ဘဝဆိုတာ B ဆိုတဲ့ မွေးဖွားခြင်း Born နဲ့ စတင်ပြီး D ဆိုတဲ့ သေဆုံးခြင်း Dead နဲ့ အဆုံးသတ်ရတယ်။

 နေရက်တိုင်း မိမိရွေးချယ်မှုအမှန်၊အမှား

============================

မိမိဟာ အင်ဂျင်နီယာတစ်ယောက် ဖြစ်ပြီး၊ မိမိလိုချင်တဲ့အရာကို မရ ရအောင် လုပ်တတ်တဲ့ ဇွဲရှိပါတယ်။ ငယ်စဉ်က သိပ္ပံပညာရှင် တက္ကသို ပါမောက္ခ ဖြစ်လိုပေမဲ့ မိမိအားကျခဲ့တဲ့ မုံရွာဒေသကောလိပ် ဆရာ၂ဦး (ဦးခင်မောင်ဆွေ နဲ့ ဦးယဉ်ဝင်းမောင် -သချာင်္ဌာန) တို့က မင်းတွက်ချင်တဲ့ သချာ (Maths) RIT မှာ ဌာနအကြီးကြီးရှိတယ်။ အင်ဂျင်နီယာပဲရွေးပါ တိုက်တွန်းလို့ အင်ဂျင်နီယာ ဖြစ်လာတယ်။

.

ကမ္ဘာ့နိုင်ငံကြီးများစွာ မြို့ကြီးတွေကို သွားရောက်နိုင်ရုံသာမက မြန်မာရွှေ့ပြောင်း လုပ်သားတွေရဲ့ ဘ၀ အာမခံရဖို့ နယူးယောက်မြို့နေတဲ့ သူငယ်ချင်း ကိုဝင်းရှိန် နဲ့ ဇနီး မစိုးစိုး တို့ရဲ့ လောကအာမခံ World Financial Group မှာ ၁နှစ်တာ လေ့လာ ကူညီခွင့် ရခဲ့တယ်။ ပြည်ပမှာ အခြေချရတာ တကယ်ခက်ခဲကြမ်းတမ်းလှပါတယ်။ ကျနော်သာ အသက်၃၀ ငယ်ရွယ်သူ (မိဘက ငွေ.အာဏာ မကြီးရင်) ပြည်ပမှာပဲ လွတ်လပ်မှု အရသာ ဆက်လက်ခံစား ချင်ပါတယ်။ သို့သော် အသက်ရွယ်အရရော. တိုင်းပြည်အခြေအနေအရရော. သုံးသပ်ပြီး အမိ မြန်မာပြည် ပြန်လာ အခြေချပါတယ်။ ၄နှစ်အကြာ နေထိုင်တဲ့ ပုသိမ်မြို့မှာ တလ ၂သောင်းခွဲနဲ့ Wifi ကေဘယ်အင်တာနက် ဈေးချိုစွာ ရရှိပြီဆိုတော့ အရင် ပြည်ပနေသလို အင်တာနက် မထစ်မငေါ့ပဲ ကြည့်နိုင်ပါပြီ။ 

.

သူရဦးရွှေမန်း ဘဝအကြောင်း 

ရွေးကောက်ပွဲမတိုင်မီ ထွက်လာမဲ့ "လူဟာလူပဲ" အခန်းဆက် လေသူရဲတစ်ဦး ဦလှဝင်း ဖေ့ဘုတ်က ဖတ်ရတယ်။ သူဟာ အသွင်ပြောင်းနိုင်ပြီး အငြင်းသန်၊ ပညာကြိုးစား၊ မဟုတ်မခံ၊ ဆက်ဆံရေးပြေပြစ်၊ အားကစား (ဂေါက်သီး.တင်းနစ် ထူးချွန်)၊ စစ်တိုက်လဲတော်၊ စီးပွားရေးလည်းတော်၊ နိုင်ငံရေးလည်းတော်ပြီး သူဘဝရွေးချယ်မှုများစွာ ဖတ်ရပါတယ်။ ဒီမိုကရေစီ အပြောင်းလဲကို အစွမ်းကုန် လုပ်ဆောင်ခဲ့သူပါ။ သြဇာအလွန်ကြီးမားပြီး စစ်ခေါင်းဆောင် ဦးသန်းရွှေ အပေါ် သေသည့်တိုင် သစ္စာရှိသွားမဲ့ စိတ်ဓါတ်က သူရဲ့ အကောင်းဆုံး ရွေးချယ်မှု လို့ ရေးချင်ပါတယ်။ အထက်လူကြီးကို ချစ်ကြောက်ရိုသေလေးစား နာခံမှုပါ။ အင်အယ်ဒီအစိုးရက နေရာမပေးတော့ ပါတီကြီးထောင်ပြီး ငွေအား၊ လူအားနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရွေးချယ်တယ်။ အခု သူ အမတ်အရွေးမခံတော့ဘူး ကြေငြာတယ်။ ပါတီ အခြေအနေကောင်းရင် ပါတီခေါင်းဆောင်လဲ အခြေအနေကောင်းမှာပဲ မဟုတ်ပါလား။

.

သူငယ်ချင်း လပွတ္တာဦးစိုးမြင့် 

သူ့သားအငယ် ၁၀တန်း ၃ဘာသာ ဂုဏ်ထူးထွက်ကြောင်း ကြွားတယ်။ သားအကြီးက အဖေ့ခြေရာနင်း BE အင်ဂျင်နီယာဖြစ်ပြီး အင်္ဂလိပ်စာ အားကောင်း၊ စာလဲကြိုးစား ဆိုတော့ စင်ကာပူက အင်တာဗျူးမှာ လစာကောင်းကောင်းနဲ့ အလုပ်ခ ရသွာခဲ့တယ်။  ဦးစိုးမြင့် ကိုယ်တိုင်လဲ စာတော်ပြီး RIT ဘွဲ့ရပေမဲ့ လပွတ္တာမြို့ လယ်သမားပြန်လုပ်တယ်။ ကြည့်မရတဲ့ အင်ဂျင်နီယာ သူငယ်ချင်းက ပြန်ခေါ်လို့ ရန်ကုန်မှာ ဘက်စုံအင်ဂျင်နီယာကြီး လုပ်ကိုင်နေတယ်။ သူရဦးရွှေမန်းလိုတော့ ဘဝမအောင်မြင်ပေမဲ့..မိမိဘဝကို ကျေနပ်နေသူမို့ မိမိအမြင်ကတော့ သူ့ဘ၀ အောင်မြင်တယ်။ သူ့ရွေးချယ်မှု တွေမှာ ဆရာကောင်းတွေက သူဌေးကြီးတွေ မပါ၊ ကံကြမ္မာကလည်း သူဌေးကြီး ဇာတာမပါ။

.


စိုင်းထီးဆိုင်

ရွေးချယ်မှု အမှားကြီးတခု ဖြစ်သွားဖူးတဲ့ မိမိအကြိုက်ဆုံးတေးသံရှင် စိုင်းထီးဆိုင်။  မူးယစ်အမှုနဲ့ ထောင်ကျခဲ့ဖူးပေမဲ့ တနှစ်ဆိုတာ ငယ်စဉ်ဘဝမှာ ခဏလေးပါ။ နိုင်ငံကျော် အဆိုတော်ကြီးဘဝနဲ့ သူချစ်တဲ့ မြန်မာလူထုကို သေသည့်တိုင် သီချင်းလေးတွေ ပေးဆပ်သွားခဲ့ပါတယ်။ သူလို လောကအောင်မြင်မှုက ကံဉာဏ်ဝီရိယ အများကြီး လိုပါတယ်။ အရေးကြီးဆုံးက မျိုးရိုးဗီဇ ကောင်းပြီး အသီးသီး ဖို့က ပိုအရေးကြီးပါတယ်။ စိုင်းထီးဆိုင် ရဲ့ အသီးများကတော့ စာဆိုတော်ကြီး စိုင်းခမ်းလိတ် ရဲ့ ကဗျာ စာသားများဖြစ်တယ်။ စိုင်းထီးဆိုင်ရဲ့ သာယာနာပျော်ဖွယ် အသံနဲ့ "သဘာဝရင်သွေးငယ်" တီးဝိုင်းပေါင်းစပ် နာမည်ကျော်ကြားခဲ့ရတယ်။ 

.

.

အဆုံးသပ် ပါရစေ


ဆရာမြတ်နေ 8-8-2020 ၅မိနစ် Online တရားဟောချက် မှာ စဉ်းစားစရာ ဖီလိုဆိုဖီ တစ်ခု တွေ့ရတယ်။


ဘဝဆိုတာ B ဆိုတဲ့ မွေးဖွားခြင်း Born နဲ့ စတင်ပြီး D ဆိုတဲ့ သေဆုံးခြင်း Dead နဲ့ အဆုံးသတ်ရတယ်။

အဲဒီ ၂ခု အကြားမှာ C ဆိုတဲ့ မိရဲ့ ရွေးချယ်မှု Choice နဲ့ အဆုံးသပ်ရတယ် လို့ သူကြားဖူးတဲ့ စကားတခုကို ကိုးကား တရားဟောပါတယ်။ 

LIFE.(ဘဝ)= B +C + D

Link

https://www.facebook.com/102983578020262/posts/161776608807625/

.

ဖတ်ရှုသူ အများစုက ခရစ်ယန်မဟုတ်ကြပါ။ မိမိယုံကြည်ရာ ဘာသာ၊ဝါဒ နဲ့ လူပုဂိုလ် များအတိုင်း ရွေးချယ်ကြရမှာပါ။ ..


အခု ပို့စ် က ယူနီကုတ် မြန်မာစာ ဖြစ်တော့ ဒီစာကို ကျနော့်မိတ်ဆွေ နိုင်ငံခြားသားတွေလဲ မြန်မာစာ မဖတ်တတ်ပေမဲ့ ဖေ့ဘုတ်က သူနားလည်တဲ့ ဘာသာကို Translate လုပ်ပေးမှာပါ။ အခုခေတ်ကာလ ကမ္ဘာကြီး လာချင်ရင်အနီးကလေး ဖြစ်နေပါပြီ။ 

.

ရွေးချယ်မှု ကောင်းပေမဲ့၊ ပတ်ဝန်းကျင်လဲကောင်းပေမဲ့၊ ကံကြမ္မာသိပ်ကောင်းသူကိုတော့ ယှဉ်မရပါဘူး။ တခါတလေ ဟစ်တလာ အိုစမာ တို့လို လူ့သမိုင်း မကောင်းဘူး ဆိုသော်ငြားလည်း သူတို့ကို ထောက်ခံတဲ့ အုပ်စုက ရှိနေဆဲပါ။ ဓမ္မ နဲ့ အဓမ္မ ၊ လူကောင်းလူဆိုး ခွဲခြား ရွေးချယ် ကြရမှာပါ။ 

.


.ဖတ်ရှုသူများ အသက်ရှင်သရွေ့၊ နိုးထလာတိုင်း ကျန်းမာပြီး ရွေးချယ်မှုကောင်းနိုင်ပါစေ။


ဇော်အောင်(မုံရွာ)

9-8-2020

Comments