လစ်ဗင်းစတုန်း အာဖရိကတိုက်ဖြတ်ကျော်တဲ့ပထမဆုံးမစ်ရှင် "Dr. Livingstone, I presume?"


လစ်ဗင်းစတုန်း
အာဖရိကတိုက်ဖြတ်ကျော်တဲ့ပထမဆုံးမစ်ရှင်
 "Dr. Livingstone, I presume?"
===============
ဒေးဗစ်လစ်ဗင်းစတုန်း ဟာ စကော့တလန်လူမျိုး ခရစ်ယာန်မစ်ရှင်ဓမ္မဆရာတယောက် ဖြစ်ပြီး၊ အာဖရိကတိုက်ကို အရှေ့ဘက်မှ အနောက်ဖက် မိုင်ပေါင်းထောင်နဲ့ချီ စွန့်စားခရီးနဲ့ ဖြတ်ကြော်ခဲ့ရင်း မစ်ရှင်လုပ်ခဲ့သူဖြစ်ပါတယ်။ ကျွန်စနစ်ကိုတော်လှန်သူ၊ ဆေးဆရာဝန်လည်း ဖြစ်ပါတယ်။ သူ့ကို မတ် ၁၉၊ ၁၈၁၃ မှာမွေးဖွားခဲ့ပြီး အသက်၂၈နှစ်အရွယ်မှာ အာဖရိကတိုက်ကို မစ်ရှစ်ခရီးစဉ်ထွက်ခဲ့ပါတယ်။

ဥရောပတိုက်သား တစ်ဦးမှ မရောက်ဖူးတဲ့ Zambezi River, Victoria Falls တွေကို ရောက်ရှိပြီး၊ အရှေ့အာဖရိက ယခု တန်ဇန်းနီးယားကနေ ထွက်ခွာ ခဲ့တယ်။ ၁၈၄၈ မှာ ကာလာဟာရသဲကန္တာရ Kalahari Desert, ၁၈၅၁ မှာ နာမိရေကန်ကြီး Lake Ngami , ၁၈၅၁ မှာ ဇန်ဘီဇိမြစ် the Zambezi River စသဖြင့် စူးစမ်းရှာဖွေရင်း မစ်ရှင်လုပ်ဆောင်ခဲ့တာ ၁၈၅၃ မှာ အာဖရိက အနောက်ဖက်ကမ်း Luanda ကိုရောက်ရှိပါတယ်။ ၁၈၅၅ ခုနှစ်မှာ ဇမ်ဘီဇိ ရေတံခွန် the Zambezi falls ကိုတွေ့ပြီး  ဝိတိုရိယရေတံခွန်လို့ အမည်ပေးခဲ့ပါတယ်။ နိုင်မြစ်ရဲ့ အစပြုရာနေရာကို လိုက်လံရှာဖွေခဲ့ပါတယ်။

အဲဒီခေတ်ကလမှာ အာဖရိကအလယ်ပိုင်း အင်မတန်နက်ရှိုင်းတဲ့ တောနက်ကြီး၊ အဆိပ်များလှတဲ့ အကောင်များ၊ အိပ်ချင်ပြီးတော့ သေဆုံးတဲ့ ရောဂါ၊ ငှက်ဖျား၊ တောရိုင်း၊ သားရဲတိရိစ္ဆာန်များစွာ ကြမ်းတမ်းခက်ခဲ့မှုများနဲ့ ကြုံဆုံရပါတယ်။ အင်မတန်ရိုင်းစိုင်းတဲ့ အာဖရိကဒေသခံ လူမည်းမျိုးနွယ်စု အများအပြားနဲ့ပါ တွေ့ဆုံပေမဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။  ခရစ်တော်ရဲ့ ကောင်းမြတ်ခြင်းတွေကို ပြောပြခဲ့တဲ့ မစ်ရှင်ဖြစ်ပါတယ်။ အာဖရိကတိုက်ကို ၂ကြိမ်တိုင် ဖြတ်ကျော် ခရီးထွက်ခဲ့ပါတယ်။

၁၈၅၆ ခုနှစ်မှာ လစ်ဗင်းစတုန်းအဖွဲ့ အာဖရိက အနောက်ဖက်ကမ်းကနေ  အရှေ့ဖက်ကမ်းကို ယခု မိုဇမ်းဘစ်နိုင်ငံ အထိ ထပ်မံဖြတ်သန်းပြီး မစ်ရှင်ခရီးထွက်ပါတယ်။ ဥရောပတိုက်၊ အင်္ဂလန်ကို ၁၈၅၇ မှာပြန်ရောက်ချိန်မှာတော့ Missionary Travels and Researches in South Africa စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။

Image reference: wiki
မေရီ Mary Moffat နဲ့ ထိမ်းမြားလက်ထပ်ပြိး သားသမီး ၆ယောက်ရခဲ့ပေမဲ့ သားသမီးများနဲ့အတူမနေဖြစ်ပါဘူး။ ၁၈၆၂ မှာ အာဖရိကခရီးစဉ် ထွက်ခွာပြီး၊ အာရပ်ကျွန်ကုန်သည်များရဲ့ ကြောက်မက်ဖွယ် သတ်ဖြတ်၊ ဖမ်းဆီးခြင်းများကို မျက်မြင်တွေ့ခဲ့၊ တော်လှန်ရေး လုပ်ခဲ့သူဖြစ်ပါတယ်။ ၁၈၆၄ မှာ အင်္ဂလန်ပြန်ရောက်ချိန် ကျွန်စနစ်တော်လှန်ရေးကို ဟောပြောပွဲများစွာ လုပ်ခဲ့ပါတယ်။ Narrative of an Expedition to the Zambesi and its Tributaries စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အာဖရိကတောနက်ကြီးထဲမှာ ကွီနိုင် Quinine ဆွေးကိုသုံးစွဲပြီး ကြောက်မက်ဖွယ် ငှက်ဖျား နဲ့ ခြင်ကာကွယ်ခြင်းတွေလဲ စာအုပ်မှာ ရေးသားပါတယ်။

၁၈၆၆ ခုနှစ်မှာ နောက်တကြီမ် အာဖရိကဖြတ်သန်းခရီးစဉ်မှာတော့ ၄နှစ်လုံးလုံး သတင်းမရတော့ပဲ ပျောက်ဆုံးသွားပါတယ်။ လန်းဒန်က ဒေးလီတယ်လီဂရပ် Daily Telegraph နဲ့ အမေရိကန်က နယူးယောက်ဟာရဲ New York Herald သတင်းစာများက နာမည်ကျော် ဂျာနယ်လစ် စတန်လေ Henry Morton Stanley ကို အာဖရိကတိုက်သို့ စေလွှတ်ပြိး ရှာဖွေတဲ့အခါ ၁၈၇၁ မှာ အာဖရိကတောနက် တနေရာ Ujiji မှာ တွေ့ရှိသွားပါတယ်။ ဂျာနယ်လစ် ရဲ့ သတင်း "Dr. Livingstone, I presume?" ဒေါက်တာလစ်ဗင်းစတုန်း တွေ့ပြီး ဆိုတဲ့သတင်းက အရမ်းကျော်ကြားခဲ့ပါတယ်။ လစ်ဗင်းစတုန်း နဲ့ စတန်လေ တို့ အတူခဏနေထိုင် သွားလာပြီး ၁၈၇၂ မှာ ခွဲခွာကြပါတယ်။

သူသေဆုံးချိန် သူ့ကုတင်ဘေးမှာ ဒူးထောက်ဆုတောင်းလျှက်နဲ့ သေဆုံးခြင်းဖြစ်ပြီး၊ သူ့ရဲ့ဘေးမှာ ရှင်မသဲ ၂၄ကို လှန်ထားပါတယ်။ မသဲ ၂၄း၂၀ ရဲ့ဘေးမှာ လူကြီးလူကောင်းတစ်ဦးရဲ့စကား လို့ရေးမှတ်ထားပါတယ်။ လစ်ဗင်းစတုန်း ပြတိုက် စကော့တလန်၊ ဗလန်တီးရှိုင်းယားမြို့ Blantyre သူနေခဲ့တဲ့ အခန်းကျဉ်းလေးထဲမှာ သူ့နေ့စဉ်မှတ်တမ်း ဒိုင်ယာရီစာအုပ် ပထမစာမျက်နှာမှာ သူ့ဇနီး မေရီ သေဆုံးပြီး အထီးကျန်ခြင်းကို အကြီးအကျယ် ခံစားရပုံ၊ ရောဂါဝေဒနာ ခံစားရပုံတွေကို လက်ရေးနဲ့ ထင်ထင်ရှားရှားရေးထားပါတယ်။ ဖတ်မိသူများ မျက်ရည်ပြည့်လျှံစေခြင်းက “မေရီရေ..ငါတို့ အိမ်ထောင်ဘ၀ အစပြုနေရတဲ့အချိန်မှာ အေးဆေးငြိမ်သက်စွာ နေရတဲ့ အိမ်ထောင်တစ်ခုကို တောင့်တခဲ့တယ်။ အခုတော့ မင်းက ကောင်းကင်ဘုံ ပိုပြီးကောင်းတဲ့ အိမ်ကိုသွားပါပြီ” ..ဆိုတဲ့ စာလေးဖြစ်ပါတယ်။

၁၇ရာစုမှာ ဥရောပတိုက်မှာ အေးဆေးချမ်းသာစွာ နေထိုင်နိုင်ပါရက်နဲ့ နိုးကြားထကြွမှုဖြစ်ပေါ်လာပြီး၊ အာရှ၊ အိန္နိယ၊ အာဖရိက၊ အမေရိက စတဲ့ ကမ္ဘာအရပ်ရပ်ကို မစ်ရှင်အဖွဲ့များစွာ ထွက်ခွာကြပါတယ်။ လစ်ဗင်းစတုန်း အနေနဲ့ ဆေးဆရာဝန် တစ်ဦးအနေနဲ့ စကော့တလန်မှာ မကြောင့်မကြ နေနိုင်ပါလျှက်နဲ့ ဘယ်လိုအရာက သူ့ကို ဆင်းရဲခက်ခဲတဲ့နေရာကို တွန်းပို့နေပါသလဲ ?

လစ်ဗင်းစတုန်း ကိုယ်တိုင် ဒီမေးခွန်းကို ဖြေပါတယ်။ အာဖရိကတိုက်မှာ ၁၆နှစ်လုံး အမှုတော်ထမ်းဆောင်ပြီး၊ စကော့တလန်၊ ဂလပ်စကိုမြို့မှာ ဟောပြောပွဲလုပ်ဖို့ တောင်းဆိုခံ၇တယ်။ ခြင်္သေ့တစ်ကောင် တိုက်ခိုက်မှုကြောင့် သူ့လက်မောင်းတစ်ဖက် အသုံးပြုလို့မရတော့ပါ။ သူ့ခန္တာကိုယ်ကလည်း ၂၅နှစ်လုံးလုံး ငှက်ဖျားနဲ့ နပမ်းလုံးနေရပါတယ်။ ရင့်ရော်ညိုမည်းနေတဲ့ သူ့မျက်နှာက ကျွန်အရောင်းဝယ်သမားများနဲ့ တိုက်ခိုက်ရလို့ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ဖော်ပြပြီး ရင့်ရော်နေပါတယ်။ ဟောပြောပွဲမှာ ကျောင်းသားများကို ပြောတဲ့စကားကတော့ … “ငါသည် ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်နှင့်အတူ အမြဲရှိမည်” မသဲ ၂၈း၂၀ ဆိုတဲ့စကားဖြစ်ပါတယ်… တဲ့။

သူဟာ ကြီးမားတဲ့ စွန့်လွှတ်မှုကို ပြုခဲ့တယ်လို့ ခံစားရပါသလား..မေးတော့၊ အနည်းငယ်မျှ မခံစားရပါ..လို့ဖြေပါတယ်။ အာဖရိကမှာ ကုန်လွန်ခဲ့တာ စွန့်လွှတ်ခြင်းမဟုတ်ပါဘူး၊ ဘုရားသခင်အပေါ် ဘယ်တော့မှ ပြန်ဆပ်လို့မရတဲ့ အကြွေး (ကျေးဇူးတော်)များထဲက အနည်းငယ်ကိုသာ ပြန်ဆပ်ခြင်းဖြစ်လို့၊ လုပ်ခွင့်ရခြင်းကသာ အခွင့်အရေးတခု ရခြင်းဖြစ်ပါတယ် လို့ဖြေပါတယ်။
.
.
အကြီးကျယ်ဆုံး အာဖရိက ခရစ်ယာန်မစ်ရှင်
သူ့ခရီးစဉ်ကို အာဖရိကတိုက်ရဲ့ အကြီးကျယ်ဆုံးမစ်ရှင်ခရီးအဖြစ် ကမည်းတင်ခဲ့ကြပါတယ်။ ဒါပေမဲ့.. သူက ဗတ္တိဇံမင်္ဂလာပေးခြင်း ဘာသာပြောင်းခြင်းကို မလုပ်ပါဘူး။ တကြိမ်ပဲ..Sechele ဆိုတဲ့ လီဆိုသို၊ ဘော့ဆွာနာ နိုင်ငံက လူမျိုးစုအကြီးကဲ တစ်ယောက်ကိုပဲ ဗတ္တိဇံမင်္ဂလာပေးခဲ့ တယ်။
.
Sechele တို့လူမျိုးစုတွေဟာ တခြားအာဖရိကန်တွေလိုပဲ Polygamy ဆိုတဲ့ မယားအများအပြား ယူတဲ့စနစ်ကို ကျင့်သုံးကြပါတယ်။ လစ်ဗင်းစတုန်း ရဲ့ ဖြောင်းဖြမှုကြောင့် သူ့မယား၅ယောက်ကို ကွာရှင်းခဲ့ပါတယ်။ Sechele ကိုယ်တိုင် အလွန်နိုးကြားတဲ့ ခရစ်ယာန်ဖြစ်လာပြီး ကျမ်းစာကိုလည်း ခဏနဲ့ ရေးဖတ်၊ သင်ကြားတတ်မြောက်ပါတယ်။ သူ့တို့ဘာသာစကား Native the kwena tribe နဲ့ သမ္မာကျမ်းစာကို ဘာသာပြန်ပြီး သူ့လူမျိုးတွေကို ဗတ္တိဇံမင်္ဂလာ အမြောက်အများ ပေးခဲ့ပါတယ်။ လစ်ဗင်းစတုန်း က ခရစ်ယန်ဘာသာထဲ သွတ်သွင်းတဲ့အလုပ် မလုပ်ပါဘူး။ ခရစ်တော်နဲ့ပဲ မိတ်ဆက်ပေးပါတယ်။  သူရောက်ရာဒေသတိုင်းက လူမျိုးစုများနဲ့ မိတ်သဟာရ ကောင်းမွန်စွာလုပ်နိုင်ပါတယ်။

သူဟာ နယ်သစ်ရှာဖွေစွန့်စားတဲ့ မစ်ရှင်တစ်ဦး ဖြစ်ပေမဲ့ ကိုလိုနီရှာသူမဟုတ်ပါဘူး။ မိမိကိုယ် ကာကွယ်ဖို့ သေနပ်ကိုင်ခရီးသွားရတော့ ကျွန်ဖမ်းတဲ့ ကျွန်ကုန်သည်တွေလို့ အထင်လွဲသူများလဲ၊ မိတ်သဟာရလုပ်ပြီး၊ နားလည်လက်ခံသွားလေ့ရှိပါတယ်။  ခရီးစဉ်များမှာ လူပေါင်း ရာနဲ့ချီခရိးထွက်ကြရာမှာ တဝက်ကျော် လမ်းခရိးကြမ်းတမ်းလို့ အဖွဲ့ဝင်တဝက်ကျော် သေဆုံးလေ့ရှိပါတယ်။

လစ်ဗင်းစတုန်း အမှတ်တရ Livingstone Memorial တွေကို ဇမ်ဘီယာနိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံ၊ ယူဂမ်ဒါနိုင်ငံ၊ မာလာဝီနိုင်ငံ၊ ဘာရွန်ဒီနိုင်ငံ၊ ဘောဆွာဝါနိုင်ငံ၊ တန်ဇန်နီးယားနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ နမီးဘီးယားနိုင်ငံ၊ ဇန်နီဘာကျွန်း စတဲ့ သူ့ အာဖရိကခရီးစဉ်နိုင်ငံတွေမှာ တည်ဆောက်ထားပါတယ်။ နယူးဇီလန်၊ စကော့တလန်၊ လန်ဒန်၊ ကနေဒါ၊ အမေရိကား စတဲ့ နိုင်ငံများမှာလဲ ဂုဏ်ပြုထားပါတယ်။

 သူသေဆုံးသွားချိန်မှာ အာဖရိက  (ယခု ဇမ်ဘီယာနိုင်ငံ) မိတ်ဆွေများက သူ့အသဲနှလုံးကို ထုတ်ယူပြီးမှာပဲ သူသေဆုံးတဲ့အနီးက သစ်ပင်အောက်မှာ မြှုတ်နှံခဲ့ပါတယ်။ ခန္ဓာကိုယ်ကတော့ မိုင်တစ်ထောင်ဝေးတဲ့ ပင်လယ်ကမ်းရိုးတန်းကို သယ်လာပြီး သင်္ဘောနဲ့ အင်္ဂလန်နိုင်ငံကို ပို့ဆောင်၊ သြင်္ဂလ်ခဲ့ပါတယ်။ မေ ၁၊ ၁၈၇၃ ခုနှစ် အသက်၆၀ အရွယ်မှာ သေဆုံးခဲ့ပါတယ်။

ဖတ်ရန်ကျမ်းပိုဒ်၊ ဟေဗြဲ ၁၃း၁-၆

သိမြင်ခြင်း။   ။ စစ်မှန်သောကြီးမြတ်ခြင်းသည် ဘုရားသခင်၏အကြံအစည်တော်ကို ပြီးပြည့်စုံစေသည့်အပေါ်တွင် တည်သည်။

လက်တွေ့အသုံးချခြင်း။  ။ လစ်ဗင်းစတုန်း၏ ကိုယ်ရေးရာဇဝင်ကို ဖတ်ရန်အချိန်ပေးပါ။ သူ့အကြောင်းဆောင်းပါးများကိုဖတ်ပါ။ လစ်ဗင်းစတုန်း စိတ်နှလုံးအကြွင်းမဲ့ ဘုရားသခင်ရဲ့ အစေခံရာမှာ ဝမ်းနည်းခြင်းတစ်စုံတရာ ရှိပါသလား ?

.

Reference:
1. HEROS by Dr. Harold J. Sala
2. https://www.biography.com/people/david-livingstone-9383955
3. https://en.wikipedia.org/wiki/David_Livingstone


Comments