သက်သေခံ၊တရားဒေသနာ
ကိုဗစ်ကာလ.တရားဟောချက်တစ်ခု
Saya Myat Nay
============
သင့်မှာ ခွန်အားပြည့်ဝနေပါသလား။ ပညာဥာဏ်၊ ခန္တာအင်အား၊ အလုပ်အကိုင်၊ မိသားစု စသဖြင့် အဆင်ပြေနေရင်တော့ ဒီတရားဟောချက် နားထောင်စရာမလိုသေးပါဘူး။ သင့်ကို ဘုရားအမှုတော်မှာ ဘုရားသခင်အသုံးချစေလိုတဲ့ နှိမ့်ချတဲ့နှလုံးသား ရှိပြီဆိုရင် ဘုရားသခင်အသုံးချပါလိမ့်မယ်. ဆိုတာကို မိမိဘဝနဲ့သက်သေခံရင်း၊ ဝေငှတဲ့ တရားဒေသနာ ဖြစ်ပါတယ်။
.
...အားနည်းနေ၊ အားငယ်နေပါသလား။
.
...ခန္တာ၊စိတ်၊ဝိညာဥ် ၃ပါးစလုံး အားနည်းနေချိန်မှာ သင့်နှလုံးသားမှာ Poor in Spirit ဘုရားလိုအပ်နေတဲ့၊ ဘုရားကိုဆာငတ်နေတဲ့ နှလုံးသား တစ်ခုပဲရှိရင် ဘုရားသခင် သင့်ကိုအသုံးချပါလိမ့်မယ်..
.
...ဒါဝိတ် ရဲ့ နှိမ်ချတဲ့နှလုံးသား (ကြိုးပဲ့ကြေမွတဲ့နှလုံးသား) အကြောင်း အဓိကထား ပြောကြားပါတယ်။ အားနည်းနေချိန်ကျမှ ဘုရားသခင်အသုံးပြုသူများ ရှင်ပေါလု၊ အာဗြာဟံ၊ မောရှေ၊ ပေတရု..စတဲ့ ကျမ်းစာထဲက ပုဂိုလ်ထူးများကို ပုံပမာ အဖြစ် ရှင်းလင်းစွာ ပြောပြပါတယ်။
.
.
ကယ်တင်ခြင်း
.
...သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံ၊ ယုံကြည်သူ မိမိတို့ အားလုံးဟာ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကို ရရှိပါတယ်။ ဘဝလုံခြုံ စိတ်ချပါတယ်။ သေ သည့် တိုင် အဆုံးထိ တည်ကြည်စွာ ခရစ်ယန်အသက်တာကောင်းကို ရရှိပါတယ်။ ကောင်းသောအကျင့်များ ကို နောင်တနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ သခင်ယေရှုခရစ်တော် လက်ဝါးကပ်တိုင် Cross ပေည်မှာ အသွေးသွန်းလောင်းပြီး အသေခံသွားခြင်းကြောင့် ဖြစ်တယ်။ မိမိတို့ လူသားအားလုံးကို အပြစ်လွှတ်ပေးပြီး ကိုယ်တိုင် အသေခံ၊ အသွေးသွန်းလောင်းခဲ့တယ်။.. ဒါကိုယုံကြည်ရင် မိမိဘဝ လုံခြုံမှုရမယ်။ ဒီဘဝလုံခြုံရုံမက ၃ရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်တဲ့ သခင်ယေရှုလိုပဲ မိမိလည်း တမလွန်ဘဝမှာ ကောင်းကင်ဘုံမှာ လုံခြုံစွာရောက်ရှိပါမယ်။ ခရစ်ယန်တို့ရဲ့ ယုံကြည်ခြင်း ဖြစ်ပါတယ်။ ကယ်တင်ခြင်း ရတယ်လို့ ခေါ်ပါတယ်။ Born Again အသစ်မွေးဖွားတဲ့ ဘဝကို ရရှိခြင်းဖြစ်ပါတယ်။
.
45 မိနစ် Grace Baptist Church
Link.
https://www.facebook.com/102983578020262/videos/135497344857147/

Comments
Post a Comment