ပိုက်ဆံနဲ့ကျန်းမာရေး
ငွေရှိလာရင် လက်ယားလာလေ့ ရှိတယ်။ တနေ့ကတော့ သိန်း၅၀၀ အကုန်ခံ တိုက်အိမ်တစ်လုံး ဆောက်ထားတဲ့ သမီး နဲ့ ဇနီး စင်ကာပူမှာ အလုပ်လုပ်နေသူ ဓမ္မမိတ်ဆွေ တစ်ဦးအိမ် သွားလည်တယ်။ သူကြွေးတဲ့ ငူချက်တဲ့ ထမင်းဟင်း ကိုစားတယ်။ သိန်း၁ထောင် မစ်ရှင်လုပ်ဖို့ လာလှုရင် တနှစ်အတွင်း တလ သိန်း၈၀ နဲ့ ဘယ်လို ဘုရား ဘုန်းတော် ထင်ရှားအောင် သုံးမလဲ မေးခွန်းကို အဖြေပေးပါတယ်။ နောက်နေ့မှ ဖြေပါ ပြောပေမဲ့ မနက်မေး..ညနေဖြေတယ်။
.  အဖြေက သိန်း၁ထောင် သူ့အတွက် မလောက်ပါဘူး တဲ့။
.
(စကားချပ်၊ သင်းအုပ်တယောက် သူ့အသင်းသားတယောက်ကို တိုက်ဆောက်ခိုင်းတာ ပြသနာများစွာ တွေ့ရတယ်။ အဲဒီလူကိုပဲ မိမိတိုက် ဆောက်ဖို့ ရွေးထားတယ် ဆရာ..ဆိုပြီး  သင်းအုပ်ဆရာ ကို မိမိက အကြံ တောင်းတော့..ဆရာက "ကွာလတီကို သတိထားပါ" ပြောလိုက်တယ်။ မိမိရဲ့ တိုက်ဆောက်တာ တော့ ပြီးသွားပေမဲ့ ဈေးချိုတဲ့ ပစ္စည်းတွေ ခိုးသုံးထားတယ်။ အခု သင်းအုပ်ရဲ့ ကျမ်းစာကျောင်း နဲ့ မိမိရဲ့အိမ်.. ထပ်ပြင်နေရတယ်။. . . အမှန်က သင်းအုပ်ခမြာ  ဝိညာဉ်ရေး ဘုရားနဲ့မမှန်တဲ့ အသင်းသား ရဲ့ အလိမ်ခံရပြီး မိမိလည်း ထပ်အလိမ်ခံရ ပြန်တယ်။
..ဘယ်သူ့မှ အပြစ်မတင်တော့ပါ။ မိမိ ကိုယ်ကိုပဲ အပြစ်တင်မိသေးတယ်..တကယ်တော့ ဘုရား ဘုန်းတော်ထင်ရှားဖို့ ဖို့ ပါပဲ။ ..Look Forward ရှေ့ဆက်ရမယ်။ အဲဒီ ကန်ထရိုက်တာ (အသင်းသား) အခု ဆောက်လုပ်ရေး အလုပ်မရတော့ဘူး။  ကား ပြန် မောင်စားးနေရပြီး၊ ဇနီးက စင်ကာပူ တဖန် ပြန်လုပ်နေရတယ်)။
.
လက်ထဲမှာ ၁သိန်းထောင် မရှိ၊
လစဉ်ဝင်ငွေ တလ ၁သိန်း တောင်မှ မရှိတဲ့ ယောင်္ကျားလေးတွေကို ၁၀သိန်းရှိရင် ဘာလုပ်မလဲ မေးတော့..တယ်လီဖုန်း ၂သိန်းတန်ဝယ်မယ်။ ဆိုင်ကယ် ၈သိန်းတန် ဝယ်မယ် ဖြေကြတာ်။ တယောက်က ဆိုင်ကယ် သိန်း၂၀ တန် ဝယ်မယ်။ အမေ့ကို ၁၀သိန်း စိုက်ခိုင်းပြီး ဝယ်စီးမယ်  ဆိုပဲ။

တလ ၁သိန်းကျော် လစာရတဲ့ အငြိမ်းစား စစ်မှုထမ်း ဓမ္မဆရာကြီးကို သိန်း၁၀၀ ရရင် ဘာလုပ်မလဲ မေးတော့ ဘုရားကျောင်း သိန်း၂၀၀တန် ဆောက်မယ်။ သိန်း၁၀၀ တန် အောက်ခြေ အရင်ဆောက်ထားပြီး..ကျန်တဲ့ သိန်း၁၀၀ ကို အလှုခံမယ် ဆိုပဲ။ သူ့အသင်းသားက ကလေးတွေနဲ့ပေါင်းမှ ၂၀ တောင် မရှိချင်ဘူး။

လူတွေကို ပညာရေးနဲ့ ပြုစု ပျိုးထောင်ပေးဖို့ စိတ်ကူမရှိကြ၊ မြင်ရတဲ့အရာတွေပဲ တပ်မက်နေကြတယ်။

ပညာရေး ကိုပဲ အချိန် ငွေ ပေးရပါမယ်။ လူ့အကြိုက် ကျမ်းမာ ချမ်းသာ တရးတွေ ဟောခြင်း Prosperity Gospel ကနေထွက်ပြီး ဘုရားအကြိုက် နောင်တ တရား ၅၀% ဟောပြော ကျမ်းစာသင်ရမယ်။  ဆင်းရဲဒုက္ခတရား၊ စာတန်မာနတ်၊ ငွေ အကြောင်းတွေ နဲ့. ဒါတွေက လွတ်မြောက်ခြင်းတွေ ကို ဟောပြော နိုင်ရပါမယ်။

ပညာသင်ပေးဖို့ အစိုးရက အတန်းပညာ (စာသင်ကျောင်း) ဆရာတွေ စတင်ပျိုးထောင်တယ်။ ဘာသာရေးဆရာ တွေ ကတော့ ဘုရားပညာ Wisdom ရအောင် သင်ကြားပေးဖို့ ပျိုးထောင်ပေးဖို့ ရေရှည် စီမံကိန်း ရှိရပါမယ်။

ယနေ့ဖတ်ရန်
ဥာဏ်ပညာ အတွက် သုတ္တံကျမ်းကို တနေ့ တစ်ခန်း ဖတ် မှတ် ဆုတောင်း လိုက်နာနေပါတယ်။ယနေ့ Sep 22 ဖြစ်လို့ သုတ္တံကျမ်း အခန်းကြီး ၂၂ ဖတ်ပါမယ်။
.
 ထာဝရဘုရားကို ကြောက်ရွံသွားရင် ဘုရားပညာရပါတယ်။ ထာဝရဘုရားက ရောင့်ရဲစိတ်နဲ့ ကျိုးပဲ့ကြေမွ နှလုံးသားကို နှစ်သက်ပါတယ်။
.
ပိုက်ဆံက အရေးကြီးတယ်။ ပိုက်ဆံနဲ့ ကျန်းမာရေး ဝယ်လို့ မရပါ။ ခဏပဲ နိုင်ခြားဆေးကု အသက်အနည်းငယ် ရှည်စေပေမဲ့ အရင်လို ကျန်းမာခြင်း မရတော့ပါ။ ပိုအရေးကြီးဆုံးက  ဝိညာဉ် ကျန်းမာရေး ဖြစ်တယ်။ ထာဝရဘုရားကို တကယ်ကြောက်တဲ့ ယုံကြည်သူဟာ အကျင့်စာရိတ္တ ကောင်းလာတယ်။ ဘုရားရှေ့ လူရှေ့ တင်တယ်တယ်။ အခုဘဝ နဲ့ နောင်ဘဝ စိတ်ချရတယ်။
.
အာမင်။

Murann Ezine
22.9.2019

ပုံ။ ဝိညာဉ်ကျန်းမာရေး အတွက် အမှတ်တရ ညီမငယ် ၃ဦး(စင်ကာပူ) နဲ့ အပျိုမလေး တူမငယ် ၃ဦး(ပုသိမ်)

Comments