မကောင်းမြင်ခြင်း နဲ့ ကောင်းမြင်ခြင်း DK Church
မကောင်းမြင်ခြင်း နဲ့ ကောင်းမြင်ခြင်း
လူတွေဟာ မကောင်းမြင် Bad Attitude ဖြစ်ပြီး ဘုရားသခင်ကတော့ God (Good Attitude) အကောင်းမြင်ပါတယ်။ ဘယ်လောက်ပဲ ဆိုးညစ်ပါစေ စာတန်နောက်သို့ ရောက်လုပါစေ၊ ရောက်သွားပါစေ ..ကယ်တင်ရှင်က ပစ်မသွားပါဘူး။
.
မနေ့က နေ့စဉ်ခွန်အား ကျမ်းပိုဒ်က ၂ရာ၁၆.၇ မှာ ရေးထားတယ်။ ...လူသည် အပြင်သဏ္ဍန်ကိုကြည့်ရှု တတ်ပြီး ထာဝရဘုရားကတော့ အတွင်းစိတ်နှလုံးကို ကြည့်ရှုတတ်ပါတယ်။ လူ့ရှေ့မှာ မိမိဟာ ကောင်းမြတ်ပုံ ရှိပေမဲ့ ဘုရားရှေ့မှာတော့ ညစ်စုတ်တဲ့အဝတ် လိုပါ။ တီကောင် ယာကုပ် ..လို့ ကျမ်းစာ မှာ ဣသရေလ လူမျိုးရဲ့ ဖခင် ယာကုပ်လို့ ရေးထားပါတယ်။
.
လူ ဖြစ်တဲ့အတွက် မြစ်ကြီးနား မြန်မာပြည် အကြီးဆုံး DK Megga Church ကချင်နှစ်ခြင်းအသင်းတော်.. သိန်းပေါင်း ၄သောင်းခွဲ ကုန်တဲ့ အဆောက်အဦကြီး ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်စိမ်း လက်ဝါးကပ်တိုင်ကြီး အတွက် စိုးရိမ်မိတယ်။ ခိုးခံရရင် ဘယ်လို လုပ်ကြမလဲ...။
.
ဒီ ဒူကထောင် ဧရာမအသင်းတော် အဆောက်အဦ ကြီးကို ဘယ်လို ထနန်းသိမ်းမလဲ ဆိုတော့.. မောရှေ၊ အာနန်၊ ကာလက် လိုမျိုး ယုံကြည်သူတွေ လိုပါတယ်။ ယုံကြည်ပြီးရင် ခရစ်ယန်အသက်တာ (အကျင့် Work) ကောင်းဖို့ လိုပါတယ်။ အကျင့်ကောင်း စိတ်ထားကောင်းတဲ့ တပည့်တော်များစွာ လိုပါတယ်။ မောင်းမထုတ်ရပါဘူး။
..
ကျောက်စိမ်း လက်ဝါးကပ်တိုင် အခိုးခံရရင်၊ အကြမ်းဖက်သမား အဖွဲ့ တွေ ဘုရားကျောင်း က သိန်း၇၀၀ ပီယာနိုကြီး ပေါ် ချိန်ကိုက်ဗုံးဖောက် လိုက်ရင်.. ဘယ်လိုဖြစ်မလဲ စိုးရိမ်ရင်တော့ ..အသင်လူ ..မစိုးရိမ်နဲ့ ဘုရား ကွယ်ကာမယ် လို့ ပြောချင်ပါသလား။
.
ဏ္ဍသရေလ တွေ တံတိုင်းမြို့ရိုး ပြန်ဆောက်၊ တိုင်ပြည် ပြန်ထူထောင်ချိန် ပေါက်ပြားတဖက်၊ ဒါးတဖက် နဲ့ ဆုတောင်းရင်း အလုပ် လုပ်ခဲ့ကြတယ်။ ခေတ်သစ် ဣသရေလ အစ္စရေး တွေကတော့ ကွန်ပြူတာ ကိုင်ရင်း သေနပ်ကိုင် ရင်း ..အာရပ် ရန်သူ နိုင်ငံ များ ကြားမှာ.. တိုင်း ပြည် တည်ထောင်ရတယ်။
.
မြန်မာ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းလုပ်ကြံမှု မဖြစ်ခင်လေး ၂၀၀၃ ခုနှစ်မှာ မုံရွာ မြို့ လူထုကို မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒီမိုကရေစီ ရဖို့ အရမ်းပဲ အချိန် ငွေ အသက်တွေ ပေးဆပ် ကြိုးစား ရတယ်။ ရပြီးရင် ထိမ်းသိမ်းဖို့က ပိုတောင် ခက်တယ်။ ဒါကြောင့် အင်္ဂလိပ် လူမျိုးတွေ အိမ်ဝယ်ရင် အိမ်ထိမ်းသိမ်းဖို့ ငွေ. အချိန် ဘယ်လောက်ကုန်မလဲ အရင် စဉ်းစား တွက်ချက်ကြတယ် လို့ ပြောပါတယ်။
.
.
မုရမ် အယ်ဒီတာ မနက်၅နာရီ ဒေါင်းပရေး Dawn Pray သွားတော့ ၁၅မိနစ် နောက်ကျတယ်။အောက်ထပ်မှာ ဟာလာဟင်းလင်း.. အပေါ် ၃ထပ် က ဧရာမ ကျောက်စိမ်း လက်ဝါးကပ်တိုင်အောက်မှာ ကချင်အဖွား၊ မိခင် ဖခင်၊ လူငယ် ၅၀ လောက် ငြိမ်ပြီး သင်းထောက်က ဆုတောင်းပေးနေတယ်။ လုံခြုံရေးမရှိ လို့ ငြိမ်းချမ်းတယ် ပြောရမလား။
.
ဒီအဆောက်ဦကြီး ထိမ်းသိမ်းဖို့ လစဉ်အလှုကောက်ခံ ငွေတွေ ကုန်မယ်။ အစောင့်တွေ ခန့်ထားရမယ်။ စင်ကာပူ ကမ်ဘာဂမ် တရုပ်အသက်တော် အကြီးကြီးကို ကချငိတွေ ညစောင့်လုပ်ရင်း ၂ဖက်အဆင်ပြေကြတယ်။ ဒီမှာ ဘယ်လို ထိမ်းသိမ်း ကာကွယ်မလဲ။
.
ပိုအရေးကြီးတာက လူတွေကို ဝိညာဉ်ရေး ထိမ်းဖို့ပါ။ ခွန်အားပေးဖို့ပါ။ ၈မိုင် ညီအစ်ကိုများ အသင်းတော်ကတော့ ဝတ်ပြုခမ်းမကို အမြဲပိတ်ထားတယ်။ RC ခရစ်ယန်ကျောင်းတွေတော့ အစောင့်နဲ့ အမြဲဖွင့်ထားတယ်။ အသင်တော်ပိုင် ကားတစီးဝယ်ဖို့ သိန်း၂၀၀ လှုမလား စဉ်းစားတဲ့ သူဌေးတဦး..အသင်းသား သင်းအုပ် သင်းထောက်တွေ စိတ်ဝမ်းကွဲမှာ စိုးလို့ မလှုတော့ဘူး..တဲ့။
.
သိန်း၎သောင်းခွဲ တန် အဆောက်အဦ ရံပုံငွေ ရှာဖို့ ဆောက်ဖို့ ၈နှစ်ကြာ အကြီးကျယ် ဆုတောင်း အလုပ်လုပ်ရပုံတွေ အချိန်ရရင် ရေးပြချင်ပါတယ်။ အခု အရေးကြီးဆုံးက ထိမ်းသိမ်း ဖို့. ..ဘုရားသခင် ဘုန်းတော်ထင်ရှားဖို့ ဆုတောင်းကြပါစို့။
.
မုရန်
၈ ဇန္နဝါရီ.၂၀၁၉

Comments
Post a Comment