ဘုရားသခင်ဘုန်းတော်ထင်ရှားစေဖို့ --ကချင်နယ်မြေ. . ဆရာအိုင်းနပ် သက်သေခံချက်များ
ဖြစ်ရပ်တစ်ခု
.
ဘယ်သူ့အပြစ်မှမဟုတ် ဘုရားသခင်ဘုန်းတော်ထင်ရှားစေဖို့ လဲဖြစ်တတ်ပါတယ်။ ဥပမာ ရူးသွတ်ခြင်း က စုံစမ်းနှောက်ယှက်ခြင်းလား ...။
.
စိတ်ဝေဒနာ ဆိုတာလဲ နားမလည်နိုင်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
.
.
မြန်မာနိုင်ငံ အလယ်ပိုင်းရွာတစ်ခု့..ဧ၀ံဂေလိအဖွဲ့၃ယောက် ရောက်သွားကြပါတယ်။ တစ်ရွာလုံးမှာ တစ်ဦးပဲ ပြောင်းလဲတော့ တရွာလုံးက ဖယ်ကျင်ခံရတယ်။ ရွာမှာ နေလို့မဖြစ်အောင် သူ့ဘ၀ခက်ခဲပါတယ်။ ဧ၀ံဂေလိပြောဖို့ မပြောနဲ့ ပါလာတဲ့ ဧ၀ံဂေလိစာရွက်တွေတောင် မဝေရဲဘူး ဖြစ်ရပါတယ်။
.
အိမ်ကိုလာတဲ့ လူပဲ ဧ၀ံဂေလိ ပြောရမဲ့အခြေအနေပါ။
.
ရွာက အရူးမ တစ်ယောက် အိမ်ထဲရောက်လာပြီး ပေါက်တတ်ကရ စကားတွေ ပြောလွန်းတော့ အဖွဲ့ဝင်တွေ စိတ်ရှုပ်လာတယ်။
.
ဒီ အရူးမ အမြန်ပြန်သွားအောင် အဖွဲ့ဝင်တစ်ယောက်က ...အနက်ရောင်ကို လက်ညိုးထောက်ပြီး ဒါဘာရောင်လဲ မေးတယ်။
.
အရူးမက .. အနက်ရောင်လေ ..လို့ဖြေတယ်။
.
မဟုတ်ဘူး ဒါအဖြူရောင် ..လို့ငြင်းတယ်။
.
အရူးမ အနက်ရောင်ကို အဖြူရောင်ပြောရမလား စိတ်ဆိုးတယ်။ တခြားတစ်ယောက်ကို လှည့်ပြီး.. ဒါဘာအရောင်လဲ မေးပြန်တယ်။
.
နောက်ဆရာကလဲ ဒါအနီရောင် လို့ဖြေလိုက်တယ်။
.
ငြင်းခုန်ရင်း နောက်ဆုံး အရူးမ စိတ်ရှုပ်သွားပြီး ပြန်သွားတယ်။ ဧ၀ံဂေလိဝစာတစ်ရွက်ကို ကောက်ယူသွားပါတယ်။
.
ဒါနဲ့ပဲ..
.
အဲဒီ ညအိပ်ပြီး မနက်အစောကြီး ရွာကျောင်းထိုင်ဆရာတော် တရားဟောတဲ့အသံ.. လောစပီကာနဲ့ အကျယ်ကြီး ထွက်ပေါ်လာတယ်။
.
တရွာလုံး နေ့စဉ် နံနက်အာရုံဦး တရားနာဖို့ပေါ့..။
.
ကျောင်းထိုင်ဆရာတော် အသံ ရုတ်တရက် ပျောက်သွားတယ်။ ခဏ ငြိမ်သွားပြီး ..မကြာဖူး .. လော်စပီကာနဲ့ မိန်းမအသံ ထွက်လာပါတယ်။
.
ဟေ့ ..နားထောင်စမ်း၊ နားထောင်စမ်း...။
.
ငါတို့ ဧ၀ံဂေလိဝေစာ ပဲ.။
.
အရူးမက ကျောင်းထိုင် ဆရာတော်ဆီက မိုက်ခွက် လုယူပြီး ဧ၀ံဂေလိစာရွက်ကို အစ အဆုံး ပြီးတဲ့အထိ အနှောက်အယှက်ကင်းစွာ တစ်ရွာလုံးကြားအောင် ဖတ်ပြသွားပါတယ်...တဲ့။
.
အရူးမ စိတ်ဝေဒနာရှင်ကိုလည်း ဘုရားဘုန်းတော်ထင်ရှားဖို့ အသုံးပြုပါတယ်။
.
ဆရာစံတိုး
.
.
သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုတို့ကိစ္စတို့ကို ပြုကြလော့ ..(၁ကော်၁၀း၃၁)
.
Link ..
https://www.youtube.com/watch?v=Wl2znSmOsjw
.
.
.
ကြာခဲ့ပါပြီ...။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀နီးပါးက
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀နီးပါးက
ဝ ခရစ်ယာန်သာသနာအတွက် ကချင်လူငယ်များစွာ
ဧ၀ံဂေလိလာရောက်ကြပါတယ်။
ဧ၀ံဂေလိလာရောက်ကြပါတယ်။
ဝ နယ်မြေဆိုတာ အင်မတန် ရာသီဥတုကြမ်းတယ်၊
ပတ်ဝန်းကျင်လဲ ကြမ်းတော့ ငှက်ဖျားရောဂါ အရမ်းဖြစ်ပါတယ်။
ငှက်ဖျားကြောင့် ဒေသခံ လူတွေတောင်မှ အပြင်ဖျား၊ ချမ်းတုံး အားအင်ကုန်ခမ်း သေဆုံးကြရပါတယ်။
မြစ်ကြီးနားမြို့က ဧ၀ံဂေလိ လာတဲ့ ကချင်လူငယ်လေး တနှစ်ဆပ်ကပ်ဖို့လာပေမဲ့ အချိန်မစေ့ခင်မှာပဲ ရန်သူတော် ငှက်ဖျားရောဂါကြောင့် အပြင်းဖျားနာ အိပ်ယာပေါ်လဲပြီး အားအင်ကုန်ခမ်းနေပါတယ်။
ဝ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သင်းအုပ်ဆရာ ဦးအိုင်းနပ်
သူ့နယ်မြေဖြစ်တော့ နာမကျန်းဖြစ်နေတဲ့ လူငယ်လေးကို လာရောက် နှစ်သိမ့် အားပေးရပါတယ်။
လူငယ်လေးက ပြောတယ်... ဆရာရေ တဲ့.
ကျွန်တော်က အရေးမကြီးတော့ဘူး။ သေရင်လဲ အဘ ဘုရားသခင်ဆီ ပြန်သွားရမယ်။ ဟိုဘက်က ရွာကလူတွေ သိပ်အရေးကြီးတယ်...
.
သူတို့ဆီ ကျတော် ဧ၀ံဂေလိ တရားဝေငှတာ သူတို့ တော်တော် စိတ်ဝင်စားလာကြပြီ။ အဲဒီရွာကို အဆက်မပြက် သွားပြီး လုပ်ပေးပါ ..လို့ အလွန်စိတ်အားထက်သန်စွာ ပြောတယ်။
.
ဟုတ်ပါတယ်။ သူကတော့ အလွန်နာမကျန်းဖြစ်နေပေမဲ့ သူ့အတွက် တမလွန်စိတ်ချတယ်။ သူ့ရဲ့ စိမ်ခေါ်မှု နဲ့ ၀န်တာကတော့ ဟိုဘက်ရွာက လူတွေကို ၀ိညာဉ်ကယ်တင်ဖို့ပါပဲ။
.
ဆရာ အိုင်းနက် .. အေးပါ၊ စိတ်ချပါ၊ ငါတို့ အဲဒီရွာက လူတွေအတွက် ဧ၀ံဂေလိ ဆက်လုပ်ပါမယ် လို့ ဂတိပေး နှစ်သိမ့်ရပါတယ်။
.
.
ကချင်လူငယ်လေး ဘုရားသခင်ခေါ်တော်မူသွားပါတယ်။
.
.
ဆရာအိုင်းနပ် ၀မ်းနည်းကြေကွဲပါတယ်။ လူငယ်လေး မြေချ အခမ်းနား ပြီးတဲ့အချိန် ၀ ခရစ်ယာန်အဖွဲ့ချုပ် အစည်းအဝေးမှာ အဲဒီလူငယ်လေးရဲ့ မိဘ နှစ်ပါးကို မြစ်ကြီးနားမြို့ထိ အသင်းတော်လူကြီးတယောက် သွားပြောပြ နှစ်သိမ့်ဖို့ လိုတယ် ဆုံးဖြတ်ပါတယ်။ တစ်ဦးတည်းသော သားဖြစ်တယ် ဆိုတော့ မိဘတွေ အရမ်းနှမျော ၀မ်းနည်းမှာသေချာတယ် လို့ပြောကြတယ်။
.
မြစ်ကြီးနား မိဘ၂ပါးဆီ သူတို့သား သေဆုံးတာ သွားပြောဖို့ အရင်းနှီးဆုံး ဖြစ်တဲ့ ဆရာ အိုင်းနပ်ကိုပဲ တာဝန်ပေးပါတယ်။
.
ဝမ်းနည်းကြေကွဲဖြစ်နေပါတယ်ဆိုမှ သူ့မိဘဆီ လူကိုယ်တိုင် သွားပြောရမယ် ဆိုတော့ အလွန်ကြီးမားတဲ့ စိမ်ခေါ်မှုကြီးပေါ့။
.
.
မြစ်ကြီးနားရောက်တော့ ရင်ခုန်ပြီး၊ ဘုရားပဲ ဆုတောင်းရင်း မိဘ၂ပါးကို ဒီသတင်း ပြောပြတယ်။ တ့ဦးတည်းသော သားလိမ်မာ သတင်းဆိုးကို မိဘ၂ပါး ခံနိုင်ပါ့မလား ပေါနော်။
.
အလွန်အံ့သြစရာပါပဲ..။
.
တည်ငြိမ်စွာ နားထောင်ပြီး ၊ ဖခင်ဖြစ်သူက ..ကျွန်တော်တို့က သားကို ဘုရားထံ ဆပ်ကပ်ထားပြီးသားပါ။ ဘုရားသခင်ထံ ပြန်သွားတာ သိရလို့ ၀မ်းမြောက်ပါတယ် .. တဲ့။
.
မိဘ၂ပါးစလုံး ၀မ်းနည်းစွာ လာပြောတဲ့ ဆရာအိုင်းနပ်ကို နှစ်သိမ့်ပေးလိုက်သေးတယ်။
.
.
ဒီလို ယုံကြည်ခြင်း ကြီးလှတဲ့ ခရစ်ယာန်များစွာ ရှိနေတဲ့ လောကကြီးမှာ ဘုရားသခင် ဘုန်းတော် ထင်ရှားနေဦးမှာ ဖြစ်ပါတယ်။
.
ဝ နယ်မြေနဲ့ ကချင်နယ်မြေ. . ဆရာအိုင်းနပ်
ဘုရားသခင် ကွယ်ကာစောင့်ရှောက်ပါစေ။
မုရန်

Comments
Post a Comment