ဟုတ်ပါတယ်

အယူလွဲ များဟာ မိမိအနားမှာ ရှိနေပါတယ်။ အယူမှန်သူများလဲ မိမိအနားမှာရှိပါတယ်။ အယူမှန်သူများနဲ့ အမြဲ ပေါင်းသင်း အတူဝတ်ပြု၊ ဘုရားတရား ဆောင်ရွက်မှ မိမိလဲ အယူမှန်မှာပါ။ 

.

1.မိမိနဲ့ဘာသာမတူရင် အယူလွဲလို့ သတ်မှတ် နှိုးဆော်သူများက ပထမအဆင့် အယူလွဲများဖြစ်တယ်။ 

.

2.ဘာသာတူသော်လဲ

ဂိုဏ်းမတူရင် အယူလွဲနေပြီ ပြောသူများကလည်း ဒုတိယအဆင့် အယူလွဲ ဖြစ်ပါတယ်။  တနည်းပြောရင် မိမိစကားနားမထောင်သူကို အယူလွဲလို့ စွတ်စွဲမိခြင်းပါ။ မိမိကိုယ်တိုင်မှာလဲ လွဲနေတာတွေ ရှိပါတယ်။ 

.

.

ဧဝံဂေလိသတင်းကောင်းပြောခြင်း.. 

ခရစ်တော်လုပ်ဆောင်တဲ့ အဓိကအမှုဖြစ်ပါတယ်။  လွဲမှားသွားနိုင်တဲ့၂ချက် ရှိပါတယ်။.1.. အခြားဘာသာ.. 2..အခြားခရစ်ယန်ဂိုဏ်း တွေကို လွဲမှားအယူ လို့ ပြောမိတတ်ကြတယ်။.

... မိမိ.ကိုးကွယ်တဲ့ ယေရှု ဘုရားပဲ ကောင်းမြတ်ကြောင်း..ပြောရပါတယ်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်.. ၃ပါး တစ်ဆူ လည်း သိပ်မပြောသင့်ပါ။ ရှုပ်သွားနိုင်ပါတယ်။ .. 

ဧဝံဂေလိ ဆိုတာ ယေရှုကောင်းမြတ်ခြင်းကို ပြောကြားတာ ..သတင်းကောင်း ပါပဲ။ 

.

.

ဒါကြောင့် 

မိမိပဲ အယူမလွဲအောင်၊ ဘုရားဂုဏ်တော်ရွတ်ဖတ် ဆင်ချင်အောက်မေ့ခြင်း..ဘုရားဟောတဲ့တရားများကို ဆင်ချင်အောက်မေ့ပြီး. မိမိကအစ လိုက်နာကြဖို့ ဆုတောင်းလိုက်ပါတယ်။

.

မိတ်ဆွေတဦး ဒုတိယအဆင့် လွဲခြင်းပို့စ်ကို တွေ့လို့ မိမိပဲအယူမှန်အောင် အယူမှန်သူများနဲ့ အတူနေရပါမယ်။ 

.

Murann Ezine

24.1.2021

Comments