ဘုရားအသံကို ကြားနိူင်ဖို့ အတွက် (JBCS ယုဒသန်အသင်းတော် )
ဘုရားသခင် အသံတော်ကို ဘယ်လိုနားထောင်မလည်း (Cred>>Judson Baptist Church Sg)
=========================
တစ်ခါတစ်လေမှာ ကျွန်တော်တို့ တွေ ပြသနာတွေ ဆုတောင်းချက်တွေ တင်ပြပြီး ဘုရားဆီက အသံကိုတော့ နားထောင်ဖို့တော့ မေ့နေတတ်ကြပါတယ်။ ဘုရားသခင်က လူတွေကို စကားပြောတော့မယ် ဆိုရင် ဓမ္မာဟောင်းကျမ်းထဲမှာကတော့ ပရောဟိတ် တွေကနေ တစ်ဆင့် စကားပြောပါတယ်။ ဒါပေမယ့် ဓမ္မာသစ် ကျမ်းမှာတော့ ခရစ်တော် ပေးခဲ့တဲ့ သန့် ရှင်းသော ဝိဉာဉ်တော် ကနေ တစ်ဆင့် စကား ပြောပါတယ်။
ဘုရားသခင်က သင် နာကျင်စွာခံစား နေရပြီး ဘုရားကို အော်ဟစ်ပြီး ဆုတောင်းတဲ့ အချိန်မှာ သင့်ကို အလျင်းစွန့်ပစ်မထားဘူးဆိုတာကို သင့် စိတ်ထဲအမှာ အမြဲ ထားထားပါ။ ဘုရားသခင်က ကျွန်တော်တို့ကို အမြဲတမ်း စကားပြောချင်နေတဲ့ ဘုရားဖြစ်ပါတယ်။ ဒါပေမယ့် သင်က ဘုရား အသံကို နားထောင်ဖို့ အတွက် နှုတ်ပတ်တော်ကို မဖတ်ပဲနဲ့တော့ ဘယ်လိုမှ ဘုရား အသံကို ကြားရမှာ မဟုတ်ပါဘူး။
သင့် အနေနဲ့ ဘုရားအသံကို နားထောင်ဖို့ အတွက် ငြိမ်ဝပ်စွာ နေပြီး ဘုရားသခင် ဆီက အသံကိုပဲ မျှော်လင့်နေရမှာဖြစ်ပါတယ်။ ဘုရားသခင် ပေးထားတဲ့ နှုတ်ကပတ်တော် ဖတ်ပြီး မိတ်သဟာယ ဖွဲ့ မယ့် အစား တစ်ခြား TV, ဖုန်းတွေနဲ့ သင့် အချိန်ကို ခိုးယူဖို့ စာတန် ပြင်ဆင်ထားတဲ့ လောက အရာတွေနဲ့သာ သင် အချိန်ကုန် ဆုံးနေမယ်ဆိုရင် ဘုရားအသံကို ဘယ်လိုမှ ကြားနိူင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့ ဘုရားအသံကို ကြားနိူင်ဖို့ အတွက် လောက အရာတွေနဲ့ အချိန်ကုန်မယ့် အစား နှုတ်ကပတ်တော် ဖတ်ပြီး မိတ်သဟာယ ဖွဲ့ ဖို့ ခွန်အားပေးတိုက်တွန်းလိုပါတယ်။
'ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။ လေးကိုချိုးလျက်၊ လှံကို အပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက်၊ မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။ '
ဆာ လံ ကျမ်း။ 46:9-11
'ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။- ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနုတ်မယူရာ။- '
ရှင် ယော ဟန် ခ ရစ် ဝင်။ 10:27-28
🔍 ဖတ်ပြီး ခွန်အားရရင် တစ်ခြား ယုံကြည်သူတွေကိုပါ Share ပေးဖို့ မေတ္တာရပ်ခံပါတယ်။ 🔍
Ref: Bible.com
.
စင်ကာပူ JBCS ယုဒသန်အသင်းတော် ဖေ့ဘုတ် မှ ကူးယူပါသည်။
Original Link
https://www.facebook.com/593908197407252/posts/1864756403655752/
.
Website: www.jbcs.org.sg

Comments
Post a Comment