ဆရာ David La ကို အချို့ခရစ်ယာန်တွေက ရိုသေလေးစားချစ်ခင်ပြီး

Cred>>Kham Khai/Lahpai_Nangpri
ဆရာ David La ကို အချို့ခရစ်ယာန်တွေက ရိုသေလေးစားချစ်ခင်ပြီး အချို့ခရစ်ယာန်တွေက ဘာလို့မနှစ်မြို့ကြတာလဲ?

​ဒီကိစ္စနဲ့ပါသက်ပြီး Facebook သုံးတဲ့ သူတွေအားလုံး ဒီအစွန်း နှစ်ဘက်ကို မျက်ဝါးထင်ထင်တွေ့မြင်ကြမှာဖြစ်တယ်။

ဆရာဒေးဗစ်လ ဖန်နဲ့ Anti ဒေးဗစ်လ ပြသနာက ခုမှစတာမဟုတ်ပါဘူး အက်ကြောင်းထပ်တာ မကကွဲပြဲတာ အတော်လေးကို နှစ်ပေါက်နေပါပြီ။

၁။ ဆရာဒေးဗစ်လကို အချို့ ခရစ်ယာန်တွေက ဘာလို့ ရိုသေလေးစားချစ်ခင်ကြတာလဲ

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဆရာဒေးဗစ်လ မြန်မာပြည်ကိုပြန်လာပြီး တရားဟောပွဲတွေ ကို မြန်မာပြည်ရဲ့ အထင်ကရ ခန်းမတွေ အားကာစးရုံတွေ ဖြစ်တဲ့ MCC ခန်းမ၊ အမျိုးသား ပြဇတ်ရုံ၊ နှင့် နေပြည်တော် နဲ့  သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း ထိ အကြီးအကျယ် အောင်မြင်စွာပြုလုပ်ခဲ့သလို မြန်မာပြည်က မြို့ကြီးမြို့ငယ်နဲ့ အသင်းတော် ကြီး၊ သေး ဆရာ David Lah ကို ဖိတ်ကြားမခံရတဲ့နေရာ မရှိသလောက် ဖြစ်သလို ဆရာDavid Lah လဲ မြန်မာပြည်အနှံမရောက်ဖူးတဲ့နေရာလဲ မရှိသလောက်ပါပဲ။

ဒါ့အပြင် UN ရဲ့ အစီအစဉ်နဲ့ ပြည်ပရောက်သွားတဲ့ ဥရောပ၊ အမေရိက စတဲ့ နိုင်ငံကြီး နိုင်ငံငယ်မှာရှိတဲ့ မြန်မာခရစ်ယာန် အသင်းတော်တွေမှာ လဲ တတ်အားတရွေ့သွားရောက်ပြီးနူတ်ကပါတ်တော်ကို အားရပါးရဝေငှခဲ့တာ Social Media မှာတွေ့ခဲ့ရလို့ ဆရာ David Lah အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။

ဒါ့ကြောင့်လဲ မြန်မာပြည်ကခရစ်ယာန်လူငယ်များစွာ ကတနေ့မှာ ဆရာ ဒေးဗစ်လလို ဘုရားအသုံးတော်ခံ ဖြစ်ချင်တာ်လို့ ပြောသံတွေကြားရတာ ဆရာ David Lah အတွက် တကယ်ကို ဂုဏ်ယူဝမ်းသာဖို့ကောင်းပါတယ်။

ဆရာ David Lah ကိုယ်တိုင်က ဧဝံဂေလိမှာစိတ်အားထက်သန်သလို ဆရာ David Lah အားဖြင့် ကယ်တင်ခြင်းတရားနဲ့ ဘုရားသခင်ရဲ့အလိုတော်ကို သိလာတဲ့ လူကြီးလူငယ်တွေ များစွာတွေ့ရတဲ့အတွက် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ်။

သမ္မာတရားအားဖြင့် ဆရာ David Lah ကိုယ်တိုင်မူးယဇ်ဆေးဝါးရဲ့ကျေးကျွန်ကလွတ်မြောက်လာသလို ဆရာ့ David Lah ရဲ့အသက်တာဘယ်လိုပြောင်းလဲလာသလဲဆိုတာ ဝေငှသက်သေခံခြင်းအားဖြင့် မူးယဇ်ဆေးဝါးရဲ့ကျေးကျွန်ကနေလွတ်မြောက်လာသူတွေလဲ အများင်္ကြးပါပဲ။

ဒါတင်မကဘူး ဆရာ့ David Lah ရဲ့ဟောပြောဝေငှခြင်းအားဖြင့် နိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ မျိုးကြီး၊ နောနော် နဲ့ J Me တို့တွေလဲ ခရစ်တော်ရဲ့ကယ်တင်ခြင်းတရားကို ယုံကြည်လက်ခံရုံသာမက ဆရာ့ David Lah ရဲ့ သာသနာလုပ်ငန်းမှာ တတ်အားသရွေ့ ခုနောက်ဆုံး ချိန်ထိပါဝင်ကူညီတဲ့အထိ လက်တွဲခေါ်တာတွေလဲ တကယ်ကို မွန်မြတ်လှပါတယ်။

ကျွန်တော်သမ္မာကျမ်းစာသင်ကြားပေးတဲ့ ဓမ္မကျမ်းစာကျောင်းမှာလဲ ဆရာ့ David Lah ရဲ့ Online တရားဒေသနာ နားထောင်ခြင်းအားဖြင့် ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို သဘောပေါက်လက်ခံရရှိပြီး အမူတော်အတွက်ဆက်ကပ်ပါဝင်လာကြတဲ့ လူငယ်တွေလဲ အများကြီးပါပဲ။ ဒီ့အတွက် ဆရာ David Lah ကို အသုံးပြုတဲ့ ဘုရားသခင်နဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

လူတယောက်ရဲ့ဘဝမှာ တမလွန်အတွက် ငြိမ်သက်စိတ်ချမူရတာ သမ္မာတရားအားဖြင့်လွတ်မြောက်ခြင်းရတဲ့ ဝမ်းမြောက်ခြင်းလောက် ဝမ်းမြောက်စရာကောင်းတဲ့ဝမ်းမြောက်မူမျိုး မရှိဘူးဆိုတာ တွေ့ကြုံခံစားဘူးသူတိုင်းသိကြပါတယ်။

ဆရာ David Lah ရဲ့ဆုတောင်းပေးခြင်းအားဖြင့် အနာရောဂါငြိမ်းသူ တွေလဲ အများကြီးပါပဲ။

ဒါကြောင့် ဆရာ ဒေးဗစ်လ ကိုအချို့ယုံကြည်သူတွေက ကျေးဇူးတင်ပြီး ရိုသေလေးစားကြတာဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

၂။ ဆရာဒေးဗစ်လကို အချို့ခရစ်တွေကမနှစ်မြို့ကြတာလဲ

ဒါနဲ့ပါတ်သက်ပြီး ၂ ဖွဲ့ရှိပါတယ်။

က။ ပထမအဖွဲ့ကတော့ ဆရာ့ရဲ့ ခရစ်ယာန် ဩဝါဒယံကြည်ခြင်းနဲ့ပါတ်သက်ပြီး ယုံကြည်သူ မှန်ရင် ကျန်းမာရမယ်၊ ချမ်းသာရမယ်၊ အောင်မြင်ရမယ်ဆိုတဲ့ ခရစ်တော်ရဲ့ ကတိတော်နဲ့ သွန်သင်ချက် များစွာထဲက တစိတ်တပိုင်းကို အထူးခြေစုံပြစ်ဗဟိုပြုမိတဲ့အတွက်ပါပဲ။

ဒီအဖွဲ့တွေကလဲ သမ္မာတရားနဲ့အညီ ခရစ်တော်ကိုယုံကြည်သော်လဲ လောကမှာ နာခြင်း၊ ဆင်းရဲခြင်း ဒုက္ခ အစုံတွေ့ကြုံရုံမက တမန်တော်နဲ့တပည့်တော်တွေဆိုရင် ဧဝံဂေလိတရားကြောင့် ရက်ရက်ဆက်ဆက် သတ်ဖြတ်ခံရတဲ့အချက်တွေ

ယုံကြည်သူစစ်စစ်ဖြစ်တဲ့ သာသနာပြုဆရာ William Cary, Adonnian Judsonနဲ့ Hudson Taylor တို့ ခရစ်တော်ရဲ့ ဧဝံဂေလိတရားကြောင့်ကြမ်းတမ်းတဲ့ဘဝတွေ ခါးသီးတဲ့ ဘဝတွေ တမန်တော်တွေနည်းတူ ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေအပြင်

“သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။”
‭‭ရှင် ယော ဟန် ခ ရစ် ဝင်။‬ ‭16:33‬ ‭JBMLE‬ စတဲ့ယေရူခရစ် ဟောပြောသွန်သင်ခဲ့တဲ့ ခဲ့တဲ့ ကျမ်းပိုက်တွေများစွာနဲ့ ပြန်လည်ထောက်ပြခဲ့ကြတယ်။

 အခုဆရာ  Covid  19 positive ဖြစ်တော့ ကျွန်တော်သိသလောက် ဒီအဖွဲ့က ဆရာ David Lah နဲ့ ရောဂါသည်တွေအားလုံးအတွက် ဆုတောင်းပေးဖို့ မေတ္တာပြ တဲ့ Post တွေ သူတို့ရဲ့ Page နဲ့ ကိုယ်ပိုင် Facebook စာမျက်နှာတွေမှာ အသီးသီးရေးသာကြတာတွေ့ရတော့ ဒီအဖွဲ့ရဲ့ရပ်တည်ချက်ကရှင်းပါတယ် သမ္မာတရားကို ဆရာ့အနေနဲ့ ဒီ့ထက် မှန်မှန်ကန်ကန်ဝေငှစေချင်တဲ့သဘောနဲ့ထောက်ပြဝေဖန်တယ်လို့ပဲ ကျွန်တော်သုံးသပ်မိတယ်။

ခ။ ဒီအဖွဲကတော့ ဆရာ ဒေးဗစ်လဖန်တွေနဲ့ အဓိကညိတဲ့အဖွဲ့ပါပဲ။
ဒုတိယအဖွဲ့ကတော့ ဆရာ့ရဲ့ တရားဟောချက်တော်တော်များများမှာ ပါတတ်တဲ့ ဂိုဏ်းဂနတွေ၊ အသင်းတော်တွေ၊ သင်းအုပ်ဆရာတွေ၊ သင်းထောက်တွေ နဲ့သူတို့ရဲ့ မိရိုးဖလာဝတ်ပြုကိုးကွယ်ခြင်းတွေ အားနည်းချက် ပြုပြင်သင့်တယ်လို့ ဆရာဒေးဗစ်လ မြင်တဲ့အရာတွေကို ဆရာ David Lah က က ပလ္လင်ပေါ်ကနေ အာပေါင်အာရင်တန်း ပီးအမူအရာ ဟန်ပန်အမျိုးမျိုးနဲ့ တစ်ကမ္ဘာလုံးကြားအောင် Live လွှင့် ဝါးလုံးရှည်နဲ့ရမ်း အချို့အကြောင်းအရာတွေမှာ တစိတ်ကိုတစ်အိတ်ပြော တဲ့ အသီးအပွင့်တွေပါပဲ။

​ဆရာ့ David Lah ရဲ့ တရားဟောချက်အချို့အပီးမှာ အသင်းတော် နဲ့ယုံကြည်သူအချို့အတွက် တည်ဆောက်စရာမဟုတ်ပဲ စိတ်ဝမ်းကွဲစရာတွေဖြစ်လာတယ်။ ပိုဆိုးတာက ဆရာဒေးဗစ်လရဲ့ အစွန်းရောက်ဖန်အချိူ့က အသင်းတော်ကထွက်ပြီး ဆရာဒေးဗစ်လတရားကလွဲလို့ကျန်တဲ့ သူတို့အသင်းအုပ်ဆရာနဲ့ အခြား တရားဟောဆရာတွေရဲ့ တရားဒေသနာတွေ နားမထောင်ကြတော့ဘူး။ ဒါလဲ သူတို့ရဲ့ရွေးချယ်မူရှိစေတော့။

ဒါမျိုးက အသင်းတော်တော်ကို ဦးဆောင်တဲ့ သင်းအုပ်ဆရာ တွေအတွက်လက်ခံဖို့ခက်ခဲတာအမှန်ပဲ။ တဘက်မှာကြည့်မယ်ဆိုရင်လဲ အသက်းတော်တပါး စီမံ ဦးဆောင်တာ ရတာဘယ်လောက်ခက်သလဲဆိုတာ အသင်းတော်ကို ဦးဆောင်ဖူးတဲ့ သင်းအုပ်ဆရာတိုင်းသိကြတာပါပဲ။

ဒီကိစ္စမှာသူတို့အနေနဲ့ ပြုပြင်ပေးတယ်လို့ မခံယူနိုင်တော့ပဲ သူတို့ကို ကမ္ဘာသိ အရှက်ခွဲတာပဲဆိုပြီး ခံယူစရာတွေဖြစ်လာတယ်။ အသင်းတော်ကိုဖြိုခွဲတယ်လို့ ခံယူလာတယ်။

နောက်ဆုံး ကလေးမြို့ရဲ့ အကြီးဆုံးအသင်းတော် တပါးဖြစ်တဲ့ Lei Pi နှစ်ခြင်းအသင်းတော်နဲ့  ဆရာ David Lah နဲ့ ပြသနာဖြစ်တဲ့ ကိစ္စကသာဓကပါပဲ။

အသင်းတော်တပါးရဲ့အားနည်းချက်ကို နောက်အသင်းတော်တပါး မှာ Live လွှင့်ပြီး ဟောပြောဝေငှတော့ ဆရာ David Lah ကိုချဉ်သွားတဲ့ယုံကြည်သူတွေများလာတဲ့သဘောပါပဲ။ ဒါမျိုးကသင့်တော်သလားဆိုတာလဲ စဉ်းစားစရာပါပဲ။

အဲဒီရဲ့အကျိုးအဆက် တွေက KBC ၊ နှစ်ခြင်းအသင်းတော်တွေမှာ ဆရာ David Lah ကိုလက်မခံဘို့ စာထုတ်ရတဲ့အထိဖြစ်လာတော့ နစ်နာမူကနှစ်ဦး နှစ်ဘက်အနည်းအများရှိလာတယ်။ 

နောက်ဆုံးအကျိုးအဆက်က ဒီအဖွဲ့က ဆရာ David Lah ကို တရားဟောဆရာလို့မမြင်တော့ပဲ ပြသနာကောင် လေးကြီးလေကျယ် ဆိုပီးမြင်လာတယ်။

၃။ ကဲအဲမှာ နှစ်ဖွဲ့ကွဲပြီ။ ဆရာ ဒေးဗစ်လဖန်နဲ့ Anti David Lah ဆိုပြီး နှစ်ဖွဲ့ကွဲတော့တာပဲ။

တဖက်ကလဲ သူတို့ကို သမ္မာတရား နဲ့ သွန်သင်ပေးတဲ့ ဟီးရိုး တဘက်ကလဲ ပြသနာကောင်။

သူတို့အညင်းပွားတဲ့ အဓိကအချက်က ဘုရားဘိသိဒ်ပေးတဲ့ ဘုရားလူကို စော်ကားရင် ဒုက္ခရောက်မယ် ဆရာအောင်မြင်တာကိူ မနာလိုဖြစ်ကြတာ ဆိုပြီး ဆရာဒေးဗစ်လဖန်တွေကစွတ်ဆွဲတယ်။ 

တဘက်ကလဲ ဘယ်ကဘုရားဘိတ်သိဒ်ပေးတဲ့ဆရာလဲ ပြသနာကောင် အလကားလေသမား လို့ သူတို့အတွေ့အကြုံအရပြန်ချေပတယ်။ 

ဘယ်သူမှန်တယ် မှားတယ်ဆိုတာ ကျွန်တော့်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ နှစ်ဖွဲ့စလုံးကသူတို့ တွေ့ကြုံရတဲ့ အဖြစ်အပျက်နဲ့ခံစားချက် ပေါ်က  ဖြစ်ပေါ်လာတဲ့ သံစဉ်တွေပါပဲ။

သေချာတာကတော့ ဆရာဒေးဗစ်လဖန်တွေ အနေနဲ့ ဆရာဒေးဗစ်လ ကောင်းကြောင်း ဘယ်လိုပဲ ရေးနေပါစေ Anti David Lah အဖွဲ့ကအနည်းနဲ့အများဆက်ပြီးချဉ်နေအုံးမှာဖြစ်သလို တဘက်ကလဲ ဆရာဒေးဗစ်လ မကောင်းကြောင်းဘယ်လိုပဲရေးရေး သူတို့ကို သမ္မာတရားနဲ့သွန်ပေးတဲ့ သူတို့ရဲ့ Hero ဆရာ David Lah ကို ချစ်နေကြအုံးမှာပါပဲ။

ဒါ့ကြောင့်တဘက်နဲ့တဘက် ရေးနေကြရင်လဲ ရေးတာကလွဲလို့ ဘာမှဖြစ်လာမှာ မဟုတ်တဲ့အတွက်ကြောင့် Facebook ပေါ်မှာ ဆရာ David Lah ကိစ္စနဲ့ပါတ်သက်ပြီးခရစ်ယာန်အခြင်းခြင်း ငြင်းခုံရေးသာတာတွေ ရပ်ကြပါတော့လို့ တောင်းဆိုအကြံပြုပါရစေ။

ရေးခြင်သပဆိုရင်လဲ ကိုယ်အဖွဲ့ နဲ့ကိုယ် We Love တို့ We ချဉ်တို့ Group တွေ Page တွေထောင်ပြီး Myanmar Idol Fun တွေလိုဆက်ပြီးရေးကြပေါ့ဗျာ။

ခုဟာခရစ်ယာန်အခြင်းခြင်း အရေမရအဖတ်မရတွေ။ တကယ်ကို ကြားရမြင်ရ ဖတ်ရသူအတွက်ပုံသင်သေမရှိသလို မင်္ဂလာလဲမရှိပါဘူး။

“စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-

သ​နား​စုံ​မက်​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် သ​နား​စုံ​မက်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-

စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​ရ​ကြ​လ​တ္တံ့။-

သူ​တစ်​ပါး​ချင်း ခိုက်​ရန်​ပြု​ခြင်း​ကို ငြိမ်း​စေ​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-

‭‭ရှင် မဿဲ ခ ရစ် ဝင်။‬ ‭5:3-10‬ ‭JBMLE‬‬

“မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျက်​ပင်၊ ငါ​သည် အ​လင်း၌​ရှိ၏​ဟု ဆို​သော​သူ​သည် ယ​ခု​တိုင်​အောင် မှောင်​မိုက်၌ ရှိ​သေး၏။- မိ​မိ​ညီ​အစ်​ကို​ကို ချစ်​သော​သူ​သည် အ​လင်း၌ တည်​နေ၏။ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​သည် ထို​သူ၌​မ​ရှိ။-”
‭‭ရှင် ယော ဟန် ဩ ဝါ ဒ စာ ပ ထ မ စောင်။‬ ‭2:9-10‬ ‭JBMLE‬‬

Kham Khai
Picture from Google.
.
================
.
.
အနည်းငယ် သုံးသပ်ပါရစေ

ညီမတစ်ယောက်
ကချင်ပြည်နယ် ကနေ မက်ဆေ့ ပို့ပေးတဲ့ Lahpai Nangpri (FB  Live) ..17 မိနစ်လောက်   (ကချင်စကား) နားထောင်ကြည့်တာ အများကြီး ခွန်အားရပါတယ်။ ဆရာဒေးဗစ်လား တရားပွဲတွေ.. မှားယွင်းမှုတွေရှိကြောင်း သိရတာ ကြာပါပြီ။ တခါမှ နားမထောင်ဘူး၊ မလိုက်ဖူး၊ အဖွဲ့နဲ့လဲ မပါဖူးပေမဲ့. သူ့ကို..ဓမ္မ ဆရာတစ်ဦးအဖြစ် လေးစားကြောင်း။
.
အွန်လိုင်းမှာ.
သူတို့အဖွဲ့ အခု ကပ်ရောဂါပိုး ဝင်နေပြီ သတင်းနဲ့အတူ အပြစ်တင်.ဆဲဆို စာများ. ဗွီဒီယိုများစွာ တက်လာပါတယ်။ ..ကချင်လူမျိုး များဟာ ဘုရားကောင်းကြီး အများကြီး ရကြပါတယ်။ သူများမကောင်းကြောင်းတွေ ကချင်ယုံကြည်သူများ မရေးကြပါနဲ့၊ မပြောကြပါနဲ့ ၊. ရောဂါ ဝေဒနာခံစားရသူ များအဖြစ် ထာဝရဘုရားထံ ဆုပဲတောင်းပေးကြပါ..လို့ ပြောသွားပါတယ်။.
.
မျှတစွာ ရေးသားတဲ့ Kham Khai ရဲ့ ပို့စ်ကိုလဲ သူမ ရှယ်ထားတာတွေ့လို့ ကော်ပီ တင်လိုက်ပါတယ်။

Murann Ezine
14-4-2020
.

Comments