Prosperity Gospel vs Jesus Christ

===========================

လွှဲမှားဝါဒ အဖွဲ့စည်း. ပါတီ.ပုဂိုလ် ကို အစိုးရက အရေးယူလို့ ခက်တယ်။ .. အကြမ်းဖက်လုပ်ရပ်တွေ၊ လူကုန်ကူးတာမျိုး . အမုန်းစကားပြောခြင်း. အမှုနဲ့ပဲ အရေးယူနိုင်ပါတယ်။ ရာဇဝတ်မှု လုပ်လာမှ အစိုးရ(သို့မဟုတ်)ပုဂိုလ်များက တရားစွဲနိုင်ပါတယ်။ တရုပ်ပြည် ယေရှုတရုပ်မဂိုဏ်း က သတ်ဖြတ်.ငွေခဝါချ တွေလုပ်လာတော့ တရုပ်အစိုးရက တရားစွဲ မတရားသင်းကြေငြာတယ်။ မြေအောက်ဝင်သွားတာပဲလေ။ .


.ဒါကြောင့် ကျန်းမာချမ်းသာ Prosperity Gospel တရားဟောဆရာနဲ့အဖွဲ့အစည်း ကို တရားစွဲလို့ မရပါ။ တားမြစ်ရင်လဲ ကိုယ့်လူငယ်တွေ သူဖက်ပါသွားမှာ မို့လို့.. တချို့အသင်းတော်လူကြီးများက အကြမ်းဖက်အသင်း ဖြစ်မသွားဖို့ လက်ခံထားကြပါတယ်။ သဘောကျလို့ လက်ခံတာ ပိုများပါတယ်။ လူအားလုံး ကျန်းမာ ချမ်းသာ ချင်တာ ပဲမဟုတ်လား။ Dr. ဖေမြတ်ဝင်း (ခွဲစိတ်ဆရာဝန် မစ်ရှင်သမားကြီး) က စာအုပ်ထုတ်ထားပါတယ်။ 

.

.

ခရစ်ယန်အသက်တာလမ်းက 

ကျဉ်းပါတယ်။ မလွယ်ပါဘူး။ လမ်းကျဉ်း နဲ့ လမ်းကျယ် ရွေးရမယ်။ လူကြိုက်များတဲ့ Prosperity Gospel ဟောပြောသူ များကို လူကြိုက် ပိုများဦးမှာပါ။  Prosperity Gospel တရားတွေကတော့ အွန်လိုင်းမှာ အကောင်ရော၊အဆိုးပါ လွင့်မျောနေကြတယ်။ ခေတ်မီသူတိုင်း နားထောင်ဖူးတယ် ဖြစ်သွားပါတယ်။ 


Prosperity Gospel က နှုတ်ကပတ်တော် (ခရစ်ယန်ကျမ်းစာ) နဲ့ လုံးဝဆန့်ကျင်တယ် လို့ ပြောနိုင်ပါတယ်။ တရားဥပဒေနဲ့ အရေးယူမရပါဘူး။ ယေရှု အကြောင်း ပြောတာပါပဲ။ ဒါပေမဲ့ ယေရှုက ငါ့ကိုယုံရင် ပစ္စည်းဥစ္စာ ချမ်းသာမယ် တစ်ခါမှ မပြောပါ။ သူ့ကိုယုံရင်လဲ လောကမှာ ဆင်းရဲဒုက္ခ ခံရမယ်။ မစိုးရိမ်နဲ့။ ယုံကြည်ခြင်း ရှိရင် လွတ်မြောက်မယ်။ လောကကိုအောင်မယ် (ယောဟန် ၁၆.၃၃) ။ 


Prosperity Gospel တရားဟာ ကက်နက် ဟေဂင် ကျမ်းစာကျောင်း REMA နဲ့ အမေရိကန်မှာ ဓမ္မဆရာ ၁သောင်းကျော် မွေးထုတ်ပြီးလို့ ခိုင် ခံ့ နေ ပါ ပြီ။ရှေ့ဆက် ကမ္ဘာ.မြန်မာ များစွာ လက်ခံလာကြမှာပါ။ မုရန် က သူတို့ ကို မရှုံချပါဘူး။ သုံးသပ်တာပါ။  မိတ်ဆွေဖြစ်ပါတယ်။  အကြမ်းဖက်အဖွဲ့ တွေ ပဲ  ရန်သူ သတ်မှတ်ပါတယ်။ အခုချိန်ထိ Prosperity Gospel က ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ် ၃ပါး တစ်ဆူ လက်ခံထားတော့ 90% သမ္မာကျမ်းနဲ့ ကိုက်ညီနေဆဲပါ။  ရဟိုးဝါ နဲ့၊ မော်မွန် တို့က ယေရှုကို ဘုရားအဖြစ် လက်မခံ ကြပါ။ 

.

.

ခရစ်တော်ကို ယုံကြည်သူများ 


ကျန်းမာဖို့၊ ငွေချမ်းသာဖို့ Prosperity Gospel စတိုင် နိုင်ငံရေးမှာလဲ ဖြစ်နေပါတယ်။ ငွေချမ်းသာဖို့ စီးပွားရေးအင်ပါယာ တရုပ်နဲ့အမေရိကန် ခေါင်းဆောင်ကြီး ၂ဦး စီးပွားစစ်ပွဲ ဖြစ်နေတယ်။ ကိုဗစ်ကပ်ရောဂာ ကာလမှာ ကမ္ဘာကြီး ဘယ်လိုဆက်သွားမလဲ။

.

.

 နောက်ဆုံးကာလ 

.

မကြာခင် ရောက်တော့မယ်။ ငြိမ်းချမ်းရေးလုပ်မဲ့ အနိခရစ် Anti-Christ ဆိုသူတစ်ဦး ပေါပေါက်လာမယ်။ အာရပ်နဲ့အစ္စရေး တွေတောင် လက်ခံမယ်။ ဒါပေမဲ့ အဲဒီလူဟာ စာတန်မာနတ် ဖြစ်ပြီး လောကဘုရင် အဖြစ် ခံယူချိန် အာရပ်အစ္စရေး တွေကပါ ပြန်လည်တော်လှန်ကြမယ်။ ခရစ်ယန် ဓမ္မပညာရှင်များက EU တရုပ် ရုရှားက တစ်ဖက်၊ အာရပ်အစ္စရေး၊ အမေရိကန်၊ အဂ်လိပ်တို့က တဖက် တတိယကမ္ဘာစစ်ကြီး (Amegadon) ဖြစ်ပြီး အနိခရစ် ကျဆုံးမယ်။ နှစ်၁၀၀၀ ကမ္ဘာကြီးငြိမ်းချမ်းမယ်။ အလွန်နီးလာပြီ ပြောဟောကြပါတယ်။

.

.

လက်ဝါးကပ်တိုင်တရား

.

မိမိ ဘာယုံကြည်သလဲ။သဘာ၀ သိပ္ပံပညာ ယုံတဲ့ ဘာသာမဲ့လား၊ ခရစ်ယန်၊ မွတ်စလင်၊ ဟိဒြူ၊ ဗုဒ္ဓ ၊ ကွန်ဖြူးရှပ် စတဲ့ ယုံကြည်ခြင်းများစွာရှိပါတယ်။ အခုခေတ်စားနေတာက ကျန်းမာ၊ ချမ်းသာပဲ ဖြစ်နေတယ်။ ဘုရားသားသမီး များကတော့ ကျန်းမာချမ်းသာတရား မလိုက်ပါ။ ဒုက္ခဆင်းရဲလဲ ခံပါမယ်၊ မိမိဘဝကို ကျေနပ်စေတဲ့ ယေရှုရဲ့ လက်ဝါးကပ်တိုင်တရားပဲ လိုက်လျှောက်ပါမယ်။ 


Murann Ezine

1-6-2020


အနိခရစ် Anti-Christ

ဆရာမြတ်နေ ၅မိနစ်ဒေသနါ

https://www.facebook.com/102983578020262/posts/139599124358707/


Comments