ဘုရားသခင်နဲ့အစိုးရ

God and Government

================

#ဘုရားနဲ့လောက

ဒီနေ့ ဒီအကြောင်းကို စဥ်းစားမိတယ်။ ရန်ကုန်မြို့မှာ  အိမ်ကြီးတွေ တလုံးပြီးတလုံး ဝယ်နေတဲ့ ခရစ်ယန် ဓမ္မဆရာမတစ်ဦး ရှိတယ်။ ချမ်းသာလိုက်တာ လို့ ဘေးလူတွေက ပြောကြတယ်။ 

.

ငွေကြေးအပေါ် ဘုရားသခင်အမြင် နဲ့ လောကအမြင် အကြောင်း စာမျက်နှာ ၁၀၀ Pdf ဖိုင်ကို ရေးပြီး စာအုပ်မထုတ်နိုင်၊ စျေးကွက်မရှိတော့ အွန်လိုင်းမှာပဲ တင်ထားတယ်။ 

Link

https://www.slideshare.net/murannezine/tithesecularandgodprinciplerev2

.

.

ဘုရား၊တရား၊သံဃာ ဝါဒ

ဘာသာရေး (အတွေးအခေါ်) ဖက်ကကြည့်ရင် ဘုရားသခင် ကို ကိုးကွယ်ကြတယ်။ တနေ့က မြန်မာတနိုင်ငံလုံး ၁၀ တန်းပထမ၊ လူရည်ချွန် ၆ကြိမ် ရဖူးတဲ့ ဂျပန်နိုင်ငံက PhD ရရှိသူ ဆရာဝန်မကြီးက စိုင်းဘာဘာ ကို ဘုရားသခင်အဖြစ် ကိုးကွယ်ကြောင်း၊ စိုင်းဘာဘာ မွေးနေ့ ဆုတောင်းခြင်း ပို့စ်ကို ဖတ်ရတယ်။ မြန်မာနိုင်ငံရဲ့ ကိုဗစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှု 2021 မှာ ဘာသာရေး ကောင်းတာတွေ များများလုပ်ဖို့ပါ။ ဘာတွေက ကောင်းတာတွေလဲ မေးရင် ဘုရားသခင်ကြိုက်တဲ့အရာ လို့ပဲ ဖြေပါရစေ။ ဗုဒ္ဓမြတ်စွာဘုရား၊ အလ္လာရှင်မြတ်၊ ေယရှုခရစ်တော်၊ ဟိဒြူနတ်ဘုရား၊ နောက်ဆုံး ကွန်ဖြူးရှပ် ၊ တာအို ကိုးကွယ်သူများလည်း ဘုရားသခင် ရှိတာ ယုံကြည်ကြတယ်။ မဟာယာန ဗုဒ္ဓဘာသာ ကတော့ ဘုရားသခင်မရှိ၊ ကံတရား (ဘဝသံသရာ)ကိုပဲ ယုံကြည်ကြတယ်။ .

.

ပထမ

ဘုရားသခင် (ဘာသာရေး) 

.

သူတို့ အလိုချင်ဆုံး အရာက ဝိညာဥ်တခု ဖြစ်တယ်။ မိမိ သားသမီး၊ ဆွေမျိုး၊ မိတ်ဆွေတယောက် အခြားဘာသာမှ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်ပြီး တိုးတက်အောင်မြင်လာရင် အရမ်းဝမ်းမြောက်ကြည်နူးကြတယ်။ ဆရာတော်ဦးဇောတိက အခြားဘာသာမှ ဗုဒ္ဓဆရာတော်ကြီး ဖြစ်လာတော့ နီးစပ်တဲ့ ဗုဒ္ဓမိတ်ဆွေ RIT အင်ဂျင်နီယာများက ဝမ်းမြောက်ဂုဏ်ယူမဆုံးကြ၊ ဆရာတော်ရဲ့ တရားများကို နားထောင် တရားကျင့်ကြတယ်။ အလားတူပဲ ခရစ်ယန်၊ မွတ်စလင်၊ ဟိဒြူ ဘာသာရေး (စစ်မှန်စွာ)ကိုးကွယ်သူများကလည်း မိမိဘာထဲ လူဆိုး တယောက်ဝင်လာပြီး၊ ဘဝအေးချမ်း သာယာသွားရင် အလွန်ဝမ်းမြောက်ကြတယ်။ ဝိညာဥ်တလုံးဟာ စကြ်ာဝဌာတခု ရတာနဲ့ တူတယ် လို့ ခရစ်ယန်ကျမ်းစာမှာ ရေးထားပါတယ်။ 

.

အဲဒီ ဘာသာရေးသမားဟာ သူ့အနားက လူတယောက် ဆိုးသွမ်းနေတာမြင်ရင် မနေနိုင်ဘူး။ ဝိညာဥ် တစ်ခု ရရှိပြီး ဘဝကောင်းဖို့ နည်းမျိုးစုံနဲ့ ဆွဲဆောင်တယ်။ မိမိလိုပဲ ငြိမ်းချမ်းတဲ့ ယခုဘဝ သာမက နောင်ဘဝလည်း စိတ်ချရအောင် (အပယ်ငရဲ မရောက်အောင်)  မေတ္တာပြတယ်။ မိတ်ဖွဲ့တယ်။ လက်ဆောင်ပေးတယ်။ ငွေပစ္စည်း လိုအပ်တာတွေ ထောက်ပံ့တယ်။ တချို့ လူဆိုးများက ခရစ်ယန်မိန်းကလေး သူ့ကို ဘုရားကျောင်းလိုက်ဖို့ ခေါ်ရင် မတော်မတရားကြံတယ်။ ငွေဖန်ကြတယ်။ တကယ့် ဘာသာရေးသမားတွေက ဝိညာဥ်တလုံး ရရင် ပျော်လို့မဆုံး ခြေလှမ်းမြေမထိအောင် ဝမ်းသာကြတယ်။ မင်္ဂလာဆောင်တဲ့နေ့၊ ထောင်ကလွတ်တဲ့နေ့ထက် ပိုဝမ်းသာကြတယ်။ 

.

ဝိညာဥ် နည်းနည်းပဲ ရရှိတဲ့ ဘာသာရေးဘုန်းကြီးများ၊ ဘာသာရေးလူပုဂိုလ်များ ရှိသလို ဝိညာဥ်မြောက်မြားစွာရတဲ့ ဘီလီဂရေဟန် ကဲ့သို့ ခရစ်ယန်ဘာသာရေးဆရာများစွာ ရှိတယ်။ တချို့က ငွေချမ်းသာတဲ့ဘသူဌေးတွေရဲ့ ဝိညာဥ် ရဖို့ ကြိုးစား တရားဟောရင် Prosperity Gospel ကျမ်းမာ၊ ချမ်းသာ တရားဟောဆရာ လို့ ခေါ်ကြတယ်။ အဲလို ဘုန်းကြီးများက အရမ်းချမ်းသာ ကြွယ်ဝကြပါတယ်။ သူတို့ကို သူဌေးတွေရဲ့ဘုန်းကြီး လို့ ခေါ်ကြတယ်။..လူငယ် ဦးဇင်းစာရေးဆရာ မိုးသု မန္တလေးက ဘုန်းကြီးခရိုနီ စာအုပ်ထုတ်ခဲ့တယ်။ 

.

တကယ့်ဝိညာဥ်ရေးသမားတွေဟာ လူတယောက်ကို ဘဝကောင်းစေဖို့ ၊ မိမိနိုင်ငံသားတွေ ကောင်းစားဖို့ နေ့ရက်တိုင်း ဘုရား၊တရား၊ သံဃာနဲ့ နေထိုင် လုပ်ကိုင်ကြပါတယ်။

.

.

ဒုတိယ

လောကခေါင်းဆောင် (အစိုးရ)

.

တိုးတက်ချမ်းသာတဲ့ နိုင်ငံများက နိုင်ငံသားများ (အထူးသဖြင် နော်ဝေး၊ ဒိန်းမတ်၊ ဖင်လန် စကင်နီဒေးဗီးယန်း) မိမိအစိုးရကို ဘုရားသခင်လို့ သတ်မှတ်ကြတယ်။ အစိုးရ ကောင်းတော့ My government is my GOD လို့ ပြောကြတယ်။ အဂတိ အနည်းဆုံး နိုင်ငံများဖြစ်ပြီး Corruption Index ထိတ်တန်း အဆင့် ၁၀ ထဲမှာ ရှိကြတယ်။ အာစီယံက စင်ကာပူ လဲ အမြဲတမ်း အဆင့် ၃ အဆင့် ၄ ချိတ်ပါတယ်။ အစိုးရ သိပ်ကောင်းတယ်။ အစိုးရ ခေါင်းဆောင်များဟာ ကိုးကွယ်ဘာသာ မရှိရင်လည်း ဘာသာရေးဆရာကြီးတွေကို အကြံပေးအဖြစ် သတ်မှတ်ကြတယ်။ 

.

အစိုးရကောင်း အုပ်ချုပ်တော့ လူဆိုး၊ လူလိမ်၊ စစ်အာဏာရှင်တွေ ဘယ်သောခါမှ ခေါင်းထောင်မလာကြပါဘူး။ မသမာ ခရိုနီစီးပွား လုပ်ငန်းရှင်များ ရှိပေမဲ့ အစိုးရအခွန် ရှောင်လို့မရပါ။ 

.

နိုင်ငံသားအများစု ဟာ ဘုရား၊တရား၊သံဃာ သိပ်အလေးမထားကြပါ။ သူဌေး ငွေကြေးချမ်းသာချင်တယ်။ ပညာတတ်တဲ့ ဇူကာဘတ်၊ ဘီလ်ဂိတ် တို့လို မချမ်းသာတောင် လောကစည်းစိမ် စားဝတ်နေရေး မကြောင့်မကျ နေနိုင်တယ်။ 

.

ဘယ်နိုင်ငံဖြစ်ပါစေ သူဌေးဖြစ်လိုသူ၊ ပါတီနိုင်ငံရေးခေါင်းဆောင်ဖြစ်လိုသူ၊ ရာထူးကြီးကြီး ရလိုသူတွေဟာ သူအနီးနား တွေ့သမျှ လူတိုင်းကို သူ့ဖက်ပါလာအောင် နည်းမျိုးစုံနဲ့ ဆွဲဆောင်ပါတယ်။ သူဌေး ဖြစ်လိုသူဟာ လူတွေကို Customer ပိုက်ဆံလို့ မြင်ပါတယ်။ ပိုက်ဆံဆိုတာ လူကလာတာပဲ..ဒီတော့ လူမြင်သမျှ ရိုသေလေးစားစွာ ဆက်ဆံ၊ သဘောအရမ်းကောင်းကြပါတယ်။ ဝိညာဥ်တခု လို့ဘမမြင်ပါ။ ပိုက်ဆံတထုပ်လို့ မြင်ကြတယ်။ ဆွဲဆောင်နည်းမျိုးစုံနဲ့ လူတွေဆီက ပိုက်ဆံရအောင် ကြိုးစားရင်း မကြာခင် သူဌေးဖြစ်လာပါတယ်။ သူဌေးဖြစ်ဖို့ လေ့ကျင့်လို့မရပါ၊ ပတ်ဝန်းကျင်နဲ့ ဆိုင်တယ်။ သူဌေးသားသမီးက သူဌေးဖြစ်ဖို့လမ်းများပါတယ်။  

.

လောက ဦးစားပေးတဲ့ ခေါင်းဆောင်များ အုပ်ချုပ်ရင် အာဏာထိုင်ခုံပေါ်ထိုင်မိတာနဲ့ မကြာဘူး၊ အာဏာကို သာယာလာကြတယ်။ အခွင့်ရေးရတာနဲ့ ပြိုင်ဖက်ကို အသေ ရိုက်သတ်ပစ်တယ်။ လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ပိုင်ခွင့်တွေ သူ့မိသားစုက ရယူကြတယ်။ တိုင်းပြည်လဲ ဖွတ်မွဲ သွားတယ်။ စစ်အာဏာရှင် အုပ်ချုပ်ခဲ့တဲ့ မြန်မာလူထု အာရှထိတ်သီး ဘဝကနေ နှစ်၇၀ အကြာ အာရှဘိတ်ချီး ဖြစ်သွားတယ်။ တစ်ဦးချင်းလစာ မြန်မာပြည်မြို့ကြီးများမှါ တလ ၂သိန်း ရချိန်၊ ...ထိုင်း ( တလ ၅သိန်း) ၊ ...မလေးရှား (တလ ၁၀သိန်း) ၊.. စင်ကာပူ (တလ သိန်း၂၀)၊ ဂျပန် (တလ သိန်း၄၀). . စသဖြင့် လစာရနေကြတယ်။ မြန်မာ ကျေးရွာများမှာ လစာပုံမှန် အလုပ်ကိုင်တောင်မရှိသူ ၇၀% တောင်သူ များစွာ မြို့လာ အလုပ်လုပ်ကြတယ်။ 

.


အာဏာရှင်နိုင်ငံများမှာ


တိုးတက်ကြီးပွားသူများဟာ ဖား ကြွမ်းကျင်ရပါတယ်။ စားဖား၊ ဖားဂုံညင်း၊ ဖာပျံ၊ ဖားပြုတ် စသဖြင့် ကာတွန်းလေးတခု မြင်ဖူးတယ်။ ဘောမတတ်ရတယ်။ စစ်ဗိုလ်ကြီး ခဏထိုင်ချိန် ဗိုလ်ကလေးက ဖိနပ်ပြေးတိုက်တာကို ဘးက စစ်ဗိုလ်တချို့က ငဖား လို့ ဝိုင်းနောက်ကြတယ်။ စစ်ဗိုလ်ကြီး ရာထူးတက်လေလေ စစ်ဗိုလ်လေးလဲ ရာထူးကြီးလာပြီး အဂတိ လုပ်တတ်ရင် စစ်ဗိုလ် သူဌေးကြီးဖြစ်လာတာ အာဏာရှင်နိုင်ငံတိုင်း တွေ့ရပါတယ်။ ချမ်းသာသူက မိုးထိအောင်ချမ်းသာပြီး ဆင်းရဲသူကလည်း ဘာသာရေးဂျင်းမိပြီး ငပိနဲ့စား၊ လူသက်တမ်းတို၊ ပညာမတတ် ဖြစ်ရတာ တွေ့နေ ကြ ရ တယ်။ 

.

မိမိကိုယ်ကို ပြန်လည်သုံးသပ် ဆင်ခြင်ပြီး မိမိဟာ

...ဘုရားသခင် (ဝိညာဥ်လူသား)

သို့မဟုတ်

...တက်လာတဲ့အစိုးရ (လောကလူသား)


ဘယ်အမျိုးအစားထဲ မိမိ ပါဝင်သလဲ။ 

.

ဖတ်ရှုသူတိုင်း ဘုရားသခင်ကောင်းချီးပေးပါစေ။ 

 

Murann Ezine 

25.5.2021

.

.ကျမ်းပိုဒ်

ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​ဥ​စ္စာ​ကို​ကား၊ ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို သူ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။

ရှင် မာ ကု ခ ရစ် ဝင်။ 12:17 JBMLE

http://bible.com/386/mrk.12.17.JBMLE


Comments