စလမ်၊ ဟိဒ္ဒြူ ၊ ဗုဒ္ဒဘာသာ များကို အဓမ္မ ပြောင်းလဲစေခြင်း မလုပ်ပါဘူး။ အလားတူ အောတိုမန်တူရကီအင်ပါယာ ကြီးထွားစဉ်ကလဲ သူသိမ်းပိုက်တဲ့ ဥရောပနိုင်ငံများစွာ အဓမ္မ အစ္စလမ်ဘာသာ မပြောင်းခိုင်းပါဘူး။ နိုင်ငံရေးနဲ့ ဘာသာရေး ခွဲခြားထားလေ့ရှိပါတယ်။
.
ဒါကြောင့် အာဖဂန်နစ္စတန် နိုင်ငံကို အစ္စလမ်ဘာသာ ရောက်လာပြီး ဗုဒ္ဒဘာသာ ပျောက်ကွယ်သွားပေမဲ့ ရုပ်တုကြီးတွေကိုတော့ အမှတ်တရ ရှေးဟောင်း ယဉ်ကျေးမှုအဖြစ် အာဖဂန်မွတ်ဆလင်များက ထိမ်းသိမ်းထားခဲ့ပါတယ်။
.
ကံအကြောင်းမလှတော့ အာဖဂန်နစ္စတန်မှာ အိုစမာဘင်လာဒင် ဆိုတဲ့ အကြမ်းဖက်သမားတစ်ဦး သြဇာသက်ရောက်လာချိန်၊ တာလီဘန် ဆိုတဲ့ မွတ်ဆလင် အကြမ်းဖက်သမားများက တိုင်းပြည်အုပ်ချုပ်လာပါတယ်။ ဒီတော့ ယဉ်ကျေးမှု အမွေအနှစ် ဧရာမရုပ်ထုကြီးများကို နိုင်ငံတကာက အပြင်းထန်မေတ္တာရပ်ခံတဲ့ကြားက ၂၀၀၁ ခုနှစ်မှာ ဒိုင်းနမိုင်းနဲ့ ဖျက်ဆီးပစ်ခဲ့ပါတယ်။ ၀မ်းနည်းစရာပါပဲ။ အိုစမာဘင်လာဒင် ဆိုသူ ဘာသာရေးအကြမ်းဖက်သမား ခေါင်းဆောင်ပြီး ၂၀၀၃ ခုနှစ်မှာ 9/11 ဆိုတဲ့ အမေရိကန် ဝေါစထရိတ်စင်တာ မိုးထိတိုက်ကြီး၂လုံးကို ပြန်ပေးဆွဲ လေယဉ်နဲ့ တိုက်ချ၊ မီးလောင် ပြိုပျက်စေခဲ့တာ တကမ္မာလုံး ထိတ်လန့်တုံလှုပ်စေခဲ့ပါတယ်။
.
ဘာကြောင့် ရုပ်ထုတွေ ထုလုပ်ချင်ရပါသလဲ ဆိုတော့ လူ့သဘာဝ ကြောင့်လို့ ဖြေရမှာပါပဲ။ ရုပ်ထုကို ရှိခိုးကိုးကွယ်ခြင်း၊ လူအချင်းချင်း ရှိခိုးကိုးကွယ်ခြင်း တွေကို စဉ်းစားမိချိန်မှာ အာဖဂန် နစ္စတန်က ဗုဒ္ဒရုပ်ထုများအကြောင်း ဖတ်ရှု ရေးခြင်းဖြစ်ပါတယ်။
.
ကိုးကား
https://en.wikipedia.org/wiki/Buddhas_of_Bamiyan
.
ပုံ-မဖျက်ဆီးမှီ နှင့် ဖျက်ဆီးပြီး Buddhas_of_Bamiyan ဧရာမရုပ်ထု

Comments