အသစ်မွေးဖွားခြင်း...နှစ်ခြင်းမင်္ဂလာ...ပွဲတော်စားသောက်ခြင်း

 (သတိရတိုင်း ၅မိနစ်စီ နားထောင်သင့်တဲ့ ဒေသနါ ၃ခုပါ..အသက်တာကို Daily ပြောင်းလဲစေပါမယ်)။ 

.

..အသစ်မွေးဖွားခြင်း...နှစ်ခြင်းမင်္ဂလာ...ပွဲတော်စားသောက်ခြင်း..

ဆရာမြတ်နေ (Covid19 နဲ့ လူသိများလာသူ)


အလွန်အကျိုးရှိစေတဲ့ ရှင်းလင်းတိုတောင်းစွာ ရှင်းပြပါတယ်။ ဆက်လက် ကျမ်းစာဖတ်ရှု ဆင်ခြင်ကြရင် သာ၍အကျိုးရှိပါတယ်။ Born Again အသစ်မွေးဖွားခြင်း အကြောင်းပါ။ သူ့ FB. ၅မိနစ်ဒေသနါ ကို နေ့စဥ်နားထောင်သင့်တယ်။ သီချင်းကြိုက်သူများလည်း ဒေ သ နာ နဲ့ညီတဲ့ တပုဒ်အမြဲထည့်ပေးတယ်။ ...ဆရာမြတ်နေ က ရှင်ယောဟန် အခန်းကြီး ၃ (ရေနဲ့ဝိညာဥ်.. ဆိုတဲ့ နှုတ်ကပတ်တော နဲ့ သန့်ရှင်းသောဝိညာဥ်တော်) ထိတွေ့ခံစား ပြောင်းလဲတဲ့ လူသစ်၊ ဘဝသစ်ကို နိကောဒင် ဆိုတဲ့ အသက်ရွယ်ကြီး၊ ကျမ်းတတ်ပုဂိုလ်ကြီးကို ရှင်းပြပါတယ်။ .

.

ကောင်းချီး ချည်းပဲရေတွက် ချီးမွှမ်း ဝမ်းမြောက်နေတာ ကောင်းတယ်၊ ငါဟာ အပြစ်သား ဘဝက လွတ်ပြီ 100% ခရစ်တော်အားဖြင့် ဖြောင့်မတ်ပြီထင်ပြီး ဝါကြွား ခုန်ပေါက်နေသော်လည်း.. နေ့တိုင်း မိမိလုပ်မိတဲ့ အပြစ်တွေကို ဘော်ပြပေးတဲ့ နှုတ်ကပတ်တော်နဲ့ သန့်ရှင်းသောဝိညာဥ် (ရေနဲ့ဝိညာဥ်) ဖတ်ရှု ဆင်ခြင်ဖို့၊ ၅မိနစ်.. ၅၀မိနစ် ..စတဲ့ ဒေသနါလေး နားထောင်နေရုံမက လက်တွေ့ အသက်တာရရှိဖို့၊ ..နေမ့ရက်တိုင်းဟာ အသစ် အသစ် ဖြစ်နေပြီး မိမိလမ်းလွဲနေတာတွေ ပဲ ပြင်ဆင်ကြဖို့ (သူများလမ်းလွဲနေတာ သိပ်မကြည့်ကြဖို့) ခွန်အားရရှိပါတယ်။ 


ဟာ လေ လု ယ။ 

အာ မင်။ 

.

..အသစ်မွေးဖွားခြင်း...နှစ်ခြင်းမင်္ဂလာ...ပွဲတော်စားသောက်ခြင်း

.

Born Again (အသစ်မွေးဖွားခြင်း) https://www.facebook.com/102983578020262/videos/1215745898786724/

.

Baptism ဗတ္ကိဇံခံခြင်း (နှစ်ခြင်းမဂ်လာ) နဲ့ အရင်နေ့ကပြောတဲ့ (အသစ်မွေးဖွားခြင်း) တို့ဟာ မတူပါဘူး။ ဒါပေမဲ့ ဆက်စပ်မှုရှိကြောင်း..၅မိနစ် ဒေသ နာ

https://www.facebook.com/102983578020262/videos/3050746111816960/ 

.

Communion (ပွဲတော်စားသောက်ခြင်း)

၅မိနစ်ဒေသနာ ဖြစ်ပေမဲ့..နာရီများစွာ.ရက်များစွာ သုံးသပ်နိုင်ပါတယ်။ ခဏခဏ နားထောင်ရပါမယ်။ 

https://www.facebook.com/102983578020262/posts/160613932257226/

.

မုရန်

Murann Ezine

4-8-2020

.

Comments