To escape from evil . .4ways of attacks, 4 steps of escape

စာတန်ဟာ နတ်ဆိုးအားဖြင့် တိုက်ခိုက်ခြင်း(၄)မျိုး. . လွတ်မြောက်ခြင်းလမ်း. .
.
(၁) ဥပဒေမဲ့ တိုက်ခိုက်ပါတယ်,no legal
ငွေကြေး လိင် အပျော်ပါးတွေ. .မိမိကိုအကြောင်းမဲ့ဆဲဆိုမှုတွေ. .ယေရှုကို ကျောက်ခဲမုန့် အဖြစ်ပြောင်းပြီး စားခိုင်းသလို တိုက်ခိုက်ပါတယ်။
.
(၂) ဥပဒေနဲ့အညီတိုက်ခိုက်ပါတယ်. .legally
ဘုရားစကား နားထောင်ရမယ်။ နားမထောင်ရင်တော့ နတ်ဆိုးဝင်ပေါက် ခန္တာမှာဖြစ်ပေါ်လာပြီး ဝင်လာပါမယ်။ ဒေါသဖြစ်ရင် နေမဝင်ပါစေနဲ့. ဆိုတဲ့.ကျမ်းစာအတိုင်း. . ဒေါသ. . ဆိုတဲ့ အသေးအမွှားကတောင် နတ်ဆိုးဝင်လာနိုင်ပါတယ်။
.
(၃) တစုံတယောက်ထံမှ နတ်ဆိုးဝင်လာနိုင်ပါတယ်။ ပယောဂ ပြုစားတာမျိုး . .မတရားအနိုင်ကျင့်ခံရတာမျိုး ကနေ နတ်ဆိုးချုပ်ကိုင်မှု ခံရနိုင်ပါတယ်။
.
(၄) ဘိုးဘွား မိဘများရဲ့ အပြစ်ကြောင့်လဲ (ထွက် ၂၀:၅). .မျိုးဆက် ၄ဆက်တိုင် နတ်ဆိုးဝင်နိုင်ပါတယ်။
.
.
လွတ်မြောက်ခြင်းလမ်း. .
ဖြစ်ခဲ့တာတွေအတွက် နောင်တရ ဝန်ချတောင်းပန် ကြားခံ ဆုတောင်းရပါတယ်။
.
ယုံကြည်သူခန္တာ စိတ် မှာ သန့်ရှင်းသောဝိညာဉ် ကိန်းအောင်းပေမဲ့ စာတန်လည်း ဝင်လာနိုင်ပါသေးတယ်။ ဝိညာဉ်ကိုတော့ စာတန် မတိုက်ခိုက်နိုင်တော့ပါဘူး။
.
ဒါတွေ အားလုံးက လွတ်မြောက်ဖို့ ပြန်လည်ဆင်ခြင်ရပါမယ်။ နတ်ဆိုး သူ့ဖာသာထွက်သွာတယ် ကျမ်းစာမှာမရှိပါဘူး။ ယေရှုနာမနဲ့ နှင်ထုတ်ရပါမယ်။ ပြန်တိုက်ရပါမယ်။
.
နိုင်ငံတော်တည်ထောင်ဖို့ .
 ဝန်လေးပင်ပမ်းသူများ ဘုရားထံပြန်လာဖို့ (မသဲ ၁၁:၂၈) ကနေ နတ်ဆိုးနှင်ထုတ်ပြီးတဲ့ နိုင်ငံတော်  (မသဲ၁၂:၂၈) ကို ရောက်ဖို့ အတွက်. . ခရစ်ယန်အသက်တာ (၄) ဆင့်ကို ပြောပြပါတယ်။
.
(၁) ဘုရား သားသမီး ဖြစ်ရပါမယ်။ ဇိအုန်တောင် ဘုရားသခင်ဝိညာဉ်တော် ကျိန်းဝပ်ရပါမယ်။ ယုံကြည်သူဖြစ်ရပါမယ်။
.
(၂) လွတ်မြောက်ခြင်း ရဖို့ . ဘုရားမကြိုက်တဲ့ မူးယစ် သောက်စား ဆေးဝါး အပြာကား မတရားမေထုံ .ခိုးကြောင်ခိုးဝှက်လုပ်နေခြင်းများ . ခွင့်မလွှတ်နိုင်ခြင်း အညှိုးထားခြင်း များက . .လွတ်မြောက်ခြင်းဖြစ်ပါတယ်။ ငယ်စဉ် မသိနားမလည်ချိန်က နတ်ဆိုးကို ဖိတ်ခေါ် ဖူးတာတွေလဲ ဝန်ချတောင်းပန်ပြီး ယေရှုနာမနဲ့ လွတ်မြောက်တဲ့ အဆင့်ပါ။
.
(၃)  လွတ်မြောက်ပြီး နောက်မှာ သန့်ရှင်းသောအသက်တာ ဖြစ်လာပါတယ်။ နတ်ဆိုးက လွတ်မြောက်ပေမဲ့ ဇာတိကျန်ပါသေးတယ်။ သန့်ရှင်းတဲ့ အသက်တာမှာ ဇာတိကို အောင်ဖို့ အများကြီး ပေးဆပ် အဖိုးခပေးရပါတယ်။ နေ့တိုင်း ဘုရားသခင်နဲ့ အချိန်ပေးရပါတယ်။
ဇာတိ= အာရုံ၅ပါး. ကာမဂုံ ငွေ. .
.
(၄) လွတ်မြောက်ပြီး. . ခရစ်တော်နဲ့ သဏ္ဍန်တူလာပါတယ်။ တနေ့ထက်တနေ့ ခရစ်တော်နဲ့ တူလာတဲ့ အသက်တာ ဖြစ်ပါတယ်။ မိမိကိုယ် သုံးသပ်ဆင်ခြင်ပါ။
.
.
ကယ်ပါ လို့ အော်ဟစ်ရင်လဲ ဘုရားသခင်က လွတ်မြောက်စေနိုင်ပါတယ်။ သန့်ရှင်းသောဝိညာဉ်အားဖြင့်လဲ လွတ်မြောက်နိုင်ပါတယ်။ အချင်းချင်း ဆုတောင်းပေးခြင်း.  . အကောင်းဆုံးက ၂၄နာရီအစာရှောင်ဆုတောင်းခြင်း နဲ့လဲ. . လွတ်မြောက်နိုင်ပါတယ်။ နောက်ဆုံး မိဘဘိုးဘွား မျိုးရိုးကြောင့် ဖြစ်တဲ့ အမင်္ဂလာ အနာရောဂါ တွေလည်း မိမိအဖေ က ဘုရားသခင်ဖြစ်သွားရင် (မိမိက ဘုရားသားသမီးဖြစ်ခြင်း) နည်းနဲ့ လွတ်မြောက်ပါတယ်။ အပြစ်တွေကို သိရှိ ပြီး ဘုရားသခင်ထံ တောင်းပန် . .နောင်တရဖို့ လိုပါတယ်။
လွတ်မြောက်ခြင်း သင်တန်းများပေးနေတာ နတ်ဆိုးထုတ်တဲ့ အဆင့် တင်မဟုတ်ပါဘူး။ စာတန်မာနတ် ကိုလည်း ကာကွယ် တားဆီးနိုင်ပါတယ်။ မိမိ ဘဝ အသက်တာ ပြောင်းလဲ ထာဝရ ဝမ်းမြောက်စေပါတယ်။
.
ဆုတောင်းပေးခြင်း
ခါးသီးမှု. .ခွင့်မလွှတ်နိုင်မှု. .မူးယစ်သောက်စား. . လောင်းကစား . အိမ်ထောင်ကွဲမှု. .အနာရောဂါ. .ငွေကြေး ပြသနာ. .လူမှုရေး. .လိင်ပြသနာ. .ဘိုးဘွားကျိန်ခြင်းအမင်္ဂလာ . .အမည်မဖေါ်ပြနိုင်တဲ့ မှားယွင်းမှု . .သစ္စာ မေတ္တာမဲ့မှု အားလုံးအတွက် လွတ်မြောက်ဖို့ ဆုတောင်းပေးသွားပါတယ်။
ဆရာစောမင်းလွင်. . .
.
အချိန်ပေး နားထောင်ပါ။ Video Link. .

Comments