ဥပုသ်နေ့ဒေသနာ။ ၁၂-၄-၂၀၂၀ အီစတာတနင်္ဂနွေ။ (Copy from Sayar Hsoe)
အီစတာနံနက်ခင်း။
ဥပုသ်နေ့ဒေသနာ။ ၁၂-၄-၂၀၂၀ အီစတာတနင်္ဂနွေ။
(Copy from Sayar Hsoe)
ကောင်းကင်တမန်ကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သောယေရှုကိုသင်တို့ရှာကြသည်ကိုငါသိ၏။ ဤအရပ်၌မရှိ။ မိန့်တော်မူသည့်အတိုင်းထမြောက်တော်မူပြီ။ (မ၊၂၈:၅)
တစ်နေ့မှာတော့ ကျွန်တော်တို့အသင်းတော်မှာသီချင်းအဆိုကောင်းလှသော မစိန်မေ အမည်ရှိသူငယ်ချင်းကိုမေးကြည့်မိပါသည်။ သူမသည် ငယ်စဉ်ကတည်းကဘုရားကျောင်းမှာအစဉ်အမြဲ သီချင်းဆို၍အသံကို ဆက်ကပ်ခဲ့သူဖြစ်သည်။ ကျွန်တော်တို့ငယ်စဉ်ကာလများသည် မိမိဝါသ နာပါရာကိုဘုရားကျောင်းတွင်လေ့ကျင့်တည်ဆောက်ခွင့်ရ၍၊ သို့မဟုတ် ပျော်ရွှင်ခွင့်ရသဖြင့် ဘုရားရှိခိုးကျောင်းသို့လာမြဲရှိသောကြောင့်..
" စိန်..နင်ဘာဖြစ်လို့ဘုရားကျောင်းကိုအမြဲလာတက်ရတာလဲ။ သီချင်းဆိုရတာ ဝါသနာပါလို့လား။"
ဟုမေးဖူးရာသူမကဟက်ခနဲရယ်ပါသည်။ ပြီးမှ..မဟုတ်ဘူးဟ။ ငါသီချင်း ဆိုချင်လို့ဘုရားကျောင်းကိုလာတာမဟုတ်ဘူး။ဂုဏ်တော်ချီးမွမ်းချင်လို့၊ ဟုဖြေပါသည်။ နင်စဉ်းစားကြည့်လေ။ သေခြင်းမှထမြောက်တဲ့ဘုရားသခင်ကိုမှ ငါမချီးမွမ်းရင်၊ဘယ်သူ့ဂုဏ်တော်ကိုငါချီးမွမ်းမလဲ။ တကယ်တော့ငါဘုရားကျောင်းကိုလာတက်တာက၊သူကိုယ်တိုင်သေခြင်းကိုအောင်မြင်ပြီး၊ထမြောက်တော်မူတဲ့အတွက်ငါ့ကိုလည်းသေခြင်းကထမြောက်စေမယ်လို့ကိုးစားယုံကြည်လို့..ဟုဆက်၍ပြောခဲ့ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း လေးဆယ်တုံးကသူမပြောခဲ့တာပါ။ သို့သော်သူမ၏စကားကိုမမေ့နိုင်ပဲအမြဲပင်သတိရနေခဲ့ပါသည်။ တကယ်တော့၊ ခရစ်ယာန်ဟူသည် ခရစ်တော်ကို ယုံကြည်သောကြောင့်ဖြစ်တည်လာခြင်းပါ။ ခရစ်တော်ကို ဘာကြောင့်ယုံကြည်ပါသလဲ။ ထိုမေးခွန်း၏အဖြေကတော့ အီစတာနံနက်ခင်းမှာရှိပါသည်။
(၁) ရှင်ပြန်၍ထမြောက်သောသူ။
ထိုနေ့နံနက်မိုးလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့်အခြားသော မာရိတို့သည်၊ သင်္ချိုင်းတော်သို့အကြည့်အရှုသွားကြ၏။ လွန်ခဲ့သောသုံး ရက်ကအသေသတ်ခံရ၍၊ ကွယ်လွန်ခဲ့ရသော နာဇရက်မြို့သားယေရှု၏ သင်္ချိုင်းတော်သို့ရောက်လျှင်၊မြေကြီးသည်ပြင်းစွာလှုပ်၍၊ ကောင်းကင်တ မန်တပါးသည်သင်္ချိုင်းဝမှကျောက်ကိုလှိမ့်လှန်ပြီးလျှင်၊ထိုကျောက်ပေါ်မှာထိုင်နေ၏။ သူ၏မျက်နှာသည်လျပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည်လည်းမိုးပွင့်ကဲ့သို့ဖြူ၏။ စောင့်သောသူတို့သည် ကောင်းကင်တမန်ကိုမြင်လျှင်၊ကြောက်ရွံ့တုန်လှုပ်၍၊သေမတတ်ဖြစ်ပါ၏။ ကောင်းကင်တမန်က၊မာရိတို့အား သင်တို့ရှာသောသူသည်ဤနေရာ၌မရှိ။ သူမိန့်တော်မူခဲ့သည့်အတိုင်း ထမြောက်တော်မူ၍ထွက်သွားပြီ။ သူလျောင်းခဲ့သောနေရာကိုကြည့်ပါ။ပြီးလျှင် တပည့်တော်တို့ပြောကြပါ ဟုတိုက်တွန်းသောအခါ မာရိတို့သည်လည်းအံ့သြဝမ်းသာခဲ့သောအကြောင်းကိုကျမ်းစာ၌..
ဖော်ပြပါသည်။ ထမြောက်တော်မူသောသခင်ကိုယ်တော်တိုင်၊အိစတာနံ နက်ခင်းတွင်မာရိတို့အားစကားပြောဆိုမှာကြားရုံမက၊ထို့နေ့မှာပင် ဂါလိလဲအိုင်သို့ကြွ၍ တပည့်တော်တို့အားလက်ခံတွေ့ဆုံခဲ့ပါသည်။
(၂) သေခြင်းကိုအောင်နိုင်သူ။
ကမ္ဘာ့သမိုင်းတွင် ထူးခြားသောသူအများပေါ်ထွက်ခဲ့ဖူးပါသည်။ကမ္ဘာ မြေပြင်တခုလုံးရေဖုံးလွှမ်းသော်လည်းမသေနိုင်သော နောဧ။ အံ့ ဖွယ်ဗာဗုလုံအင်ပါယာကိုတည်ဆောက်သော နေဗုခနေဇာမင်းကြီး။ တိုက်ပွဲတိုင်းအောင်မြင်သောဂျူးလိယက်ဆီဇာ။ အင်ပါယာတို့၏သခင်အလက်ဇန်းဒါး .. စသည်ဖြင့်ထူးခြားသောပုဂ္ဂိုလ်အများပေါ်ထွန်းခဲ့သော်လည်း၊သူတို့၏အောင်မြင်မှုသည်ကမ္ဘာချီသော်လည်း မအောင်မြင်နိုင် မလွန်ဆန်နိုင်သောအရာကတော့သေခြင်းပါပဲ။ လူသားစင်စစ်ဖြစ်တာမို့ အချိန်တန်လျှင်ကြွေလွင့်သွားကြရပါသည်။ သေလွန်ပြီးနောက်မှာတဖန်ပြန်၍ မထနိုင်ကြတော့ပါ။ သခင်ယေရှုနှင့်ထိုမဟာလူသားများအကြားခြားနားမှုသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်ပါသည်။ သေခြင်းကိုအောင်နိုင်လျက် ထာဝရအသက်ရှင်သူဖြစ်သောကြောင့်သာ၊ထိုသခင်ကိုကျွန်တော်တို့ကိုးကွယ်ရန်ထိုက်တန်ခြင်းပါ။ ထာဝရဘုရားသခင်..ဟူသောနာမ၌ အစဉ်အမြဲတည်သောသဘောပါဝင်၍ ယနေ့ကာလသာမက၊ နောင်ကာလအထိစိတ်ချစရာ၊ဖက်ရမ်းစရာ၊ကိုးကွယ်စရာဖြစ်စေပါသည်။ သခင်ယေရှုသည်သာမန်လူသားတယောက်မဟုတ်ခဲ့ပါ။
(၃) ကျွန်ုပ်တို့နှင့်အတူရှိသောသူ။
နောက်ဆုံး၌သခင်ယေရှုသည်မတရားသောစီရင်ချက်များကိုလက်ခံ၍ ကရာနီကုန်းပေါ်သို့တက်သွားခဲ့ပါသည်။ ကြောက်မက်ဖွယ်အသေသတ်ခြင်းကိုခံတော်မူခဲ့ပါသည်။ သြင်္ဂိုဟ်ခြင်းကိုခံရ၍ သုံးရက်မြောက်သောနေ့တွင်ရှင်ပြန်ထမြောက်ခဲ့ပါ၏။ ကိုယ်တော်သည်ရက်ပေါင်းလေးဆယ် တပည့်တော်တို့နှင့်အတူနေထိုင်စားသောက် အတူသွားလာပြီးမှ၊အ သက်ရှင်လျက်ကောင်းကင်ဘုံသို့တက်ကြွသွားခဲ့ပါသည်။ကျွန်ုပ်တို့ကိုးကွယ်သောထိုသခင်သည်၊ကွန်ုပ်တို့နှင့်အတူအသက်ရှင်လျက်ရှိနေပါ၏။ တခါကဥပုသ်နေ့မှာဘုရားရှိခိုးကျောင်းသို့သွားဖို့ရန်ပြင်ဆင်နေသော အစ်မကိုမောင်လေးဖြစ်သူကမေးပါ၏။ ဘုရားရှိခိုးကျောင်းမှာဘုရားသခင်ရှိသလားအစ်မ။ ထိုအခါသူ့အစ်မကရှိတာပေါ့ဟုဖြေပါသတဲ့။ သူမ၏ မောင်က ..
" သားတော့တခါမှမတွေ့ဖူးပါဘူး။ အမကောတွေ့ဖူးလို့လား"
" မမြင်တော့မမြင်ဖူးပေမယ့်ရှိတာကိုတော့အစ်မသိနေတယ်။"
စင်စစ် ကိုယ်တော်သည်အသက်ရှင်နေဆဲဖြစ်၍ ယုံကြည်ခြင်းမျက်စေ့နှင့်တွေ့မြင်နိုင်ပါသည်။သူ၏ထမြောက်ခြင်းကိုလက်ခံလျက် ဝမ်းမြောက်စွာချီးမွမ်းကြရမှပါ။ဤဘုရားသည် နားရှိလျက်မကြား၊မျက်စိကြည့်လျက်မမြင်သောဘုရားမဟုတ်ပါ။နိစ္စထာဝရအသက်ရှင်လျက် သူဖန်ဆင်းသောကမ္ဘာ၊သူဖန်ဆင်းသောလူများကိုကြီးစွာသောချစ်ခြင်းနှင့်အသက်ကိုပင်ပေးလျက်၊အပြစ်ကြွေးကိုဆပ်ပေး၍ကယ်တင်သောသူပါ။သူ့အားလူသေထားရာသင်္ချိုင်း၌သိပ်ထားသော်လည်း၊သေခြင်းကိုအောင်မြင်၍ အီစတာနံနက်ခင်းမှာထမြောက်ရှင်ပြန်ကာဘုန်းတော်ကိုဖော်ပြခဲ့ပါ သည်။အသက်ရှင်သောဘုရား၊အသက်ကိုပေးပိုင်သောဘုရားအားကိုးကွယ်ရသဖြင့် အသက်ကိုရဖို့ရန်အာမခံရှိကြောင်း တိုက်တွန်းနှိုးဆော်ပါရစေ။
သင်္ချိုင်းတွင်းမှထမြောက်ပြီ။
ရန်သူများအပေါ်ဘုန်းကြီးအောင်မြင်ပြီ။
နက်နဲရာထဲမှအောင်မြင်လျက်တက်ကြွလာ။
သန့်ရှင်းသူများနှင့်စိုးစံသက်ရှင်ထာဝရ။
ထမြောက်ပြီ။ထမြောက်ပြီ။ဟာလေလုယ ထမြောက်ပြီ။
(ဓမ္မသီချင်း ၁၃၆။ ခရစ်တော်ထမြောက်ပြီကျူး Christ Arose)

Comments
Post a Comment