မန်းကျော်မြ နဲ့ ဆရာချစ်ကို
10.10.2019 သူတော်ကုန်းရွာ ၊ ချစ်မေတ္တာ ဆေးခန်းမှာ ဆရာချစ်ကို သက်သေခံတယ်။ သူဟာ မွတ်စလင် မိသားစု က ကြီးပြင်းလာသူ ဖြစ်ပြီး ယေရှုအားဖြင့် ဘေးဒုက္ခကြီးတစ်ခုက လွတ်မြောက်ဖူးတယ်။ အသက် ၁၉ နှစ်အရွယ်က မိဘသဘောမတူပဲ ရေတပ်ထဲ ဝင်သွားပြီး ရေတပ်သား အဖြစ် တနင်္သာရီကမ်းခြေ. မှာ စစ်ရေယာဉ် တစ်ခုနဲ့ တာဂန်ကျပါတယ်။ တိုင်းမှုး ဗိုလ်ချုပ်သာအေး လက်ထက် မှောင်ခို စက်ရေယာဉ် တစ်ခုကို ဖမ်းဆီးမိပြီး လူတွေလွှတ်ပေး၊ ပစ္စည်းတွေ ရောင်းစားဖို့ စစ်ရေယာဉ်ဗှုး ဗိုလိကြီး ၃ပွင့်က ကြိုးစားနေ ချိန် ဖြစ် တယ်။
ကံဆိုးချင်တော့ ပစ္စည်း ပိုင်ရှင် မှောင်ခို လုပ်သူက တိုင်းမှုး ရဲ့ ပီအေ စစ်ဗိုလ်တစ်ဦး ဖြစ်နေတယ်။ စစ်ဌာနချုပ်က သိသွားပြီး စစ်ရေယာဉ် ရေတပ်သား ၂၅ယောက် စလုံး စစ်တပ်ကပဲ ဖမ်းဆီး အချုပ် ကျ စစ်တရားရုံး စီရင်ခံရ ပါတယ်။ အကြီးဆုံး ၃ပွင့်ကို ထောင် ၁၅နှစ်၊ ၂ပွင့်ကို ထောင် ၁၀နှစ် စသဖြင့် အမိန့် ချ တယ်။ ကျန်တဲ့ အရာရှိ အရာခံ၊ အကြပ် တပ်သားများကို ထောင် ၇နှစ်၊ ၅နှစ်၊ ၃နှစ်၊ ၁နှစ် စသဖြင့် အမိန့် ချမှတ်ရင်း နောက်ဆုံး အငယ်ဆုံး ရေတပ်သားဖြစ်ကာစ ကိုချစ်ကို ကို စစ်ဆေးတယ်။
အကြီးဆုံး ရေတပ်ဗိုလ်ကြီးကို ထောင်၁၅ နှစ် ချ ကတည်းက သူလဲ အလုပ်ပြုတ် ထောင်ကျတော့မှာ သေချာလို့ အရမ်းစိတ်ပျက်ချိန် ဖြစ်တယ်။ ထောင်ဝန်ထမ်း ခရစ်ယန် တစ်ယောက်က ကယ်တင်ရှင် ယေရှုဘုရား ရှိကြောင်း၊ ယေရှုထံ ဆုတောင်းရင် လွတ်မယ် လို့ ပြောလာတယ်။ သူလည်း ဟိန္ဒူ ဘာသာကနေ ဒုက္ခရောက် ချိန် ဆုတောင်းရင် "ကယ်ထုတ် ပေးနိုင်တဲ့ ယေရှုကို ယုံကြည်ကိုးကွယ်လာကြောင်း". ၊ ဆုတောင်းဖို့ တိုက်တွန်းလို့ "ယေရှုဘုရား၊ တကယ် ကယ်တင်နိုင်ရင် ကျနော့်ကို ဒီအမှု ကြီးက လွတ်မြောက်အောင် ကယ်မတော်မူပါ" ဆုတောင်းခဲ့ တယ်။ တကယ် ပါ ပဲ ၊ကျနော် တစ်ယောက်ထဲ ထောင်မကျပဲ လွတ်သွား ပါတယ်။ ကျနောနဲ့ ရေတပ် လုပ်ဖော်ကိုင်ဖက် တချို့ အခုထိ ပုသိမ်ထောင်ထဲ မှာ ထောင်ကျ နေဆဲ ပါ။
တရားသူကြီး က မင်း ဘာမှမသိတဲ့ ရေ တပ်သားပဲ၊ ဒီတော့ မင်း.. ရေတပ်ထဲ ပြန်သွားပြီး ကောင်းကောင်းနေပါ ပြောပြီး လွှတ်ပေးလိုက်တယ်။ ယေရှု ကို ပထမဆုံး မြည်းစမ်းကြည့် ရ ပါ တယ်။
ဒါပေမဲ့ ကျနော် ယေရှုကို မေ့သွား ပါတယ်။
ရေတပ်သားဘဝ နှစ်များစွာ နေထိုင်ရင်း ဆေးရုံတက် နေမကောင်းဖြစ်တော့ မိဘတွေ လိုက်လာပြီး ဆေးနား အဖြစ် ရေတပ်က အလုပ်ထွက်တယ်။ မိဘများရဲ့ မိရိုးဖလာ မွတ်စလင် ဗလီတက် အပတ်စဉ် အလ္လာအရှင်မြတ်ထံ မွတ်စလင်ကောင်း တစ်ဦးအဖြစ် နေထိုင်တယ်။ အစ်ကိုကြီး ဖြစ်တော့ မိဘအိမ်မှာ အားကိုးရသူ ဖြစ်လာတယ်။ လျပ်စစ် စက်မှု ပညာတွေလည်း ရေတပ်သား ကတည်းက တတ်မြောက်တော့ မီးဆင်၊ ရေပိုက် လုပ်ငန်းများနဲ့ လုပ်ငန်းအဆင်ပြေနေတယ်။ အိမ်ထောင်ပြုတယ်။ မိန်မက ကလေးဖျက်ချလိုက်လို့ ကလေးလိုချင်တဲ့ ဆရာချစ်ကို အိမ်ထောင်ဖက်နဲ့ စကားများပြီး ၂နှစ်အကြာ အိမ်ထောင် ပြိုကွဲ သွားတယ်။
ဘဝအဆင်မပြေမှု များ ကြောင့် ယေရှုကို ပြန်သတိရ လာပြီး ပုသိမ် ရာမည အသင်းတော်မှာ ဆရာစံမင်း၊ ဆရာမဒေါ်မေကြည် တို့အားဖြင့် ခရစ်ယန် မြေပြန့် သာသနာမှာ ပါဝင်ခွင့် ရလာတယ်။ ဂိဒေါါင် မြေပြန့် သာသနာက ဆရာမြင့်ဆွေ၊ ဆရာထိန်လင်း တို့က သူတို့လို ကလေးမြို့ ဂိဒေါင် သင်တန်းတက် ထောက်ပံကြေး ၁သိန်းကျော် ရတယ် ပြောပြီး ပါဝင်ဖို့ ခေါ်ပေမဲ့ ဝိညာဉ်တော် နှိုး ဆော်လို့ မန္တလေးက ကျမ်းစာသင်တန်း ၄နှစ်တက်ဖို့ ဆုံးဖြတ်တယ်။ လက်ထဲမှာ ခရီးစရိတ် သွားဖို့တောင်မရှိ၊ သင်တန်းကြေး ပေးစရာ စပွန်စာလဲမရှိ.. ဒါပေမဲ့ ဆရာစံမင်း၊ ဆရာမဒေါ်မေကြည် တို့က အားပေးတယ်။ ခရီးစရိတ်ပေးလို့ မန္တလေး ရောက်သွားတယ်။ မကြာခဏ ငွေကြေး သင်တန်းကြေး ပေးစရာ မရှိတော့ အစာရှောင် ဆုတောင်းခြင်း မကြာခဏ လုပ်ရတယ်။ လူတွေဆီ ဖုန်းလိုက်ဆက်ပြီး ပြောပြပေမဲ့ ရခဲတယ်။ ဆရာဦးစံမင်းက တသောင်းပို့ပေးလိုက်၊ ဆရာမ ဒေါ်မေကြည်က တသောင်း၊ ၅ထောင် စသဖြင့် ပို့ပေးရင်း၊ ၄နှစ်တာ ဖြတ်ကျော်ခဲ့ရတယ်။
ကျမ်းစာကျောင်း ကျောင်းပိတ် တဲ့ ကာလ၊ ၂လ ၃လ မှာတော့ မန္တလေး မှာ အလုပ်လုပ် ပိုက်ဆံစုရင်း ကျောင်းဆက်တက်ရင်း ပေါ့။ ကျောင်းပြီးတော့မှ ငွေကြေး ပြသနာကြီး တစ်ခုနဲ့ ဘွားကနဲ ကြုံတွေ့ လိုက် ရတော့တယ်။
ဘွဲ့ကြေး နဲ့ ဝတ်စုံ နက်ကတိုင် ဘောင်းဘီ၊ အကျီ ဘိုး ကျပ် ၁သိန်း ပေးသွင်းရမယ်။ မသွင်းနိုင်ရင် ဘွဲ့မရပဲ ရွှေ့ဆိုင်း ခံရမယ် ဆိုတော့ ထုံးစံအတိုင်း အစာရှောင် ဆုတောင်း ရတယ်။ ကျမ်းစာကျောင်းက မိခင်လို ချစ်တဲ့ ဆရာမကြီးက ဟေ့ကောင်လေး အားလုံး ငွေသွင်းပေးကြပီ၊ နင်တယေါက်ပဲ ကျန်တယ်၊ အဆင်မပြေရင် ငါစိုက်သွင်းပေးထားမယ် ပြောတာ ဆရာချစ်ကို လက်မခံဘူး။ ဆရာမကြီးက အမြဲတမ်း စာအုပ် ဘောပင်ကအစ ကူညီနေတာ အားနာ လွန်း လို့.."ဆရာမကြီးရယ်..ကျနော်ကိုးကွယ်တဲ့ ဘုရားသခင်က အရာရာ တတ်စွမ်းနိုင်တယ်။ အချိန်တန်ရင် ငွေရလာမှာမို့ ဆရာမကြီးကို ကျေးဇူးတင်ပါတယ်။ ဆုပဲတောင်းပေးပါ" လို့ပဲ ..ပြောခဲ့တယ်။ တကယ် ပါ ပဲ၊ ဘုရားသခင် ကောင်း မြတ် ပါ တယ်။ ကူညီ မစသူတွေ ပေါ်လာပြီး ငွေအဆင်ပြေ၊ ဘွဲ့ရ သွား တယ်။ ဌာနေ ဖြစ်တဲ့ ပုသိမ်မြို့ ရာမည အသင်းတော်ကို ဓမ္မပညာဘွဲ့ အောင်မြင်စွာ ရရှိပြီး ပြန်လာ ခဲ့ရတယ်။
.
အခု ပုသိမ် မြေပြန့် သာသနာမှာ ဆရာစောလား၊ ဆရာမန်းကျော်မြ တို့နဲ့ ပါဝင်နေတာ နှစ်အတော်ကြာပြီ။ မွတ်စလင် မိဘ မိသားစုနဲ့ အတူနေပြီး ဘုရားအမှုတော်ဆောင် နေတယ်။ အရင်ကတော့ တတ်ကြွမ်းတဲ့ လျပ်စစ်၊ ပိုက်ပြင် လုပ်ငန်းတွေ လုပ်ရင်း ဝင်ငွေရရှိပေမဲ့ အခုတော့ နှုတ်ကပတ်တော် နဲ့ပဲ မွေ့လျော် လို့ ငွေရတဲ့ အလုပ်တွေ မလုပ်ချင်တော့ဘူး။ အချိန်ပြည့် ဘုရားအမှုဆောင် မြေပြန့်သာသနာ လုပ်ပါတယ်။ ကြုံသလို လျပ်စစ်၊ ရေမီး လိုအပ်သူများကို ကူညီလုပ်ကိုင်ပေး တယ်။ ဘုရားသခင်က မိဘ အိမ်မှာ နေရင်း၊ ဓမ္မမိတ်ဆွေများ ပေးကမ်းကြလို့ လုံလောက်တဲ့ စားဝတ်နေရေး ဖူလှုံ တယ်။
.
မိဘ မိသားစုကို လည်း နှုတ်ကပတ်တော် နဲ့ ဦးဆောင်ခွင့် ရတယ်။ အရင်က မောင်နှမများ ခိုးဝှက်၊ အကျင့်ပျက်ရင် လက်နဲ့ ရိုက်နှက်ပြီး ဒေါသကြီးစွာ ဆုံးမ တတ်ပေတယ်။ စိတ်ကြမ်းတယ်။ ယခု ယေရှု ကြောင့် ဒေါသ၊ ရိုက်နှက်လိုတဲ့ စိတ်တွေ နည်းပါးသွား ပါပြီ။
.
ဆရာ မန်းကျော်မြ ဆေးခန်း မှာ အားလုံး အပြန်လှန် သက်သေခံ၊ သခင်ယေရှု ကောင်းမြတ်ခြင်းတွေ ပြောကြတယ်။ ပြောနေရင်း လူနာများလည်း ၁၅ မိနစ် တယောက်တစ်မျိုး မရိုးရအောင် ဆေးလာကုကြတယ်။ ဆရာမန်းကျော်မြ တခါက စင်ကာပူ လူအိုရုံ၊ ဆေးရုံများမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ရင်း စင်ကာပူ JBCS ဆရာဘုတ်၊ HCF ကျန်းမာရေးမိတ်သဟာရ တွေမှာ ပါဝင်ခဲ့တယ်။ ပုသိမ် မှာ နေတဲ့ မိသားစု သားသမီး ၄ဦးကို ဘွဲ့ရတဲ့အထိ ပညာသင်ပေးခဲ့တယ်။ အခု သားသမီး အားလုံး ဘွဲ့ရ တယ်။ မန်းကျော်မြ ပုသိမ် ပြန်ရောက်လာတာ ၁၀နှစ်ကြာပါပြီ။
.
သူတော်ကုန်းကျေးရွာ မိတ်သဟာရ (မစ်ရှင်)၊ အပတ်စဉ်တနင်္ဂနွေ နံနက် 10am. Link
https://m.facebook.com/story.php?story_fbid=1008099405923334&id=100001698523942
အကြီးဆုံး ကျန်းမာရေးဆရာမ နော်မျိုး က စင်ကာပူမှာ အိမ်ထောင်ကျ အလုပ်လုပ်ရင်း ပုသိမ်မိဘ ၂ပါး အတွက် ၂ထပ်တိုက်တစ်လုံး ဆောက်ပေးထားတယ်။ သမီးလတ် ကတော့ သားသမီး ၂ယောက်မွေးပြီး NGO မှာ ဇနီးမောင်နှံ အလုပ်ကောင်းကောင်း ရကြတယ်။ သားငယ် ကတော့ MBBS ဘွဲ့ရ ဆရာဝန်၊ နေပြည်တော် FDA ဒု ညွန်ချုပ် ဆရာဖြစ်သူ ခရစ်ယန်တစ်ဦးနဲ့ အလုပ် လုပ်နေတယ်။ သားကြီးက World Version ဝန်ထမ်းလုပ်ခဲ့ပြီး မိဘနဲ့ အတူ ပုသိမ်မှာ နေထိုင်တယ်။
.
ဆရာ မန်းကျော်မြက ဆေးခန်းလေး ဖွင့်ပြီး လူနာတွေကို အခမဲ့ ကုတန်ရင် ကုပေးတယ်။ တယောက်ကို ဆေးကုသခ ကျပ်၂ထောင်၊ ၃ထောင် ယူတယ်။ ဆေး ချည်းပဲ လာဝယ်ရင်လဲ ဆေး ၅၀၀ဖိုး ၁ထောင်ဖိုး ရောင်းပေးတယ်။ အခမဲ့ ကုသပေး နားကြပ်ထောက်၊ သွေးခုန် နှလုံးခုန် စမ်းပေးတယ်။ မေတ္တာ ပြ ရင်း ဧဝံဂေလိ ဝေစာတွေ၊ စာစောင်လေးတွေ လိုချင်သူကို ပေးတယ်။ ယေရှုအကြောင်း ကြုံသလို ဧဝံဂေလိ ပြောတယ်။ တကယ်လိုအပ်သူဆိုရင် ကျမ်းစာအုပ် အခမဲ့ ပေးဖို့ ဂိဒေါင်အင်တာနေရှင်နယ် ထုတ်ဝေတဲ့ ကျမ်းစာအုပ်တွေ အများကြီး သူ့ဆေးခန်းမှာ အများကြီး တွေ့ရတယ်။
.
ဆရာချစ်ကို ကဲ့သို့ မြေပြန့် သာသနာ ဆရာတွေကို ဆေးခန်းဖိတ်ခေါ် ကြွေးမွေး၊ အလှုငွေ အတင်းပေးနေတာ တွေ့ရပါတယ်။ ဆရာမန်းကျော်မြ 09250422221 ကို မေးကြည့်ပါ။ ပုသိမ်၊ ကျုံ ပျော်၊ ကျောင်း ကုန်း.. သာသာနာပြု ဧဝံဂေလိ အကြောင်း ပိုးကရင်၊ စကောကရင်၊ မြန်မာနှစ်ခြင်းအသင်းတော်တွေ၊ သင်းအုပ်တွေက သိကြတယ်၊ ခင်မင်ကြပါတယ်။
.
ပုံ.. ဆရာချစ်ကို (မွတ်စလင်မှ ဓမ္မဆရာဖြစ်လာသူ) နဲ့ ဆရာမန်းကျော်မြ၊ ပုသိမ် သူတော်ကုန်းကျေးရွာ။ ချစ်မေတ္တာဆေးခန်း၊ ချောင်းသာပင်လယ်ကမ်းခြေ လမ်းမဘေး လာရောက်ဆေးကု နိုင်ပါတယ်။
ကျမ်းပိုဒ်
ဘုရားသခင် အလိုတော် အစစ်အမှန် မှာ လူအပေါင်းကို သမ္မာတရားကို သိပြီး ကယ်တင်ခြင်ရရန် အလိုရှိသည်။ (၁တိ ၂: ၄)။ လူအပေါင်းကို ငွေကြေးချမ်းသာရန် (သိုမဟုတ်) ဆင်းရဲမွဲတေရန် အလိုရှိသည် ဟု ကျမ်းစာမှာ ရေးမထားပါ။ ဟာလေလုယ၊ အာ မင်။
နာမတော်ဖြင့်
Murann Ezine
11.10.2019

Comments
Post a Comment