ခရစ်ယန်ဆိုရင်
ကျန်းမာရမယ်၊ ချမ်းသာရမယ်..ကျေးဇူးတော်ချည်းပဲ ပြောနေသော်လည်း မြန်မာစစ်အာဏာရှင်တွေကြောင့် စစ်ရှောင် တောထဲပြေးရှောင် စားစရာမရှိ၊ ဆေးဝါးမရှိ အဲလိုဘဝမျိုးရောက်နေသူများဟာ..ယုံကြည်ခြင်းအားနည်းလို့.. ပြောမရပါဘူး.. ယောဘဝတ္တုကို ဖတ်ရှုခံစားတတ်ဖို့ဆိုတာ.. ဒုက္ခဆင်းရဲနဲ့ ရောဂါဝေဒနါ ကိုယ်တိုင်ခံစားဖူးမှ နားလည်ပါမယ်။... ယုံကြည်သူဖြစ်စေ.. မယုံကြညအသူဖြစ်စေ.. ဆင်းရဲ. ချမ်းသာ. ပညာရှိ. ပညာမရှိ.. အာဏာရှိ မရှိ.. လူသားအားလုံး ဒုက္ခဆင်းရဲ နဲ့ ရောဂါဝေဒနါ ခံစားရမယ်.. လို့ သခင်ယေရှု ဟောကြားခဲ့တယ်။ သင်တို့သည် ဒုက္ခဆင်းရဲ ခံစားရမည်..သို့သော်..ယုံ ကြည် ခြင်း ဖြင့် လောက ကို အောင်ပြီ။ ...
.
ယောဘဝတ္တု....
ဆင်းရဲဒုက္ခ၊ ဝေ ဒ နာ များ ပြင်းပြ စွာ ခံစားနေသော ခရစ်ယန်များအဖို့ Why? ဘာကြောင့် ကျနော်၊ကျမ အပေါ် ဖြစ်ရသလဲ ဆိုပြီးနားမလည်နိုင်ရင်..ယောဘဝတ္တုကို နားလည်ရပါမယ်။ အများအားဖြင့် စိုက်တဲ့အတိုင်း ရိတ်ရလေ့ ရှိသော်လည်း ဖြောင့်မတ်စုံလင်သူ တယောက် ဝေ ဒ နာ ၊ ဒု က္ခ များစွာ ခံစားနေရချိန်.. ဘုရားသခင် နဲ့ စာတန်မာနတ် စကားပြော ခြင်း အားဖြင့်.. ဖြောင့်မတ်သူဟာ စုံစမ်းခံရတတ်ပါတယ်။
ဆက်ဖတ်ရန်..
https://m.facebook.com/story.php?story_fbid=4164110833655493&id=100001698523942
.
ယောဘဝတ္တု နားလည်ဖို့ ဒံယေလ ၊ ဗျာဒိတ်ကျမ်း များကဲ့သို့ မလွယ်လှပါ။ ဓမ္မဆရာများ သိပ်မကိုးကားကြပါ။
.
.
ယောဘဝတ္တု (ဒုက္ခ)
=============
ဤ ကျမ်းစာမှ ယောဘ သည် အာဗြာဟံ ခေတ်က ပေါ်ခဲ့သည်ဟု ဆိုသည်။ များစွာနောက်ကျပြီးမှ ရေးခဲ့ပြီး ကမ္ဘာဦးကျမ်း မောရှေစီရင်ရေးသားခဲ့စဥ် ခေတ်ကာလ နှင့် ယောဘဝတ္တု ရေးသားသောကာလ သိပ် မကွာနိုင်ပါ။
.
ယောဘသည် ဖြောင့်မတ်စုံလင်သောသူဖြစ်သည်ဟု ဘုရားသခင်ကိုယ်တိုင် ပြောကြားရသူ ဖြစ်သည်။ ဒုက္ခဆင်းရဲ နှင့် ဝေ ဒ နာ ခံစားရသော လူသားအားလုံးသည် ယောဘဝတ္တုမှ ခွန်အား ရသည်။ သားသမီး၊ စည်းစိမ်ဥစ္စာအားလုံး ဆုံးရှုံးရုံသာမက ခန္တာကိုယ် ရောဂါ၊ နာကြင်မှု အကြီးအကျယ် ခံစားရသော်လည်း မသေနိုင်ပဲ ဖြစ်နေသည်။
.
ထိုသို့ ပြင်းထန်စွာ ယောဘ ကြီး ခံစားနေချိန်ယောဘ၏ မိတ်ဆွေကောင်း ၃ ဦး တို့ လာရောက် နှစ်သိမ့် တွေ့ဆုံစကား ပြောကြသည်မှာ အလွန်ကောင်းသော လောကဓံ အကြောင်း၊ သမ္မာတရားနှင့် ဘုရားသခင်အကြောင်း ဖြစ်သည်။
.
အခန်းကြီး ၃၁ အထိ ယောဘ နှင့် မိတ်ဆွေ ၃ ဦးတို့ ပြောစကားများစွာ လူသားအမြင်များဖြစ်သည်။
.
ငယ်ရွယ်သူ ဧလိဟု ကဲ့သို့၊ ငြိမ်နားထောင်နေပြီးမှ.. အမှန်တရားကိုပြောသူ ရှိသည်။ ယောဘ နှင့် ၃ ဦးစလုံးကို အပြစ်တင်စကား.. အခန်းကြီး ၃၂ မှ ၃၅ အထိ ပြောသည်။ အားလုံး ငြိမ်နားထောင်ရ၏.။ မှန်သောစကား ဖြစ်သောကြောင့် ၄ ဦးစလုံး ခံရခက်လှပေသည်။
. နောက်ဆုံးမှ ထာဝရဘုရားက ပြောသည်မှာ သမ္မာစကားဖြစ်၏။ သမ္မာစကား သည့် ကြားရသောသူအားလုံးအတွက် နှစ်သိမ့်၊ ခွန်အားရစေသည်။ မိမိအပြစ်ကို သမ္မာစကားက ဖော်ပြသော်လည်း ကြားရသူမှာ နာကြင်ခံစားမှုမရှိ၊ ဝမ်းနည်း ဝမ်းသာ ဖြင့် နောင်တရစေသည်။
ယနေ့
နေ့စဥ်ခွန်အား..ယောဘ ၄၀.
ဘုရားသခင်စကားမှာ သမ္မတရားဖြစ်၏..
Job 37-42
. ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုးသက်မုန်တိုင်းထဲက မိန့်တော်မူသည်ကား၊ ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသော ဤသူကား အဘယ်သူနည်း။
ယော ဘ ဝ တ္တု။ 38:1-2 JBMLE
http://bible.com/386/job.38.1-2.JBMLE
.
အမှန်တရား စကားပြော၊ တရားစီရင်ပါက ရှုံးသောဖက်တွင် ပြစ်ဒဏ်ခံရသည်။ သမ္မာတရားက အားလုံးကောင်းစေသည့်အဖြေ ရရှိသည်။ တနည်းအားဖြင့် Win - Win ရလဒ် ဖြစ်စေပါသည်။ .
.
မိမိတို့သည်း ဘုရားစကား၊ တနည်းအားဖြင့် သမ္မာစကား များများပြောတတ်ရန်
...ဆုတောင်းရသည်
... သမ္မာကျမ်းစာကို လေ့လာရသည်
...မိတ်သဟာရဖွဲ့ရသည်
...သီဆိုချီးမွမ်းရသည်။
တယောက်တည်း သာမက ၂ယောက်၊ ၃ယောက် စုပေါင်းလုပ်ဆောင်ခြင်းသည် သမ္မာစကားပြော လေ့ကျင့်ခြင်းဖြစ်သည်။
.
ခက်ခဲသော မြန်မာ့ နွေဦး တော်လှန်ရေးကာလ နားမလည်နိုင်မှုတွေ များပြားလှ၏။ ယောဘ အကြောင်း အချိန်ပေးပြီး လေ့လာရအုန်းမည်။
ဘုရားသခင် (သင့်အပေါ် )
ဘုန်းတော်ထင်ရှားပါစေ။

Comments
Post a Comment