ကျန်းမာ၊ချမ်းသာ. - ရှိုင်းကိုကိုလင်း(SLT)
- ကျန်းမာ၊ချမ်းသာ သတင်းကောင်းရဲ့ နိဂုံးချုပ်
....Shine Ko Ko Lyn....
=============================
- လွဲမှားတဲ့ အယူဝါဒ၊ သွန်သင်ချက် ဆိုတာက
ဘာသာတိုင်းမှာ ကြုံရတတ်တဲ့ အကြီးမားဆုံး
ပြဿနာ တစ်ခုပါ။ ယနေ့ နှစ်ပေါင်းနှစ်ထောင်ကျော်နေပြီဖြစ်တဲ့ ခရစ်ယာန် အသင်းတော်ရဲ့ သမိုင်းကို လေ့လာကြည့်ရင် ရာစုနှစ်တိုင်းမှာ ရှေးရိုးခရစ်ယာန် ယုံကြည်ခြင်းမှ သွေဖယ်ပြီး
လွဲမှားတဲ့ အယူဝါဒ၊ သွန်သင်ချက် မြောက်များ
စွာ ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းမှာ သက်သေ
သာဓကများစွာ လေ့လာတွေ့ရှိရပါတယ်။
- ဒီလို ဖြစ်လာမယ်ဆိုတာကို ဓမ္မသစ်ကျမ်းမှာ
သခင်ခရစ်တော် ကိုယ်တိုင်နဲ့ တမန်တော်ကြီးများမှာ အကြိမ်ကြိမ် သတိပေး ပြောဆိုခဲ့ကြပါ
တယ်။ ဒါပေမယ့်လည်း ယနေ့အချိန်ထိလည်း
ဒီ ထောင်ချောက်မှာ မိနေကြတဲ့ ခရစ်ယာန်များ
စွာ ရှိနေတာတော့ စိတ်မကောင်း စရာပါ။ တစ်ချို့ခရစ်ယာန်တွေကလည်း ဒီထောင်ချောက်မှာ
မိလို့မိနေမှန်း မသိကြတဲ့ သူတွေလည်း များစွာ ရှိပါတယ်။ဒီလွဲမှားတဲ့ သွန်သင်၊ဟောပြောချက်
တွေထဲမှာ မြောက်များစွာသော ခရစ်ယာန်များကို လွယ်ကူစွာ လမ်းလွဲစေပြီး လူကြိုက်များတဲ့
တရားကတော့ ကျန်းမာရမယ်၊ ချမ်းသာရမယ်ဆိုတဲ့ တရား(သို့) သတင်းကောင်း ဖြစ်ပါတယ်။
- ကျန်းမာ၊ ချမ်းသာ သတင်းကောင်း ဆိုတာက
ခရစ်တော်ကို ယုံကြည်ရင်၊ ကိုးကွယ်ရင် (သို့)
ခရစ်ယာန်ဖြစ်ရင် လောကမှာ အောင်မြင်နေ
ရမယ်၊ လောကဥစ္စာစည်းစိမ်အားဖြင့် ကြီးပွား ချမ်းသာရမယ်၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း ရှိရမယ်( သွေးတိုးတောင် မရှိရဘူးတဲ့ဗျာ)
စတဲ့ တရားတွေကို သတင်းကောင်း လုပ်ပြီး
ဟောပြောနေကြတဲ့ ဒေသနာပါ။ ကျန်းမာ၊ ချမ်း သာခြင်းကို လူရယ်လို့ဖြစ်လာရင် ဒီအရာတွေကို အားလုံးနှစ်သက်ကြတာက သဘာဝပါ။ စာရေးသူ အပါအဝင်ပေါ့။ ဒါကြောင့်လည်း လူကြိုက်များပြီး အောင်မြင်နေကြတာပါ။ ဒါပေမယ့် ဘာပြဿနာရှိလဲ။ ဘာတွေ လွဲမှားနေတာလဲ လေ့လာကြရအောင်။
- ပထမဦးဆုံးသော ကျန်းမာ၊ ချမ်းသာ သတင်း ကောင်း (Prosperity Gospel ) စတင်ပြီး ဟော ပြောခဲ့သူကတော့ စာတန်မာရ်နတ်သာ ဖြစ်ပါတယ်။ ငါကို ကိုးကွယ်ယုံကြည်မယ်ဆိုရင် ချမ်း
သာ ကြွယ်ဝမယ်၊ အောင်မြင်မယ်၊ ဒီလောကရဲ့
ခက်ခဲမှုတွေကနေ သင်လွတ်မြောက်ရမယ် ဆိုပြီး ကမ်းလှမ်းခဲ့တဲ့သူက သခင်ခရစ်တော်တော့
မဟုတ်ပါဘူး။ စာတန်မာရ်နတ် ကိုယ်တိုင်သာ
ဖြစ်ပါတယ်။( ရှင်မဿဲခရစ်ဝင်ကျမ်း ၄:၁ - ၁၁)
- စာတန်မာရ်နတ် မွေးဖွားပေးလိုက်တဲ့ ပထမဦး
တစ်ပည့်ကတော့ Oral Roberts(1918-2009)
ဖြစ်ပြီး ကျန်းမာ၊ ချမ်းသာ သတင်းကောင်း ရဲ့ ဖခင်ကြီး( The Father of Properity Gospel) လို့ လူသိများသူ ဖြစ်ပါတယ်။ ဒီလူရဲ့ အဓိကလွှမ်းမိုးမှု အရှိဆုံးသော တပည့်တွေကတော့
Kenneth Having ( 1917- 2003) Kenneth Copeland ( 1936 - ) Fred Price( 1932-) တို့
ဖြစ်ပြီး လက်ရှိနှစ်ဦးကဝောာ့ အသက်ရှင်သန်
လျက် ရှိပါတယ်။ လက်ရှိအနောက်နိုင်ငံများမှာ
ဒီကျန်းမာ၊ ချမ်းသာ သတင်းကောင်းက ရောဂါ
ပိုးလို လျင်မြန်စွာ ပျံ့နှံ့ကူးစက်ခဲ့ပါတယ်။
- လက်ရှိ ကမ္ဘာပေါ်မှာ လူကြိုက်အရမ်းများနေပြီး အောင်မြင်မှုရရှိတဲ့ ကျန်းမာ၊ ချမ်းသာခြင်း သတင်းကောင်းကို တစိုက်မတ်မတ်ဟောပြော
နေကြတဲ့ ဆရာ၊ ဆရာမတွေကတော့ Joel Osteen၊ Joyce Meyer၊ Benny Hinn တို့ဖြစ်ပြီး
အခြား မြောက်များစွာ ပါဝင်ပါတယ်။ ဒီလိုနဲ့
ဒီ သတင်းကောင်းက အာဖရိကနဲ့ အာရှတိုက်တို့ကို အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့လာပြီး အောင်မြင်မှုများစွာ ရရှိကြပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ အောင်မြင်များစွာရရှိနေတဲ့ ကျန်းမာ၊ ချမ်းသာ သတင်းကောင်း ကို ဝေငှနေကြတဲ့ ဆရာ၊ ဆရာမတွေ ပြောရရင် ဒေးဗစ်လာ (David Lah)၊ ဇော်လင်းအောင်(Zaw Lin Aung)၊ စာရာအေး( Sarah Aye) နဲ့ ယောရူအေး( Joshua Aye) တို့ဖြစ်ပါတယ်။ ကျန်တဲ့
ရောရော နှောနှော ဟောတတ်ကြတဲ့ သူတွေကို
တော့ နောက်မှ ဆက်လက်ရေးသားပါမည်။ ဒီ
နေရာမှာ စာဖတ်တဲ့သူတွေကို နားလည်စေချင်
တာက ပုဂ္ဂိုလ်ရေးကို ဝေဖန်သုံးသပ်ခြင်း လုံးဝ မဟုတ်ပဲ သူတို့ဟောတဲ့တရား၊ သတင်းကောင်း
ကိုသာ ဝေဖန်၊ ထောက်ပြ၊ သုံးသပ်ခြင်း ဖြစ်
ကြောင်းကို ခွဲခြားနားလည် စေလိုပါတယ်။
- Regent တက္ကသိုလ်မှ ဓမ္မသစ် ပညာရှင်တစ်ဦး
ဖြစ်တဲ့ Dr. Gordon D. Fee က
🗣️" ခရစ်ယာန်မှန်ရင် ကျန်းမာရမယ်၊ ချမ်းသာရမယ်ဆိုပြီး လွဲမှားတဲ့ မျော်လင့်ခြင်း (Hope)
ပေးနေခြင်းကိုက ဆိုးရွားတဲ့ ရောဂါပိုးဖြစ်ပြီး၊
ပိုပြီး ဆိုးရွားတဲ့ အကြောင်းအရင်းက ဒီအရာကိုသတင်းကောင်းလို့ ဝေငှဟောပြော နေခြင်းဖြစ်
ကြောင်း" ပြောဆိုရေးသား ခဲ့ဖူးပါတယ်။
- လက်ရှိ မြန်မာပြည်ရဲ့ ခရစ်ယာန် လောကမှာ
ကြုံနေရတဲ့ အကြီးမားဆုံး ပြဿနာက အားလုံး
သိတဲ့ ဆရာဒေးဗစ်လာ မဟုတ်သလို၊ ဆရာ ဇော်လင်းအောင်လည်း မဟုတ်ပါဘူး။ ပြဿနာ
က သူတို့ဟောနေတဲ့ ကျန်းမာရမယ်၊ ချမ်းသာရမယ် ဆိုတဲ့ ဒေသနာပါ။ ဘာဖြစ်လို့ ဒီတရားက
ပြဿနာရှိလည်း၊ အန္တရာယ်များလည်း၊ လွဲမှား
လည်းဆိုတာတွေကို အချက်သုံးချက်ဖြင့် ဖော် ပြလိုပါတယ်။ ပြီးသွားရင်တော့ ဒီလွဲမှားနေတဲ့ သတင်းကောင်း နိဂုန်းချုပ်ဖို့ လိုအပ်ကြောင်းကို
သဘောပေါက် နားလည်နိုင်ကြပါစေလို့ ဆုမွန်
ကောင်း တောင်းပေးပါတယ်။
(၁) စစ်မှန်တဲ့ သမ္မာတရားမဟုတ်ခြင်း
- ဒီနေရာမှာ စဉ်စားစရာဖြစ်လာတာက သူတို့အားလုံးလည်း ကျမ်းစာအသုံးပြုပြီး ဟောနေကြတာပဲ ဘယ်လိုဖြစ်ပြီး စစ်မှန်တဲ့သမ္မာတရား
မဖြစ်တာလည်း။ အဖြေကတော့ ရှင်းရှင်းလေးပါ ကျမ်းစာသုံးတိုင်း မှန်တယ်လိုပြောလို့ မရပါဘူး။ ဥပမာ။ ။ ကျွန်တော်တို့ အားလုံးထက်စာရင် စာတန်မာရ်နတ်က ကျမ်းစာပိုသိပါတယ်။
စာတန်မာရ်နတ်က ရက်ပေါင်းလေးဆယ် ယေရူခရစ်တော်ကို စုံစမ်းသွေးဆောင်တဲ့အခါ အသုံး ပြုခဲ့တဲ့ စကားတွေအားလုံးက ကျမ်းစာမှာ ရေး သားတဲ့ အရာတွေပါ။ ဒါပေမယ့် ကျမ်းတွေကိုလွဲမှားစွာ အဓိပ္ပါယ်ခံယူခြင်းသာ ဖြစ်ကြောင်းကို ခရစ်တော်ကိုယ်တိုင် ပြန်လည် ချေပခဲ့တာ
တွေ့ရှိရပါတယ်။( ရှင်မဿဲခရစ်ဝင် ၄:၁ - ၁၁)
- ကျွန်တော်သာ တစ်ကယ်လို့ စာတန်မာရ်နတ်
ဖြစ်တယ်ဆိုရင်( ဥပမာပြောတာနော်) ကျမ်းစာကို အသုံးပြုပြီးတော့ လွဲမှားစေဖို့နည်းလမ်းရှာမှာကျိန်းသေတယ်။ဘာဖြစ်လိုလဲဆိုတော့ ခရစ် ယာန်ရဲ့ ယုံကြည်မှုက ကျမ်းစာကို အခြေခံလို့ပါ
ဒီအခြေခံကို လွဲမှားအောင် လုပ်လိုက်ခြင်းက ခရစ်ယာန် တွေကို အထိရောက်ဆုံးတိုက်ခိုက်မှု ဖြစ်လို့ပါ။ ဒါကြောင့်လည်း ဒီနည်းလမ်းအလုပ် ဖြစ်တယ်ဆိုတာ စာတန်မာရ်နတ်က သိနေလို့ ကောင်းမွန်စွာ အသုံးပြုနေခြင်း ဖြစ်ပါတယ်။ ဒါကိုခရစ်ယာန်တိုင်း သိနားလည်ဖို့ လိုပါတယ်။
- စစ်မှန်တဲ့ သမ္မာတရားမဟုတ်ဘူးလို့ ပြောရခြင်းက အတုဖြစ်နေလို့ပါ။ C.S Lewis ပြောသ လို " မှန်ကန်တဲ့ အတွေးခေါ်သမား ပိုမှန်ကန်ဖို့
မှားနေတဲ့ အတွေးခေါ်သမား ရှိဖို့လိုတယ် " လို့
ပြောသလို " စစ်မှန်တဲ့ သမ္မာတရားကို ပိုသိဖို့
သမ္မာတရား အတုတွေရှိဖို့ လိုအပ်ပါတယ်။"
အရေးကြီးတာက အတုအစစ်ကို ကောင်းမွန်စွာ
ခွဲခြားတတ်ဖို့ လိုအပ်ပါတယ်။ ဂျင်းမမိဖို့ လိုပါ
တယ်။
- ကျမ်းစာကို သိပါတယ်ဆိုတာနဲ့တော့ မလုံ လောက်သေးပါဘူး။ ကျမ်းစာရဲ့ ဆိုလိုရင်းကို စနစ်တစ်ကျ လေ့ လာသင်ယူဖို့ လိုပါတယ်။ ဒီစနစ်တကျ လေ့လာနည်းကိုတော့ ဂရိစကားလုံး (ἑρμηνεύω) မှလာပြီး Hermeneutics လို့ ခေါ်ပါတယ်။ မြန်မာလိုတော့ #အနက်ဖွင့်ဆိုခြင်း လို့ အဓိပ္ပယ်ရပါတယ်။ အရေးကြီးတဲ့ နောက် တစ်ခုက ဂရိစကာလုံးကလာတဲ့ (ἐξήγησις)
Exegesis ပေါ့။မြန်မာလိုတော့ #ရှင်းလင်းချက်
လို့ အဓိပ္ပါယ်ရပါတယ်။ကျမ်းပိုဒ်တွေကို သူတို့နဲ့ နဂိုမှုရင်း အခြေအနေ (original and literary context)၊ စာပေအမျိုးအစားပုံစံနှင့် သမိုင်းတွေကို အခြေခံပြီးတော့ သူတို့ဘာကို ဆိုလိုပြီး ဘာပြောနေတာလဲဆိုတာကို သိနိုင်အောင် ကြိုး စားလေ့လာတဲ့ ဘာသာရပ် ဖြစ်ပါတယ်။ အဓိ က အားဖြင့် ဘယ်သူက ရေးခဲ့တယ်၊ ဘယ်သူ့ဆီကိုရေးတယ်၊ ဘာလို့ရေးတယ်၊ ဘယ်လိုရေးခဲ့တယ်၊ ဘယ်အချိန်မှာရေးခဲ့တယ်၊ ဘာကြောင့်ရေးလဲ ဆိုတာတွေကို ရှာဖွေလေ့လာရပါတယ်။ ကျမ်းပိုဒ်ပါ စကားလုံးတွေ၊ စာကြောင်းတွေနဲ့ အကြောင်းအရာ အလိုက် ဖွဲ့စည်းထားပုံတွေကို ရှာဖွေစူးစမ်းလေ့လာခြင်းလဲ ဖြစ်ပါတယ်။ ဒါတွေကို တရားဟောသူတိုင်း စနစ်တကျလေ့ဖို့
လိုပါတယ်။
- ကျန်းမာ၊ ချမ်းသာ သတင်းကောင်း ဟောတဲ့
ဆရာ၊ ဆရာရေးတဲ့ စာအုပ်အားလုံး မဟုတ်ရင်
တောင် မဖတ်ဖြစ်တဲ့ စာအုပ်ရှားပါတယ်။ အရောင်းရ ဆုံးစာအုပ်တွေဖြစ်တဲ့အပြင် သူတို့ရဲ့
ခံယူချက်၊ ယုံကြည်ခြင်းတွေက စိတ်ဝင်စားဖို့
ကောင်းပါတယ်။ ဖတ်ကြည့်ရင် စိတ်ဓတ်ခွန် အား ဖြစ်စေသလို ခံစားရပြီး ဆွဲဆောင်အားအရမ်းကောင်း ပါတယ်။ ဒါပေမယ့် စနစ်တစ်ကျလေ့လာ ဖတ်ကြည့်ရင်တော့ လွဲမှားနေတဲ့ ကျမ်းအနက်ပြန်မှုတွေ နဲ့ လွဲနေတဲ့ ယုံကြည်မှု တွေ မြောက်များစွာ တွေ့ရမှာပါ။ နှုတ်ကပါတ်တော်ကို စနစ်တစ်ကျ အနက်ဖွင့်ပြတာမျိုး မတွေ့ရပါဘူး။ အနက်ဖွင့်ပြီးတော့ ဟောလည်း မဟောပြောပါဘူး။ မတက်ကြတာလား မလုပ်ချင်ကြတာလား သူတို့ အသိဆုံး ဖြစ်ပါလိမ့်မယ်။ သေချာတာကတော့ သူတို့အားလုံးတော့
မဟုတ်ဘူး ဒါပေမယ့်အများစုက Theological education ဘက်မှာ အရမ်းနိမ့် နေတာကတော့ အမှန်တရားပါ။ သူတို့ အားလုံး ယေဘုယျအား ဖြင့် လက်ခံယုံကြည်ကြတဲ့ ကျမ်းချက်ကို လေ့ လာကြည်ရအောင်
✝️ အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည်
ကောင်းစားသကဲ့သို့၊ သင်သည်အရာရာ၌
ကောင်းစားခြင်း နှင့် ကျန်းမာခြင်း ရှိ မည်
အကြောင်းငါဆုတောင်း၏။ (3John 1:2)
- ဒီကျမ်းချက်ကိုအခြေပြုပြီးကြည့် ကျမ်းစာက
ကောင်းစားဖို့၊ ကျန်းမာဖို့ပြောတယ်လို လက်ခံယုံကြည် ကြပါတယ်။ Kenneth Copeland ရေး သားတဲ့ The Laws of Prosperity မှာ အကြိမ်
များစွာ ရေးထားသလို့ ဒီနေ့ နာမည်ကြီး Joel Osteen ကလည်း အကြိမ်ကြိမ် ဒီကျမ်းကို အ
ခြေခံ ဟောပြောကြပါတယ်။ အမှန်ကတော့ ကျမ်းပြောတဲ့ စကားကို ဘောင်ကျော်ပြီး ပြော ဆိုရေးသားခြင်းသာ ဖြစ်ပါတယ်။ ဥပမာ -
ဒီကျမ်းချက်မှာ အသုံးပြုတဲ့ ဂရိစကားလုံး ဖြစ်တဲ့ ευημερώ(Prosper) ဆိုလိုရင်းက ကောင်း စားရမယ်လို့ ဆိုခြင်းမဟုတ်ပဲ ကောင်းစားစေ
ဖို့ စိတ်ဆန္ဒရှိကြောင်း၊ ကျန်းမာရေး ကောင်းမွန်
စေဖို့ စိတ်ဆန္ဒရှိကြောင်း ဆုတောင်းပေးခြင်းကို
ပြောဆိုခြင်း ဖြစ်ပါတယ်။ ဒီကျမ်းကို အခြေခံပြီး ခရစ်ယာန်ယုံကြည်သူတိုင်း ကောင်းစားရမယ်၊ ကျန်းမာရမယ် ပြောဆို ရေးသားခြင်းက
ဘယ်လောက် လွဲနေတယ်ဆိုတာ စဉ်းစားကြည့် ပါ။ တရားဟောသူရဲ့ အရေးကြီးဆုံး တာဝန်က
ကျမ်းစာကို သေချာလေ့လာပြီး ဘုရားသခင်
ဘာပြောလည်းဆိုတာကို ကြည့်ဖို့ပါ။ယူဆချက်
တွေ၊ အထင်အမြင်တွေ ဟောဖို့ မဟုတ်ပါဘူး။
- နောက်တစ်ခု သူတို့ ဟောနေတဲ့ ခရစ်ယာန်တိုင်း ကျန်းမာရမယ်၊ ချမ်းသာရမယ်၊ အောင် မြင်ရမယ်ဆိုတာတွေနဲ့ ကိုက်ညီမှုရှိအောင်လို့
လိုချင်တဲ့ ကျမ်းချက်လေးတွေ ကောက်ယူပြီး
ဘုရားသခင်က ဒီမှာကြည့် ကောင်းချီးပေးမယ်လို့ ဂတိပေးတယ် စသည်ဖြင့် စွဲဆောင်တတ်ကြပါတယ်။ တစ်ကယ်တော့ ကောင်းချီးမင်္ဂလာဆိုတဲ့ စကားလုံးကို ဓမ္မသစ်ကျမ်း(NT) မှာ ၁၂၂ ကြိမ် တွေ့ရပါတယ်။ အင်္ဂလိပ်စကားလုံး ဖြစ်တဲ့ bless or blessing က မူရင်း ဂရိစကားလုံးဖြစ်တဲ့ εὐλογία (eulogia) ကနေလာပြီးတော့ အဓိပ္ပာယ် ဆိုလိုရင်းက ပျော်ရွင်မှု၊ လက်ခံမှု (သို့) အကျိုးကျေးဇူး ဖြစ်ပါတယ်။ ဆိုလိုတာက ဘုရားရဲ့ လက်ခံမှု (သို့) ဘုရား၌ ပြည့်ဝစုံလင်ခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ Context သေချာ
လေ့လာရင် သမ္မာကျမ်းစာမှာ ကောင်းချီးမင်္ဂလာလို့ ရည်ညွန်းတိုင်းမှာ အမှန်က လောက စည်းစိမ်ကြွယ်ဝ မှုတွေနဲ့ လုံးဝကို သက်ဆိုင်မှု မရှိပါဘူး။ ထပ်ပြောမယ်နော် ဓမ္မသစ်ကျမ်းရဲ့ ဘယ်နေရာမှာမှ ကောင်ချီးမင်္ဂလာလို့ပြောတိုင်း လောကဓည်းစိမ်တွေ နဲ့ မသက်ဆိုင်ဘူး။ အမှန်က ဆန့်ကျင်ဖက်ပါ။ ခရစ်တော်က သူ့ကိုအမှန်
တစ်ကယ် ယုံကြည်ပြီး နောက်တော်လိုက်ရင်းနဲ့
ခံစားရတဲ့ ကဲ့ရဲ့ခြင်းတွေ၊ ဒုက္ခဝေဒနာ၊ ဆင်းရဲခြင်းတွေက ကောင်းချီးမင်္ဂလာနဲ့ ဆက်ဆိုင်တဲ့ အရာလို့တောင် သွန်သင်ထားပါတယ်။
( ရှင်မဿဲခရစ်ဝင်ကျမ်း ၅: ၁၀ - ၁၂)
- ဒါကြောင့်ကျမ်းအနက်ပြန်ခြင်း နဲ့ အဓိပ္ပါယ်ဖွင့်ဆိုနည်း စသည့် ပညာရပ်တွေကို အခြေခံကျကျ စနစ်တစ်ကျ သင်ယူလေ့လာဖို့ လိုပါတယ်။
(၂) ကနဦးယုံကြည်မှု နဲ့ ဆန့်ကျင်ဖက်ဖြစ်ခြင်း
- သမိုင်းမသိရင် အတယ်ဆိုတဲ့ စကားအတိုင်း
မအအောင် ခရစ်ယာန်ဖြစ်ရင် ကိုယ်သမိုင်းကို
လေ့လာ သင်ယူဖို့လိုပါတယ်။ ခုတော့ သမိုင်း
မသိတော့ ပေါက်ကရတွေ စင်ပေါ်ကနေအော်
နေကြလည်း အာမင်ပေးတဲ့ အတဲ့ ခရစ်ယာန်
တွေဆို ပေါလို့။ ရှေးကနဦး ခရစ်ယာန်ခေတ်မှာ
ကျန်းမာ၊ ချမ်းသာခြင်း တရားကို တမန်တော်တွေကလည်း မဟောခဲ့ကြသလို့ ဘယ်အသင်းတော် ဖခင်၊ အသင်းတော် လူကြီးကမှ မဟော
ခဲ့ပါဘူး။ ရောမအင်ပါယာရဲ့ လက်အောက်မှာ
အေဒီ (၃၀ မှ ၃၁၃ ထိ ) ခရစ်ယာန်များမှာ ရက် ရက်စက်စက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီနှစ်ပေါင်း သုံးရာကျော် အတွင်းမှာ
ခရစ်ယာန် ဖြစ်ခြင်းက ကျန်းမာခြင်း၊ ချမ်းသာခြင်းဖြစ်ဖို့ထက် ဘယ်နေ့ အသတ်ခံရမလည်း
ဆိုတာကို စောင့်နေရတဲ့ ခေတ်ပါ။ ဒါပေမယ့်
ရောမ အင်ပါယာကြီးက ခရစ်ယာန်ဘာသာကို
ကမ္ဘာပေါ်ကနေ အမြစ်ပြတ်သုတ်သင်ရှင်းလင်း ဖို့ ကြိုးစားခဲ့ပေမယ့်လို့ နောက်ဆုံး ရောမအင်ပိုင်ယာကြီး တခုလုံး ခရစ်ယာန်ဘာသာ အဖြစ်သို့ ပြောင်းလဲခဲ့ရပါတယ်။ သမိုင်းတစ်ခုလုံးကို
ပြောင်းလဲခဲ့ကြတာ ချမ်းသာလို့၊ ကြွယ်ဝလို့၊
ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းကြလို့ မဟုတ်ပါဘူး။ ဘယ်လိုအခြေအနေမျိုးမဆို ခိုင်မာစွာရပ်
တည်ခဲ့ကြတဲ့ သူတို့ယုံကြည်မှုပါ။ ဘယ်အရာမှ
မတည်မြဲဘူးဆိုတဲ့ တရားကို နားလည်သဘော ပေါက်ကြလို့ တည်မြဲတဲ့ ဘုရားသခင်ကိုသာ ယုံကြည်စွဲလမ်း အသက်ရှင်ခဲ့ကြတာပါ။
- အေဒီ 381 ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပထမဦးဆုံး
Council of Constantinople အစည်းအဝေးမှာ
တက်ရောက်လာတဲ့ အသင်းတော်ခေါင်းဆောင်ပေါင်း တစ်ရာ့ငါးဆယ်ဦးတို့က ခြေပြတ်၊ လက် ပြတ်၊ ဒဏ်ရာများနဲ့ ဒုက္ခိတများသာ ဖြစ်နေတာ
ကို လေ့လာတွေ့ရှိရပါတယ်။ ပြောချင်တာက ချမ်းသာကြွယ်ဝတဲ့ ခေါင်းဆောင်တစ်ယောက်မှ မရှိခဲ့ပါဘူး။ ဒါကြောင့်အစောပိုင်း ခရစ်ယာန် သမိုင်းလေ့လာရင် ချမ်းသာခြင်း၊ ကြွယ်ဝခြင်း၊ ကျန်းမာခြင်းတရားကို မဟောပြောခဲ့ကြပါဘူး။
ဒါပေမယ့် ချမ်းသာတဲ့ ခရစ်ယာန် မရှိခဲ့တာ မ ဟုတ်ဘူး။ ဆုဝောာင်းခြင်းဖြင့် ကျန်းမာခြင်း မ ခံစားကြတာ မဟုတ်ပါဘူး။ ဘုရားသခင်ကလုံးဝ ကျန်းမာစေနိုင်တယ်၊ကောင်းချီးပေးနိုင်တယ် ဆိုတာ ယုံကြည်ခဲ့ကြပေမယ့်လို့ ဒီအရာတွေအ တွက်တော့ ဘုရားသခင်ကို ယုံကြည်ခဲ့ကြတာ မဟုတ်ဘူး။ဒီထက်သာ၍ကောင်းမွန်တဲ့ ထာဝရ အသက်အတွက်သာ ယုံကြည်ခဲ့ကြတာပါ။ပြော ချင်တာက ဘုရားသခင်ကို ကိုးကွယ်ခဲ့ကြခြင်းက ဘယ်အရာပေါ်မှာမှ အခြေမခံဘဲ ဘုရား သ ခင်၌သာ အခြေခံတဲ့ ယုံကြည်၊ ကိုးကွယ်မှုပါ။
- အဲဒီနောက်ပိုင်း အသင်းတော်က ချမ်းသာပြီး၊
အာဏာတွေ၊ ဂုဏ်တွေများလာတဲ့အခါ အသင်း
အသင်းတော်က တစ်ဖြည်းဖြည်းနဲ့ ပျက်စီးလာခဲ့ပါတယ်။ ၁၆ ရာစုမှာ အသင်းတော် ပြုပြင်ပြောင်းလဲမှုကြီး ဖြစ်ပေါ်ခဲ့ပြီး ယနေ့အချိန်ထိဆက်လက် ရပ်တည်နေပါတယ်။ ဒါကြောင့် အသင်းတော်သမိုင်း တစ်လျှောက်မှာ ဆင်းရဲခြင်းက အဓိကပြဿနာ လုံးဝမဖြစ်ခဲ့ပါဘူး။
ချမ်းသာလိုတဲ့ လောဘတွေ၊ အောင်မြင်လိုတဲ့
အတ္တတွေ၊ တည်မြဲလိုတဲ့ အာဏာတွေ တို့ကပဲ ကြီးမားစွာ အသင်းတော်ကို ပျက်စီးစေခဲ့တာပါ။
(၃) မှားယွင်းတဲ့ မျှော်လင့်ချက်(Hope) ဖြစ်ခြင်း
- ဘာဖြစ်လို့ မှားယွင်းတဲ့ မျှော်လင့်ချက် ဖြစ်ရတာလဲ။ အဖြေက မှာယွင်းတဲ့ သတင်းကောင်း
( False Gospel) ဖြစ်လို့ပါ။ သမ္မာကျမ်းစာမှာ
ဖော်ပြတဲ့ သတင်းကောင်း( Gospel) တစ်ခုပဲ
ရှိပါတယ်။ ဒီသတင်းကောင်းက သခင်ယေရှု ခရစ်တော် အကြောင်းပါ။ စစ်မှန်တဲ့ သတင်း ကောင်းဆိုတာက ရိုးရိုးလေးပါ သခင်ယေရှုရဲ့ အသေခံခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်း ကို ဟောပြော သက်သေခံခြင်းပါ။ ဒီသတင်း
ကောင်းအားဖြင့် အပြစ်သား ကျွန်တော်တို့အား လုံး ကယ်တင်ခံရခြင်းကို ကြားသိယုံကြည်စေပြီး ထာဝရ အသက်ကို ရရှိခံစားစေပါတယ်။
(၁ကော ၁၅:၁-၅၊ ရောမ ၅:၈၊ ၁၀:၁၇၊ ဧဖက် ၂:၇-၈)
- ရှင်ပေါလုက( ဂလာတိဩဝါဒစာ ၁:၈) ဧဝံဂေလိတရား တစ်ခုတည်းသာရှိကြောင်း ရှင်းလင်းစွာ ဖော်ပြရေးသားထားပါတယ်။
✝️ သို့သော်လည်း သင်တို့အား ငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသော ဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော် ၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင် တမန်ပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။ လို့သတိပေးထားပါတယ်။
- သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင် ဘုရားသခင်အနေဖြင့် ယုံကြည်ကိုးကွယ်ရခြင်း အဓိကအကြောင်းရင်းသည် ခန္ဓာကိုယ်ကျန်းမာ ချမ်းသာဖို့၊ အလုပ်အကိုင်တွေမှာ အောင်မြင်ဖို့မဟုတ်ပါဘူး။ ခရစ်တော်ကို ကိုးကွယ်ရခြင်းမှာ
ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းခံစားရပြီး အပယ် ငရဲမီးအိုင်မှ လွတ်မြောက်ကာ ထာဝရအသက် ရဖို့ ဖြစ်ပါတယ်။ ထိုဘုရားသခင်နဲ့ အတူ ထာဝ ရ ကောင်းကင်ဘုံမှာ စံမြန်းနိုင်ဖို့ရန် မျော်လင့်ခြင်းဖြစ်လို့ လောကအရာနဲ့ သက်ဆိုင်တဲ့ မျော်
လင့်ခြင်း မဟုတ်ပါဘူး။
- ဒါကြောင့် ဒါဝိဒ်မင်းကြီးက ကျွန်တော်ရဲ့ မျှော်
လင့်ခြင်းက ထာဝရဘုရားသာဖြစ်ကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားပါတယ်။
✝️ ငါတို့၏ ဝိညာဉ်သည် ထာဝရဘုရားကိုမြော် လင့်လျက်နေ၏။ ထိုဘုရားသည် ငါတို့ကို မစသောသူ ကွယ်ကာသောသူ ဖြစ်တော်မူ၏။ (Psa 33:20)
✝️ သန့်ရှင်းသောနာမတော်ကို ခိုလှုံသောကြောင့် ငါတို့သည်ထာဝရဘုရား၌ ဝမ်းမြောက်ခြင်း ရှိကြ၏။ (Psa 33:21)
✝️ အိုထာဝရဘုရား အကျွန်ုပ်တို့သည် ကိုယ် တော်ကိုကိုးစားသည်နှင့်အညီ အကျွန်ုပ်တို့အ ပေါ်မှာ ဂရုဏာတော်သက် ရောက်ပါစေသော။ (Psa 33:22)
- ကျွန်တော့်တို့ရဲ့ ခန္ဓာကိုယ်က ဆင်းရဲဒုက္ခများစွာကြုံတွေ့ရခြင်းက ယုံကြည်ခြင်းအားနည်း
ခြင်းကြောင့် မဟုတ်ပါဘူး။ တစ်ကယ်လို့ ယုံ ကြည်ခြင်းအားနည်းလို့ ဆင်းရဲဒုက္ခတွေ ကြုံရတယ်ဆိုရင် တမန်တော်တွေ အားလုံးက ယုံ ကြည်ခြင်း အားနည်းတဲ့သူတွေ ဖြစ်ပါလိမ့်မယ်။ လောကမှာ နေထိုင်တဲ့အခါ ဒါတွေအား လုံး မုချကြုံတွေ့ရမှာပါ။ ဘုရားသခင်ကိုအား
အားကိုးတဲ့ သူအတွက် ထိုဆင်းရဲဒုက္ခမျိုးစုံနှင့် ပြဿနာပေါင်းစုံကို သည်းခံပြီး ကျော်လွှားဖြတ်ကျော်နိုင်ဖို့ရန် ဘုရားသခင်က ခံနိုင်ရည် ခွန်အားပေးပါတယ်။ ဘုရားသခင်က ခက်ခဲချိန်
လည်း အတူပါရှိတဲ့ ဘုရားပါ။
✝️ အသက်ရှင်ခြင်း နှင့်စပ်ဆိုင်သော မြော်လင့်ခြင်း အကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်း နှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်း မှ ထမြောက် စေတော်မူသော အားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန် ဖြစ်ဘွားစေတော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရား သခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ (1Peter 1:3) လို့ဖော်ပြထားသည့် အတိုင်း ခရစ် ယာန်တွေရဲ့ မျှော်လင့်ခြင်းက မတည်မြဲတဲ့
စည်းစိမ်ဥစ္စာတွေ မဟုတ်ဘဲ ထာဝရတည်မြဲတဲ့
ခရစ်တော်မှာ ရှိတဲ့မျှော်လင့်ချက်ပါ။
- ဒါကြောင့် ကျန်းမာ၊ချမ်းသာ သတင်းကောင်း
ပေးတဲ့ မျှော်လင့်ချက်(Hope)က လောကနဲ့ သက်ဆိုင်တဲ့ အရာဖြစ်လို့ ခရစ်ယာန် ယုံကြည်
မှုနဲ့ ဆန့်ကျင်တဲ့ ယုံကြည်မှုဖြစ်ပါတယ်။
- လောကီအောင်မြင်မှု၊ ကြွယ်ချမ်းသာစည်းစိမ် တွေက ခရစ်ယာန်ဖြစ်ရင် မလိုအပ်ဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။ ခရစ်ယာန်တွေလည်း ချမ်း သာလို့ရသလို့၊ ခရစ်ယာန်မဟုတ်လည်းလူတိုင်း ချမ်းသာလို့ ရပါတယ်။ ခရစ်တော်ကို ယုံကြည်မှ မဟုတ်ပါဘူး။ အောင်မြင်မှုတွေ၊ ချမ်းသာမှုတွေက ခရစ်တော်မပါလည်း ဖြစ်ပါတယ်။
ဥပမာ ။ ။ ဆရာလင်းသိုက်ညွှန့်၊ ဖြိုးဖြိုး နဲ့ ဒီးဒီတို့ အများကြီးပါ အောင်မြင်ခြင်းတွေ၊ ချမ်းသာနည်းတွေ သင်တန်းပေးသင်ပေးနေကြတာ ပုံလို့ဗျာ ခရစ်တော် မလိုပါဘူး။ ဒါပေမယ့် သူတို့မပေးနိုင်တဲ့ ကယ်တင်ခြင်းက ခရစ်တော်၌သာ ရရှိ ခံစားနိုင်ပါတယ်။
- ဘုရားရဲ့အကြီးမားဆုံး ကောင်းချီးမင်္ဂလာက ဘုရားကိုယ်တိုင် လူသားတွေကို ပေးထားခဲ့တဲ့ သားတော် ခရစ်တော်ကို ရရှိခြင်း ဖြစ်ပါတယ်။ ထိုဘုရားသခင်နဲ့ သာ၍နီးစေတဲ့ အရာ၊ သာ၍ တိုးပြီး သိစေတဲ့ အရာအား လုံးက ကောင်းချီးမင်္ဂလာနဲ့ ဆက်ဆိုင်တဲ့ အရာတွေပါ။
- ဘုရားသခင်နဲ့ ပိုပြီးနီးစေတဲ့ အရာကကျန်းမာ ခြင်းကြောင့် ဖြစ်နိုင်သလို၊ ဖျားနာခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ချမ်းသာခြင်းကြောင့် ဖြစ်နိုင်သလို ဆင်းရဲခြင်း၊ ကြုံနေရတဲ့ဒုက္ခတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မကျန်းမာခြင်း ၊ ဆင်းရဲခြင်း ဖြစ်သည့်တိုင်အောင် ကောင်းချီး မင်္ဂလာနဲ့ ဆက်ဆိုင်တဲ့ အရာ ဖြစ်တယ်ဆိုတဲ့ အသိနဲ့ ဆုတောင်းခွန်အားယူ ရှေ့ဆက်စေချင်ပါတယ်။ သခင်ခရစ်တော်ကို ရရှိခြင်းကိုက အကြီးမားဆုံး စစ်မှန်တဲ့ ဘုရားသခင်ရဲ့ကောင်း ချီးမင်္ဂလာ ခံစားရတဲ့ သားသမီးတွေဖြစ်တယ်ဆိုတဲ့ အသိတရားနဲ့ အထက်အရာကို စွဲလမ်းပြီး ကျေးဇူးတော် ချီးမွမ်းနိုင်ဖို့ လိုတာပါ။
- ဒီနေ့ ကြုံနေရတဲ့ ကိုဗစ်ရောဂါကနေ ယုံကြည်ခြင်း စာမေးပွဲစစ်လာတဲ့အခါ လူကြိုက်များနေတဲ့ကျန်းမာ၊ ချမ်းသာ သတင်းကောင်း ကတော့
မြင်မကောင်း၊ ကြားမကောင်း စာမေးပွဲကျ နေတာ အားလုံး အသိပဲဖြစ်ပါတယ်။ဒီလိုကပ်ရော ဂါတွေကြားမှာလည်း စစ်မှန်တဲ့ သမ္မာတရားကိုသိဖို့ အခွင့်ပေးတဲ့ ဘုရားသခင် သာ၍ဘုန်းကြီးပါစေ။ဘုရားသခင်ရဲ့ နာမတော်ကိုအသုံးပြုပြီး
ကိုယ်လိုချင်တဲ့ အရာတွေ၊ ဖြစ်ချင်တာတွေကို အမိန့်ပေး၊ သိမ်းပိုက်၊ ဝန် ခံဖို့ မဟုတ်ပါဘူး။ အလိုတော်ကို ရှေးဦးစွာရှာတတ်တဲ့ ယုံကြည်သူဖြစ်ဖို့ လိုပါတယ်။ ကျမ်းစာက ယောဘလို ချမ်း သာတဲ့အခါ၊ဆင်းရဲတဲ့အခါ၊အောင်မြင်တဲ့ အခါ ၊ ကျရှုံးတဲ့ခါ ဘုရားသခင်ကို ယုံကြည်ခြင်း မပြောင်းလည်းသလို ကျွန်တော်တို့လည်း အရာအရာမှာ လုံလောက်တဲ့ ကျေးဇူးတော်၊ ဂရုဏာတော်ကို နေ့ရက်စဉ်တိုင်း ခံစားရတယ် ဆိုတဲ့ ယုံကြည်မှုဖြင့် ဘုရားသခင်နဲ့အတူ ရှေ့ဆက်ဖို့လိုအပ်ပါတယ်။
- ဘုရားသခင်က ကိုဗစ်ရောဂါကြောင့် မကျဆုံး
သလို ဘယ်တော့မှလည်း ကျဆုံးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လွဲမှားတဲ့ ဩဝါဒတွေ၊ သွန်သင်
သူ၊ ဟောပြောသူကတော့ သမိုင်းမှာ ကျဆုံးခဲ့ကြသလို ဆက်လက် ကျဆုံးနေအုန်းမှာပါ။
မတည်မြဲတဲ့ ကျဆုံးခြင်းဘက်က ရပ်တည်ကြမှာလား။ဘယ်တော့မှ မကျဆုံးတဲ့ ဘုရားသခင်
နဲ့ သူ့နှုတ်တော်ထွက် စကားဘက် ရပ်တည်ကြမှာလား။ ရွေးချင်ရမယ့်သူက သင်နဲ့ ကျွန်တော်ပါ။ စစ်မှန်တဲ့ သတင်ကောင်းသာ ဟောပြောဖို့
လိုနေတာပါ။ ဘုရား သခင်ကို ဘုရားသခင်ဖြစ်သည့် အတိုင်းကို ယုံ ကြည်လက်ခံဖို့ အချိန်တန်ပါပြီ။ မြန်မာပြည်က ဘုရားသခင်ပေးတဲ့ ဒီသင် ခန်းစာမှ ကျန်းမာ၊ ချမ်းသာ သတင်းကောင်း နိဂုံးချုပ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ နားရှိသောသူများ ကြားရပါစေ။
- မြန်မာပြည် ကျန်းမာပါစေ
- မေတ္တာဖြင့်
- ရှိုင်းကိုကိုလင်း(SLT)
#ကိုးကား
- The Disease of the Health and Wealth
Gospel by Gorden D. Fee
- Knowing God by J I Packer
- ESV Study Bible
- Blessed mean by Vaneetha Rendall Risner
- Etymology Dictionary
- The NAS New Testament Greek Lexicon
- ဆရာလင်းထွန်း ရေးသားသည့် ကျန်းမာ၊
ချမ်းသာ ဒေသနာမှ
- The Laws of Prosperity by Kenneth
Copeland
.
Original Post
https://m.facebook.com/story.php?story_fbid=1361948777324211&id=100005273043345
.
.
သုံးသပ်ရရင်
အခု ကျန်းမာချမ်းသာ အဖွဲ့တွေလည်း ပျောက်သွားမှာမဟုတ်။ ပိုတောင် ကြီးလာနိုင်ပါတယ်။ လူငယ်တွေ ကြိုက်ကြတော့...ကျန်းမာချမ်းသာ တရားနောက်. ဆရာနောက် လိုက်သူတွေ တနေ့မှာ သူဖာသာ. ကျယ်သောလမ်းကနေ ကျဉ်းသော သမ္မာလမ်း ကို လိုက်ကြမှာပါ။ မိမိသာ လမ်းမှန် ဆက်လျှောက်ပါမယ်။ Murann Ezine
1-5-2020

Comments
Post a Comment