စိတ်မရှည်ခြင်း လူဆိုတာကတော့ စိတ်မရှည်တဲ့ အမျိုးပါပဲ။ လှမင်းသူ
စိတ်မရှည်ခြင်း
လူဆိုတာကတော့ စိတ်မရှည်တဲ့ အမျိုးပါပဲ။
ခုရေတွင်းတူး ခုရေကြည်သောက်ချင်ကြတာ ထုံ:စံလိုဖြစ်နေပါပြီ။ ဒီမိုကရေလိုချင်တုန်းကလည်း ခုချက်ချင်းပဲလိုချင်ကြတယ်။ ဒီမိုကရေစီ အုတ်မြစ်တည်တဲ့ကာလ၊ ကူးပြောင်းတဲ့ကာလ ဆောက်တည်တဲ့ကာလ တို့ကို မစောင့်နိုင်ခဲ့ကြပါဘူး။ အသေအချာနဲ့ စနစ်တကျ ဖြစ်ဖို့ ဘယ်လိုပဲ ပြောပြော နားမဝင်
နိုင်ခဲ့ကြပါဘူးလေ။ အရေးအခင်းတုန်းက ဒေါက်တာမောင်မောင် ပြောခဲ့တဲ့ စကားနဲ့ ပြန်ပြောရမယ်ဆိုရင် မစောင့်နိုင်တော့
ဘူးလား လို့ပဲ ဆိုရမှာဖြစ်ပါတယ်။
၀ိညာဉ်နဲ့ခန္ဓာ ကျဆုံးခြင်း
အခုလည်းပဲ ယုံကြည်သူထဲမှာ စိတ်မရှည် နိုင်တာကို တွေ့ကြရမယ်ဖြစ်ပါတယ်။ ခုပဲ သခင်ယေရှု ကို ယုံကြည်ရင် ခုပဲ ကျမ်းမာရမယ် အနာရောဂါ ကင်းရမယ် ဖြစ်ချင်ကြပါတယ်။ အနာရောဂါဖြစ်လာရင် ယုံကြည်ခြင်းမရှိလို့ပဲလား၊ ယုံကြည်ခြင်းအားနည်းလို့လား စသည်ဖြင့် စိတ်ကူး
တွေးပူတတ်ကြပါတယ်။
သေချာပြန်ကြည့်မယ် ဆိုရင် လူသားတွေကျဆုံးခဲ့တဲ့ ဧဒင်ဥယာဉ်မှာ အာဒံနဲ့ ဧဝဟာ သူတို့အပြစ်ကြောင့် အပြစ်ပြုတဲ့ နေမှာတင် ဘုုံးဘုံးလဲကျသေဆုံးသွားတာ မဟုတကြပါဘူး။ အာဒံဆိုရင် အပြစ်ပြုတဲ့နောက် နှစ်ပေါင်း ၉၃၀ ကျော်ထိ အသက်ရှင်ပါသေးတယ်။ အပြစ်ပြုတဲ့နေမှာ
သေသွားတာဟာ သူ့ရဲ့ဝိညာဉ်ပဲဖြစ်ပါတယ်။ သူ့ဝိညာဉ် သေတာနဲ့၊ ဘုရားက သူ့အပေါ်လွှမ်းခြုံထားတဲ့ ဘုန်းအသရေဟာပျောက်ဆုံးသွားပြီး သူ့
ကိုယ်သူ အဝတ်ချည်းစည်းဖြစ်တယ် ဆိုတာ အရင်းဆုံး စမြင်ပါတယ်။ ဒါဟာ ၀ိညာဉ် ကျဆုံးသွားခြင်း ဖြစ်ပါတယ်။
သူ့ရဲ့ ခန္ဓာကတော့ နောက်နှစ်ပေါင်းများစွာကျမှ တဖြည်းဖြည်း ပျက်စီးယိုယွင်းပြီး သေဆုံးသွားပါတယ်။
၀ိညာဉ် ကယ်တင်ခြင်း
အားလုံးသိကြတဲ့ အတိုင်း ကျွန်တော်တို့ ယုံကြည်တဲ့ သခင်ယေရှုဟာ ဒီ ကျဆုံးမှုတွေကို ပြန်လည်ကယ်တင်ဖို့ပဲ ဖြစ်ပါတယ်။
အပြစ်အတွက် ကားတိုင်မှာ အားလုံး အဖိုးအခပေးပြီး ယုံကြည်သူတိုင်းကို သန့်ရှင်းသော ၀ိညာဉ်တော်ပေးခဲ့ပါတယ်။ အာဒံရဲ့ သားသမီး
များဖြစ်ခဲ့တဲ့ ကျွန်တော်တို့ တစ်တွေဟာလည်းပဲ ဇာတိပကတိပဲ ရှိနေရာကနေ ၀ိညာဉ်ပကတိကို လက်ခံရရှိလာပါတော့တယ်။ အဲဒီအချိန်မှာ သေနေတဲ့ ၀ိညာဉ်ဟာ ပြန်ရှင်လာပါတယ်။ ဘုရားမသိသူ၊ အပြစ်နဲ့ ဇာတိတွေကြောင့် သေနေသူ၊ ဟာ ရုတ်ခြည်း အသက်ပြန်ရှင်လာပါတယ်။ Born again လို့ ဆိုကြပါတယ်။ ၀ိညာဉ်ကယ်တင်ခြင်းဟာ ယုံကြည်တဲ့ အခိုုက်အတန့်မှာတင် ပြန်ရှင်လာပါတယ်။ ဒါဖြင့် ခန္ဓာကြတော့ကော။
ခန္ဓာကယ်တင်ခြင်း
၀ိညာဉ်ပဲ ကယ်တင်ပြီး၊ ခန္ဓာကယ်တင်ခြင်း မရှိရင် အလကားပါပဲ။ ဒါကြောင့် သခင်ခရစ်တော်ဟာ ကျွန်တော်တို့အတွက် ခန္ဓာကယ်တင်ခြင်းကို လည္းေပးခဲ့ပါတယ်။ ဘယ်လိုကယ်တင်သလို ဆိုရင် သူထမြောက်ခဲ့တဲ့ ခန္ဓာအတိုင်း ပေးမှာ ဖြစ်ပါတယ်။ ၀ိညာဏ ခန္ဓာပဲ ဖြစပါတယ်။ ၀ိညာဏ ခန္ဓာ ဆိုတာ ဘယ်လိုမျိုးလဲ မသိပေမယ့်၊ သခင်ခရစ်တော် ရှင်ပြန်ထမြောက်တုန်းကလို ခန္စာလိုမျိုးလို့ပဲ ယူဆရပါတယ်။ ၀ိညာဉ်လိုမျိုး နံရံတို့လို အတားအဆီးေတွကို ဖြတ်သွားနိုင်ပြီး၊ ခန္ဓာလိုမျိုး ထိတွေ့ကိုင်တွယ် စားသောက်နေနိုင်တဲ့ ခန္ဓာလိုမျိုး တော့ တွေးဆကြည့်နိုင်ပါတယ်။ ဒီဝိညာဏ ခန္ဓာကိုယ် ကို ဘယ်တော့ ရကြမလဲ။
အာဒံတုန်းက ခန္ဓာကျဆုံးခြင်းက ၀ိညာဉ်ကျဆုံးခြင်း နောက်မှ တဖြည်းဖြည်းလိုက်လာသလို၊ ခန္ဓာကယ်တင်ခြင်း ဟာလည်း ၀ိညာဉ် ကယ်တင်ခြင်း နောက်မှ တဖြည်းဖြည်းလိုက်လာမှာပဲ ဖြစ်ပါတယ်။ သခင်ယေရှုဟာ သေပြီးမှ ရှင်ပြန်ထမြောက်ခဲ့သလို၊ ကျွန်တော်တို့ ခန္ဓာဟာလည်း သေပြီးမှ ဘုန်းထင်ရှားတဲ့ (Glorified Body) ကို ပြန်ရကြမှာ ဖြစ်ပါတယ်။ အခု သေတတ်သော ခန္ဓာဟာ ကောင်းကင်နိုင်ငံကို အမွေမခံနိုင်တဲ့ အတွက် ခရစ်ယာန်များ အရင် သေကြရမှာပါ။ ပုပ်ပျက်တတ်တဲ့ ဒီခန္ဓာဟာ မြေကြီးကနေလာတဲ့ အတွက် မြေကြီးကို ပဲ ပြန်သွားရမှာပါ။ ပြီးမှ ရှင်ပြန်ထမြောက်ြကတဲ့ အခါ မပုပ်မပျက်နိုင်တဲ့ ၀ိညာဏခနာကို ရကြမှာ ဖြစ်ပါတယ်။
အခုကတော့ ပုပ်ပျက်တတ်သော ခန္ဓာဖြစ်တဲ့ အတွက် တနေ့နေ့မှာ အနာရောဂါ၊ မကျန်းမမာဖြစ်ပြီး သေကြရဦးမယ် ဖြစ်ပါတယ်။ လာဇရုတောင် ြပန်ရှင်ပေမဲ့ ၀ိညာဏ ခန္ဓာမရှိတဲ့ အတွက်ကြောင့် ပြန်သေခဲ့ရပါတယ်။
စောင့်စားခြင်း
အချို့အချို့ သော ယုံကြည်သူများဟာ ဘုရားသခင်ရဲ့ အနာရောဂါ အပေါ် အောင်မြင်နိုင်ခြင်း တန်းခိုးကို လက်တွေ့မျက်မြင်ခံစား ခဲ့ရပြီး၊ ယုံကြည်ေပြာင်းလဲ လာကြသူများ ဖြစ်ပါတယ်။
တချို့ကြပြန်တော့လည်း ဘာတန်ခိုးမှ မမြင်တွေ့ရပဲ အပြစ်တရားကနေ နောင်တရပြီး ယုံကြည်လာကြသူများ ဖြစ်ပါတယ်။ တယောက်နဲ့ တေ
ယာက် မတူကြပါဘူး။ တယေက်ကို ကြတော့ ကျန်းမာပျောက်ကင်းလို့ တန်ခိုးပြပေမဲ့၊ နောက်တယောက်ကိုတော့ သဘာဝအတိုင်း ပျောက်ကင်းစေနိုင်မှာပဲ ဖြစ်ပါတယ်။
အဲဒီလို ယုံကြည်သူတယောက်နဲ့ တယောက်အပေါ်ဘုရားသခင် အကြံအစည်မတူပေမဲ့၊ ယုံကြည်သူအတိုင်းအတွက် တူညီတဲ့ ကတိပေးခဲ့တာ ကတော့၊ ယုံကြည်သူအားလုံးဟာ ခရစ်တော် ဒုတိယအကြိမ် ပြန်ကြွလာရင် မသေနိုင်သော၊ ရောဂါကင်းသော၊ မပုပ်ပျက်သော၊ ဘုန်းတန်ခိုးရှိသော ခန္ဓာရကြမယ် ဆိုတဲ့ ကတိပဲဖြစ်ပါတယ်။
အဲဒီ ကတိလေးကိုပဲ မျှော်လင့်ခြင်း စောင့်စားကြရအောင်လားဗျာ။ ယုံကြည်ခြင်းသည် "မမြင်ရသေးသော အရာကို သိမှတ်စွဲလမ်းခြင်း ဖြစ်၏' လို့ ဆိုထားတယ် မဟုတ်လား။ အားလုံးအတွက် ပေးထားခဲ့တဲ့ သေချာတဲ့ ဒီကတိတော်ကို ပဲ စွဲကိုင် ယုံကြရင်း စောင့်စားကြပါစို့လို့ တိုက်တွန်းရင်း "မာရနသာ"လို့ သာ ရေရွတ်လိုက်ပါတယ်။
ဘုရား ရှင် ကောင်းကြီးပေးပါစေ။
"ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။ ၅၁နက်နဲသော အရာတခုကိုငါပြဦးမည်။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ ၅၂သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ၅၃ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။ ၅၄ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့် စုံလိမ့်မည်"
၁ ကော: ၁၅: ၅၀-၅၄
နာမတော်မြတ်ွှ
လှမင်းသူ

Comments
Post a Comment