နှုတ်ကပတ်တော်သည် မိတ်သဟာရဖွဲ့ခြင်းရှိမှ နိုးထလာပါသည်။
နှုတ်ကပတ်တော်သည်
မိတ်သဟာရဖွဲ့ခြင်းရှိမှ နိုးထလာပါသည်။
==============
ယနေ့အချိန်ကာလသည် ယခင်ကာလများထက် Online ကို လူကြည့်များကြောင်း သတိထားမိပါသည်။ Online မှာ အကောင်းနှင့်အဆိုး ဒွန်တွဲနေ၏။ အပြောကောင်း၊ တင်ဆက်မှုကောင်း၊ နာမည်ကြီးလာသည့်အခါ ထိုအရာကိုဘဲ စွဲလန်းလာတတ်ကြသည်။ အကယ်စင်စစ် ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်၊ လောကအရာများထက် ခရစ်တော်နှင့် ဘုရားနှုတ်ကပတ်တော်ကိုသာ စွဲလန်းသင့်ပါသည်။
.
တစ်နေ့က ခရစ်ယာန်မိတ်ဆွေတစ်ဦးနှင့်စကားစမီပြောဖြစ်ပါသည်။ သူ၏အသက်တာပြောင်းလဲလာပုံ၊ ဝိညာဉ်ရေး အခြေအနေကို မေးမြန်းကြည့်ပါသည်။ သူသည်ပြောင်းလဲလာပြီး နာမည်ကြီးတရားဟောဆရာ ဂျွန်မက်အာသာစသည့် တရားဟောဆရာများ၏ဟောပြောချက်များကို နားထောင်ခဲ့၏။ ကောင်းပါသည်။ ယခုတော့ မိမိအချိန်ကို သမ္မာကျမ်းစာကို ကိုယ်တိုင်ရှာဖွေလေ့ကျက်မှုပြုကြောင်း၊ အခြားအဘယ်တရားဟောဆရာများကို အဓိကထား နားမထောင်တော့ကြောင်း ပြောပြပါသည်။
ခရစ်အသက်တာ၌ Online တရားဒေသနာ ဝေငှချက်များကို နားထောင်ခြင်း၊ copy ကူးပြီး ဝေငှခြင်းထက် မိမိကိုယ်တိုင်က အချိန်ပေးကာ ကျမ်းစာကို ရှာဖွေလေ့လာသင့်ပါသည်။ ရင့်ကျက်သောသူများဖြစ်ရပါမည်။
.
ကျွန်တော်ကျမ်းစာကျောင်းတက်စဉ် အကျိုးရှိသော သွန်သင်မှု သင်ခန်းစာများရခဲ့ပါသည်။ ခရစ်ယာန်အခြေခံအုတ်မြစ်ကိုအလေးထားရန်၊ ကိုယ်တိုင်ကျမ်းစာကိုလေ့လာရန်၊ လေ့လာနည်းများစွာရှိကြောင်း၊ ကျမ်းစာသည် ပုံမှန်အားဖြင့် အနက်အမျိုးမျိုးမရှိ၊ အနက်အဓိပ္ပါယ်တစ်ခုတည်းသာရှိကြောင်း၊ လက်တွေ့သင်ခန်းစာအမျိုးမျိုးယူနိုင်ကြောင်းပြောပါသည်။ ကျမ်းစာကိုအနက်ဖွင့်ဆိုသည်အခါ မည်သည့် အနက်ဖွင့်ကျမ်းကိုမျှ အရင်မကြည့်ဘဲ ကျမ်းစာ၏ဆိုလိုချက် Big picture ကို တွေ့ရန်ရှာရမည်ဖြစ်ကြောင်းသင်ကြားခံရပါသည်။ ယေရှုခရစ်တော်၏ဓမ္မဆရာကောင်းသည် ကျမ်းစာကို မိမိကိုယ်တိုင်ရှာဖွေလေ့ကျက်ရမည်ဖြစ်ကြောင်း ရှင်ပေါလုက ရေးသားခဲ့၏(၁တိ၊ ၄:၆)။
မနေ့က ပညာWisdom သည် ထာ၀ရဘုရာကိုကြောက်ရွံ့ကာ ဒုစရိုက်ကို ရှောင်ခြင်းဖြစ်ကြောင်းဝေငှခဲ့၏။ ယနေ့ ဉာဏ် understanding - ပိုင်းခြားသိနားလည်ခြင်းကို ကြည့်ကြပါစို့။ ထိုးထွင်းနားလည်ခြင်းရှိဖို့လိုသည်။ အောက်တွင်ဆက်ဖတ်ပါ။
Link (Credit>>ဆရာစောစံအောင်)
https://www.facebook.com/groups/MyanmarChristianLiteratureGroup/permalink/2856148071288074/
ဝိညာဥ်ရေး..(A m e n)
မိမိအသင်းသားများ တနေ့ ကျမ်းစာတရွက်.. ကျမ်းစာဖတ်အဖွဲ့များ ရှိရန်လိုသည်။ မက်စင်ဂျာဂရုများ ဖြင့် ဆက်သွယ်မိတ်သဟာရပြုတတ်ဖို့.. အွန်လိုင်းမလုပ်တတ်ပါက ဖုန်းဖြင့်ဆက်သွယ်ပြီး ယနေ့ကျမ်းစာဖတ်ရန် နှိုးဆော်ရပါမည်။ ..နေ့စဥ် အသစ်မွေးဖွားခြင်း ဆိုသည်မှာ.. ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ သက်သေခံခြင်း၊ သီဆိုချီးမွမ်းခြင်း.. တယောက်ထဲလုပ်ခြင်း၊ မိမိအိမ်သား အစုလိုက် ပြုလုပ်ခြင်း.. နေ့စဥ်ပြုလုပ်ရန် နှိုးဆော်ကြပါ။ ဖုန်းလိုင်းများ၊ အွန်လိုင်းများကို အသုံးချရပါသည်။
.
ပညာတတ်ပေါများသော အသင်းတော်များမှာ online zoom, facebook live များနှင့် မိတ်သဟာရပြုခြင်း မပြတ်လုပ်ဆောင်နိုင်သော်လည်း မြန်မာပြည်အသင်းတော် များတွင် ခရစ်တော်ဆက်သားလုလင်များက အိမ်များသို့ စာဝေ၊ အလှုငွေလက်ခံ၊ တလတခါပွဲတော်ပေး. လုပ်နေရပါသည်။
.
.
နေ့စဥ်ဖတ်ရှု၊
ခွန်အားယူ၊ ဆွေးနွေးကြရန် ကျမ်းပိုဒ် များကို နေ့စဥ်ခွန်အား wwe.odb.org (or) မြန်မာဘာသာ www.myanmar-odb.org မှ ရယူပါသည်။ ...🌷 မျှော်လင့်ခြင်းကို ရွေးချယ်ခြင်း 🌷
ဖတ်ရန် မိက္ခာအနာဂတ္တိကျမ်း ၇ : ၂-၇ | သမ္မာကျမ်းစာတစ်နှစ်စာ □ ယေ ၁၂ - ၁၄ □ ၂ တိ ၁
.
ပုံ.. ပုသိမ်မြို့၊ သက်ကြွယ်များ၊ ဂိဒေါင်ကျမ်းစာဝေငှအဖွဲ့ အပတ်စဥ် အွန်လိုင်း ၁နာရီ မိတ်သဟာရပြုလုပ်ခြင်း။
.
Murann Ezine
26-10-2020
.
Comments
Post a Comment